တရားရေးမဏ္ဍိုင်ဘက်
မှ တရားရုံးတစ်ရုံးလျှင် အရာရှိ တစ်ဦးဦးဆောင်သော သတင်း
ပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာများနှင့် ပုံမှန်တွေ့ဆုံ၍ သတင်း
ထုတ်ပြန်ပေးတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
မြို့နယ်အဆင့်မှ ပြည် ထောင်စုအဆင့် တရားရုံးများအထိ သတင်းနှင့်ပြန်ကြားရေး အရာရှိများထားကာ သတင်းထောက်များနှင့် လစဉ်တွေ့ဆုံပြီး အမှုဖြစ်စဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်းတရားရေး မဏ္ဍိုင်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက အောက်တိုဘာ ၄ ရက်၌ နေပြည်တော်တွင် ပြော သည်။ ထိုအစီအစဉ်ကို မကြာမီ စတင်မည်ဖြစ်သော်လည်း စတင် မည့်အချိန် အတိအကျကိုမူ မပြောကြားပေ။
‘‘ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာဆို ဗဟိုအဆင့်က တရား သူကြီးတစ်ဦးကို သတင်းနဲ့ပြန် ကြားရေးအရာရှိ အဖြစ်ထား မယ်။ ခရိုင်အဆင့်ဆိုရင် ခရိုင် တရားသူကြီးကိုယ်တိုင်က တာ ၀န်ယူမယ်။ မြို့နယ်အဆင့်ဆို လည်း မြို့နယ်တရားသူကြီးက တာဝန်ယူပြီး အချိန်နဲ့အမီ သတင်းထုတ်ပြန်ပေးတော့မယ်’’ ဟု အဆိုပါ တရားသူကြီးက ပြောသည်။
အထက်ပါ ဆောင်ရွက်ချက် သည် ယခင်ခေတ်များက တရား ရုံးတွင် အမှုကြားနားစဉ်နှင့် အပြီး သတ်စီရင်ချက်ချနေစဉ် သတင်း ထောက်များကို တရားရုံးဆိုင်ရာ သတင်းထောက်အဖြစ် အသိအ မှတ်ပြုကာ သတင်းယူခွင့်ပေး သည့် ပုံစံမျိုးမဟုတ်ဘဲ တရားခွင် ပြင်ပရှိ သီးသန့်ခန်းတွင်သာ မီဒီ ယာနှင့် တရားရေးမဏ္ဍိုင်တို့ တွေ့ဆုံသတင်းယူစေသည့် ပုံစံဖြစ်နေကြောင်း သိရှိရသည်။
သို့ရာတွင် သတင်းထောက် များက တရားခွင်အတွင်း ၀င် ရောက်ကာ သတင်းရယူလိုပါက သက်ဆိုင်ရာ တရားသူကြီး၏ ခွင့် ပြုချက်ဖြင့် ဓာတ်ပုံရိုက်ခြင်းနှင့် အသံဖမ်းခြင်း မပြုသော အချက် များပါသည့် သတင်းထောက်များ လိုက်နာရန် စည်းကမ်းချက် ဆယ်ချက်ကို ထုတ်ပြန်ပေးမည် ဟု ဆိုသည်။ ထို့အပြင် စီရင်ချက် ချပြီးလျှင် အဆိုပါ စီရင်ချက်မိတ္တူ များကို သတင်းထောက်များအား ပေးအပ်မည်ဟု အထက်ပါတာ ၀န်ရှိသူက ဆက်ပြောသည်။
ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ အမှုပေါင်း လေးသိန်းကိုးသောင်းကျော် အပြီးသတ်စီရင်ချက်ချနိုင်ခဲ့သဖြင့် လက်ရှိ အစိုးရလက်ထက်တွင် တစ်နှစ်လျှင် အမှုပေါင်း တစ် သန်းနီးပါး အငြင်းပွားမှုများကို ဖြေရှင်းစီရင်နိုင်ခဲ့ပြီး ယခင်ကာလ များက တစ်နှစ်လျှင် အမှုပေါင်း လေးသိန်းနှင့် ငါးသိန်းကြားသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

Credit - 7DAY DAILY

အနောက်ပိုင်းခရိုင် တရားရုံး (ဓာတ်ပုံ − နစ်ကီ)
No comments:
Post a Comment