ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားများအား အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် ကန့်ကွက်မှုနှင့် ဖမ်းဆီးခံကျောင်းသားများအား အမြန်ဆုံးပြန်လွတ်ပေးရန် မတ်လ ၂၁ရက်၊ ညနေပိုင်းက အင်းလျားကန်ဘောင်၊ တံတားဖြူမှတ်တိုင်အနီးတွင် အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်းပြီး လူဦးရေ ၂၀၀နီးပါး တောင်းဆိုခဲ့သည်။
တောင်းဆိုလှုပ်ရှားမှုစစချင်းတွင် ဖမ်းဆီးခံကျောင်းသား/သူ တစ်ဦးချင်းစီ၏ နာမည်များအောက်တွင် "ချက်ချင်းလွှတ်"ဟု ရေးသားကာ အနက်ရောင် ပူဖောင်းများကို လွှတ်တင်ခဲ့သည်။
Saturday, March 21, 2015
ဖမ်းဆီးခံကျောင်းသားနှင့် ပြည်သူများလွှတ်ရန် ပြည်မြို့တွင် လက်ပတ်ဖြူ လှုပ်ရှားမှုလုပ်
ပြည် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေကြမ်းကို သပိတ်မှောက်သည့်
ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးမှုအား ပြန်လွှတ်ပေးရန် နှင့်
ကျောင်းသားများကို ဝန်းရံသည့် ပြည်သူများကို ပြန်လွှတ်ရန် ပဲခူးတိုင်း၊
ပြည်မြို့တွင် မတ် ၂၁ရက်က လက်ပတ်ဖြူဝတ် တောင်းဆို လှုပ်ရှားခဲ့သည်။

ပင်မကျောင်းသားသပိတ်ကို ဖြိုခွင်းမှုအား ရှုတ်ချကာ မန္တလေးတွင် ဆန္ဒပြ
ပင်မကျောင်းသား သပိတ်အား ဖြိုခွင်းခြင်း အပေါ် ရှုတ်ချသည့် အနေဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၂၁ ရက် နံနက် ပိုင်းက မန္တလေးမြို့ရှိ နိုင်ငံရေး အင်အားစု များနှင့်ကျောင်း သားပြည်သူများမှ မန္တလေးမြို့တွင် လှည့်လည်ဆန္ဒပြ စဉ်။ (ဓာတ်ပုံ -ဘိုဘို၊ မဇ္ဈိမ)
ယင်းဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ရှိ မြတောင်ကျောင်း တိုက်မှ ၃၅ လမ်းအ တိုင်း လမ်း၈၀၊ ၃၀၊ ၈၄ လမ်းအတိုင်း လူအင်အား၂၀၀ ကျော်ခန့် ပါဝင် ဆန္ဒပြခဲ့ သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အကျိုးတူ လယ်ယာစနစ် အောင်မြင်ရန် လိုအပ်နေ
မြန်မာ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး အသေးစားလယ်ယာ
လုပ်ငန်းများနှင့်လယ်ယာအများပိုင်ကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်နိုင်မည့်
အကျိုးတူလယ်ယာစနစ် ဖွံ့ဖြိုးရန် လိုအပ်နေသည်ဟု လယ်ယာစိုက်ပျိုးရေး ပညာရှင်
ဦးစံသိန်း ကပြောသည်။

ပုသိမ်ကြီး မြို့နယ်ရှိ စက်မှုလယ်ယာ လုပ်ငန်းခွင်တစ်ခု ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ဘိုဘို
Friday, March 20, 2015
ရွေးကောက်ပွဲ အောင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းပုံစည်းရုံးရေး ဗျူဟာပြင်ဆင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ပါတီဗဟိုအတိုင်ပင်ခံနေရာပေး
““တကယ့်ပါတီက ခေါင်းဆောင်တွေ သဘောတရားရေးအရ ညီညွတ်မှုအများကြီးလိုတယ်”” – (ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း)
ဒါတွေကပါတီက ဆုံးဖြတ်ရမယ့်ကိစ္စတွေပါ။ ၀င်ဆိုလည်းဝင်မယ်။ မ၀င်နဲ့ဆိုလည်းမ၀င်ဘူး။ မ၀င်ရတော့ သက်သာတာပေါ့ကွာ”” – (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်)

မန္တလေးတွင် ဗကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦး ဖမ်းခံရ၊ စစ်ဆေးနေဆဲဖြစ်
မန္တလေး (မဇ္ဈိမ) ။ ။ ဗကသ အဖွဲ့ဝင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကိုရဲရင့်ပိုင်မှူးနှင့် ရတနာပုံတက္ကသိုလ်မှ ကိုသျှိုင်းမင်းတို့ကို မတ်လ ၂၀ ရက် ည ၈ နာရီ ၂၅ မိနစ် ကျုံးအရှေ့ဘက်တွင် လက်ထိတ်ခတ်ဖမ်းဆီးပြီး အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က အမှတ် ၅ ရဲစခန်းတွင် ခေါ်ယူ၍ ည ၁၀နာရီ ၁၅ မိနစ်အထိ စစ်ဆေးနေဆဲ ဖြစ်သည်။
အမှတ် ၅ ရဲစခန်းသို့ မဇ္ဈိမက ဝင်ရောက်မေးမြန်းသော်လည်း စစ်ဆေးဆဲဖြစ်သောကြောင့် မဖြေနိုင်သေးဟု တာဝန်မှူး ဒုရဲအုပ်က ပြောသည်။
အမှတ် ၅ ရဲစခန်းသို့ မဇ္ဈိမက ဝင်ရောက်မေးမြန်းသော်လည်း စစ်ဆေးဆဲဖြစ်သောကြောင့် မဖြေနိုင်သေးဟု တာဝန်မှူး ဒုရဲအုပ်က ပြောသည်။
ကျောင်းသားထု တောင်းဆိုခဲ့သော သမဂ္ဂဖွဲ့စည်းခွင့် လွတ်လပ်စွာ တန်းတူရည်တူ ပညာသင်ကြားခွင့် များ ပါဝင်သည့် အမျိုးသားပညာရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း
နေပြည်တော် (မဇ္ဈိမ) ။ ။ လက်တွေ့ပညာသင်ကြားနေသော ကျောင်းသားတို့နှင့် တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သော ပညာရေးဝန်ကြီးဌာန ဦးဆောင်ရေးဆွဲခဲ့သည့် အမျိုးသားပညာရေးဥပဒေအား ကျောင်းသားထုက မကျေနပ်၍ ဆန့်ကျင်ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများကြောင့် အမျိုးသားလွှတ်တော်ရှိ ဥပဒေကြမ်းကော်မတီမှ ကြားဝင် ညှိနှိုင်းကာ ယင်းဥပဒေအား ဆောလျင်စွာပြင်ဆင်ပြီး ယနေ့အမျိုးသားလွှတ်တော်သို့ ပြင်ဆင်သည့် ဥပဒေကြမ်း အစီရင်ခံစာအား တင်သွင်းခဲ့သည်။
ဖမ်းဆီးခံကျောင်းသားတစ်ချို့အား သာယာဝတီထောင်တွင် မိဘများ တွေ့ခွင့်ရပြီ
ရန်ကုန် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီပညာရေးအတွက် တောင်းဆိုဆန္ဒပြရင်း ပဲခူးတိုင်း၊ လက်ပံတန်းတွင် မတ်လ ၁၀ရက်က ရိုက်နှက် ဖမ်းဆီးခံခဲ့ရသော ကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်သည့် ကိုမင်းသွေးသစ်နှင့် မဖြိုးဖြိုးအောင်တို့ နှစ်ဦးကို သာယာဝတီထောင်တွင် မတ်လ ၂၀ရက် ညနေပိုင်းက တွေ့ဆုံခွင့်ရခဲ့သည်ဟု ကာယကံရှင် မိဘများက ပြောသည်။
မတ်လ ၁၀ရက်ကတည်းက ဖမ်းဆီးခံထားရသော ကျောင်းသား၊ ကျောင်းသူများကို ကနဦးတွင် ထောင်ဝင်စာသာ ပေးခွင့်ရခဲ့ရာမှာ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်များက တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၀ရက်ကတည်းက ဖမ်းဆီးခံထားရသော ကျောင်းသား၊ ကျောင်းသူများကို ကနဦးတွင် ထောင်ဝင်စာသာ ပေးခွင့်ရခဲ့ရာမှာ ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်များက တွေ့ဆုံခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရီးယဲလ်နှင့် အက်သလက်၊ ပီအက်စ်ဂျီနှင့် ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ဆုံနေ
နီယွန်၊ မတ် ၂၀။ ။ ယူအီးအက်ဖ်အေ ရုံးချုပ် တည်ရှိရာ
ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့တွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်
ပွဲစဉ်များ မဲခွဲပွဲ အခမ်း အနားကို
ကျင်းပပြုလုပ်ခဲ့ရာ ချန်ပီယံဆု အတွက်ရေပန်း စားနေသည့် ရီးယဲလ်နှင့် ဘာစီလိုနာတို့မှာ ခက်ခဲ သည့်ပြိုင် ဘက်များနှင့်တွေ့ ဆုံလျက်ရှိပြီး ဘိုင်ယန်မြူးနစ် အသင်းမှာပေါ်တိုနှင့်တွေ့ ဆုံရမည်ဖြစ် သည့်အတွက် ပွဲချောင်သွားခဲ့သည်။

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အစီရင်ခံစာ တင်သွင်းမည့်ရက် ရွှေ့ဆိုင်း
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင် ကမ်းရိုးတန်းသွား အောင်တံခွန် သင်္ဘောနစ်မြုပ်မှု အကြောင်းရင်းမှန် ဖော်ထုတ်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မတ်လ ၁၈ ရက်တွင် အစီရင်ခံစာ တင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း အစီရင်ခံစာ တင်သွင်းမည့် ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်သည်။
စစ်ဆေးမှု မပြီးပြည့်စုံသဖြင့် အစီရင်ခံစာ တင်သွင်းမည့် ရက်ကို မတ် ၂၁ ရက် အထိ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
စစ်ဆေးမှု မပြီးပြည့်စုံသဖြင့် အစီရင်ခံစာ တင်သွင်းမည့် ရက်ကို မတ် ၂၁ ရက် အထိ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ဒီတစ်ခါ တကယ့်ငြိမ်းချမ်းရေးဆီလား (အယ်ဒီတာ့အာဘော်)
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုနိုင်ရန် ခုနစ်ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့တော်တွင် မတ် ၁၇ က စပြီး ကျင်းပနေကြသည်။ ဒီတစ်ကြိမ် အောင်မြင်လျှင်တော့ မကြာမီလပိုင်းအတွင်း တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်သည်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်ပွားသဖြင့် ကမ္ဘာ့သက်ဆိုးအရှည်ဆုံး ပြည်တွင်းစစ် ပိုင်ဆိုင်ထားရသည့် မြန်မာသည် ဒီတစ်ကြိမ်တွင် ငြိမ်းချမ်းရေးကို မျှော်နိုင်ပါပြီလား။
ပို့ဆောင်ရေး ဝန်ကြီး နုတ်ထွက်ရမှာလား (အယ်ဒီတာ့ထံပေးစာ)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လင်းသာရွာက မအေးနုစံ (အမည်လွှဲ) ရဲ့ ပေးစာတစ်စောင်ကို မဇ္ဈိမစာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူရေးခဲ့တာကတော့ မတ်လ ၁၃ ရက် ည ၁၀ နာရီခန့်က ကျောက်ဖြူနဲ့ မြေပုံအကြား နစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်လို့ ပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ ဒေသအပေါ်ထားတဲ့ စေတနာကို ဖော်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ ဘယ်သူ့မှာ တာဝန်ရှိလဲ၊ ဘယ်လို တာဝန်ယူစေချင်ကြသလဲ ဆိုတာတွေကို ရေးသားထားတာကလည်း စိတ်ဝင်စားစရာပါ။
ဆန်ဖိုးကျပ်သိန်း (၁၅၀၀) မပေးချေသည့်ကိစ္စ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ပြန်လည်ရှင်းလင်း
ရန်ကုန်၊ မတ် (၁၃)
မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ-၃၊အမှတ် (၄၉)၊ စာမျက်နှာ(၁၁) တွင် ဖော်ပြပါရှိခဲ့သည့် ““ဆန်ဖိုးငွေ ကျပ်သိန်း (၁၅၀၀) မပေးသည့်အတွက် ပွဲရုံပိုင်ရှင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်နှင့် ဇနီးကို တရားစွဲမည်”” ဆိုသည့် သတင်းနှင့် ပတ်သက်၍ (၁၅.၈.၂၀၁၁)တွင် အမျိုးသမီးဖြစ် သူ ဒေါ်ခင်ခင်ရီနှင့် တရားဝင် ကွာရှင်းပြတ်စဲ ခဲ့ပြီး ဖြစ်သောကြောင့် ဒေါ်ခင်ခင်ရီသာ အဆိုပါကိစ္စအားလုံးနှင့် သက်ဆိုင်ကြောင်း ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အေးက မတ်လ(၁၃)ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။

လွှတ်တော်သို့ တင်ပြထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို တစ်နှစ်အကြာတွင် ပြန်လည်ရုပ်သိမ်း
ပုဂ္ဂလိကမီဒီယာများ ၏ဈေးကွက်ပြိုင်ဆိုင်မှုအ တွင်း ပြန်ကြားရေးဝန်ကြီး ဌာနက ၀င်ရောက်ခြယ်လှယ် ခွင့်ရရန် အခွင့်အရေး ပေးထားသလို ဖြစ်နေ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လ ၁၈
အစိုးရပိုင် မီဒီယာများအား အများပြည်သူ ၀န်ဆောင်မှု အဖြစ် ပြောင်းလဲရန် အတွက် ရည်ရွယ်ရေး ဆွဲထားသော အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ၂၀၁၄ခုနှစ် မေလ ၁၇ ရက်တွင်ပြန် ကြားရေးဝန်ကြီးက တင်သွင်းခဲ့ပြီး တစ်နှစ်ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ် မေလ ၁၈ရက်တွင် ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က လွှတ်တော်၌ ယင်းဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းရန် တင်ပြခဲ့ရာ လွှတ်တော်က ကန့် ကွက်သူမရှိ အတည်ပြုပေးလိုက်သည်။

ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမည့်သူများအတွက် ကျင့်ဝတ်များထုတ်ပြန်
ရန်ကုန် (မဇ္ဈိမ) ။ ။ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမည့်သူများအတွက် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၉၀အရ ကျင့်ဝတ်စည်းကမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၉ရက်က ထုတ်ပြန်လိုက်သည်။
ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ် ၁၉ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ် ၁၉ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တပ်နေရာချထားရေး အပါအဝင် အချက်အများစု အစိုးရ နှင့် NCCT တို့ ပြေလည်ပြီဟုဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အပစ်အခတ်ရပ်စဲရေး
စာချုပ် ဆွေးနွေးမှု တတိယမြောက်နေ့တွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး
အပါအဝင် အချက်အလက်အများစု ပြေလည်မှု ရရှိသွားပြီဟု နှစ်ဖက်ခေါင်းဆောင်များက
ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

(ဓာတ်ပုံ-ကေဇူး)
ကမ္ဘာလှည့်ပျံသန်းနေသည့် ဆိုလာလေယာဉ် မန္တလေးတွင် ဆင်းသက်
မန္တလေး (မဇ္ဈိမ) ။ ။ ကမ္ဘာပတ်ကာ ပျံသန်းလျက်ရှိသည့် ဆိုလာလေယာဉ် Solar Impulse 2 သည် မတ်လ၁၉ ရက်ည ၈ နာရီခန့်က မန္တလေးတွင် ဆင်းသက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ချဉ်းကပ်လာစဉ် မိုနာကိုရှိ ၎င်း၏အဖွဲ့နှင့် ရေဒီယိုဖြင့် စကားပြောမှုအရ မောင်းနှင်လာသော မစ္စတာဘားထရန်ပစ်ကာ့ဒ်သည် တစ်ကြိမ်တွင် ထိပ်တန်းအမြန်နှုန်း တစ်နာရီလျင်ကီလိုမီတာ ၂၀၀ နှုန်းအထိ မောင်းနှင်ခဲ့သည်။
မစ္စတာပစ်ကာ့ဒ်က ၁၉၉၈ခုနှစ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း ၎င်းက ပြန်လည်ပြောပြခဲ့သည်။ ထိုစဉ်က ၎င်းသည် အလွန်မြင့်မားသည့် နေရာမှ မိုးပျံပူပေါင်းဖြင့်
မစ္စတာပစ်ကာ့ဒ်က ၁၉၉၈ခုနှစ်က ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ဖူးကြောင်း ၎င်းက ပြန်လည်ပြောပြခဲ့သည်။ ထိုစဉ်က ၎င်းသည် အလွန်မြင့်မားသည့် နေရာမှ မိုးပျံပူပေါင်းဖြင့်
မြန်မာနိုင်ငံ၏ ဦးခေါင်းတည့်တည့် နေရောက်ကာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း အမြန်ဆုံးဖြစ်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ဦးခေါင်းပေါ် တည့်တည့်သို့ မတ်လ ၂၁ရက်တွင် နေရောက်ရှိကာ မြန်မာနိုင်ငံ တောင်ဖက်အစွန်ဆုံး ကော့သောင်း နှင့် မြောက်ဖက်အစွန်ဆုံး မြစ်ကြီးနားမြို့တို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အဆင့် အလွန်အမြင့်ဆုံး အဆင့်အထိ ရောက်ရှိမည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က မဇ္ဈိမကို ပြောသည်။
"နေက မြောက်ဝင်ရိုးစွန်းကို မတ် ၂၁ရက်နေ့မှာ ကျရောက်မယ်၊ အဲဒီတော့ တိုက်ရိုက် ခရမ်းလွန်ရောင်ခြည်ကို ခံစားရမှာက
"နေက မြောက်ဝင်ရိုးစွန်းကို မတ် ၂၁ရက်နေ့မှာ ကျရောက်မယ်၊ အဲဒီတော့ တိုက်ရိုက် ခရမ်းလွန်ရောင်ခြည်ကို ခံစားရမှာက
အဲအေးရှားလေယာဉ် ပျက်ရှာဖွေမှု အင်ဒိုနီးရှား ဖျက်သိမ်း
လွန်ခဲ့ သည့်နှစ်က အဲအေးရှားလေယာဉ် ပျက်ကျမှု မှသေဆုံး သူများ
ရှာဖွေမှုကို အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များက မတ် ၁၇ ရက်တွင်
အဆုံး သတ်ကြောင်း အရာရှိတစ်ဦး ကပြောကြားခဲ့သည်။ သို့သော်လည်း လူ ၅၆
ဦးမှာတွေ့ ရှိမှုစာရင်း တွင်ပျောက်နေ ဆဲဖြစ်သည်။

ဖေဖော်ဝါရီ ၇ ရက်က လေယာဉ်ပျက်အမြီးပိုင်းကို သင်္ဘောပေါ်မှ ထရပ်ကားပေါ်သို့တင်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ငွေကျပ် လေးဘီလီယံသာ ချေးရသေး
ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်
ငွေချေးရန် လျာထားသည့် ကျပ် ဘီလီယံ ၂၀ အနက် ကျပ်လေးဘီလီယံသာ ချေးရသေးသည်ဟု
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဗဟိုဌာန၊ ဒုတိယညွှန်ကြား
ရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောသည်။

ရန်ကုန်မြို့ရှိ အသေးစား လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်အပါအ၀င် မြို့နယ် ၁၉ မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု ယနေ့စပြီ
ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသား သပိတ်များကိုအစိုးရက အကြမ်းဖက်
ဖြိုခွင်းမှုကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ရန်ကုန်အပါအ၀င် မြို့နယ် ၁၉
မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု မတ်လ ၁၉ရက် ကပြုလုပ် ခဲ့သည်။

ဖေ့ဘွတ်ခ် မက်ဆေ့ခ်ျမှတဆင့် ငွေပို့ပေးနိုင်ရန် ဆောင်ရွက်မည်
ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘွတ်က ၎င်းတို့၏ မက်ဆေ့ခ်ျပေးပို့မှု မိုဘိုင်း
App မှတဆင့် ငွေလွှဲပေးပို့နိုင်ရန် ဆောင်ရွက်သွားမည်ဟု CNET သတင်းဌာနက
ဖော်ပြထားသည်။

အောင်တံခွန် သင်္ဘောနစ်မြုပ်မှုတွင် ဒေသခံများက လူတစ်ရာကျော် ကယ်တင်ထား
ရန်ကုန် (မဇ္ဈိမ)။ ။ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်စဉ် အနီးရှိ တံငါရွာ တစ်ရွာဖြစ်သော အုန်းချောင်းကျေးရွာအုပ်စုမှ စက်လှေပိုင်ရှင် သားအဖ သုံးဦးက လူပေါင်း ၁၂၅ ဦးကို ကိုယ်ပိုင်စက်လှေများဖြင့် သွားရောက် ကယ်တင်ထားသည်ဟု ကာယကံရှင်များက ပြောသည်။
သင်္ဘော နစ်မြုပ်စဉ် ည ခုနှစ်နာရီ ခွဲဝန်းကျင်တွင် သွားရောက်ကယ်တင်ခဲ့ရပြီး စက်လှေ နှစ်စီးဖြင့် တစ်စီးလျှင် ငါးခေါက်စီ ကယ်တင်ခဲ့သည်ဟု စက်လှေပိုင်ရှင် ဦးကျော်ဆန်းမြင့်ကပြောသည်။
သင်္ဘော နစ်မြုပ်စဉ် ည ခုနှစ်နာရီ ခွဲဝန်းကျင်တွင် သွားရောက်ကယ်တင်ခဲ့ရပြီး စက်လှေ နှစ်စီးဖြင့် တစ်စီးလျှင် ငါးခေါက်စီ ကယ်တင်ခဲ့သည်ဟု စက်လှေပိုင်ရှင် ဦးကျော်ဆန်းမြင့်ကပြောသည်။
Thursday, March 19, 2015
တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံစတင်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားမီဒီယာအပါအဝင် သတင်းဌာန ၁၂ခု ပါဝင်သော နိုင်ငံတကာ မြန်မာ့သတင်း(BNI)၏ တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁၈ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။
ညီလာခံ ဖွင့်ပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ပြန်ကြားရေးဌာနက ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးတို့ တက်ရောက်ခဲ့သည်ဟု သံလွင်တိုင်မ်းသတင်းဌာနမှ အယ်ဒီတာ ကိုကိုဇော်က ပြောသည်။
ညီလာခံ ဖွင့်ပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ပြန်ကြားရေးဌာနက ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးတို့ တက်ရောက်ခဲ့သည်ဟု သံလွင်တိုင်မ်းသတင်းဌာနမှ အယ်ဒီတာ ကိုကိုဇော်က ပြောသည်။
Wednesday, March 18, 2015
အောင်တံခွန် ရေယာဉ်နစ်မြုပ်မှု ပို့ဆောင်ရေး ဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုမည်
ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရပိုင် ရေယာဉ် တစ်ခုဖြစ်သည့်
ရခိုင်ကမ်းရိုးတမ်းသွား အောင်တံခွန်ရေယဉ် နစ်မြုပ်မှုနှင့် စပ်လျဉ်း၍
ပို့ဆောင်ရေး ဝန်ကြီးဌာန၏ တာဝန်ယူမှု အားနည်းနေခြင်းကြောင့်ဖြစ်ပြီး
ဝန်ကြီးအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမည်ဟု ကျောက်ဖြူ
လူငယ်များက ပြောသည်။

(ဓာတ်ပုံ - အီးပီအေ)
ဗုံးဆန်ကျရောက်မှုကြောင့် တင်းမာမှုဖြစ်ပေါ်နေသော်လည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုများ ပုံမှန်လည်ပတ်နေ
ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံအတွင်း ဗုံးဆန်ကျရောက်မှုကြောင့်
မြန်မာနှင့် တရုတ် နှစ်နိုင်ငံ တင်းမာမှုများ အနည်းငယ် ဖြစ်ပေါ်နေသော်လည်း
မူဆယ်နယ်စပ် စခန်းကုန်သွယ်မှုကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း
နယ်စပ်ကုန်သည်များက ပြောသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
တရုတ်နိုင်ငံတွင်းကျ ကျည်ဆံစများကို စစ်ဆေးနေပြီဟု ဦးရဲထွဋ်ပြော
နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာ-တရုတ်နယ်စပ်ရှိ လောက်ကိုင်မြို့နယ်အတွင်း
ဖြစ်ပွားနေသော တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က ပစ်ခတ်ခဲ့သည်ဟု
စွပ်စွဲခံထားရသည့် တရုတ်မြေပိုင်နက်အတွင်း ကျရောက်ခဲ့သော ကျည်ဆန်ကွဲစများ၏
နမူနာများကို ရယူစစ်ဆေးနေပြီဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးရဲထွဋ်က
ပြောသည်။

ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် လွှတ်တော်သို့ ခွင့်သုံးရက်တိုင်ထား
နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်)
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် လွှတ်တော်သို့
ခွင့်သုံးရက် တိုင်ထားသည်ဟု အဆိုပါ ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တစ်ဦးက ပြောသည်။

သတင်းသမားများကို ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖမ်းဆီး၊ ရိုက်နှက်မှု စုံစမ်းစစ်ဆေးပေးရန် IPI တောင်းဆို
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အလုပ်သမားနှင့်
ကျောင်းသားဆန္ဒပြမှုများအတွင်း ဂျာနယ်လစ်များကို ဖမ်းဆီးရိုက်နှက်မှု
များနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များက အဆောတလျင် စုံစမ်းမှုများ
လုပ်ဆောင်ရန် လိုကြောင်း နိုင်ငံတကာပုံနှိပ်အဖွဲ့အစည်း IPI က
သတင်းထုတ်ပြန်လိုက်သည်။

အမျိုးသား
ပညာရေးကို ဆန့်ကျင်ဆန္ဒပြကြသည့် ပင်မကျောင်းသား ပိတ်စစ်ကြောင်းနှင့်
သတင်းထောက်များကို ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး
လက်ပံတန်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်း၍ ထွက်ပြေးနေကြသော
သတင်းထောက်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
အကြွေးတင်တာကို ပြည်သူတွေ မဆပ်နိုင်ပါဘူး (အယ်ဒီတာ့ထံပေးစာ)
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်မှာ နေခဲ့တဲ့ ဒေါ်စမ်းအေးရီ ရေးလိုက်တဲ့စာကို မဇ္ဈိမစာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူဟာ အငြိမ်းစား ဝန်ထမ်း တစ်ဦးဖြစ်ပြီး အခုအချိန်မှာတော့ အိမ်ဆိုင်လေးဖွင့်လို့ ဘဝကို ခက်ခဲစွာ ရုန်းကန်နေရတဲ့သူ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူဟာ ဘဝကို ဘယ်လိုအခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရသော်လည်း အကြွေး မတင်အောင် နေခဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ သူဟာ ဘဝကို ဘယ်လိုအခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ရသော်လည်း အကြွေး မတင်အောင် နေခဲ့တဲ့သူ တစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။
“ခုတစ်ခေါက် အပစ်ရပ် စာချုပ် အပြီးသတ် သဘောတူနိုင်ကြမလား” (ဆောင်းပါး)
စည်သူအောင်မြင့် (ဆောင်းပါး)
ခုဆိုရင် အစိုးရငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံးအဆင့် အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မှာ ခုနှစ်ကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါပြီ။ ဒီဆွေးနွေးပွဲ မတိုင်ခင်က နေပြည်တော်မှာ ကေအိုင်အို ဗဟိုအဆင့် ခေါင်းဆောင်တွေနဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုသမ္မတတို့ သီးခြားစီ တွေ့ဆုံဆွေးနွေးတာလည်း ရှိခဲ့ပါတယ်။
ဒီလိုတွေ့ဆုံနိုင်မှုကြောင့် အခု စတင်နေပြီဖြစ်တဲ့ ဆွေးနွေးပွဲကနေတစ်ဆင့် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးတစ်ခုကို အပြီးသတ်

အပစ်အခတ် ရပ်စဲရေး စာချုပ် ဒီတစ်ကြိမ် အပြီးသတ်မလား (အယ်ဒီတာ့အာဘော်)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား အဖွဲ့ ၁၆ ဖွဲ့ ပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ခုနစ်ကြိမ်မြောက် တွေ့ဆုံမှုကို မတ် ၁၇ ရက်မှာ ရန်ကုန်က MPC မှာ စတင်လိုက်ပါပြီ။
ဒီစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလကတည်းက စတင်ဆွေးနွေးနေတာဖြစ်ပြီး အခုဆိုရင် တစ်နှစ်နီးပါး အချိန်ယူခဲ့ပြီး ဖြစ်ပါတယ်။
ဒီစာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလကတည်းက စတင်ဆွေးနွေးနေတာဖြစ်ပြီး အခုဆိုရင် တစ်နှစ်နီးပါး အချိန်ယူခဲ့ပြီး ဖြစ်ပါတယ်။
လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဦးရဲထွဋ်ဆို
နေပြည်တော် (မဇ္ဈိမ)။ ။ လာမည့် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ကော်မရှင်က ကြေညာထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

အပစ်ရပ် ဆွေးနွေးပွဲ ပထမနေ့တွင် လတ်တလော ပဋိပက္ခများပြေလည်ရေး အဓိကထားဆွေးနွေး
ရန်ကုန် (မဇ္ဈိမ) ။ ။ မတ်လ ၁၇ ရက်တွင် စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး စာချုပ် အတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ၌ လတ်တလောဖြစ်ပွားနေသည့် ပစ်ခတ်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရေးကို အဓိက ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက ထိုနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
အပစ်ရပ် စာချုပ် အတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ( UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးခဲ့ကြသည်။

Tuesday, March 17, 2015
ပြန်ကြားရေးဝန်ကြီးဌာန၏ အမြတ်ငွေ ကျပ် ၈ ဘီလီယံရရှိမည်ဟု ဆို
နေပြည်တော် (မဇ္ဈိမ) ။ ။ ပြန်ကြားရေးဝန်ကြီးဌာနသည် နှစ်စဉ် ကျပ် ၆ ဘီလီယံကျော် အမြတ်ရရှိနေပြီး ယခုနှစ်တွင် ကျပ် ၈ ဘီလီယံကျော်အမြတ် ရရှိမည်ဟု ယင်းဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မတ်လ ၁၇ရက်က ပြောသည်။
၂၀၁၅ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကိုယ်စားလှယ်များ၏ ထောက်ပြ ဆွေးနွေးချက်များကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၎င်းက လာရောက် ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
၂၀၁၅ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကိုယ်စားလှယ်များ၏ ထောက်ပြ ဆွေးနွေးချက်များကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၎င်းက လာရောက် ရှင်းလင်းပြောကြားခြင်းဖြစ်သည်။
Father Land ဦးကျော်မြင့်ကို ပြည်သူတစ်ဦးက ထပ်မံ တရားစွဲဆို
ရန်ကုန် (မဇ္ဈိမ) ။ ။ ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် လိမ်လည်မှုဖြင့် အမှုရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ကို မတ် ၁၇ ရက်တွင် လိမ်လည်မှုဖြင့် ထပ်မံအမှုဖွင့်ပြီး တရားစွဲဆိုရန် တရားရုံးသို့ ပို့ထားပြီဖြစ်ကြောင်းဟု ဗိုလ်တထောင်မြို့နယ် တရားသူကြီးကပြောသည်။
"ဗိုလ်တထောင် ရဲစခန်းကနေ လိမ်လည်မှုနဲ့ တရားစွဲဆိုဖို့ ပို့ထားပါတယ်၊ မတ် ၃၀ ရက်ကို ရုံးချိန်းချိန်းဆိုထားပါတယ်" ဟု ၎င်းက ပြောသည်။
"ဗိုလ်တထောင် ရဲစခန်းကနေ လိမ်လည်မှုနဲ့ တရားစွဲဆိုဖို့ ပို့ထားပါတယ်၊ မတ် ၃၀ ရက်ကို ရုံးချိန်းချိန်းဆိုထားပါတယ်" ဟု ၎င်းက ပြောသည်။
ဧရာဝတီသပိတ် ဖြတ်သန်းရာ မြို့နယ် ၁၀ခုတွင် ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရ
ပုသိမ် (မဇ္ဈိမ) ။ ။ ဧရာဝတီ သပိတ်စစ်ကြောင်း ပုသိမ်မှ ထွက်ခွာပြီး
ဖြတ်သန်းရာ မြို့နယ် ၁၀ ခုတွင် သပိတ်ဦးဆောင်ကော်မတီနှင့် သပိတ်ဝန်းရံ
ကော်မတီတို့မှ သုံးဦအား ပုဒ်မ ၁၈ ဖြင့် မတ်လ ၁၆ရက်က အမှုဖွင့်ထားကြောင်း
သပိတ်ဦးဆောင်ကော်မတီမှ ဆရာ ဦးဝေယံအောင်က မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရန် ကိုရီးယားရောက် မြန်မာများ ဆန္ဒပြ
လက်ပံတန်းကျောင်း သားသပိတ်နှင့်ကျောင်း သားထုကို ဝန်းရံသည့်ပြည်
သူလူထုကို အစိုးရမှ အကြမ်း ဖက်သည့် လုပ်ရပ်အားကန့်ကွက် ရှုံးချသည့် အနေဖြင့်
ကိုရီးယားရောက်မြန်မာ အယောက် ၂၀၀ ဝန်းကျင်က မတ် ၁၅ ရက်တွင်
ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိမြန်မာ သံရုံးရှေ့၌ ဆန္ဒပြခဲ့ သည်ဟု
ဆန္ဒပြရာတွင် ပါဝင်သူ ကိုစောမြတ်နိုးအောင်က မဇ္ဈိမ ကိုပြောသည်။

ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မတ်လ ၁၅ရက်က ဆန္ဒပြသည့်
ကိုရီးယားရောက် မြန်မာများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ကိုစောမြတ်နိုးအောင်)
အာမခံဖြင့် လွတ်လာသည့် ရွှေပြည်သာစက်ရုံ အလုပ်သမား ၁၃ ဦး အလုပ်ထုတ်ခံရ၍ ခုံသမာဓိရုံးသို့ တိုင်ကြား
ရန်ကုန် (မဇ္ဈိမ)။ ။ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြတောင်းဆိုပြီး ဖမ်းဆီးခံရသည့် ရွှေပြည်သာမြို့နယ်အတွင်း စက်ရုံသုံးရုံမှ အလုပ်သမား ၁၃ ဦး အာမခံဖြင့် ပြန်လွတ်လာချိန် အလုပ်ရှင်က အလုပ်ပြန်မခန့်သဖြင့် ခုံသမာဓိရုံးသို့ မတ်လ ၁၆ ရက်က တိုင်ကြားထားသည်ဟု အာမခံဖြင့် လွတ်လာသည့် အလုပ်သမား မအေးစန္ဒာဝင်းက မဇ္ဈိမကို ပြောသည်။
"ကျွန်မတို့ကို အာမခံနဲ့ လွတ်လာတော့ အလုပ်ထဲပြန်ဝင်ဖို့သွားတယ်။ အလုပ်ရှင်က အလုပ်ထုတ်လိုက်ပြီလို့ ပြောတယ် ၊မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးကို သွားတော့လည်း ရုံးက
"ကျွန်မတို့ကို အာမခံနဲ့ လွတ်လာတော့ အလုပ်ထဲပြန်ဝင်ဖို့သွားတယ်။ အလုပ်ရှင်က အလုပ်ထုတ်လိုက်ပြီလို့ ပြောတယ် ၊မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးကို သွားတော့လည်း ရုံးက
ယခု မတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံ၏ အမျိုးသား ပို့ကုန်မဟာဗျူဟာကို အများပြည်သူ သိရှိရန် ထုတ်ပြန်မည်
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်းပို့ကုန် တိုးတက်လာရေးအတွက် ရေးဆွဲထားသော
အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy) တစ်ရပ်ကို
ယခုလကုန်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ကာ အကောင်အထည်ဖော်မှုများကို
စတင်လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
အကြံပေးပုဂ္ဂိုလ် ဒေါက်တာ မောင်အောင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု၌ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လူငယ်များ တက်ရောက်ရန် နှစ်ဖက်လုံးက ငြင်းဆို
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးလျက်ရှိသည့် ၇ ကြိမ်မြောက်
အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ညှိနှိုင်းဆွေးနွေးပွဲတွင် လူငယ်အဖွဲ့မှ
လေ့လာသူနှစ်ဦး တက်ရောက်နိုင်ရန် အဆိုပြုမှုကို နှစ်ဖက်လုံးက မတ်လ ၁၆ ရက်
ညပိုင်းတွင် ငြင်းဆိုလိုက်သည် ဟု မြန်မာပြည်တွင်း လူငယ်များ၏ ပညာရေးနှင့်
လူမှုရေးဆုံချက်အဖွဲ့မှ ကိုလင်းနီသွေးက မဇ္ဈိမကို ပြောသည်။
သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မများဖြင့် ဦးထင်လင်းဦးကို စွဲချက်တင်ရန် အမိန့်ချ
စစ်ကိုင်း (မဇ္ဈိမ)။ ။ စာပေဟောပြောပွဲတွင် ပြောခဲ့သည့် ဟောပြောချက်
အချို့မှာ ဘာသာ၊ သာသနာကို ညှိုးနွမ်းမှု ဖြစ်ပေါ်စေသည်ဟု ဆိုကာ
တရားစွဲဆိုခံထားရသော ဦးထင်လင်းဦးကို မတ်လ ၁၇ ရက်က ၎င်း၏ ၁၁
ကြိမ်မြောက်ရုံးချိန်းတွင် အပြစ်ရှိသည်ဟုဆိုကာ စွဲချက်တင်ရန်
အမိန့်ချလိုက်ပြီ ဖြစ်သည်။

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
ရဲတပ်ဖွဲ့သိမ်းသွားသော အောင်မြေဗိမာန် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ဝတ္ထုငွေများ တစ်ပတ်ကြာသည်ထိ ပြန်မရသေး
ရန်ကုန် (မဇ္ဈိမ)။ ။ သပိတ်မှောက် ကျောင်းသားများကို
ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ပြီး ရိုက်နှက်ဖမ်းဆီးစဉ်
ရဲတပ်ဖွဲ့ဝင်များ သိမ်းသွားသည့် အောင်မြေဗိမာန်ကျောင်းတိုက်၊
ကျောင်းထိုင်ဆရာတော်၏ တယ်လီဖုန်းနှင့် ဝတ္ထုငွေများကို တစ်ပတ်ကြာသည်ထိ
လာရောက်အပ်နှံခြင်းမရှိသေးဟု ကာယကံရှင် ဆရာတော်က မိန့်ကြားသည်။

လက်ပန်တန်းမြို့ရှိ
သပိတ်မှောက် ကျောင်းသားများ တည်းခိုခဲ့သည့် အောင်မြေဗိမာန်ကျောင်းတိုက်အား
တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)
ဇီးပင်ကြီးကျေးရွာ အုပ်စုမှ လျော်ကြေးမပေးသော မြေများပေါ်တွင် တောင်သူများ ထွန်တုံးတိုက်ပွဲစတင်
မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊
ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုမှ ရွာလေးရွာရှိ တောင်သူများ
ထံက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့သော မြေများထဲမှ ပိုလျှံမြေပေါ်တွင်
တောင်သူများက မတ်လ ၄ ရက် နံနက်ပိုင်းက ထွန်တုံးတိုက်ပွဲ စတင်ခဲ့သည်။

မန္တလေးတိုင်း၊
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးအုပ်စုရှိ ကျေးရွာ ၎
ရွာမှ ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲ ဝင်နေစဉ်။ (ဓာတ်ပုံ -
အောင်ကိုဦး၊ မဇ္ဈိမ)
အောင်တံခွန် သင်္ဘောနစ်မြုပ်မှု စုံကော်ဖွဲ့ရေး အရေးကြီးအဆို လွှတ်တော် လက်မခံဟုဆို
နေပြည်တော် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် မတ်လ ၁၃ ရက်က လူပေါင်း ၅၀
ကျော်သေဆုံးခဲ့သည့် အောင်တံခွန် သင်္ဘောနစ်မြှပ်မှုကို စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့ရန် ပြည်သူ့လွှတ်တော်သို့ အရေးကြီး အဆိုတင်သွင်းခဲ့သော်လည်း
လက်မခံခဲ့ဟု ကျောက်ဖြူမြို့နယ်၊
ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။
ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စပြီ
ရန်ကုန် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းမှ စတင်၍ ရပ်နားခဲ့ရသော
အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၇
ရက်တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ပြန်လည်
ဆွေးနွေးနေပြီဖြစ်သည်။

ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင် တစ်နိုင်ငံလုံး
အပစ်ရပ် ညှိနှိုင်းရေး အဖွဲ့ (NCCT)တို့ မတ်လ ၁၇ ရက် နံနက် ၁၁ နာရီက
ရန်ကုန်မြို့ MPC တွင် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်
ညှိနှိုင်းဆွေးနွေးပွဲစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊မဇ္ဈိမ)
တရုတ်ဘက်ခြမ်းတွင် ခိုလှုံနေသည့် ကချင်ဒုက္ခသည်များကို ၁၅ရက်နေ့ နောက်ဆုံးထားကာ တရုတ်အစိုးရပြောင်းရွှေ့ခိုင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံ နယ်စပ် နောင်တောင်းတွင် ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်အစိုးရက မတ်လ ၁၅ ရက် နောက်ဆုံးထားပြောင်းရွှေ့ရန် ပြောဆိုခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များ ရွှေ့ပြောင်းသွားကြပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီက ပြောသည်။
လက်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် KIO တပ်တို့အကြား စစ်ပွဲ မဖြစ်တော့သဖြင့် မိမိနေရပ်သို့ ပြန်ရန် တရုတ်အစိုးရဘက်မှ ပြောဆိုခဲ့သဖြင့် စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၅၀ ခန့်သည် မတ်လ ၁၃ ရက်တွင်
လက်ရှိ မြန်မာအစိုးရ စစ်တပ်နှင့် KIO တပ်တို့အကြား စစ်ပွဲ မဖြစ်တော့သဖြင့် မိမိနေရပ်သို့ ပြန်ရန် တရုတ်အစိုးရဘက်မှ ပြောဆိုခဲ့သဖြင့် စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၅၀ ခန့်သည် မတ်လ ၁၃ ရက်တွင်
လေးပွင့် ဆိုင်တွေ့ ဆုံရေး တကသကျောင်းသားများ ဆက်လက် ကိုင်ဆွဲ ထားဟုဆို
နေပြည်တော် (မဇ္ဈိမ) ။ ။ အစိုးရ အနေဖြင့်လေးပွင့် ဆိုင်တွေ့
ဆုံပွဲတွင် သဘောတူ ခဲ့သည်များ ကိုဖောက်ဖျက် ခဲ့သော်လည်း တကသကျောင်း သားများ
အနေဖြင့် ယင်းလေးပွင့် ဆိုင်တွေ့ဆုံ၍ အမျိုးသား ပညာရေး ဥပဒေ
ကိုပြင်ဆင်ရေးအား ဆက်လက် ကိုင်စွဲထား သည်ဟု တကသကျောင်း သားခေါင်းဆောင်
ကိုဇေယျာလွင် ကပြောသည်။

ကေအိုင်အို နှင့် ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံနေ
မဇ္ဈိမ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိများ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ နေပြည်တော်တွင် မတ်လ ၁၆ရက် ညနေ ၄နာရီခွဲခန့်က တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်သည်။
တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ

ပြန်ပြင်မည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အောက်ခြေလယ်သမား အကျိုးစီးပွား ပိုမိုပါဝင်စေရန် အကြံပြုမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ပြန်လည်ပြင်ဆင်မည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏
လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် လယ်ဧက အနည်းစုပိုင်ဆိုင် သူများ၏
အခန်းကဏ္ဍ ပိုမိုမြင့်တက်စေရန် အကြံပြုသွားမည်ဟု စိုက်ပျိုးရေးပညာရှင်
ဦးစံသိန်းက ပြောသည်။

လယ်ယာသုံး စက်ပစ္စည်းများကို သမဝါယမချေးငွေဖြင့် ရောင်းချပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
မြေမြုပ်မိုင်း အသုံးပြုခြင်း ရပ်တန့်စေရန် ရည်ရွယ်သည့် သီချင်းခွေ အခမဲ့ဖြန့် မည်
မြေမြှုပ်မိုင်း အသုံးပြုခြင်း ရပ်တန့်စေရန် ရည်ရွယ် ချက်ဖြင့်မြေမြှုပ်မိုင်း ဆန့်ကျင်ရေးတေး သီချင်း MTV အခွေကို လူ့အခွင့် အရေး ဆိုင်ရာ များဆောင် ရွက်နေသော ညီမျှခြင်း- မြန်မာအဖွဲ့က မတ်လ ၁၇ ရက်တွင် အခမဲ့ဖြန့်ဝေ သွားမည်ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာဦးအောင်မျိုးမင်း က မဇ္ဈိမ ကိုပြောသည်။
အဆိုပါတေး သီချင်းအခွေ ထုတ်ဝေခြင်းနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်း အနားကို မတ်လ ၁၇ ရက်တွင် မဟာဗန္ဓုလ လမ်းရှိ Orchid Hotel ၌ကျင်းပ မည်ဖြစ်သည်။
အဆိုပါတေး သီချင်းအခွေ ထုတ်ဝေခြင်းနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်း အနားကို မတ်လ ၁၇ ရက်တွင် မဟာဗန္ဓုလ လမ်းရှိ Orchid Hotel ၌ကျင်းပ မည်ဖြစ်သည်။
သုံးရက်အတွင်း မတ်ပဲ တစ်တန်ဈေး ကျပ်လေးသောင်းနီးပါး အထိ မြင့်တက်လာ
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများ
ဆက်လက်မြင့်တက်လာကာ သုံးရက်အတွင်း မတ်ပဲ တစ်တန်ကို ကျပ်လေးသောင်း
ဝန်းကျင်အထိ ဈေးတက်ခဲ့သည်ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ မတ်လ
၁၅ ရက်က ထုတ်ပြန်သော ပဲဈေးနှုန်းများတွင် ဖော်ပြထားသည်။
![]() |
ရန်ကုန်မြို့ရှိ ပဲခွဲစက်တစ်ရုံတွင် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) |
စားသောက်ဆိုင်အချို့ စားသုံးသူများထံမှ ကောက်ခံထားသည့် အခွန်ကို နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ရယူထားမှုအချို့ကို စိစစ်တွေ့ရှိ
ရန်ကုန် (မဇ္ဈိမ)။ ။ စားသောက်ဆိုင် လုပ်ငန်းရှင်အချို့သည်
စားသုံးသူများထံမှ ကောက်ခံထားသည့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို
နိုင်ငံတော်သို့ ပေးသွင်းခြင်းမပြုဘဲ ရယူထားသည်ကို စိစစ်တွေ့ရှိရသည်ဟု
ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေတစ်ခုတည်းဖြင့် အလုပ်မဖြစ်ဟုဆို
ရန်ကုန် (မဇ္ဈိမ)။ ။ လယ်ယာကဏ္ဍနှင့် တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ရေး
ချေးငွေ တစ်ခုတည်းဖြင့် အလုပ်မဖြစ်နိုင်ကြောင်း လယ်သမားအရေး
ဆောင်ရွက်သူများနှင့် စိုက်ပျိုးရေး ပညာရှင်များက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)
Sunday, March 15, 2015
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ဆွေးနွေးရန် NCCT အဖွဲ့ဝင်အချို့ရောက်ရှိ၊ လေ့လာသူအဖြစ် RCSS တက်မည်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (NCA) ကို
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်
တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၇ကြိမ်မြောက်
တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်အချို့ မတ်လ ၁၄ရက်က ရောက်ရှိနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက် လက်ရှိနိုင်ငံရေးအခြေအနေ တွေ့ဆုံဆွေးနွေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံချို၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်တို့ မတ်လ ၁၄ရက် မွန်းလွဲ ၃နာရီက တစ်နာရီခွဲကြာ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေး အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်ဟု ၈၈မျိုးဆက် အဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိနိုင်ငံရေးအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက်
လက်ရှိနိုင်ငံရေးအခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက်
တောင်ကုတ်-စစ်တွေသွား လူ ၂၀၀ကျော်ပါသည့် သင်္ဘောနစ်မြုပ်မှု အလောင်း ၃၁လောင်း နှင့် အသက်ရှင်လျက်ရှိသူ ၁၆၇ဦး တွေ့ကာ ၁၆ဦးပျောက်နေ
ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်-စစ်တွေသွားသည့်
အောင်တံခွန်-၃ သင်္ဘော ကျောက်ဖြူမြို့ နှင့် မြေပုံမြို့ကြား
နောင်တော်တောင်အနီး မျောက်ကျွန်းအနီး မတ်လ ၁၃ရက် ည ၁၁နာရီခန့်က
နစ်မြုပ်ခဲ့ရာ ရုပ်အလောင်း ၃၁လောင်း၊ အသက်ရှင်လျက် တွေ့ရှိသူ ၁၆၇ဦး
တွေ့ရှိကာ ၁၆ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ပြန်ကြားရေး ဥက္ကဋ္ဌ ဦးဦးလှသိန်းက မတ်လ ၁၄ရက် ညနေ ၅နာရီက မဇ္ဈိမကို ပြောသည်။

ပန်းစကား အဖွဲ့ကလည်း အကြမ်းဖက် မှုရှုတ်ချ ကာနှင်းဆီဖြူ လှုပ်ရှားမှု စမည်
ကျောင်းသား၊ပြည်သူများနှင့် မီဒီယာများကိုအစိုးရမှ အကြမ်းဖက် ရိုက်နှက်မှုများကို ဆန့်ကျင်သောအားဖြင့်“နှင်းဆီဖြူ လှုပ်ရှားမှု” (White Rose Campaign) ကိုပန်းစကား အဖွဲ့မှ လာမည့် သီတင်းပတ် တွင်ပြုလုပ် သွားမည်ဟု ပန်းစကား အဖွဲ့က ဦးဆောင်သူ ကိုနေဘုန်းလတ်က မဇ္ဈိမကိုပြောသည်။
"အစိုးရအကြမ်းဖက်မှုကို အလိုမရှိဘူးဆိုတာကိုရှုတ်ချတဲ့အနေနဲ့ လူသိများတဲ့သူတွေ အနုပညာရှင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးတည် ထားတယ်။ အဲဒီလိုလူအများ စိတ်ဝင်စားတဲ့ သူတွေဆီကနေ လှုပ်ရှားမှုကို စတင်သွားမယ်"ဟု ၎င်းက ဆိုသည်။

အပစ်ရပ်ဆွေးနွေးရန် နှစ်ရက်သာလိုသော်လည်း ကော့ကရိတ်တွင် အစိုးရနှင့် ဒီကေဘီအေ စစ်ရေးတင်းမာဆဲ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်( DKBA) တို့အကြား နှစ်ရက်ကြာ စစ်ရေးတင်းမာနေပြီး မတ်လ ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကို ပြောသည်။
“အခုက ပစ်ခါနီးပြီ။ သူတို့က ကော့ကရိတ် တမိုင်ကုန်းကနေ တက်လာတာ။ အခု ကျွန်တော်တို့နဲ့ မိုင်ဝက် နီးပါးလောက်မှာ ရှိတယ်။ သူတို့ တက်လာတာက ထိုးစစ်ဆင်တာနဲ့ အတူတူပဲ၊ တိုက်ပွဲက ဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းကျော်ရှိတယ်”ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

ဖမ်းဆီးထားသော ဘင်္ဂါလီ ငါးဦးလွတ်မြောက်ရေး Fortify Rights တောင်းဆို
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီ (နိုင်ငံတကာ အင်န်ဂျီအိုများက ရိုဟင်ဂျာဟု ခေါ်တွင်သူ) ငါးဦးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် Fortify Rights အင်န်ဂျီအိုအဖွဲ့က မြန်မာအစိုးရထံ တောင်းဆိုကြောင်း ယင်းအဖွဲ့က မတ် ၁၄ရက်က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ရက်များအတွင်းက ဖမ်းဆီးထားသည့် သုံးဦးမှာ ဘင်္ဂါလီ လူမျိုးစုခေါင်းဆောင်များဖြစ်သည်။
၂၀၁၃ခုနှစ် ဧပြီလအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တင်းမာမှု ပဋိပက္ခများနှင့် ပတ်သက်၍ အစိုးရက ရာဇဝတ်မှု ပြစ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ကြောင်း Fortify Rights က ထုတ်ပြန်ထားသည်။

Subscribe to:
Posts (Atom)