Saturday, October 25, 2014

ကိုပါကြီးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုမည်

 
သေဆုံးသွားသော ကိုပါကြီးကို တွေ့ရစဉ်

သြော် ဟုတ်လား ဒါနဲ့ . . ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ

– လင်းယုန်ရေးသည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျာ … စကား ဆိုတာ ပြောပြီးရင် တည်မှ ကောင်းပါတယ် ခင်ဗျ။ အခုတစ်မျိုး တော်ကြာ တစ်မျိုး မကြာခဏ လုပ်နေရင်တော့ သမိုင်းကြောင်း ကောင်းမှာ မဟုတ်ဘူး ခင်ဗျ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြားသိလိုက်ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ စကားကတော့ ယခုအချိန်အထိ ဥက္ကဋ္ဌကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ ကောင်းမွန်တဲ့ ပြောကြားချက် တစ်ရပ်ဖြစ်တယ်လို့ ဆိုရမှာပဲ ခင်ဗျ။

ထိုးမည့်ဆင် နောက်တစ်လှမ်းဆုတ်

– မြိုင်-တင်လှိုင်
NLD ရဲ့ ခေါင်းဆောင်များထဲက သမ္မတ မဖြစ်လာဘူးဆိုရင် တိုင်းသူပြည်သားတွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ဟာ အကောင် အထည် ဖော်နိုင်မှာ မဟုတ်ဘူး … ပုဒ်မ ၅၉(ဃ) (စ)တို့နဲ့ ကန့်သတ်လို့မရတဲ့ NLD ပါတီက ပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူကား သူရဦးတင်ဦးပါ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
● အန်တော့ခံပေါ့လို့ ပြောရမည်လား
၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို တပ်မတော် အစိုးရက သူ့နည်းသူ့ဟန်နှင့် လိုချင်သလို ပုံဖော်နိုင်မယ့် အစိုးရဖွဲ့ဖို့ ကျင်းပခဲ့ပါတယ်။ လိုချင်တဲ့ အစိုးရပုံစံကိုလည်း ဖော်နိုင်ခဲ့ပါတယ်။ အစိုးရဖွဲ့ပြီး မီဒီယာ လွတ်လပ်ခွင့် ပေးတဲ့အနေနဲ့ စာပေကင်ပေတိုင်လို့ အများသော စာပေလောကသားများက အမည် ပေးခြင်း ခံရတဲ့ စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်း ပေးခဲ့ပါတယ်။ ဒီတော့

စာရေးဆရာများ၏ အတ္ထုပ္ပတိ္တမှတ်တမ်း ရိုက်ကူးခြင်း

– ရွှေကူမေနှင်း
မြန်မာနိုင်ငံမှာလည်း ကြီးမြတ်သော ပုဂိ္ဂုလ်များရှိခဲ့ကြ၏ … မှတ်တမ်းမှတ်ရာ အဖြစ်စာအုပ်များ၊ ဓာတ်ပုံများသာ ကျန်ရစ်သည် … လှုပ်ရှားမှု ရုပ်သံမှတ်တမ်း မရှိချေ… ဤဟာကွက်ကို သတိထားမိသူရှားပါသည် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာကျော် စာရေးဆရာကြီးများ၊ နိုင်ငံရေးသမားကြီးများ၏ ကိုယ်ရေးအတ္ထုပ္ပတိ္တ မှတ်တမ်းရုပ်ရှင်ကားများကို ကြည့်ခဲ့ဖူးပါသည်။ ၎င်းတို့ အသက်ထင်ရှား ရှိစဉ်က ပုံရိပ်များ၊ လှုပ်ရှားမှုများ၊ စွမ်းဆောင် ချက်များနှင့်တကွ ၎င်းတို့ကို သိမီလိုက်သော ယခုလက်ရှိလူများကိုပါ တွေ့ဆုံမေးမြန်း အတည်ပြုချက်ယူပြီး မှတ်တမ်းတင် ကြ ခြင်းဖြစ်သည်။ ကျန်ရစ်ခဲ့သော လက် ရာများ၊ ဇာတိမြေ၊ နေထိုင်ခဲ့သော အိမ်၊ မိသားစုစသည့် ကိုယ်ရေး အချက်အလက်များကိုလည်း ထည့်သွင်းခဲ့ကြ၏။ ကိုယ်တိုင်ရေး အတ္ထုပ္ပတိ္တများရှိသော်လည်း စာအုပ်ဖြစ်နေ၍ အချိန်ကြာကြာ ဖတ်ရခြင်း၊ အချို့မှာ မှန်ကန်ခြင်းမရှိဘဲ ဖုံးကွယ်မှု၊၀င့် ၀ါမှု၊ ဖန်တီးမှုများပါနေသဖြင့် သမိုင်း အမှား ဖြစ်နေတတ်သည်။ အခြားသူများက ရေး ပေးသောအခါမှာလည်း ““ဘုံခန်းလည်း မြှောက်လွန်းသည်”” ဆိုသော စကားကဲ့သို့ အကောင်းတွေချည်း ပါတတ်ကာအမှန်များ ကျန်ရစ်တတ်၏။…
မည်သို့ဆိုစေလောကအား တစ်စုံတစ်ရာ အကျိုးပြုခဲ့ဖူးသော စာပေပညာရှင်များ၊ သမိုင်းပညာရှင်များ၊ နိုင်ငံရေး ပညာရှင်များ၏ အတ္ထုပ္ပတိ္တကိုရနိုင်သမျှ မှတ်တမ်းတင် ထားရန်လိုပါသည်။ နှောင်းလူတို့ အတွက် ရှောင် ရန် ဆောင်ရန် သင်ခန်းစာဖြစ်နိုင် ပါသည်။ အတတ်နိုင်ဆုံး စုစည်းနိုင်လေ အကျိုးရှိလေဖြစ်၏။
မြန်မာနိုင်ငံမှာလည်း ကြီးမြတ်သော ပုဂိ္ဂုလ်များရှိခဲ့ကြ၏။ မှတ်တမ်းမှတ်ရာ အဖြစ်စာအုပ်များ၊ဓာတ်ပုံများသာ ကျန်ရစ်သည်။ လှုပ်ရှားမှု ရုပ်သံမှတ်တမ်း မရှိချေ။ ဤဟာကွက်ကို သတိထားမိသူရှားပါသည်။
ယနေ့ခေတ်တွင်ကား နည်းပညာတိုး တက်လာခြင်း၊ အသံလွှင့်ဌာနများ၊ ရုပ်သံ ဌာနများ အပြိုင် အဆိုင် ဖြစ်လာ ခြင်းများ ကြောင့် မှတ်တမ်းများကို စိတ်ကူးအမျိုးမျိုး ဖြင့် တင်ပြနေကြလေသည်။ ထိုမှတ်တမ်း များအပြင် သက်ရှိစာရေးဆရာကြီးများ၏ အတ္ထုပ္ပတိ္တကိုမှတ်တမ်းတင် ရိုက်ကူးထုတ် လွှင့်နေပါပြီ။
ထုတ်လုပ်ရိုက်ကူးမည့်ဌာနက Forver Group ရုပ်သံဖြစ်ပြီး ထုတ်လွှင့်ပြသမည့် လိုင်းက “Readers Channel” ဖြစ်သည်။ ဤစာရေး သူထံအတ္ထုပ္ပတိ္တ ရိုက်လိုကြောင်း ဆက်သွယ်သောအခါ ရှေ့၌ဆရာကြီးနှစ်ဦး ရိုက်ကူးပြီး ခဲ့ပြီဟုသိရ၏။ ဤမတိုင်မီက လည်း စာပေစကားဝိုင်း၊ စာပေဖန်တီးခြင်း စသဖြင့် ရိုက်ကူးခဲ့ဖူး၏။ ထုတ်လုပ် သူများမှာ လူငယ်များချည်း ဖြစ်နေသည်။ ဆက်တင်သမား၊ မီးသမား၊ ကင်မရာသမား၊ အော်ဒီယိုခေါ် အသံဖမ်း ဆရာစသဖြင့် သူ့ တာဝန်နှင့်သူဖြစ်ရာအုပ်စုတစ်စု၌ည လူ ၁၀ ဦးခန့်ပါသည်။ ယခု အတ္ထုပ္ပတိ္တတင်ဆက် ခြင်းကို ““ဘ၀စာမျက်နှာများ”” ဟု အမည် ပေးထားကြောင်း သိရ၏။ တစ်ပိုင်းလျှင် မိနစ်၃၀ နှင့်နှစ်ပိုင်းခွဲပြီး ၁ နာရီစာ ထုတ် လွှင့်မည်ဖြစ်သည်။
ကျွန်မက ရုပ်သံမပေါ်ခင် မြန်မာ့အသံမှာ အမှုထမ်းခဲ့ပြီး ရုပ်သံပေါ်လာတော့လည်း ကိုယ်တိုင်သီဆို ရိုက်ကူးခဲ့ ဖူးသဖြင့် ခပ်အေးအေး၊ ခပ်ပေါ့ပေါ့ခံစားခဲ့၏။ သတင်းသမားလေးများကဲ့သို့ ပခုံးထမ်းကင်မရာ တစ်လုံးနှင့် လာမည်ဟု ထင်ခဲ့၏။ အိမ်မှာ လာရိုက်မည်ဆိုသဖြင့် လက်တွေ့ကျကျ လုပ်မည်ဟု ယုံကြည်သော်လည်း ကြီးကြီးမားမားဟု မထင်ခဲ့ပါ။
ကျွန်မ တိုက်ခန်း ၇ ထပ်သို့ သူတို့ ရောက်လာသောအခါ ချွေးရွှဲနေကြ သည်။ ရှေ့ဆုံးမှ ပရိုဂျူဆာ ဒါရိုက်တာ တက်လာ ပြီး သူ့နောက် တွင် သေတ္တာကြီး၊ သေတ္တာငယ်တွေ ထမ်းလာသော လူက ၇ယောက် တိတိဖြစ်၏။
ဧည့်ခန်း၌ ပစ္စည်းချကာ သူတို့သယ် လာသော ရေပုလင်းများကို ဖွင့်သောက် ကြသည်။ မနက်စာ မစားရသေး ဟန်တူသော ကလေးတစ်ယောက်က လက်ထဲမှာ ကောက်ညှင်းပေါင်းတွေ ကျွတ်ကျွတ်အိတ် နှင့် ထုတ်လာ သည်။ ကျွန်မလည်း အိမ်မှာ ရှိနေသော အိုးဘဲဥနှင့် မုန့်ဟင်းခါးကို ထုတ်ကျွေးရ၏။ မုန့်ဟင်းခါးတစ်ပန်းကန် ကို ၄ယောက်စားနေပုံမှာ ဘုန်းကြီးကျောင်း သားလေးများနှင့်တူပြီး ချစ်စရာကောင်း လှသည်။ ကြမ်းပြင် ကော်ဇော ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကြပုံက ကရုဏာသက်ဖွယ်ဖြစ်သည်။ သူတို့ကိုမြင်ရသည်မှာ ညီအစ်ကိုအရင်း များနှင့် တစ်ထပ်တည်း ဖြစ်၏။ ဒါရိုက်တာ ““ကြည်မင်းထွန်း”” ကို ကိုကြည်ရေ အစ်ကိုကြီးရေ …နှင့် လေး စားကြ၏။ အချင်းချင်း စိုးကြီး၊ မျိုးကြီး၊ ဝေယံကြီးဆိုသော အခေါ်အဝေါ်တွေက ရင်းနှီးလှသည်။ အလုပ်ကိုမခိုမ ကတ်၊ ဖျိုး ဖျိုးဖျတ်ဖျတ်နှင့် ကောက်ကာငင်ကာ လုပ်လိုက်ကြရာ စောစော က သေတ္တာကြီးများသည် မီးဆလိုက် ၆ခုဖြစ်သွားခဲ့ပြီ။ အော်ဒီ ယိုသမားက ဘုရားစင်နားမှာ နေရာယူနေဆဲ။ ဒါရိုက်တာညွှန်ကြားချက်အရ မျိုးကြီး က ကျွန်မ ဆိုဖာနောက်ရှိ ရေညှိအုတ်နံရံကို ပြက္ခဒိန်တစ်ခုဖြင့် ဖုံးအုပ်နေသည်။ ပစ္စည်း တွေ၊ စာအုပ်စင်တွေ၊ ဓာတ်ပုံတွေ၊ ရွှေ့ကြ ပြောင်းကြ၊ ကင်မရာမြင်ကွင်းနှင့် ချိန်ကြရသည်မှာ ၁ နာရီမကပေ။ သူတို့ရုံးခန်းမှာလို အသင့်ပြင်ပြီး သားမရှိသောကျွန်မဧည့်ခန်း ကိုဆက်တင်ပြင်ကြရခြင်းဖြစ်၍ ကျွမ်းကျင် မှု အထူးလိုအပ်၏။ လိုအပ်၍ ပြင်ခြင်းဖြစ်သော်လည်း သူတို့တပြုံးပြုံးနှင့် မခိုမကတ်၊ တိုင်တိုင်ပင်ပင်၊ စိတ်ရှည်ကြပုံကိုကား၊ ကျွန်မ မအံ့သြဘဲ မနေနိုင်ပါ။ ကလေးတွေ ရင့်ကျက်ကြပါပေတယ်…ဟု စိတ်ထဲမှ ကျေနပ်နေမိသည်။
ကင်မရာ ရှုထောင့်ယူပုံများကို ရုပ်သံမတိုင်မီ သင်တန်းပေးစဉ်က ကျွန်မ တက်ရောက်သင်ယူခဲ့ဖူးပါသည်။ ယခု အပြင် ထွက်ရိုက်ရသော ကင်မရာများက ၃ ချောင်း ထောက်လည်းပါသည်။ ရွေ့လျားလည်းပါ သည်။ လည်ပင်း လွယ်တာလည်း ပါသည်။ ကင်မရာသမား ၃ ဦး ညှိနှိုင်းနေကြပုံက ရုပ်ရှင်ကားကြီး ရိုက်ပုံထက်ပင် အသေးစိတ် နေ၏။ လူတစ်ယောက်ကို ရိုက်မည့်အရေး ဤမျှ သေချာလှပအောင် လုပ်နေခြင်း အတွက် ချီးကျူးမိသည်။ ကင်မရာမှာက လည်း နံပါတ်တွေ၊ ဒီဂရီတွေနှင့်။ လူတွေ ကလည်းပြည်ပသင်တန်းဆင်းတွေ ထင်ပါ ရဲ့ဟု တွေးမိရပါသည်။
ရိုက်မည့်အခန်းစဉ်များမှာ ပထမဆုံး ငယ်စဉ်ဘ၀။ ၎င်းနောက် စာပေနယ်ထဲ ၀င်ရောက်လာပုံများကို အပြောဖြင့် စ၍ ရိုက်သည်။ ၁၀မိနစ် တစ်ကတ်ရ၏။ အဖြတ်အတောက် အမှားအယွင်းမရှိ။ ထမင်းစား ခဏနားကြသည်။
နောက်တစ်ခန်းကို ဆက်တင်ပြောင်း ကြသည်။ ကျွန်မကိုလည်း အ၀တ်တစ်စုံ လဲခိုင်း၏။ အကြောင်း အရာ ပြောင်းသွား တာကိုး။ နောက်တစ်ကတ် ၁၀မိနစ်ရ၏။
မပြီးသေးပါ။ စာရေးစားပွဲမှာ စာရေးပုံ။ ပြီးတော့ အိမ်ရှိ မြေးမလေး ကို မေတ္တာရပ်ခံပြီး မိသားစုဝင်တစ်ဦး အနေ နှင့် စာရေး ဆရာအပေါ် သုံးသပ်ချက်ကို ရိုက်ယူသည်။ မြေးမလေးက ကိုယ်တိုင်ထုတ်လွှင့်နေသော Sky Net မှ အင်ဂျင်နီယာ ဖြစ်သော်လည်း အရိုက်မခံဖူးသဖြင့် ၃-၄ ခါပြင်ရသည်။ ညနေ ၅နာရီထိုးသွားပြီ။ ၁၂နာရီတုန်းက အောက်ဆင်း ထမင်းချိန်မှ အပ တစ်မိနစ်မှ မနားကြရှာပေ။ချွေးရွှဲနေသော်လည်းအပြုံး မပျက်ကြ။ အလုပ်လုပ် နေရသည်ကို ပျော်နေကြသည်။ လုပ်ငန်းခွင်ကို စိတ်ဝင်စားပြီး ပျော်ရွှင်ပါမှ ထုတ်လုပ်မှုက ကောင်းမည် ဖြစ်၏။ သူတို့ ပျော်ရွှင်နေ၍လည်း အောင်မြင်ခြင်းဖြစ်မည်။
ကျွန်မ ရေးခဲ့သမျှ စာအုပ်၅၀လုံးကို တစ်အုပ်စီရိုက်ယူပြန်သည်။
““နောက်နေ့ အပြင်သွားတဲ့ အခန်းတွေ ရိုက်မယ်””
အားလုံး(၂)ရက် ပေးပါဟု ဆက်သွယ်ထားသဖြင့် ခေါင်းညိတ်ရ၏။
““မနက် ၉ နာရီကားကြိုပါမယ်။ အန်တီရိုက်ချင်တာတွေ စဉ်းစားထားပေးပါ””
ဒါရိုက်တာက ဤမျှသာ ပြော၏။ ကိုယ့်ဘာသာ စဉ်းစားရသည်။ ဘုရားသွား ဖူးရရင် ကောင်းမယ်။ အငယ်နှစ် ယောက် ခေါ်မှပဲ။ ဒါပေမဲ့ သူတို့ကို မုန့်ကျွေးမယ်ပြော မှလိုက်မှာ … အနောက်မုခ်မှာ စား သောက်ဆိုင် အသစ်များ ဖွင့်နေသည်။ သူ တို့ကိုဘုရားဖူးပြီး မုန့်ကျွေးပါမည်။ ကြိုက် သလောက်စားပါဟု ကတိပေးရ သေးသည်။
ကားလာခေါ်တော့ ချက်ချင်းမတက် ရသေးပါ။
တိုက်လှေကားပေါ်က ဆင်းပုံ၊ လမ်း လျှောက်ပုံ၊ လမ်းကူးပုံ၊ လှုပ်ရှားမှုတွေ အားလုံး သူတို့စိတ်ကူးကြခြင်းပါ။ ဘုရား ရောက်တော့လည်း ရွေ့လျား စက်လှေကား တက်ပုံကို သူတို့က အရင်ပြေးတက်လိုက်၊ အရှေ့က ဆီး ရိုက်လိုက်။ လှေကားက ၃စင်းမို့ သူတို့မို့ စိတ်ရှည်ပလေဟု သြချမိ၏။ ဘုရားပေါ်ရောက်တော့ ပါလာသော ပန်းစည်းကို ကြုံရာမုခ်မှာ လှူ၊ ရိုခိုး၊ ဒါဆို ပြီးပြီဟု ထင်ခဲ့ရာ မပြီးပါ။ မိသားစုနှင့်ဘုရား ရှိခိုးပုံ၊ အလှူငွေထည့်ပုံ၊ ပန်းလှူပုံ၊ ရေလည်း သပ္ပာယ်လိုက်ပါဦးတဲ့။ အရိပ်ကောင်းကောင်းမှာ တရားမှတ်ပေးပါဦး တဲ့။ အတော် ဦးနှောက်ပြေးသော ဒါရိုက်တာပေပဲ။
၁၂ နာရီထိုးမှ ဘုရားပေါ်က ဆင်းတော့ မြေး ၂ ယောက်ကို စားသောက် ဆိုင်မှာကတိအတိုင်း ကျွေးရ၏။ သူတို့ကို လုံးဝကျွေး၍ မစားပါ။ ကျွန်မတို့စားသောက် ပုံကိုသာ ရိုက်ကြသည်။ (အားနာဖွယ် ကောင်းလေခြင်း) ထို့နောက်မှာတော့ ကျွန်မ အတိုင်ပင်ခံ အယ်ဒီတာလုပ်သော ““စုံနံ့သာ”” မဂ္ဂဇင်းတိုက်မှာ တစ်ကတ်။ အောက် ထပ် စာအုပ်မိတ်ဆက်ပွဲ၌ မုဒိတာ စကားပြောပုံတစ်ကတ်။ ဆရာမရဲ့မိတ်ဆွေ တွေလည်း ဆရာမအပေါ် သုံးသပ်ချက် ရိုက်ချင်သည်ဆို၍ စာအုပ်မိတ်ဆက်ပွဲလာ အပေါင်းအသင်း များထဲမှ ၄ ယောက်ကို ၄ ကတ်။ (တစ်ယောက်လုပ်ငန်း တစ်ခုပြော ဆိုကြရာ တစ်ယောက်က ကျွန်မသည် စိတ်ကောက်တတ်ကြောင်း …၊ သူ့ကို ပြန်ခေါ်တာ ၃ လပဲရှိသေးကြောင်း ပြောသွားသေးသည်။ ဒါက အမှန်တွေပါပဲ)
ဒါလောက်ဆို အတော်စုံပြီဟု ကျွန်မပြောရာ ဒါရိုက်တာက နည်းသေးသည်ဟု ပြော၏။ နောက်အပတ်၌ ““ရေး သူဖတ်သူ ဆွေးနွေးပွဲ””ရှိ၍ လိုက်ရိုက်မည်ဟုဆိုသည်။ သန်ဘက်ခါလောက် မြို့ထဲစာအုပ်ဆိုင် တွေ လျှောက် ကြည့်တဲ့အခန်းရိုက် ပေးပါဦးဟု တောင်းဆိုသည်။ စာပေဟောပြော ပွဲအခွေတွေတော့ ရှိပြီးဖြစ်၍ မြို့အမျိုးမျိုး ထဲမှ ကြိုက်တာ ကူးဖြတ်ထည့်ဖို့ ပြောရ ၏။ ဒါဆို ၁ နာရီစာရမည် ထင်သည်။ နိုင်ငံခြားတိုးရစ်များကို ဟိုတယ် ခန်း တစ်ခု၌ မြန်မာနိုင်ငံသမိုင်းအကြောင်း၊ ယဉ်ကျေးမှု စသည်တို့ကို အင်္ဂလိပ်လို ရှင်းပြရသော အလုပ်လည်း ရှိသည်။ မိမိက အမျိုးမျိုးသော လောက၌ အနည်းနည်း အဖုံဖုံကျင်လည်ရသည်ဖြစ်ရာ ၎င်းတို့အထဲမှ ကျန်ကောင်း ကျန်ရာ နောင်လာနောက် သားများအတွက် အကျိုးရှိသည့် လှုပ်ရှားမှုမျိုး ကို ရွေးရမည်မို့ အတော် စဉ်းစားရပါ သည်။ နိုင်ငံရေးလုပ်စဉ်က ထောင်ကျ ခဲ့သောအခန်းများကို သူတို့မတောင်းဆို၍ တော်ပါသေးသည်။ ထောင်ထဲမှာ ရိုက်ခွင့် မရနိုင်။ စာရေးဆရာအတ္ထုပ္ပတိ္တမို့ စာပေ ကိစ္စများချည်း သီးသန့်မို့သာ သက်သာရာ ရတော့၏။
မည်သို့ဆိုစေ … သူတို့စိတ်ကူးကြိုး ပမ်းမှုကြောင့် မြန်မာနိုင်ငံမှ စာရေးဆရာ များ၏ အတ္ထုပ္ပတိ္တမှတ်တမ်း ရုပ်ရှင် များကိုမူ သမိုင်းတစ်ခုအဖြစ် ထိန်းသိမ်းနိုင်တော့မည်ဖြစ်ပေသည်။

  မြန်မာသံတော်ဆင့်သတင်းဌာန- www.facebook.com/myanmarherald

စားသောက်ဆိုင် ဘောက်ချာများတွင် အမေရိကမှ မှာယူထားသည့် အခွန်တံဆိပ်များ ကပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၄ 

စားသုံးသူများက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အခွန်ပေးဆောင်ပြီးကြောင်း သိရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် အတွင်းရှိ စားသောက်ဆိုင် ဘောက်ချာများတွင် အမေရိကန်ပြည်ထောင်စုမှ မှာယူတင်သွင်းသည့် အခွန်နံပါတ် တံဆိပ်များကို ကပ်နှိပ်မည်ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ တံဆိပ်များကို ကျပ် ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ ဟူ၍ တန်ဖိုးအလိုက် သတ်မှတ်ထားပြီး စားသုံးသူက စားသုံးပြီး တန်ဖိုးအလိုက် ယင်းတံဆိပ်များကို ဝယ်ယူရမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

ပါလီမန်ဒီမိုကရေစီခေတ်မှ ဖဆပလအဖွဲ့ချုပ်ကြီး၏ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးသင်ခန်းစာများ

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
အာဏာရပါတီဖြစ်သော ဖဆပလအတွင်း အကွဲအပြဲကြောင့်သာ ဖြစ်သည်။ ဖဆပလ ခေါင်းဆောင်များသည် နှစ်ပေါင်းရှည်ကြာစွာ အာဏာယစ်မူး ခဲ့ကြပြီးနောက် ရန်ဘက်အုပ်စုကြီးနှစ်ရပ်အဖြစ် ဖဆပလအဖွဲ့ကြီး ကိုပြိုကွဲရန် ဆုံးဖြတ်ခဲ့ကြသည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီး နောက်မြန်မာ့နိုင်ငံရေးသမိုင်းတွင်ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ချုပ်ကြီးသည် အင်အား အတောင့်တင်းဆုံးသော အမျိုးသားတပ်ဦး နိုင်ငံရေး အဖွဲ့အစည်းကြီး အဖြစ် ရပ်တည် ခဲ့သည်။

ခေါက်ရှာငှက်ပျံလောကဓံ စုန် ဆန်မနား ကျွန်တော်စာနယ်ဇင်းသမား

– မောင်မြား
မိမိတို့ သက်တမ်းတစ်လျှောက် အဖေနဲ့အမေတို့ ကတောက် ကဆဖြစ်သည်ကို အလွန်မြင်ရခဲ သည်။ ဦးသန့်၏ ကမ်းလှမ်းမှုအပေါ် အဖေ မတုံ့ပြန်ခဲ့သည့်အတွက် အမေက အဖေ့ကို ခွန်းကြီး ခွန်းငယ် ဧည့်ထောက်ခံ မြည်တွန် တောက်တီးခြင်း မပြုသော်လည်း အဖေ့ကွယ်ရာတွင် မတော့ မိမိတို့ညီအစ်ကိုအား “နင့်အဖေက ခွေးဖြူ လူတော မတိုး” ဟူ၍သာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှအဆက်
အဖေက ဦးသန့်အား ဂါရ၀ပြုသွား ရောက်တွေ့ဆုံသည့်အခါ မိမိတို့က ဦးသန့်ကို မမြင်ဖူးလို့ တွေ့ချင်ပါသည် ဆိုသည့် တောင်းဆိုချက်ကို လိုက်လျောသည့် အနေဖြင့် မိမိတို့

ဧရာဝတီတိုင်းလွှတ်တော်အမတ်များလည်း ကန်ထရိုက်ဖြစ်ချင်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အမတ်မင်းများက သူတို့လည်း ဆောက်လုပ်ရေးကန်ထရိုက် ဖြစ်ချင်ကြကြောင်း ပြောကြပါတယ်။
ဒီအကြောင်း လွှတ်တော်ထဲ ရောက်ခဲ့တဲ့ သတင်းထောက် ဆလိုင်းသန့်စင်က အသေးစိတ် ပြောပြထားပါတယ် -



                                         (ဓာတ်ပုံ - www.babble.com)  

အမျိုးစောင့်ဥပဒေများကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်တောင်းဆိုမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

အမျိုး စောင့်ဥပဒေများ အမြန်ဆုံးပြဋ္ဌာန်း ပေးရေးအတွက် ပြည်နယ်နှင့်တိုင်းအ သီးသီးရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဆရာ တော်၊ သံဃာတော်များဦးဆောင် ကာ ယခုလ နောက်ဆုံးပတ်မှစတင် ကာ မြန်မာနိုင်ငံတစ်ဝန်း၌ ဆန္ဒ ထုတ်ဖော်တောင်းဆိုသွားမည်ဖြစ် ကြောင်း ဦးဆောင်ဆရာတော်များ ထံက သိရသည်။

ယင်းသို့ဆန္ဒထုတ်ဖော်တောင်း ဆိုခြင်းကို အောက်တိုဘာ ၂၅ရက် ၌ ရန်ကုန်မြို့တွင် စတင်ပြုလုပ် သွားမည်ဖြစ်ပြီးကျန်သည့်ပြည်နယ် နှင့် တိုင်းအသီးသီးတွင်ရက်အနည်း ငယ်သာခြား၍ ဆက်တိုက်တောင်းဆို သွားရန် စီစဉ်ထားကြောင်း မဘသ (ဗဟို)ဦးဆောင်ဆရာတော် ဦးပါ မောက္ခကပြောသည်။

Friday, October 24, 2014

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလအတွင်း ကယားပြည်နယ် သွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံမယ်လို့ ပြည်နယ်အန်အယ်လ်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ် ဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူက အခုလို ပြောပါတယ်။

အီလက်ထရွန်နစ်ပစ္စည်းများ တင်သွင်းရာတွင် မမှန်ကန်သော ဈေးနှုန်းများပြကာ အခွန်ဆောင်တင်သွင်းမှုများရှိနေဟု စီး/ကူးဆို

စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊ 

အီလက်ထရွန်နစ်ပစ္စည်းများ တင်သွင်းရာတွင် မမှန်ကန်သောဈေး နှုန်းများဖြင့် အခွန်ဆောင်တင်သွင်းမှုများရှိနေကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှသိရသည်။
''ပြည်ပကနေ အီလက်ထရွန်နစ်ပစ္စည်းတွေ တင်သွင်းရာမှာ ကုန်သည် တချို့အနေနဲ့ တင်သွင်းလာတဲ့ပစ္စည်းတွေကို ဈေးနှုန်းလျှော့ချတင်သွင်း နေတာကြောင့် မှန်မှန်ကန်ကန် တင်သွင်းနေတဲ့ ကုန်သည်တွေအနေနဲ့ သူ တို့နဲ့ယှဉ်ပြီး မရောင်းချနိုင်ဘူးဖြစ်နေတယ်ဆိုပြီး တားဆီးပေးဖို့တိုင်ကြား လာတာတွေရှိတယ်''ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး

ကိုပါကြီးအမှု စနစ်တကျစုံစမ်းစစ်ဆေးဖို့ ရန်ကုန်မှာ တောင်းဆိုမယ်

မွန်ပြည်နယ်ကကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ရန်ကုန်မှာ တောင်းဆိုကြမယ်လို့
ဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။


သူ့နေရာနဲ့သူ - ဆောင်းပါး

(ဆောင်းပါးရှင် - သဲသီရိကျော်)

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျွန်မနဲ့ အတော်လေးခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ သူက ကျွန်မစာတွေရေးနေတယ်ဆိုတာ သိရလို့ ကျွန်မရေးထားတဲ့ စာမူတွေပေးဖတ်ဖို့ ပြောပါတယ်။ ကျွန်မက ဆောင်းပါးတွေကို ဖတ်ချင်တာလား၊ ဒါမှမဟုတ် စာမျက်နှာထက် မရောက်သေးတဲ့ ကျွန်မဘာသာ လေ့ကျင့်ရေးသားထားတဲ့ ရသ၀တ္ထုလေးတွေ ဖတ်ချင်တာလားလို့မေးတော့ သူကအံ့သြတကြီးနဲ့ “နင်က ရသစာပေရေးတဲ့သူ ဖြစ်ချင်တာလား” လို့ မေးပါတယ်။ ကျွန်မက ‘ဆောင်းပါးတွေရေးရတာ ကြိုက်သလို၊ ရသစာပေတွေကိုလည်း ရေးတတ်ချင်လို့ လေ့ကျင့်ရေးနေတာပါ’ လို့ ပြန်ပြောတော့ အခုခေတ်မှာ

တစ်နှစ်အတွင်း တရားမဝင်ဟန်းဆက် အလုံးရေ သုံးသောင်းနီးပါး ဖမ်းမိ

စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊ 

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ယခုအချိန်အထိ တစ်နှစ်တာကာလအတွင်း တရား မဝင်ဟန်းဆက်တင်သွင်းမှု အလုံးရေ ၂၇ဝဝဝ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်ပစ္စည်းတားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီမှ သိရသည်။
''နယ်စပ်ကနေရန်ကုန်အထိ ဖုန်း တစ်လုံးကို တရားမဝင်သယ်ဆောင်ခ ၁ဝဝဝ ဝန်းကျင်ပဲကျမယ်။ တရားဝင် တင်သွင်းရင် ဒေါ်လာ ၅ဝ တန်ဖုန်း တစ်လုံးကို အနည်းဆုံး ၆ဝဝဝလောက် အခွန်ပေးဆောင်ရတယ်။ ဒါကြောင့် တရားမဝင်တင်သွင်းနေကြတာ''ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှ ဦးရန်နိုင်ထွန်း က ပြောသည်။

တရားသဖြင့်

(ခိုင်ခိုင်စောလွင်)

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ကော့တောင် (လိပ်ကျွန်း) တွင် ဗြိတိသျှလူမျိုး နှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာတို့ အသတ်ခံရသည့် သတင်းကို ရုပ်မြင်သံကြားမှ ကြည့်ရပြီး မကြာမီ ထိုကျွန်းပေါ်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အဓိကထားပြီး စစ်ဆေးနေသည့် သတင်းများ နေ့စဉ် ကြားသိနေရလေသည်။ ထိုကျွန်းမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ခုနစ်ထောင်ခန့် ရှိသည်ဟု သိရသည်။ မျိုးဗီဇ (DNA) စစ်ဆေးခံနေသည့် မြန်မာ အလုပ်သမားများ၏ ပုံရိပ်ထဲမှာ သနပ်ခါး ပါးကွက်ကျားနှင့် မြန်မာ မိန်းကလေးတွေကိုပါ ထိုင်းရုပ်မြင်သံကြားတွင် တွေ့မြင်ရပါသည်။ ထိုသတင်းတွေ မြင်ရသည့်အခါ စိတ်ထဲကနေ ထိုလူသတ်မှုကို ကျူးလွန်သူတွေမှာ မြန်မာလူမျိုးတွေ မဟုတ်ပါစေနှင့်ဟု

မြေလက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရန် အများဆုံး ပိုင်ဆိုင်နိုင်မည့်ပမာဏ သတ်မှတ်မည်

စိုးမြင့်နိုင် ၊ ရန်ကုန်၊ 

မြေယာလက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေ ရန်အတွက် အများဆုံးမြေယာ ပိုင်ဆိုင်နိုင်သည့် ပမာဏ ကို အမျိုးသားမြေယာဥပဒေ (Nation Land Law) တွင် ထည့်သွင်းရေးဆွဲသွားမည်ဟု အမျိုးသားမြေအ သုံးချမှု မူဝါဒမူကြမ်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲမှ သိ ရသည်။
အသစ်ရေးဆွဲမည့် အမျိုးသားမြေယာဥပဒေ (Nation Land Law) တွင် လူတစ်ဦး(သို့) စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလျှင် မြေပမာဏ မည်မျှပိုင်ဆိုင်ရ မည်ကို ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ မြေယာ ပြဿနာများကိုလည်း အသေးစိတ်ဖြေရှင်းသွားနိုင်ရန် ရေးဆွဲသွားမည်ဟု သိရသည်။

အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရှင်သန်အသုံးချနိုင်ရေး - ဆောင်းပါး

(ဆောင်းပါးရှင် - သစ်ထွဋ်)

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနဲ့ ရိုးရာဓလေ့ထုံးစံများစွာကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်လာခြင်းနဲ့အတူ ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပါတယ်။
နိုင်ငံသားတွေရဲ့ လူနေမှုဘ၀ပုံစံ ပြောင်းလဲလာမှုများနဲ့အတူ နိုင်ငံတကာနဲ့ ဆက်ဆံကူးလူး ကုန်သွယ်မှုတိုးမြှင့်လာခြင်း အပါအ၀င် အကြောင်းမျိုးစုံကြောင့် ယဉ်ကျေးမှု အမွေအနှစ်များစွာနဲ့ ရိုးရာဓလေ့ထုံးစံများအပေါ် နိုင်ငံသားတွေရဲ့

အိပ်ပျော်နေစဉ် ဘာ့ကြောင့် ဟောက်

ပေါက်ပေါက်

အမျိုးသမီးများထက် အမျိုးသားများက အိပ်ပျော် စဉ်ဟောက်တတ်ကြပြီး ပျမ်းမျှအားဖြင့် အရွယ်ရောက်သူ အမျိုးသား ၄၅ ရာခိုင်နှုန်းက ဟောက်လေ့ရှိကြပါတယ်။ အိပ်ပျော်နေစဉ်ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်းကြောင့် နှာခေါင်း၊ လည်ချောင်းစတဲ့ အသက်ရှူလမ်းကြောင်းတစ် လျှောက် တစ်သျှူးများကျဉ်းသွားကာ ဟောက်သံထွက် လာပါတော့တယ်။
အဲဒီလို ဟောက်သံကျယ်လောင်ခြင်း ကြောင့် အိပ်မောကျနေစဉ် မိမိအသံကြောင့် ရုတ်တရက် လန့်နိုးခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်၍ မွန်းကျပ်လန့် နိုးခြင်းဖြစ်ကာ ကြာလာတာနဲ့အမျှ နှလုံးကိုပြဿနာဖြစ် လာစေတတ်ပါတယ်။ ဒါ့ပြင် ဟောက်သံနဲ့အလေ့အကျင့် မရှိသူ ဥပမာ ကြင်စဦးဇနီးမောင်နှံများမှာ

တရုတ်ကွန်မြူ နစ်အစိုးရကို အရှက်ရစေသည့် ဟောင်ကောင်မှ ဆန္ဒပြဗီနှိုင်း

ဟောင်ကောင်၏ အထင်ရှားဆုံး ဖြစ်သည့် ခြင်္သေ့တောင် ကမ်းပါး သို့ ဟောင်ကောင် တောင်တက်သမား အချို့က တက်ရောက်ကာ ကြီးမားသော ဆန္ဒပြစာတမ်း တစ်ခုအား ကြာသပတေးနေ့က ချိတ်ဆွဲခဲ့သည်။ ဆန္ဒပြသူများ တောင်းဆိုနေ သည့် ဒီမိုကရေစီစနစ်က ဆင်းရဲသားများကို အာဏာ ပိုမိုရရှိသွားစေမည်ဟု မြို့အုပ်ချုပ်ရေးမှူး က ပြောဆိုလိုက်ပြီးနောက် ထို ဆန္ဒပြ စာတမ်းအား ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။
လူဦးရေ ထူထပ်ပြီး အလုပ်သမားလူတန်းစားများနေထိုင်ရာ ကိုးလွန်နယ်မြေပေါ် ဘက်ရှိ ခြင်္သေ့ကျောက်ဆောင်ပေါ်တွင် ၂၈ မီတာအရှည်ရှိ စာတမ်းအား ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။ အ၀ါရောင် စာတမ်းပေါ်တွင် “စစ်မှန်တဲ့ အလုံးစုံ မဲပေးခွင့် လိုချင်တယ်” ဟု ရေးသား ထားပြီး ဟောင်ကောင်

မြန်မာလုပ်သားနှစ်ဦးက ဗြိတိန်စုံတွဲကို မသတ်ခဲ့ဘဲ ထိုင်းရဲတပ်ဖွဲ့ခြိမ်းခြောက်မှုကြောင့် သတ်ခဲ့ဟု ထွက်ဆိုခဲ့ကြောင်း မိဘများကို ဖွင့်ပြော

 

ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်း၏ အန္တရာယ်

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါတိုင်း မိမိတို့၏ ကိုယ်ကျိုးစီးပွားကို နံပါတ်တစ်ထား စဉ်းစားတတ်ကြသည်။ ထိုနည်းတူစွာ အခြားနိုင်ငံသားများနှင့် မိမိနိုင်ငံသား နှိုင်းယှဉ်လျှင်လည်း မိမိနိုင်ငံသားကိုသာ ရှေ့တန်းတင် ဦးစားပေးလေ့ ရှိသည်။ လူတစ်ဦးချင်းစီ အနေနှင့် ကြည့်လျှင်လည်း မိမိအတ္တ ကိုယ်ကျိုးကို အဓိက ဦးတည်စဉ်းစားခြင်းမှာ မငြင်းနိုင်သည့် လူ့သဘာဝ ဖြစ်သည်။

ပြည်သူ့အကျိုးစီးပွားတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားရန်လိုအပ်

၂၀၁၁ ခု မတ်လကုန်ဆုံးခါနီးအချိန်မှစ၍ တပ်မတော်အစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို သမ္မတဦးသိန်းစိန်အစိုးရက လွှဲပြောင်းရယူခဲ့သည်။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းချက်အချို့ကို တွေ့မြင်ကြရသည်။ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရနှင့် ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်သွားမည်ဟု အစိုးရသစ်က ဆိုပါသည်။
စနစ်သစ်နှင့် ပုံစံဟောင်းမှာ ပဋိပက္ခအသွင်ဆောင်သည့်အလျှောက် စနစ်သစ်နှင့် လိုက်လျောညီထွေစွာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ပြုပြင်ရန် လိုအပ်ပါသည်။ အထူးသဖြင့် စွမ်းရည်နိမ့်ကျညံ့ဖျင်းပြီး

ပလူဇဝတံတားကျိုးသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း ကုမ္ပဏီကမပြုပြင်သေး

မကွေး၊ အောက်တိုဘာ ၂၃

စစ် ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ နယ်နှင့် ကလေးဝမြို့နယ်အကြားရှိ ပလူဇဝချောင်းအားဖြတ်သန်းဆောက် လုပ်ထားသည့် ပလူဇဝတံတားသည် ၂ဝ၁၃ ခုနှစ်ဇူလိုင်လတွင် ရေစီးကြောင့် ကျိုးခဲ့သော်လည်း ပြန်လည်ဆောက် လုပ်ခြင်းမရှိသောကြောင့် သွားလာ ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲ တရားမျှတရေး နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့်နိုင်မည့် ကျင့်ဝတ်ရေးဆွဲမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေးအတွက် နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်ကို ရေးဆွဲမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
အောက်တိုဘာ ၂၂ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် Panda ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံပွဲတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထိုင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်းပြီး ပြည်တွင်းအင်တာနက်အမြန်နှုန်း 10 GB အထိ တိုးချဲ့မည်

  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ထိုင်းနိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ မှစတင်၍ ပြည်တွင်း အင်တာနက်မြန်နှုန်းများကို 10 GB အထိ တိုးချဲ့ပေးသွားရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနသည် ပြည်တွင်း အင်တာနက်မြန်နှုန်းများ တိုးချဲ့ရန်အတွက် နိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများကို

လိပ်ကျွန်း လူသတ်မှုတွင် ပတ်သက်ခြင်း မရှိဟု မိဘများနှင့် တွေ့ဆုံစဉ် မြန်မာ ၂ ဦး ထပ်မံပြောဆို

လိပ်ကျွန်း 
မြန်မာ ၂ ဦး၏ ထွက်ဆို ချက်များကို ကော့စမွေ တရားစီရင်ရေး ဌာနသို့ သွားရောက် တင်သွင်းစဉ် (ဓာတ်ပုံ – မင်းဦး / ဧရာဝတီ)

UNFC အဖွဲ့တွင် ပြန်ဝင် မဝင် ဆုံးဖြတ်မည့် KNU ဗဟိုကော်မတီ အစည်းအဝေး စတင်

ရန်ကုန်၊ အောက်တိုဘာ ၂၃ 

 ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း (UNFC) အဖွဲ့ဝင်အဖြစ် ပြန်လည် ဝင်၊ မဝင် ဆုံးဖြတ်မည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့တွင် စတင်ပြုလုပ်လျက် ရှိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ လေးရက် ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးတို့ကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးအတွက် ရန်ကုန်၊ ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့၌ စည်းရုံးရေးအဖွဲ့များ စတင်ဖွဲ့စည်း

ရန်ကုန်၊ အောက်တိုဘာ ၂၃

ညီညွတ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)သည် လွှတ်တော်ပြင်ပ နိုင်ငံရေးကို ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝ တီတိုင်းတို့၌ စည်းရုံးရေးအဖွဲ့များ ကို အောက်တိုဘာ ၂၃ရက်က စတင် ဖွဲ့စည်းလိုက်သည်။

ရန်ကုန်မြို့ပြည်လမ်း ယုဒသန် ခန်းမတွင် ပြုလုပ်သည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အစည်း အဝေးတွင် ယခုကဲ့သို့ စည်းရုံးရေးအ ဖွဲ့များ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်ရန် ကော်မတီဖွဲ့စည်း

ရန်ကုန်၊ အောက်တိုဘာ ၂၃

 မြန်မာနိုင်ငံအတွင်း တပ်မတော် အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) က ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ UNDO ဥက္ကဋ္ဌ ဒေါက်တာသက်မင်းက ပြောကြားသည်။ အောက်တိုဘာ ၂၃ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်အတွင်းရှိ ယုဒဿန်ခန်းမတွင် ပြုလုပ်သော ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO) ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေး ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ ကော်မတီက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရများ လက်ထက်တို့တွင်

Thursday, October 23, 2014

ကိုပါကြီးအကြောင်း ကာချုပ်နဲ့ စာနယ်ဇင်းကောင်စီ ပြောဖြစ်ခဲ့သလား




အာဏာပိုင်တို့က အလွတ်သတင်းထောက်တဦးကို စက်တင်ဘာ ၂၂ ဝန်းကျင်မှာ ထိန်းသိမ်းခဲ့ပါတယ်။

တရားစွဲခံရသူ ၁၅ ဦးအမှု အစ္စလာမ်သင်္ချိုင်းအုပ်ချုပ်မှုကော်မတီ ကျေအေးပေး

မန္တလေးမြို့ ပဋိပက္ခအတွင်း အစ္စလာမ်အေးရိပ်ငြိမ်သင်္ချိုင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး တရားစွဲခံထားရသူ ၁၅ ဦးရဲ့အမှုကို သင်္ချိုင်းအုပ်ချုပ်မှုကော်မတီက ဒီနေ့ ကျေအေးပေးလိုက်ပါတယ်။

အမှုကျေအေးကြောင်း အခမ်းအနားကို မန္တလေးမြို့ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့လုံးဆိုင်ရာ(အေးရိပ်ငြိမ်)မွတ်စလင် ကဘာရ်စတန် ဥယျာဉ်တော် (သင်္ချိုင်း)အုပ်ချုပ်မှု ကော်မတီက အတွင်းရေးမှူး ဦးဝေလီတင်အောင်က အမှုကျေအေးရတဲ့အကြောင်း အခုလို ပြောပါတယ်။

တွေ့ဆုံဆွေးနွေးတိုင်း အဖြေမရနိုင်

(ကျော်ဗလ)

ဟောင်ကောင်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို အစိုးရက ခေါ်ပြီးညှိတယ်ဆိုတဲ့ သတင်းကြားလိုက်ရလို့ စိတ်ဝင်စားမိပါတယ်။ ပြဿနာတစ်ရပ်ကို ငါတို့ အုပ်ချုပ်နေတာပဲ၊ ငါတို့ ခေါင်းဆောင်နေတာပဲ။ ငါတို့ လက်ထက်မှာ ငါတို့လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာကို အုပ်ချုပ်သူတွေ နားလည် သဘောပေါက်လာပါပြီ။ ပိုဆိုးတာက ဟောင်ကောင်အရေးဟာ အုပ်ချုပ်သူ အာဏာပိုင်နဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံ ဖြေရှင်းရေး မဟုတ်တော့ဘူး။ အစိုးရမှာ ဟောင်ကောင်အစိုးရလား၊ တရုတ်ပြည်မကြီး အစိုးရလား နှစ်ပိုင်းကွဲနေသလို၊ ဟောင်ကောင်ပြည်သူလို့ ဆိုရာမှာလည်း ကျောင်းသားလား၊ အရပ်သားလားဆိုပြီး နှစ်ပိုင်းကွဲပြားနေတာ တွေ့ရပါတယ်။

လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ စတင်ဖွဲ့စည်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေ စုစည်းဖွဲ့ထားတဲ့ ညီညွှတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့က လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော် မတီကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း အစိုးရအဆက် ဆက်ရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော် ထုတ်ပြီး မှတ်တမ်းတင်ဖို့အတွက် အခုလိုကော်မတီ ဖွဲ့စည်းတာဖြစ်တယ်လို့ ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးမှာ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

FIFA အဆင့်သတ်မှတ်ချက် မြန်မာဘောလုံးအသင်း အဆင့် ခြောက်ဆင့်မြင့်တက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ ၂၃ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အဆင့်ခြောက်ဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။
မြန်မာ့ လက်ရွေးစင် အသင်းဟာ အောက်တိုဘာလအတွင်းက အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲခြေစစ်ပွဲတွေ ယှဉ်ပြိုင်ရာမှာ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတွေကို အနိုင်ရပြီး တီမောအသင်းကို သရေကျ ကစားနိုင်ခဲ့လို့ အခုလို အဆင့်သတ်မှတ်ချက်မှာ မြင့်တက်လာတာပါ။

အသင်လူသား . . . နိုးပြီလား

Written By - သန်းထိုက်(သာကေတ)

ကျွန်ုပ်တို့အားလုံး လူသားအဖြစ်ရယ်လို့ ကမ္ဘာလောကကြီးကိုရောက်ရှိခဲ့တယ်။ လူသားဘ၀ကိုရရှိခဲ့ပြီဆိုတာနဲ့ လိုအင်ဆန္ဒက ဦးစွာမွေးဖွားပေါ်ပေါက်လာခဲ့တယ်။ ထိုလိုအင်ဆန္ဒတွေပြည့်ဖို့၊ ရရှိဖို့အသံနဲ့ အမူအရာကိုတောင်းဆိုတယ်။ ငိုပြတယ်၊ လက်ဖြန့်တောင်းပြတယ်။ နောက်တဖြည်းဖြည်းနဲ့ လိုအင်ဆန္ဒကိုယူနိုင်ဖို့ ရောက်အောင်သွားဖို့ ကြိုးစားကြတယ်။ ၀မ်းလျားထိုးသွားတတ်တဲ့အချိန်မှာ ရှေ့ကိုရောက်ဖို့ ယက်ကန်ကြတယ်။ နောက်ကိုရွေ့ဖို့မလုပ်ခဲ့ကြဘူး။ လေးဘက်ထောက်သွားနိုင်တော့လည်း ရှေ့ကိုပဲသွားချင်ကြတယ်။ မတ်တတ်ရပ်နိုင်၊

ဖြောင့်ချက်ပြန်လည်ရုပ်သိမ်းသော်လည်း အမှုအပေါ်အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ထိုင်းအစိုးရရှေ့နေများ ပြောကြား

လိပ်ကျွန်းလူသတ်မှု သံသယရှိရသူများက ဖြောင့်ချက်ပြန်လည်ရုပ်သိမ်းသော်လည်း အမှုအပေါ်အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ထိုင်းအစိုးရရှေ့နေများ ပြောကြား
======== ======== ========
လိပ်ကျွန်းပေါ်တွင် ဗြိတိန်ခရီးသွား ၂ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိရသူ မြန်မာ ၂ဦးက ထိုင်းရဲများက စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသဖြင့်သာ ပြစ်မှုကျုးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ရသည်ဟုဆိုကာ မူလဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းခြင်းသည် အမှုအပေါ် အကျိုးသက်ရောက်မှုရှိမည်မစုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုကို ပြန်လည်သုံးသပ်နေသူရှေ့နေချုပ်က အောက်တိုဘာ ၂၂ ရက်နေ့က ပြောသည်။

နာမည်ကောင်းနဲ့လူ

Written By - ညီအောင်ညီ

"နာမည်ကောင်းက ရွှေကောင်းထက် တန်ဖိုးပိုရှိပါသတဲ့"။ အဲဒီအဆိုကို ကျွန်တော်တို့ မငြင်းဆန်ဝံ့ကြပါဘူး။ နာမည်ကောင်းဆိုတာ ကျွန်တော်တို့ဘ၀မှာ ဂုဏ်သိက္ခာတစ်ခုပါပဲ။ နာမည်ဆိုးဆိုတာဟာလည်း နှာခေါင်းရှုံ့စရာ၊ အထင်သေးစရာတစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ဘ၀တစ်လျှောက်မှာ နာမည်ကောင်း၊ နာမည်ဆိုးဆိုတာ ကျွန်တော်တို့ရဲ့ အကောင်းအဆိုးလုပ်ရပ်တွေနဲ့ အများကြီးဆိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လက မန္တလေးလူရွှင်တော်ကြီး "သပြေဦးဂျာအေး" နဲ့ စာအကြောင်းပေအကြောင်း စကားတွေပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို "အသံမထွက်သောဖြောင့်ချက်" ဆိုတဲ့ကဗျာတစ်ပုဒ်

သဘာဝဘေးကြောင့် သီးနှံနှင့် လယ်မြေပျက်စီးမှုများအတွက် သမ္မတ၏ သီးသန့်ရန်ပုံငွေမှ ထောက်ပံ့ရန်စီစဉ်

 
ပဲခူးတိုင်းအတွင်း စပါးစိုက်ခင်းများ ရေကြီးရေမြုပ်နေစဉ် (ဓာတ်ပုံ - အောင်သစ်လွင်)

ယနေ့ ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲစဉ်များ 23- Oct- 2014

 

ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ

 အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းက ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များနှင့် ၎င်းတို့၏ ကိုယ်စား လက် မှတ်ထိုးသူများသည် ထိုစဉ်က ထမ်းဆောင်ခဲ့သော တာဝန်နှင့် မည်သည့် တိုင်း ရင်းသားများဖြစ်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှု ဒု-ဝန်ကြီးဦးသန်းဆွေက
“ပင်လုံစာချုပ်” ဟူသည် တောင်တန်းမြေပြန့် ခွဲခြားမှု မရှိစေဘဲ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်

အမျိုးသမီးများဖြင့်သာဖွဲ့စည်းထားသည့် မွန်အမျိုးသမီးပါတီ ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်

ရွှေကိုကို ၊ ရန်ကုန်၊ 

လာမည့် ၂ဝ၁၅ခုနှစ်တွင် ပြု လုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထား သည့် မွန်အမျိုးသမီးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အမျိုးသမီးအဖွဲ့ဝင်အင်အား သောင်းဂဏန်းခန့်ဖြင့်ဖွဲ့စည်းထားသည့် အဆိုပါမြန်မာနိုင်ငံ၏ ပထမဆုံးအမျိုး သမီးပါတီကို အောက်တိုဘာ ၁၄ရက် က နေပြည်တော်ရှိ ရွေးကောက်ပွဲကော် မရှင်သို့ မွန်အမျိုးသမီးပါတီအဖြစ် မှတ် ပုံတင် လျှောက်ထားပြီဖြစ်ရာ ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အခြေပြု၍ ကိုယ်စားလှယ် လောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တခြားတိုင်းနှင့်ပြည်နယ်များတွင် လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။

ရွေးကောက်ပွဲစနစ်ပြောင်းလဲရာတွင် ပြည်နယ်များ ချန်လှပ်ထားခြင်းကို တိုင်းရင်းသားအမတ်အချို့ လက်ခံ


ရွေးကောက်ပွဲအချိုးကျစနစ်ကို ကန့်ကွက်ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဒေသခံများ၏ ကန့်ကွက်မှုများရှိနေသော်လည်း သုံးနှစ်ကြာရပ်နားခဲ့သည့်မနောပွဲ ပြန်လည်ကျင်းပမည်


ကချင်မနောပွဲတော်မြင်ကွင်း (ဓာတ်ပုံ− panoramio.com)

အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော


ထိုင်းနိုင်ငံမှ ရှေ့နေများကောင်စီ အဖွဲ့ဝင်များနှင့် မြန်မာသံအမတ်ကြီး တွေ့ဆုံစဉ် (ဓာတ်ပုံ− ငြိမ်းချမ်း)
 

မြေယာမဲ့များအတွက် အရန်မြေ သီးသန့်ထားရှိနိုင်ရန် စီစဉ်မည်

စိုးမြင့်နိုင် | ရန်ကုန်၊

မြေယာမဲ့များကို နေရာချထား ပေးနိုင်ရန်အတွက် နိုင်ငံတော်အရန်မြေ သီးသန့်ထားရှိနိုင်ရန် အမျိုးသား မြေ ယာဥပဒေတွင် ထည့်သွင်းရေးဆွဲသွား မည်ဖြစ်ကြောင်း အမျိုးသား မြေယာ အသုံးချမှု မူဝါဒဆိုင်ရာဆွေးနွေးပွဲမှ သိရသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ မူကြမ်းတွင် မြေအသုံးချမှုဆိုင်ရာ အိမ် ရာဇုန်၊ စက်မှုဇုန်၊ စိုက်ပျိုးရေးဇုန်၊ သစ် တောဇုန်၊ စားကျက်မြေဇုန်၊ ကူးသန်း ရောင်းဝယ်ရေးဇုန်၊ အမျိုးသားကာကွယ် ရေးနယ်မြေဇုန်၊ သတ္တုတွင်းဇုန်စသည့် ဇုန်များသတ်မှတ်ခြင်းအပြင် မြေယာမဲ့ များအတွက် အရန်မြေထားရှိရန်လည်း ထည့်သွင်းသွားမည်ဟု သိရသည်။

မြန်မာပြည်မှာ ဒီမိုကရေစီ မရှိဆုံးမြို့

 

မြန်မာပြည်မှာ ဒီမိုကရေစီ မရှိဆုံး (မရှိဆုံး) မြို့ဟာ ဘယ်မြို့လဲ။

နေပြည်တော်လို့ ဖြေရင် အံ့သြကြမယ် ထင်ပါတယ်။

ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်

 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)

၄၃၆ ကို မပြင်လိုကြောင်း တပ်မတော်က ဆန္ဒပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဓိက ကျသည့် ပုဒ်မ-၄၃၆ ကို တပ်မ တော်က မပြင်ဆင်လိုဟု သဘော ဆန္ဒပေးထားကြောင်း အောက် တိုဘာ ၂၂ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာအရ သိ ရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆(က)နှင့်(ခ) ကို တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော် ပြပေးရန်နှင့် ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးရန် အကြံပြု ထားကြောင်း

မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုအတွက် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိဟု မြန်မာလုပ်သားနှစ်ဦး ငြင်းဆို

ဇမ္ဗူထွန်း ၊ ရန်ကုန်

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် ပြစ်မှုကျူးလွန်ခဲ့ သူများအဖြစ် သံသယရှိခံထားရသော မြန်မာရွှေ့ပြောင်း လုပ် သားနှစ်ဦးသည် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း နှင့် တရားခံများအဖြစ် ဝန်ခံစေရန် နှိပ်စက်ညှဉ်းပန်းခံရမှုများ ရှိခဲ့ကြောင်း ရှေ့နေများထံသို့ အသနားခံစာ လျှောက်တင်ထား ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပြစ်မှုကျူးလွန်ခဲ့သော ဝန်ခံချက်ကို ငြင်းဆိုသော လျှောက်ထားချက်သည် အောက်တို ဘာ ၂၁ ရက် က ထိုင်းရှေ့နေများကောင်စီ(LCT) က ရှေ့နေသုံး ဦးနှင့်တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ LCT အဖွဲ့ ခေါင်းဆောင် ဆူရာပေါင်ခွန်ချန်တခ်က တရားခံများအဖြစ် ဝန်ခံ ထားသော ဇော်လင်းနှင့်

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းမည်

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု အန္တရာယ်များ ဖြစ်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် တားဆီးမှုများ ပြုလုပ်ရန်အတွက် အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ယခုနှစ်အတွင်း ဖွဲ့စည်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဇွန်လက ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်ဦးရေ ၄၀ ကျော် ပါဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို စတင်ဖွဲ့စည်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယနေ့ မိုးလေဝသအခြေအနေ 23- Oct- 2014

 

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

မီးမှန်မှန်မလာသေးသော တိုင်းပြည်နှင့် စွမ်းအင်ရင်းမြစ်များ
ကမ္ဘာပေါ်တွင် ရှာဖွေခြင်း မပြုရသေးသော ဓာတ်ငွေ့သိုက်ပမာဏများစွာ ရှိနိုင်ကြောင်း မက်ကင်ဆေး၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသလို တွေ့ရှိပြီးသဘာဝ ဓာတ်ငွေ့ပမာဏမှာ ကမ္ဘာ့အဆင့် ၄၆ တွင် ရှိသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သတ်မှတ်ထားသည်။
ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသဖြင့် လျှပ်စစ်စွမ်းအင်အတွက် အရင်းအမြစ်များ ပိုင်ဆိုင်ထားပြီး မိမိနိုင်ငံနှင့် လိုက်လျောညီထွေရှိသော၊ သင့်လျော်သော နည်းလမ်းများဖြင့် စနစ်တကျ စီမံခန့်ခွဲရန်သာ လိုအပ်သည့် အနေအထားမျိုးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မပေါင်း ၂၁၀ အား ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတင်ပြ
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁ဝ အားပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်တွင် အစီရင်ခံတင်ပြခဲ့သည်။
ကော်မတီသည် စတင်ဖွဲ့စည်းသည့် ၁၁-၂-၂ဝ၁၄ မှ ၂၅-၉-၂ဝ၁၄ အထိ အစည်းအဝေးပေါင်း (၄၆) ကြိမ်ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးများတွင် ပြည်သူများ၏ အကြံပြုချက်များ၊ အဖွဲ့အစည်းအသီးသီးမှ အကြံပြုချက်များ၊ ပါတီအသီးသီးမှ အကြံပြုချက်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ

အောက်တိုဘာ ၁၀ ရက်အထိ ဒေါ်လာ ၂၀၁ သန်းကျော်ရရှိထားကာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၆ သန်းကျော်လျော့နည်း

ပြည်ပရေထွက်ကုန်တင်ပို့မှု ကျဆင်းလျက်ရှိပြီး အောက်တိုဘာ ၁၀ ရက်အထိ ဒေါ်လာ ၂၀၁ သန်းကျော်ရရှိထားကာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၆ သန်းကျော်လျော့နည်း
ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ ၀င်ငွေကျဆင်းလျက်ရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ဒေါ်လာ ၂၀၁ သန်းကျော်ရရှိထားပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူတင်ပို့မှုရငွေနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၈၆ သန်း ကျော်လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်သူအကုန်ယူ FPTP စနစ်နှင့် PR စနစ်နှစ်မျိုး ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော် ကော်မရှင် အကြံပြု

နေပြည်တော်၊ အောက်တိုဘာ၂၀

မြန်မာနိုင်ငံနှင့် သင့်လျော်ရွေးကောက်ပွဲ စနစ်တစ်ခု လေ့လာသုံးသပ်ရန် ရည်ရွယ် ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်က နိုင်သူအကုန်ယူ FPTP စနစ်နှင့် အချိုးကျ ကိုယ်စားပြု PR စနစ်နှစ်မျိုး ပေါင်းထားသော ရွေးကောက်ပွဲစနစ် ကျင့်သုံးရန် ပြည်သူ့လွှတ်တော်သို့ အကြံပြု တင်ပြထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မရှင်က လေ့လာတွေ့ရှိ ထားသော ရွေးကောက်ပွဲစနစ် ရှစ်မျိုး တင်သွင်းစဉ်တွင် ၎င်းကယင်းသို့ ပြောကြားသွားခြင်း ဖြစ်သည်။

အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့်ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၁

လွတ်လပ်ရေး ရပြီးနောက် နိုင်ငံရေး အယူဝါဒ ကွဲပြားမှုကြောင့် အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ပြီး လက်ရှိချိန်တွင်လည်း အချင်းချင်း မညီညွတ်မှုကြောင့် ရှေ့တိုးရမည့် ခြေလှမ်းများ တွန့်ဆုတ်နေရကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ရန်အောင်မြင် ခန်းမတွင် မန္တလေးတပ်နယ်မှ အရာရှိ စစ်သည် မိသားစုများကို တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲစနစ် အစီရင်ခံစာနှင့်ပတ်သက်၍ ဒီချုပ်အမတ် ၁၅ ဦးကျော် ၀င်ရောက်ဆွေးနွေးမည်

 
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ်/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

၂၀၁၅ ရွေးကောက်ပွဲတွင် လက်သည်းခွံ မင်တို့သည့်စနစ် စသုံးမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်ကြိမ်မဲပေးပြီး ထပ်မံမဲမပေးနိုင်ရန် မဲပေးပြီးသူများ၏ လက်သည်းခွံတွင် မင်တို့ပြီး မှတ်သားသည့်စနစ် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ပေးမှုများ၊ မဲထပ်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် မဲရုံအတွင်းသို့ လာရောက်ကာ မဲတစ်ကြိမ် ပေးပြီးသူများ အားလုံးကို မဲရုံမှူးက ကြီးကြပ်ပြီး လက်သည်းခွံများကို မင်တို့ကာ မှတ်သားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
 
နိုင်ငံတော်သမ္မတခရီးစဉ်တစ်ခုအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း လုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်တစ်ဦး/ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ခိုတောင်ကျွန်းလူသတ်မှု၌ စွပ်စွဲခံမြန်မာနှစ်ဦး၏မိဘများ ယနေ့ထိုင်းနိုင်ငံသို့ သွားရောက်မည်

အောက်တိုဘာလ၂၄ရက်နေ့တွင် မြန်မာနှစ်ဦးနှင့်တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိဟုဆို
================================================
ရန်ကုန်၊ အောက်တိုဘာ ၂၁
ဗြိ တိန် စုံတွဲနှစ်ဦး အသတ်ခံရသည့် အမှုတွင် စွပ်စွဲခံရသည့်မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများယနေ့ထိုင်း နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၂၄ရက်တွင် တရားခံ ဟုစွပ်စွဲခံနေရသည့် မြန်မာနှစ်ဦးနှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကိစ္စအတွက် ဖွဲ့စည်းထားသည့် သံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော် သောင်းက ဒီမိုကရေစီတူဒေးသို့ပြော သည်။
အောက်တိုဘာ ၂၂ရက် မနက် ၈နာရီအချိန်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှထိုင်းနိုင်ငံ သို့ ထွက်ခွာမည်ဖြစ်ပြီး ဖမ်းဆီးစွပ် စွဲခံရသူမြန်မာနှစ်ဦး၏ မိသားစုဝင် စုစုပေါင်းငါးဦးသွားရောက်မည်ဖြစ် ပြီး ထိုင်းနိုင်ငံသို့ မနက်၁ဝနာရီအ ချိန်တွင် ရောက်ရှိမည်ဖြစ်၍ အဆို ပါ မိသားစုဝင်များ

ဥပဒေပေါင်းတစ်ရာကျော်နှင့် ၀ိရောဓိများ

 
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အခြေခံဥပဒေနှင့် မညီဟုဆိုကာ ဥပဒေရှစ်ခုကို ခုံရုံးတင်ဆုံးဖြတ်ခံယူမည့်ကိစ္စ လက်ရှိအစိုးရသက်တမ်းတွင် မလုပ်ဖြစ်တော့

 ပြည်ထောင်စုအစိုးရ အဖွဲ့က အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍  အခြေခံဥပဒေခုံရုံးသို့ တင်သွင်းမည်ဟု ကြေညာထားသော ဥပဒေ ရှစ်ခုကို ယခုအစိုးရသက်တမ်းတွင် တင်သွင်းအဆုံးအဖြတ်ခံယူတော့မည် မဟုတ် ကြောင်း သတင်းရရှိသည်။
‘‘ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ရှစ်ခုကို အခြေခံဥပဒေနဲ့ မညီတဲ့အတွက် အခြေခံဥပဒေခုံရုံးတင်ပြီး အဆုံးအဖြတ် ခံယူ မယ်ဆိုပြီး ကြေညာထားတာရှိ တယ်။ အဲဒါကို အခုအစိုးရလက် ထက်မှာ မတင်တော့ဘူးလို့ သိရ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြော သည်။ ခေတ်စနစ်အပြောင်းအလဲ တွင် ထိုကဲ့သို့ တင်ပြခြင်းကြောင့်

Wednesday, October 22, 2014

တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာမှာ အစိုးရစစ်တပ် တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လက အခုလို ပြောပါတယ်။

၂၀၁၅ တွင် ဧည့်နိုင်ငံသားနှင့် ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မပြုဟု ဦးတင်အေးပြော

၂၀၁၅ ရွေးကောက်ပွဲ , ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် , နိုင်ငံရေးပါတီ , ဧည့်နိုင်ငံသား , ယာယီသက်သေခံလက်မှတ် 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးတင်အေး (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)

လူငယ်၊ ၀န်ထမ်းနှင့် နိုင်ငံရေး - ဆောင်းပါး

(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
  
 နိုင်ငံရေး
  နိုင်ငံရေး၏ သရုပ်သကန်အမှန် အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးကို လူကြီးတွေ၊ လူငယ်တွေ၊ ပညာတတ်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ စတဲ့လူတန်းစားအလိုက် သတ်မှတ်ပုံ ကွဲပြားနေတာကို သတိပြုမိလာပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက တစ်ပါတီအုပ်ချုပ်ရေး စတင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးသမားကို အချောင်သမားလိုလို၊ ပေါ်ကြော့သမားယောင်ယောင်၊ အပြောသမားတွေ၊ ရွာရိုးကိုးပေါက် လျှောက်သွားနေသူတွေ၊ အာချောင်နေသူတွေလို့ သာမန်ပြည်သူအလည်မှာ ထင်ယောင်ထင်မှားဖြစ်အောင် ထိုခေတ်က စာပေတွေမှာ၊ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ၀ါဒတွေဖြန့်ပေးခဲ့ကြပါတယ်။ ပထစ၊ ပမညတ၊ တည်မြဲ၊ သန့်ရှင်းစတဲ့ ပါတီဝင် နိုင်ငံရေးသမားတွေကို စစ်ဗိုလ်ချုပ်အချို့က

အလွတ် သတင်းထောက် ကိုပါကြီးကို အစိုးရ စစ်တပ် ဖမ်းဆီးထား

အလွတ်တမ်း သတင်းထောက်, ကိုပါကြီး , အစိုးရ စစ်တပ် 
အလွတ် သတင်းထောက် ကိုပါကြီး (ဓာတ်ပုံ – ဒေါင်းမာန်ဟုန်)

ကျောင်းနေ ပျော်စေချင်

- မြင့်အောင်လေး

အခြေခံပညာကျောင်းတွေရဲ့ကျောင်းဝင်း ထဲ ခြေချမိလိုက်တာနဲ့တွေ့ရမယ့် ဆိုင်းဘုတ်တွေကတော့

''အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက'' တို့၊

''ကာယ၊ ဥာဏ၊ စာရိတ္တနှင့် ရသသက်မွေး၊ ဘက်စုံပညာရေး''တို့၊

''စိတ် ဓာတ်၊ စည်းကမ်း၊ ပညာ''တို့၊

''ကျောင်းနေပျော်၍ စာ တော်ရမည်''တို့ စတာတွေပါပဲ။

ခိုတောင်းအမှုမှ မြန်မာနှစ်ဦးမိဘများ ထိုင်းရှေ့နေများကောင်စီနှင့် တွေ့မည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရဖို့အတွက် ဘန်ကောက်မြို့ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိဘတွေနဲ့ ထိုင်းရှေ့နေများကောင်စီတို့ မနက်ဖြန် တွေ့ဆုံပြီးနောက် တရားရုံးအမှုတင်တဲ့ရက်မှာ အာမခံလျှောက်ထားမှာဖြစ်တယ်လို့ ဒီအမှုအတွက် ဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ပေးဆပ်ခြင်းဖြင့်သာ ရယူ၍ ရယူခြင်းဖြင့်သာ ပေးဆပ်ပါ - ဆောင်းပါး

(ဆောင်းပါးရှင် - ဘစံကောက်)

တစ်ခါတစ်ခါ ကျွန်တော်တို့တွေ ပြောပြောနေတဲ့ အမှန်တရားတို့ တရားမျှတမှုတို့ ဆိုတာတွေဟာ ဘယ်လိုစံ၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ယူဆပြောဆို နေကြတယ်ဆိုတာ သိဖို့ အလွန်ပဲခက်ပါတယ်။
အကြိမ်များစွာ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ ‘အမှန်တရားနဲ့ တရားမျှတမှု ဆိုတာတွေကတော့ အင်အားကြီးသူ၊ အနိုင်ရသူတွေဘက်မှာသာ ရှိတာများပါတယ်။ အင်အားနည်းသူ အရှုံးပေးရသူတွေဘက်မှာရှိတာ မတွေ့ရသလောက် နည်းပါတယ်။ ဒါကြောင့်လည်း ကြာတော့ အင်အားမဲ့လို့ အရှုံးပေးရသူတွေဟာ အဲဒီအမှန်တရားတို့ တရားမျှတမှုတို့ဆိုတာတွေ အပေါ်မှာ အယုံအကြည် နည်းလာကြတော့တာပါပဲ။ အဲဒီလို အခြေအနေမျိုးတွေကို မြင်ရတိုင်း ကျွန်တော်ငယ်စဉ်က မြင်တွေ့ခံစားခဲ့ရတဲ့ အဲဒီရုပ်ရှင်

အဆုတ်ကင်ဆာရောဂါနှစ် ၂ဝကြာ တိမ်မြုပ်နေနိုင်ကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ရှိ

ဝါရှင်တန်၊ အောက်တိုဘာ ၂ဝ

အဆုတ်ကင်ဆာရောဂါ၏ အ ဆိုးရွားဆုံးပုံစံသို့ ရုတ်တရက်မပြောင်း လဲမီ နှစ်၂ဝကျော်ကြာ တိမ်မြုပ်နေ နိုင်ကြောင်း လေ့လာမှုတစ်ခုအရသိ ရသည်။

ထိုလေ့လာမှုကို အင်္ဂလန်နိုင်ငံ ရှိ ကင်ဆာသုတေသနအဖွဲ့မှ လေ့ လာသူများက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းကဆေးလိပ်သောက်သူ ဆေးလိပ်သောက်ခဲ့သူနှင့် ဆေးလိပ် မသောက်သူများပါဝင်သော အဆုတ် ကင်ဆာရောဂါဖြစ်ပွားနေသူ ခုနစ်ဦး ကိုအခြေခံကာ ပြုလုပ်ခဲ့သည်။

Tuesday, October 21, 2014

မြန်​မာနိုင်​ငံမှာ တကယ်လိုတာ လွတ်လပ်တဲ့ စာနယ်ဇင်းပါ

မီဒီယာ, စာနယ်ဇင်း, ဝါဒဖြန့်​ချီ​ရေး 
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ မီဒီယာကို ပြန်လည်တည်ဆောက်ဖို့ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါ (သရုပ်ဖော် – freepress.net)

ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို အိုးမဲမသုတ်စေလို

လူ့သမိုင်းဖြစ်စဉ်ကို ကြည့်လျှင် အီဗော်လူးရှင်းခေါ် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု သီအိုရီက ထင်ရှားသည်။ ထိုသီအိုရီအရ လူသည် မျောက်မှတစ်ဆင့် တဖြည်းဖြည်း အဆင့်အတန်း မြင့်လာကာ မြေကမ္ဘာပေါ်တွင် အသိဉာဏ်အကြီးဆုံး သတ္တဝါအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

ဂူအောင်း လူသားဘဝမှသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တို့ကို ကျော်ဖြတ်ကာ ယနေ့ အိုင်စီတီခေတ်အထိ လူသားတို့၏ အတတ်ပညာ၊ စွမ်းရည်နှင့် ယဉ်ကျေးမှုများ တဖြည်းဖြည်း မြင့်မားလာခြင်းမှာ အီဗော်လူးရှင်း သဘောပင်ဖြစ်သည်။

တရားသူကြီးများ အမှန်တရားဘက်ရပ်တည်ချိန် တန်ပါပြီ

(ဆောင်းပါးရှင် - သစ်ထွဋ်)

ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ နိုင်ငံတစ်ခုမှာ အဓိက မဏ္ဍိုင်ကြီးများဖြစ်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်များဟာ အရေးပါတဲ့ မဏ္ဍိုင်ကြီးများဖြစ်ပြီး ယင်းတို့အနက် တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ နိုင်ငံများအတွက် အလွန်အရေးပါတဲ့နေရာက ပါဝင်နေပါတယ်။
တရားရေးမဏ္ဍိုင်ရဲ့ ဂုဏ်သိက္ခာ
အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်များဟာ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို တရားစီရင်ရေး မဏ္ဍိုင်မှာလည်း ကြီးမားတဲ့တာဝန်တွေ ရှိနေပါတယ်။ အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအတွက် တရားစီရင်ရေးမဏ္ဍိုင်ဟာ အထူးအားကောင်းဖို့ လိုအပ်လှပါတယ်။ အခြားအာဏာရှင်စနစ်

ဟုမ္မလင်းမြို့နယ် တရားသူကြီးကို အဂတိလိုက်စားမှုနဲ့ ထောင် ၁၀နှစ်နဲ့ ငွေဒဏ်ချမှတ်

မုံရွာ၊ အောက်တိုဘာ ၂၁

အဂတိလိုက်စားမှု ပြစ်မှုထင်ရှားတဲ့အတွက် ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်ကို စစ်ကိုင်းတိုင်း တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်က အောက်တိုဘာလ ၂၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁၀နှစ်နဲ့၊ ငွေဒဏ် ငါးသောင်း ပြစ်ဒဏ်ချမှတ် လိုက်ပါတယ်။

ပြစ်ဒဏ်ချရာမှာ ဒဏ်ငွေငါးသောင်းကို မပေးဆောင်ရင် ထောင်ဒဏ် သုံးလ ကျခံရမယ် ဆိုတဲ့အချက် ပါရှိပါတယ်။ ထောင်ဒဏ်မှ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့် ပြုတယ်လို့လည်း ပါရှိပါတယ်။

မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့နှိပ်စက်ခြင်း ရှိ၊ မရှိ ထိုင်းလူ့အခွင့်အရေး ကော်မရှင် စုံစမ်းမည်

ရန်ကုန်− 

လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သံသယ တရားခံမြန်မာလုပ်သား နှစ်ဦးကို ရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းခဲ့ သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လူ့ အခွင့်အရေးကော်မရှင်က စုံစမ်း စစ်ဆေးမှုပြုလုပ်တော့မည်ဟု အောက်တိုဘာ ၂၀ ရက်တွင်ပြော ကြောင်း ဘန်ကောက်အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြ သည်။
မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေးစဉ်အတွင်း  မရိုးသားမမျှတသည့် အပြုအမူများရှိနိုင်ခဲ့သည်ဆိုသော စိုးရိမ် ပူပန်မှုများမြင့်တက်နေချိန်တွင် အဆိုပါသတင်းထွက်ပေါ်လာ ခြင်းဖြစ်သည်။ ထိုင်းရဲချုပ်ကမူ ၎င်းတို့အပေါ် စွပ်စွဲမှုများကို ငြင်း ဆိုထားပြီးဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နေသော်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် ဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

အစိုး ရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်အခတ်ရပ်စဲ ရေးဆောင်ရွက်နေသော်လည်း တစ် ဖက်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ထိုဖြစ်ရပ်များကို ပြုပြင်ရန် လိုအပ်နေပြီဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အောက်တိုဘာ ၂ဝရက် ပြည် သူ့လွှတ်တော်အစည်းအဝေးမကျင်း ပမီ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် ရေးနှင့်အပစ်အခတ်ရပ်စဲရေးဆောင် ရွက်နေစဉ် တစ်ဖက်တွင် တိုင်းရင်း

စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

ရန်ကုန်၊ အောက်တိုဘာ ၂၀

အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် ပြဋ္ဌာန်းထားသော အမျိုးသားပညာရေး ဥပဒေနှင့် ပညာရေး ဝန်ကြီးဌာန ဗဟိုချုပ်ကိုင်မှုများကို စစ်ကျွန်ပညာရေးစနစ်ဟု ဆိုကာ အောက်တိုဘာလ ၁၉ ရက်နေ့က စမ်းချောင်းမြို့နယ်တွင် ဆန့်ကျင် ဆန္ဒထုတ်ဖော်သော ၁၉၊ ၁၀ အမည်ရှိ မျက်နှာဖုံးစွပ် ဆန္ဒပြသူများကို မြို့နယ်ရဲတပ်ဖွဲ့က စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း စမ်းချောင်း မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
မျက်နှာဖုံးစွပ် ဆန္ဒပြသူများသည် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေး အလိုမရှိဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေခင်းတွင် မြေနီကုန်း၊ ဒဂုံစင်တာအနီး၌

ဝန်ကြီးဟောင်း ဦးဆန်းဆင့် မိသားစုနှင့် တွေ့ခွင့်ရ

ရမည်းသင်းအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့်  သာသနာရေးဝန်ကြီး ဟောင်းဦးဆန်းဆင့်နှင့် တွေ့ဆုံ ခွင့်ရရန် ၎င်း၏ မိသားစုဝင်များနှင့်အကျိုးဆောင်ရှေ့နေတို့က တောင်းဆိုထားမှုကို အစိုးရက တွေ့ဆုံခွင့်ပြုကြောင်း သတင်းရရှိသည်။
နိုင်ငံပိုင်ငွေအလွဲသုံးစားမှု၊နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ် ခံခဲ့ရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၏ အမှုအား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် အယူခံလွှာတင်သွင်းရန်ဦးဆန်းဆင့်အား တွေ့ခွင့်ရရန် အစိုးရထံ တောင်းဆိုထားခြင်း ဖြစ်သည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ပယ်မဲများလျော့နည်းစေရန် တံဆိပ်တုံးထု မဲပေးစနစ်ပုံစံ ပြောင်းလဲဆောင်ရွက်မည်

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပယ်မဲများလျော့နည်းစေရန်အတွက် တံဆိပ်တုံးထု မဲပေးစနစ်ပုံစံပြောင်း လဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် ညွှန်ကြားရေးမှူးဦးသောင်းလှိုင် က ပြောကြားသည်။
ထို့ပြင်မဲပေးပြီးသူများ နှစ်ခါမဲ ပေးခြင်းမျိုးမဖြစ်ပေါ်စေရန်အတွက် လည်း လက်ကိုမင်တို့ မှတ်သားသည့် စနစ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ဝရက်က မီကာ ဆာဟိုတယ်တွင် မီဒီယာများကိုပြော ကြားခဲ့သည်။

ပုဂ္ဂလိကဘဏ်များ အလွန်အကျွံပြိုင်ဆိုင်မှုများပါက နိုင်ငံတော်ငွေကြေး မူဝါဒနှင့် ငွေကြေးဈေးကွက်ကို ထိခိုက်နိုင်ဟုဆို

အတိုးနှုန်းများကို ဘောင်တစ်ခုအတွင်း သတ်မှတ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ခွင့်ပြုထား
ငွေကြေးမူဝါဒနှင့် ငွေကြေးဈေးကွက် တည်ငြိမ်မှုကို မထိခိုက်ရန် အမြဲမပြတ်စောင့်ကြည့်နေ
===============================================
ရန်ကုန်၊ အောက်တိုဘာ ၂ဝ

မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိ ကဘဏ်များကို ထိန်းချုပ်ထားမှုဖြေ လျှော့တော့မည်ဖြစ်သဖြင့် ဘောင် တစ်ခုအတွင်းမှ ယှဉ်ပြိုင်လုပ်ကိုင်နိုင် ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း နိုင်ငံ တော်၏ငွေကြေးမူဝါဒနှင့် ငွေကြေး ဈေးကွက်တည်ငြိမ်မှုကို မထိခိုက်ရန် အမြဲမပြတ်စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။

မန္တလေး ပဋိပက္ခအတွင်း အစ္စလာမ်ဘာသာဝင်တို့၏သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရသူ ၁၅ ဦးကို အမှုကျေအေးပေးမည်


မန္တလေးပဋိပက္ခအတွင်း သေဆုံးသွားသူတစ်ဦး၏နာရေး ပို့ဆောင်နေစဉ် (ဓာတ်ပုံ−စိုးသန်းဝင်း/အေအက်ဖ်ပီ)

ကာကွယ်ရေး ဝန်ကြီးဌာန ဖြည့်စွက်ဘဏ္ဍာငွေကို အခြားဝန်ကြီးဌာနနှစ်ခု အသုံးစရိတ်စာရင်းမှ တစ်ဆင့်တောင်းခံ

နေပြည်တော်၊ အောက်တိုဘာ ၂၀
ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ခုနှစ် ထပ်တိုးဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံရာ ယင်းဝန်ကြီးဌာနက တိုက်ရိုက်တောင်းခံခြင်း မပြုဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့၏ ဘဏ္ဍာငွေ အသုံးစရိတ် စာရင်းများမှတစ်ဆင့် တောင်းခံထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီက နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့်

မြန်မာ ရွှေ့ပြောင်းလုပ်သား ၂ဝဝဝကျော်ထံမှ ငွေကျပ်သိန်းပေါင်း ၆ဝဝဝကျော်ကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုက လိမ်လည်

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

ထိုင်း နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ဘတ် တစ် သောင်း (မြန်မာငွေ သုံးသိန်းကျပ်) အရင်းပြုထည့်ဝင်ပါက တစ်လလျှင် ဘတ်တစ်သောင်းနှုန်း အမြတ်ရမည် ဟုဆိုခြင်းကြောင့် ဝင်ရောက်ရင်းနှီး မြှုပ်နှံခဲ့သော မြန်မာရွှေ့ပြောင်းအ လုပ်သမား ၂ဝဝဝကျော်တို့ အလိမ်ခံ ခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် MAT မှ သိရသည်။
လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန် ဘောရပ်ကွက်အနီးတွင် ဖွင့်လှစ်ထား သော SUNJA OPING(666)

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတလွတ်လပ်ရုံသာမက ခန့်မှန်းထားသည့် အချိန်အတိုင်း လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက ခန့်မှန်းထားသည့်အချိန်အတိုင်းလုပ်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားသည်။
သတင်းထောက်များမေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် "ဒီမိုကရေစီလမ်းကြောင်းကို အမှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံသာမက အချိန်မီလုပ်ရမယ်။ ခန့်မှန်းထားတဲ့အချိန်အတိုင်း လုပ်ရမယ်။

၂၀၁၅ ရွေးကောက်ပွဲ နိုဝင်ဘာ ပထမပတ် နောက်ဆုံးထား ပြုလုပ်မည်ဟု ဦးတင်အေး ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၀

၂၀၀၈ အခြေခံဥပဒေဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပထမပတ် နောက်ဆုံးထားပြီး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ မီကာဆာဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ဗုဒ္ဓ၏ အဆုံးအမတော်များ ၁၉၃

အညစ် အကြေး ရှစ်မျိုး (၂)
=======================

ပျင်းရိခြင်း သည်
ရုပ်အဆင်း၏
အညစ်အကြေး

မြတ်စွာ ဘုရားက ကြီးပွားတိုး တက်ကြောင်း သမ္ပဒါတရား လေးပါးကို ဟောကြားတော် မူခဲ့ရာတွင် ပထမဦးဆုံးသမ္ပဒါ တရားမှာ ထကြွလုံ့လ ဝီရိယရှိ ခြင်းပင် ဖြစ်ပါသည်။ စင်စစ် ထကြွလုံ့လ

နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားရုံးများတွင် လာဘ်ငွေတောင်းခံမှု ပပျောက်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အောက်တိုဘာ ၂၀ ရက်က တရားရုံးများလာဘ်ငွေတောင်းခံမှုပပျောက်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ကိုဖြိုးဝေကျော်ကိုင်ဆောင်သည့် ပိုစတာဆိုင်းဘုတ်တွင်ပါရှိသည့် စာသားများမှာ ဒက္ခိဏခရိုင်တရားရုံး တရားမမှု အမှတ် ၅/၂၀၁၃ အဂတိလိုက်စားသော ခရိုင်တရားသူကြီး ဦးဌေးအောင်အလိုမရှိ။ အမှုသည်နှင့်တရားသူကြီးကြား လာဘ်ငွေတောင်းခံပေးသောရှေ့နေ အလိုမရှိနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားရုံးများတွင်

မြန်မာ့ဆက်သွယ်ရေးက မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန် ထိုင်းနိုင်ငံအခြေစိုက် CAT ကုမ္ပဏီအားရွေးချယ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး ယင်းကုမ္ပဏီများထဲမှ ထိုင်းနိုင်ငံအခြေစိုက် CAT (Communication Authority of Thailand) ကုမ္ပဏီကိုရွေးချယ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၀န်ဆောင်မှုပေးနေသည့် အင်တာနက်မြန်နှုန်းမှာ 27 Gigabyte ဖြစ်ပြီး နောက်ထပ် 20 Gigabyte ၀န်ဆောင်မှုပေးနိုင်မည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများ ပြီးခဲ့သည့်လအတွင်း၌ တင်ဒါခေါ်ယူခဲ့ပြီး ပြည်ပဆက်သွယ်ရေးကုမ္ပဏီကိုးခု လာရောက်လျှောက်ထားကြောင်း သိရသည်။

ဇော်လင်းနဲ့ ဝင်းဇော်ထွန်း ညှင်းပန်းနှိပ်စက် ခံထားရ

လိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ၂ ဦးမှာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း
နှိပ်စက်ထား သည့် လက္ခဏာများ တွေ့ရှိရတယ်လို့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရဲ့သတင်းရင်းမြစ် တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ 


အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၆၀၀ ကျော် လွှတ်တော်သို့ ထပ်မံတောင်းခံ၊ အများဆုံးတောင်းခံသည့်

အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလျံ ၂၆၀၀ ကျော် လွှတ်တော်သို့ ထပ်မံတောင်းခံ၊ အများဆုံးတောင်းခံသည့် သမ၀ါယမ၀န်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်များအား ဖြတ်တောက်ရန် ဥပဒေကြမ်းကော်မတီတင်ပြ
အစိုးရက ထပ်တိုးဘတ်ဂျက်အဖြစ် ငွေကျပ်ဘီလျံ ၂၆၀၀ ကျော်အား လွှတ်တော်သို့ အောက်တိုဘာ ၂၀ ရက်တွင် ထပ်မံတောင်းခံခဲ့သည်။
"ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တင်ပြထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး

ယနေ့ မိုးလေဝသအခြေအနေ 21- Oct-

 

ဆယ့်ကိုးတစ်ဆယ် ၁၉/၁၀ မြေနီကုန်းလှုပ်ရှားမှု ရှင်းတမ်း (၁/၂၀၁၄)

၁၉.၁၀.၂၀၁၄ ညနေပိုင်းတွင် မြေနီကုန်းမှ လူငယ်များ၏လှုပ်ရှားမှုကို ဆယ့်ကိုးရက်၊ဆယ်လ တွင်ပြုလုပ်ခြင်းကြောင့် ဆယ့်ကိုးတစ်ဆယ်လှုပ်ရှားမှုဟု ငါတို့ခေါ်သည်။
ဖိနိုပ်မှုနှင့်အတူကြီးပြင်းခဲ့ရသော လူငယ်ထုနှင့် ပြည်သူထူထုသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်အတူ နာလံမထူနိုင်ပေ။ ယနေ့လွှတ်တော်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်ကြီးစိုးသည့် စစ်လွှတ်တော်နှင့် စစ်ဖွဲ့စည်းပုံဖြစ်သည်ဟု ငါတို့ရှုမြင်သည်။ ထို့တပြိုင်နက် မျက်နှာဖုံးစွပ် စစ်အစိုးရသည် လူထုအား ပညာရေးအဆင့်နိမ့်ပါးစေရန်ရည်ရွယ်ခဲ့သော အာဏာရှင်ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ပညာရေးစနစ်နှင့် အလားတူသည့် အမျိုးသားပညာရေးဥပဒေကို ကျောင်းသားပြည်သူတို့

အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းရေး ILO ကိုယ်စားလှယ်များ ဆွေးနွေး

အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှာ အလုပ်သမားသမဂ္ဂတွေဖွဲ့စည်းဖို့ ပြည်တွင်းအလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ အောက်တိုဘာလ ၁၉ ရက် ကနေ့ ဒီကနေ့ထိ ၂ ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

အခုလိုနိုင်ငံတကာက အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ ပြည်တွင်းအလုပ်သမားသမဂ္ဂတွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် က အခုလိုပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းများနှင့် အတိုက်အခံလှိုင်းသစ် - ဆောင်းပါး

(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)

  နိုင်ငံရေးပါတီများ အားနည်းသော ပတ်ဝန်းကျင်တွင် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလေ့ရှိသည်။ အောက်ခြေပြည်သူလူထုနှင့် တစ်ထပ်တည်းကျလေ အရပ်ဘက်အဖွဲ့အစည်းများလည်း အားကောင်းလေဖြစ်သည်။ မီးကျိုးမောင်းပျက် အတိုက်အခံ နိုင်ငံရေးအခင်းအကျင်းတွင် အရပ်ဘက်အဖွဲ့အစည်းများသည် အောက်ခြေပြည်သူလူထုကို မျက်နှာမူလျက် အတိုက်အခံလှိုင်းသစ်နှင့် ဇာတ်အိမ်သစ် တည်ကြရမည်ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းများသည် ပြည်သူကိုကိုယ်စားပြုလေ၊ ပြည်သူလူထု၏ လိုအပ်ချက်များကို မီးမောင်းထိုးပြလေ နိုင်ငံရေးအရ အတိုက်အခံ စင်္ကြံလမ်းကို ကိုယ်စားပြုလေဖြစ်သည့် အားလျော်စွာ အာဏာပိုင်များနှင့် အာဏာရပါတီများအနေဖြင့် နိုင်ငံရေးအရ မျက်မုန်းကျိုးတတ်ကြသည်။ သို့ဖြစ်၍

ကာတာအသင်းကို ရှုံး၍ မြန်မာ အသင်း ပူးတွဲ တတိယဆု ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၀

သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၂၀ရက်နေ့ ည ၇ နာရီကကျင်းပသည့် အာရှ U 19 အကြိုဗိုလ်လုပွဲတွင် မြန်မာ အသင်းသည် အာရှဘောလုံးဆင့် ၁၁ ရှိသည့် ကာတာအသင်းကို မိနစ် ၉၀ အထိ သာရေကစား နိုင်ခဲ့သောလည်း အချိန်ပို မိနစ် ၃၀ တွင် သုံးဂိုးနှစ်ဂိုးဖြင့် ရှုံးခဲု့သောကြောင့်ဥဇဘက်ကစ္စတန် အသင်းနှင့် အတူ ပူးတွဲတတိယဆုရရှိခဲ့သည်။

အကြိုဗိုလ်လုပွဲဖြစ်သည်နှင့်အညီနှစ်သင်းလုံးခြေကုန်ထုတ် ကစားခဲ့ရာ ပထမပိုင်း ပွဲကစားချိန်၌ မြန်မာအသင်းသည် ကာတာအသင်းကိုခြေစွမ်းပိုင်း
ယှဉ်မကစားနိုင်သောကြောင့် ပွဲကစားချိန် ၄၄ မိနစ်တွင် ဦးဆောင်ဂိုးပေးခဲ့ ရ သော်လည်းဒုတိယပိုင်းတွင် မြန်မာအသင်းကတန်ပြန်တိုက်စစ်များက
တစ်ဆင့် ပွဲကစားချိန် ၆၂မိနစ်တွင် ခြေပဂိုးနှင့် ၆၄မိနစ်တွင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သည်။

အတွေးလေး ဆန့်စေချင် - ဆောင်းပါး

(ဆောင်းပါးရှင် - အောင်မျိုး)

“လမ်းတွေပိတ်လိုက်တာ တော်တော်ဆိုးနေပြီ။ သမီးဆိုရင် ကားပေါ်မှာ ဘယ်လိုမှမဟန်တော့လို့ ထိုင်ခုံမှာထိုင်နေတဲ့သူကို တောင်းပန်ပြီး ခဏ၀င်ထိုင်လိုက်ရလို့သာ လူကြားထဲမှာ မူးလဲမသွားတာ။ လှိုင်သာယာကထွက်တာ ၇ နာရီခွဲ၊ ၄၅ မိနစ်ကြာတော့မှ မြေနီကုန်းရောက်တယ်။ အဲဒီမှာ ခုံးကျော်တံတားဆောက်နေတော့ ကားတွေအရမ်း ပိတ်နေတာမို့ တစ်နာရီနီးပါးကြာအောင် ဖြည်းဖြည်းချင်းသွားနေရတော့ ရုံးလည်းရောက်ရော ၉ နာရီခွဲပြီးနေပြီ။ ကားပေါ်မှာတင် နံနက်နှစ်နာရီ ညနေနှစ်နာရီနဲ့ တစ်နေ့ကို လေးနာရီကျော်ကြာအောင် အချိန်ကုန်နေတာ ကြာရင်တော့မလွယ်ဘူး။ အလုပ်ပြောင်းမလား အိမ်ပြောင်းရမလား ယောက်ျားနဲ့တိုင်ပင်နေရပြီ..စိတ်ညစ်ပါတယ်” . . . ရုံးသို့

မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နိုင်ငံတကာအကူအညီကြောင့် ရှေ့ရောက်မလား ၊ လွှမ်းမိုးခံရမလား

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများခရီး အတော်အတန် ပေါက်ခဲ့သလို အထိုက်အလျောက်သော အရွေ့တစ်ခုသို့ ရောက်ရှိလာခဲ့ရာ ထိုငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အထောက်အပံ့ပေးနေသည့် နိုင်ငံတကာ အလှူရှင်နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများ သည်လည်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါသည့်အနေအထားမှ ပါဝင်လာခဲ့ပေသည်။

ထိုသို့သော လုပ်ငန်းစဉ်တို့တွင် အလှူရှင် နိုင်ငံ အဖွဲ့အစည်းများ၏ ထိတွေ့ပတ်သက်မှုနှင့် ရည်ရွယ် ချက်ပန်းတိုင်များမှာလည်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် မည်သို့သောတွန်းအားနှင့် လွှမ်းမိုးမှု၊ ချုပ် ကိုင်မှုများ ရှိမည်ဆိုသည် အတွင်းကျကျ သုံးသပ်မှုများ ကိုလည်း သိလိုလာကြသလို ငွေကြေးထောက်ပံ့ကူညီမှု ပုံစံများကိုလည်း ထဲထဲဝင်ဝင် သိလိုလာကြပေသည်။

Ye-U,Reader လေးကို တချို့က Update မလုပ်ကြသေးတဲ့အတွက် ပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။

ရေဦးမြို့၊ နယ်သူ/နယ်သား များ အားလုံး မင်္ဂလာပါ . . .

Ye-U,Reader လေးကို ကဏ္ဍစုံလင်အောင် ပြန်လည်ပြုလုပ်ထားပါတယ်။

Ye-U ကဏ္ဍအနေနဲ့ (၆) ခု

ဘာသာရေး ကဏ္ဍအနေနဲ့ (၃) ခု

သတင်း ကဏ္ဍအနေနဲ့ (၁၇) ခု

နည်းပညာ ကဏ္ဍအနေနဲ့ (၆) ခု

သုတ ၊ ရသ ကဏ္ဍအနေနဲ့ (၁၀) ခု

အားကစား ကဏ္ဍအနေနဲ့ (၇) ခု 

စုစုပေါင်း ကဏ္ဍ (၄၉) ခု ထည့်သွင်းထားပါတယ်။

ကျွန်တော့် ရည်ရွယ်ချက်ကတော့ ရေဦးမြို့အတွက် အမှတ်တရလေး ဖြစ်အောင်ရယ်၊

သတင်းထောက်တဦးပျောက်ဆုံးနေမှုအကြောင်း မိသားစု ရှင်းမယ်


သတင်းထောက် ကိုအောင်ကျော်နိုင် (ကိုပါကြီး) ပျောက်ဆုံးနေတာ ၁ လ ပြည့်တော့မယ့် အချိန်မှာ သူ့မိသားစုက ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လူသိရှင်ကြားဖြစ်အောင် ပြောဆိုပါတော့မယ်။

မြေနီကုန်းတွင် ဆန္ဒပြခဲ့သည့် အမည်မသိမျက်နှာဖုံးစွပ်လူငယ်များ အဖွဲ့အစည်း အမည်ထုတ်ဖော်ပြီ

ရန်ကုန်မြို့ မြေနီကုန်း၌ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပေးရေး ဆန္ဒပြပွဲအား မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို မသိရှိရသေးဘဲရှိနေခဲ့ရာ ယနေ့(အောက်တိုဘာ ၂၀ရက်)တွင် (Annonymous-Burma) ဆိုသည့် အဖွဲ့ဖြစ်ကြောင်း ၎င်းတို့တည်ထောင်လိုက်သည့် ဖေ့စ်ဘွခ်စာမျက်နှာမှတဆင့် ရှင်းတမ်းတစောင် ထုတ်ပြန်အသိပေးလိုက်ပြီ ဖြစ်သည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာအရှိန်အ၀ါကို ပစ်ပယ်ထားတော့မှာလား

အမှန်စင်စစ် မြန်မာစစ်ဗိုလ်ချုပ်များသည် ၁၉၉၀ ခုနှစ်ကတည်းက ကောင်းစွာနားလည် သဘော ပေါက်ခဲ့ကြခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံလိုက်ရသည့်အခါ ဒီမိုကရေစီသည် ၎င်းတို့ အကျိုးစီးပွားများအား ခြိမ်းခြောက်လာပြီကို ဗိုလ်ချုပ်ကြီးများ အလျှင်အမြန် သိရှိခဲ့ကြသည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းဆိုသလို နေအိမ်အကျယ်ချုပ်ချထားလိုက်ကာ တိုင်းပြည်ကို ဆက်လက်အုပ်ချုပ် ခြယ်လှယ်ခဲ့ကြသည်။ ထို့နောက် ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှမလွှတ်မီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ကို ကြေငြာခဲ့ကြသည်။

ကျိုက်ထီးရိုးရှုခင်းကြည့်ခရီးစဉ် ပျံသန်းရန် မြန်မာ့လေကြောင်း စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကျိုက် ထီးရိုးစေတီတော်ကိုဖူးမြော်ရင်း ဝေ ဟင်ရှုခင်း ကြည့်နိုင်မည့် ခရီးစဉ်ကို ပျံသန်းပေးရန် မြန်မာ့လေကြောင်း က စီစဉ်လျက်ရှိကြောင်း ယင်းဌာန မှ စုံစမ်းသိရသည်။

ကျိုက်ထီးရိုးခရီးစဉ်အတွက် လက်မှတ်ခဈေးနှုန်းကို အကြမ်းဖျင်း အားဖြင့် ကျပ် ၄ဝဝဝဝခန့်သတ်မှတ် ထားပြီး သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ပျံသန်းပေးသွားမည်ဖြစ် ကြောင်း မြန်မာ့လေကြောင်းမှ လက် ထောက် အထွေထွေမန်နေဂျာ (စီး ပွားရေးဌာန)မှ ဦးထင်လင်းက ပြော သည်။

လိပ်ကျွန်း လူသတ်မှု မြန်မာ ၂ ဦး ကျူးလွန်ခြင်း ဟုတ်၊ မဟုတ် ဗြိတိန် ရဲတပ်ဖွဲ့ စုံစမ်းမည်

လိပ်ကျွန်း, ဗြိတိန် , မြန်မာ , ထိုင်းနိုင်ငံ
လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့သည် ထိုင်းရဲကနှိပ်စက်၍ ၀န်ခံချက်ပေး ရခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးရန်နှင့် ၄င်းတို့၏ မျိုးရိုးဗီဇ(DNA) နမူနာကို ရယူ စစ်ဆေးရန် ဗြိတိန် ရဲတပ်ဖွဲ့ က ထိုင်းနိုင်ငံ သို့ မကြာခင် သွားရောက်မည် ဖြစ်ကြောင်း သတင်းရသည်။

ကမ္ဘာ့လက်ဆေးပွဲတော်နေ့

-ဒေါက်တာစံလှကျော်

လူသားများအား လက်များကို စနစ်တကျ ပုံမှန်
ဆေးကြောတတ်သည့် အလေ့အကျင့်ပြုလုပ် ပေးခြင်းဖြင့် နေ့စဉ် ကလေးပေါင်းများစွာတို့၏အသက် ကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ အား လက်သန့်ရှင်းရေးအလေ့အထ စနစ်တကျပြုလုပ် ပေးပါက ဝမ်းလျှောဝမ်းပျက်၊ နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်ပွားမှုတို့သည် ၄၄ရာခိုင်နှုန်းအထိ ကျဆင်း သွားနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် တိုက်တွန်းဆော်သြ ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ယင်းတိုက်တွန်းဆော် သြချက်ကို အလေးထားသောအားဖြင့် ကုလသမဂ္ဂကလေး များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က အောက်တိုဘာ ၁၅ရက် နေ့ကို ''ကမ္ဘာ့လက်ဆေးကြောရေးနေ့'' (Global Hand Washing Day) အဖြစ် သတ်မှတ်ခဲ့၏။

Monday, October 20, 2014

ဆက်တိုက်ကျဆင်းနေသည့် မြန်မာ့ရွှေဈေး ယခုရက်ပိုင်း အတက်ဘက်သို့ ဦးတည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ဆက် တိုက်ကျဆင်းနေသည့် ပြည်တွင်း ရွှေဈေးနှုန်းများ ယခုအောက်တိုဘာ တတိယပတ်အတွင်း အတက်ဘက် သို့ ပြန်လည်ဦးတည်လာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များထံမှ သိရ သည်။

အောက်တိုဘာ ဒုတိယပတ် အတွင်း ပြည်တွင်းရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၂ဝဝဝ မှ အောက်တို ဘာ ၁၉ ရက်တွင် ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၈ဝဝဝ သို့ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။

မြန်မာနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်မည့် အာရှချန်ပီယံရှစ် ယူ ၁၉ အကြိုဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်များ

ဦးမျိုးလှိုင်ဝင်း (ငွေခေတ်ကစားသမားဟောင်း)

 မြန်မာအသင်းက အားလုံး မျှော်လင့်နေတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ အနေအထားတွေကိုလည်း ကျော်ဖြတ်ခဲ့ရတာ အားလုံးအသိပါပဲ။ ယူအေအီးလို အသင်းမျိုးကို အနိုင်ရပြီး ကမ္ဘာ့ဖလား ဝင်ခွင့်ရလို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အမြင့်ဆုံး အနေအထားကို ရောက်နေမှာပါ။ အခုပွဲစဉ်က အပိုဆုပေါ့။ ကာတာကလည်း အသင်းကောင်းဖြစ်လို့ ဒီအဆင့်ထိ ရောက်လာတာ။ မြန်မာအသင်းက စိတ်ဓာတ်ကောင်းတယ်၊ အသင်းလိုက် ကစားပုံကောင်းတယ်။

မတူညီသော ပေါင်းစည်း ညီညွတ်မှု




   
လောကမှာ အယူအဆအမျိုးမျိုး၊ ၀ါဒ အဖုံဖုံတို့ဖြင့် “သူ့ အယူအဆ မှန်သည်၊ ငါ့ အယူအဆ မှန်သည်” စသည်ဖြင့် ငြင်းခုံနေကြလေသည်၊ မတူညီသော ငြင်းခုံမှုတွေထဲတွင် တူညီသော အဖြေ ရှိတတ်စမြဲဖြစ်ပါသည်၊ ထို့ကြောင့် သီတဂူ ဆရာတော်ဘုရားကြီး မကြာခဏ မိန့်မှာသော စကား တခွန်း ရှိပါသည်၊ ထို စကားတခွန်းကား “လောကမှာ မတူညီတာတွေအပေါ်မှာ ငြင်းခုံမှု ပြုမနေကြဘဲနှင့် တူညီမှုတွေ အပေါ်မှာ ၀ိုင်းပြီး အတူလက်တွဲလျှောက်လှမ်းကြဖို့” ဖြစ်ပါသည်၊ common platform ကို အတူတူ လျှောက်လှမ်းဖို့ တိုက်တွန်း အားပေးတော်မူပါသည်။

ဖေ့စ်ဘုတ်တည်ထောင်သူနဲ့ ဖေ့စ်ဘုတ်သုံးသူ ၀န်ကြီးချုပ်တို့ တွေ့ဆုံ

ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံကို ဒီကနေ အောက်တိုဘာလ ၂၀ ရက်နေ့မှာ လာရောက် လည်ပတ်တဲ့ ဖေ့စ်ဘုတ် တည်ထောင်သူ စီအီးအို မစ္စတာ မာ့ခ် ဇူကာဘတ်နဲ့ တွေ့ဆုံပြီး ဖေ့စ်ဘုတ် ရဲ့ ၀န်ဆောင်မှု အသစ်ကိစ္စတွေ ဆွေးနွေးကြပါတယ်။


 ဓာတ်ပုံ- epa

နိုင်ငံရေး ရန်ပုံငွေ အလွဲသုံးစားပြုမှုဖြင့် ဂျပန်ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်ရ


 

 နိုင်ငံရေး ရန်ပုံငွေများကို ကိုယ်ရေးကိုယ်တာအတွက် အလွဲသုံးစား အသုံးပြုကြောင်း စွပ်စွဲခံရသည့်နောက် ဂျပန် အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦး ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။

KNLA တပ်သား သေဆုံးခဲ့မှု ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို

KNU လက်အောက်ခံ KNLA တပ်မဟာ (၆) မှ တပ်သားစောတာနိုသေဆုံးမှုနှင့်ပတ်သက် ၍ သံသယရှိသည့်နယ်ခြားစောင့် တပ်ဖွဲ့ဝင်ရဲဘော်ငါးဦးအမှုကိုပွင့်လင်းမြင်သာစွာချပြန်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်သည်။
တပ်သားစောတာနိုကို နယ် ခြားစောင့်တပ်က စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ငါးရက်အကြာ၌ သေဆုံးသူ၏ အလောင်းအား သောင်ရင်းမြစ် အနီးတွေ့ရှိခဲ့ခြင်းဖြစ်၍  အစိုးရတပ်လက်အောက်ရှိ  နယ်ခြားစောင့်တပ်မှရဲဘော်ငါးဦးကို စုံစမ်းစစ်ဆေးရန်  KLNA က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အချိန်မီကျင်းပပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ယနေ့(အောက်တိုဘာ ၂၀ရက်)နံနက် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ရက်မြောက်နေ့သို့ တတ်ရောက်ရန်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ငြိမ်းချမ်းရေးမရသေးသည့်အပေါ်အကြောင်းပြပြီး ရွှေ့ဆိုင်းရန်ပြင်ဆင်နေသည်ဆိုသော ပြင်ပနိုင်ငံရေးအသိုင်းအ၀ိုင်းများအကြား ဝေဖန်သံများထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

လိပ်ကျွန်းလူသတ်မှု ဗြိတိန်ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးခွင့် ထိုင်းဝန်ကြီးချုပ်ငြင်း

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပြစ်မှုကျူးလွန်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံရသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုရန် ဗြိတိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ သဘောတူညီခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ထိုင်းဝန်ကြီးချုပ်က Prayut Chan-o-cha က ပြောဆိုလိုက်သည်။
ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက် စုံစမ်းခွင့်ပေးခြင်း မဟုတ်ဘဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကိုသာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က အီတလီနိုင်ငံတွင် ကျင်းပသည့် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ခရီးစဉ်အပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်တွင်

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ မဲပျောက်ဆုံးမှုမရှိစေရန် ဆောင်ရွက်မည်


မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် စက်ခလုတ်နှိပ်၍ ဆန္ဒမဲပေးခြင်းနှင့် မတ်တတ်ရပ်ဆန္ဒမဲပေးခြင်းတို့ အလျဉ်းသင့်သလို ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ဂျာမန် ဆိုင်ကယ်လမ်းသရဲဂိုဏ်း ဆီးရီးယားသို့ သွားရောက်ပြီး IS အဖွဲ့ကို တိုက်ခိုက်ရန်ပြင်ဆင်

ကိုလုံး၊ အောက်တိုဘာ ၁၉

Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS ကို ချေမှုန်းရာတွင် ပါဝင်ကူညီရန်အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိလျက် ရှိကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။

Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် အခြေစိုက်သော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ကာ့ဒ်လူမျိုးစုများနှင့် အဆက်အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းသွားမည်

ေေေ ကျော်မြတ်ဇံ/ ဟေမာန်
ရန်ကုန်၊ အောက်တိုဘာ ၁၉

မြန် မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း ပြုလုပ်မည့် အာဆီယံထိပ်သီးအ စည်းအဝေးမတိုင်မီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း နေပြည်တော်ရဲ တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
နေပြည်တော် ရဲတပ်ဖွဲ့ဌာန ချုပ်မှ အဆင့်မြင့်အရာရှိက ''အ ကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဖွဲ့မယ်ဆိုတာ ဟုတ်ပါတယ်။ ပြည် ထဲရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုတွေ နဲ့ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့ အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး နဲ့ ပတ်သက်တဲ့ သတင်းတွေမှန်သ မျှကို စုံစမ်းထောက်လှမ်းပြီး ကာ ကွယ်မှုတွေ လုပ်ဆောင်မှာပါ။ နိုင် ငံတကာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင် ရွက်မှုတွေလုပ်ဆောင်မယ်။ နောက် ဆိုရင် လုပ်ဆောင်မှုတွေကိုလဲ ပြည် သူတွေကို အသိပေးသွားမှာပါ''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။

မြန်မာ ၂ ဦးကို ထိုင်းရဲက နှိပ်စက်မှု ရှိ၊ မရှိနဲ့ DNA ကို ဗြိတိန် ရဲ စစ်ဆေးမယ်

ဗြိတိန်ရဲတွေအနေနဲ့ လိပ်ကျွန်းမှာ သေဆုံးခဲ့သူ ဗြိတိန် နိုင်ငံသား ဒေးဗစ် မီလာနဲ့ ဟန်နာ ၀စ် သရစ်ခ်ျတို့နဲ့ ပတ်သက်ပြီး ထိုင်းရဲက လူသတ်သမားတွေလို့ ပြောဆိုထားတဲ့ မြန်မာ ၂ ဦးဟာ နှိပ်စက် ညှင်းပန်းပြီးခံ ၀န်ချက်ပေးခဲ့ တာ ဟုတ်၊ မဟုတ်နဲ့ သူတို့ ၂ ဦးရဲ့ DNA တွေကိုလည်း သီးခြား လွတ်လပ်စွာ ရယူစစ်ဆေးသွားဖို့ရှိတယ်လို့ ဗြိတိန် အခြေစိုက် ဘီဘီစီ သတင်းတပုဒ်က ရေးပါတယ်။ 


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အီတလီထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၉ရက် ဒေသစံ တော်ချိန် နံနက် ၁ဝနာရီခန့်တွင် တုရင်မြို့တော်ခန်းမရှိ ပလာဆိုချီဗီ ကို၌ကျင်းပသော အီတလီထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တု ရင်မြို့တော်ဝန် မစ္စတာဖက်စီနိုနှင့် အတူ အီတလီစီးပွားရေးလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌနှင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ၄၉ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မ တက မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊

ဦးဆန်းဆင့်ကို တွေ့ခွင့်ရရန် မိသားစုဝင်များနှင့် ၎င်း၏ ရှေ့နေတို့ တောင်းဆိုထား

ရန်ကုန် - ရမည်းသင်းအကျဉ်း ထောင်အတွင်း ထိန်းသိမ်းခံနေရသည့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်နှင့် တွေ့ဆုံ ခွင့်ရရန် ၎င်း၏ မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေတို့က အစိုးရထံ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်ငွေအလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ် ခံခဲ့ရသည့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်၏ အမှုအားမန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် အယူခံလွှာတင် သွင်းနိုင်ရန် လာမည့် အောက်တိုဘာ ၂၁ ရက်တွင် ဦးဆန်းဆင့်နှင့်တွေ့ခွင့် ရရေးတောင်းဆိုထား ကြောင်း အကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ

အောင်အောင်၊ အောင်သက်ကို

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်းများဖွင့် လှစ်မှုကို လာမည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရသည်။

အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းများမှရရှိလာသော ငွေကြေး များအနက် ၇၅ရာခိုင်နှုန်းကို နိုင်ငံ တော်သို့ပေးသွင်းရပြီး ၁ဝရာခိုင်နှုန်း ကို သင်ကြားရေးဆရာ၊ ဆရာမများ အား အချိုးကျခွဲဝေပေးရပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအ ဖြစ် ထားရှိခဲ့ရကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်က MFF ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ ပြစ်ဒဏ်ချ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကို အမေရိကန်ဒေါ်လာ ၂၄ဝဝဝ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများအနက် ပွဲစဉ် (၁) ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။
ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏအားကစား၌ ကျင်းပသည့် ပွဲစဉ်များအနက် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ပရိသတ်အချို့က ပွဲကြည့်ထိုင်ခုံများကို ရိုက်ချိုးဖျက်ဆီး၍

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများ ကို ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

နိုင်ငံသားနှင့် နိုင်ငံသားပြု ခွင့်ရသူများဆိုင်ရာဥပဒေ အလုပ် ရုံဆွေးနွေးပွဲကို စစ်တွေမြို့တွင် အောက်တိုဘာ ၁၈ ရက်မှစတင် ၍ နှစ်ရက်ကြာပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အလုပ်ရုံ ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက် ၌  ရခိုင်ပြည်နယ်မှ  တစ်ဆင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိသွား ကြကာ နိုင်ငံသားအဖြစ် ရရှိနေ သော ဘင်္ဂါလီလူမျိုးများရှိနေပြီး တရားမ၀င် ထပ်မံဝင်ရောက်လာ ရန် ၎င်းတို့က အခြေခံအဖြစ်ရှိနေ

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး အစိုးရနှင့် SSPP/SSA တွေ့ဆုံညှိနှိုင်းသော်လည်း သဘောတူညီမှု မရဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၉

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းတပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့ တွေ့ဆုံ ဆွေးနွေးသော်လည်း သဘောတူညီချက် မရသေးကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဦးစပ်ခွန်စိုင်းက ပြောကြားသည်။
အဆိုပါ တွေ့ဆုံမှုကို အောက်တိုဘာလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်က အဆိုပြုချက်လေးခု တင်ပြလာခြင်း ဖြစ်သော်လည်း SSPP/ SSA က

UNFC ကနေ KNU မခွဲထွက်ရေး နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး တိုက်တွန်း

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး (IKO) က ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC မှာ မခွဲထွက်ရေးအတွက်တောင်းဆိုတဲ့ ကြေညာချက်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

KNU အဖွဲ့ UNFC ကနေ ယာယီနှုတ်ထွက်ခြင်းဟာ UNFC တပ်ပေါင်းစုအဖွဲ့ ကျစ်လစ်ခိုင်မာစွာ ကြီးထွားလာတာကို မလိုလားသူတွေက နိုင်ငံရေးလူမိုက်ငှား လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ KNU ခေါင်းဆောင်တွေက ဒီလိုလုပ်ဆောင်နေတာဖြစ်တာကို မြင်တွေ့ရတဲ့အတွက် ကရင်လူထုယူကြုံးမရ ဖြစ်ကြရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ IKO အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မန်းအိုလန်ဒိုးက ခုလိုပြောပါတယ်။

အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၆ မှသာ ဖြစ်လာနိုင်ဟု MPC ပြော

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ၂၀၁၆ မှသာ ဖြစ်လာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)နှင့် လွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံပွဲအတွင်း MPC ဘက်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လွှတ်တော်ကိုယ်စား လှယ်များ လက်ရှိထက် ပိုပါဝင်နိုင်ရေး ကဏ္ဍတစ်ခုဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

အိမ်ရှင်ပရိသတ် ကွင်းလုံးပြည့်အားပေးမှုက ကာတာအသင်းအတွက် ဖိအားရှိနေဟုဆို

အကြိုဗိုလ်လုပွဲအဆင့်တွင် အိမ်ရှင်မြန်မာအသင်းနှင့် တွေ့ဆုံနေသည့်အတွက် ပိုမိုခက်ခဲမည်ဖြစ်ပြီး ပရိသတ်များ၏ ကွင်းလုံးပြည့်အားပေးမှုကလည်း ဖိအားအနည်းငယ်ရှိကြောင်း ကာတာ ယူ-၁၉ အသင်းနည်းပြ Felix Sanchez  က ပြောသည်။

‘‘မြန်မာအသင်းက အသင်းလိုက်ကစားပုံနဲ့ စိတ်ဓာတ် ကောင်းတဲ့ အသင်းပါ။ အကြို ဗိုလ်လုပွဲစဉ်မှာ အိမ်ရှင်အသင်းနဲ့ ဆုံရတဲ့အတွက် ပိုခက်ခဲမှာပါ။ ကွင်းလုံးပြည့်လာရောက်အား ပေးတဲ့ ပရိသတ်တွေကလည်း စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ကျွန် တော့်အသင်းအတွက် ဖိအားရှိပါတယ်။ ဒါပေမဲ့ ဒီလိုအတွေ့ အကြုံတွေရှိထားတဲ့အတွက် ပြင် ဆင်ထားပြီးဖြစ်ပါတယ်’’ဟု ကာတာအသင်းနည်းပြကဆိုသည်။

ယနေ့ မိုးလေဝသအခြေအနေ 20- Oct- 2014

 


ပဋိပက္ခ အလွန် စစ်တွေမြို့ စီးပွားရေး

ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားမှု ၂ နှစ်ကျော် အကြာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကမှ ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်း ပေးခဲ့ ပေမယ့်လည်း စစ်တွေမြို့ရဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ကိုင်ကြတဲ့ ဒေသခံ လုပ်ငန်းရှင်တွေဟာ ညမထွက်ရ အမိန့်ရှိစဉ်က အတိုင်း သူတို့ရဲ့ အရောင်းဆိုင်တွေကို ည ၇ နာရီကျော်တာနဲ့ ပိတ်သိမ်းကြတာကို တွေ့ရပါတယ်။
“ကာဖျူး(ညမထွက်ရ) မရှိတော့ပေမယ့် အရင်လိုပဲ ဆိုင်ကို ၇ နာရီကျော်ပြီဆို ပိတ်တယ်၊ လူတွေလည်း ၈ နာရီ နောက်ပိုင်းဆို သိပ် မထွက်ကြတော့ဘူးလေ၊ အဲဒါမို့ ဆိုင်သိမ်းချိန်က အရင်အတိုင်းပဲ”လို့ စစ်တွေမြို့ လမ်းမကြီးပေါ်မှာ ရောင်းချနေတဲ့ ကုန်စုံဆိုင် ပိုင်ရှင် တဦးက ပြောပါတယ်။

စိန်ခေါ်မှုများစွာနဲ့ ပုဂံ၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ တကယ်လုပ်နိုင်မှာလား . . .

ယခင်စစ်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်တွင် မြန်မာ့ရှေးဟောင်း မြို့တစ်ခုဖြစ်သည့် ပုဂံမြို့ဟောင်းအား ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ (World Heritage List) အဖြစ် သတ်မှတ်ခံရရေး တင်ပြရာတွင် ပယ်ချခံခဲ့ရပြီးနောက် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံရရန် စတင်လုပ်ကိုင်နေပြီးနောက် ပုဂံဒေသတွင် ယခင်ဆောက်လုပ်ခွင့်ပြုထားသည့် ဟိုတယ်လုပ်ငန်းရှင်များနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒေသခံတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ပုဂံမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်ရေး လုပ်ဆောင်ရန် စိန်ခေါ်မှုများစွာဖြင့် ကြုံတွေ့နေရပြီဖြစ်သည်။

မကွေးဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးပေးရန် အာဏာပိုင်များထံတောင်းဆို

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်မှု မကြာခဏဖြစ်ပေါ် နေခြင်းကြောင့် ကျောင်းသားများ၏ လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးရန် ဆေးတက္ကသိုလ်ကျောင်းသားများက တက္ကသိုလ်နှင့် အစိုးရအာဏာပိုင်များထံ တောင်းဆိုလိုက်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ညက မကွေးမြို့     လူ စည်ကားရာ လမ်းမပေါ်၌ ဆေးတက္ကသိုလ်ကျောင်းသားနှစ်ဦး ထပ်မံ တိုက်ခိုက်ခံရပြီးနောက် ကျောင်းသားများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
‘‘Final Part 1 က တစ် ယောက် ဓားနဲ့ခုတ်ခံရတယ်။ နောက်တစ်ယောက် ရိုက်ခံရ တယ်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဆန်တန်ချိန်နှစ်ဆ ပိုမိုတင်ပို့ထားခြင်းဖြစ်

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဆန်တန်ချိန်နှစ်ဆ ပိုမိုတင်ပို့ထားခြင်းဖြစ်

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဆန်တန်ချိန်နှစ်ဆ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ပြည်ပသို့ဆန်တန်ချိန် ခြောက်သိန်းသုံးသောင်း တင်ပို့မှုမှ ဒေါ်လာ ၂၃၈ သန်း ရရှိထားကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာမူ တန်ချိန် ၃၃၀၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၃၄ သန်း ရရှိထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်

လက်ရှိ အစိုးရသက်တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော်လည်း ပြည်ထောင်စုဝန်ကြီး အချို့ မကြာမီ အပြောင်းအလဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်ရာထူးယူထားသော ၀န်ကြီးဦးသိန်းညွန့်သည် ကျန်းမာရေးမကောင်းသဖြင့် ရုံး မတက်နိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်၍ အဆိုပါရာထူးနေရာ အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသအတွင်း စစ်ရေးအရှိန် မြင့်တက်လာမှုအပေါ် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းရှင်များ စိုးရိမ်ပူပန်နေ

ဖားကန့်ကျောက်စိမ်းဒေသ၌ နှစ်နှစ်ကျော်ရပ်တန့်နေခဲ့သော ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ပြန်လည်စတင်ရန်ပြင်ဆင်မှု တစ်လခွဲအကြာတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့အကြား စစ်ရေးအရှိန် ပြန်လာတင်းမာလာမှုအပေါ် ဒေသခံများနှင့် ကျောက်စိမ်းလုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။
ဖားကန့်ဒေသရှိ ယခင် KIA ရင်း (၆) အခြေစိုက်ရာ ကံဆီးကျေးရွာအနီးတွင် အောက်တိုဘာ ၁၄ ရက်မှစတင်ကာ တင်းမာမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ တင်းမာမှုဖြစ်ပေါ်နေသည့် နေရာမှာ ကံဆီးဒေသ အောင်ဘာလေကျေးရွာနှင့် ကံဆီးကျေးရွာအနီးတွင် တည်ရှိပြီး လက်နက်ကိုင်နှစ်ဖက်တပ်များမှာ ပေသုံးရာဝန်းကျင်ခန့်သာ ကွာဝေးပြီး စမ်းချောင်းတစ်ခုသာ ခြားနေကြောင်း သိရသည်။

အရေးပေါ် ကျောင်းသားထု အစည်းအဝေး ပညာရေးဝန်ကြီးဌာနကို မဖိတ်

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ အရေးပေါ် ကျောင်းသားထု အစည်းအဝေးမှာ ပညာရေး ဝန်ကြီးဌာနကို မဖိတ်ဘူးလို့ ဆိုပါတယ်။
အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကို ဖိတ်ပေမယ့် ပညာရေးဝန်ကြီးဌာနကို ဘာလို့ ချန်ခဲ့တာလဲ။

နိုင်ငံလုံးဆိုင်ရာအရေးပေါ် ကျောင်းသားထု အစည်းအဝေးမှာ နိုင်ငံရေးပါတီ အားလုံးကို ဖိတ်ကြားဖို့ အစီအစဉ် ဖြစ်မြောက်ရေး ကော်မတီဝင်တွေက လျာထားတယ်လို့ ပွဲစီစဉ်သူတစ်ဦး ဖြစ်တဲ့ ကိုရဲဇာနည်ထွန်းက ပြောပါတယ်။ ဖိတ်ကြားရေး အစီအစဉ်အတွက် ပွဲစီစဉ်သူတွေ ပေါင်းပြီးတော့ ဒီသီတင်းပတ်အတွင်း စုံညီ အစည်းအဝေး ကျင်းပသွားမယ်လို့ သူက ဆိုပါတယ်။

စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေပြီး ဆယ်ကျော်သက်လူငယ်များ၌ မူးယစ်ဆေးစွဲ လက္ခဏာများ တွေ့ရှိ

မြို့ပြနေလူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေပြီး ဆယ်ကျော်သက်လူငယ်များ၌ မူးယစ်ဆေးစွဲ လက္ခဏာများ တွေ့ရှိ

မြို့ပြလူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေပြီး အချို့သော ဆယ်ကျော်သက်လူငယ်များ၌ မူးယစ်ဆေးစွဲသည့် လက္ခဏာများကို တွေ့ရှိနေရကြောင်း မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနများမှ သိရသည်။
“စိတ်ကြွဆေးပြားက ရန်ကုန်၊ မန္တလေးလို မြို့ပြတွေမှာ အသုံးပြုမှု တွင်ကျယ်နေပြီး အလွယ်တကူ ရနေတာကြောင့် လူငယ်တွေမှာ အသုံးပြုမှုနှုန်း မြင့်လာတယ်။ ဆေးပြားသုံးတာ အမျိုးသား ၁၀၀ ဆို အမျိုးသမီးက ၁၀ ရာခိုင်နှုန်း ရှိနေတယ်လို့ အကြမ်းဖျင်း တွက်ချက်ထားတယ်။