မြန်မာလုပ်သားနှစ်ဦးကို စွဲချက်တင်ထားမှု ပြန်လည်စိစစ်ပေးရန် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်မြို့တွင် ဆန္ဒပြမည့် သတင်းများကြောင့်
ထိုင်းသံရုံးအနီးတစ်ဝိုက် လုံခြုံရေးတင်းကျပ်ထားပြီး ဆန္ဒပြပွဲများကိုလည်း
ဝန်ကြီးချုပ် ရန်ကုန်မရောက် လာမီ အပြီးသတ်ရန် ရန်ကုန်
တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း သတင်းရရှိ သည်။
ထိုင်း အာဏာသိမ်းစစ် ခေါင်းဆောင်ဟောင်းနှင့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဟောင်း ပရာယွတ်ချန်အိုချာသည် နေပြည်တော်သို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိခဲ့ပြီး ထိုမှ တစ်ဆင့်ရန်ကုန်သို့ အောက်တို ဘာ ၁၀ ရက်တွင် လေကြောင်း ခရီးဖြင့်လာရောက်ခဲ့ခြင်းဖြစ် သည်။
ထိုင်းဝန်ကြီးချုပ်၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာများအရေး တရားမျှတစွာ ကိုင်တွယ်ရန် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများက ရန်ကုန်လေဆိပ်နှင့် ထိုင်းသံရုံးရှေ့တွင် ထိုင်းဝန်ကြီးချုပ်အား စောင့်ဆိုင်းဆန္ဒ ပြရန်စီစဉ်ခဲ့သော်လည်း ရန်ကုန် တိုင်းအစိုးရအဖွဲ့က ပယ်ချခဲ့ကြောင်း တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်ကပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အောက်တိုဘာ ၁၀ ရက်က ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ပြီး ပြန်လာစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
‘‘ပထမတော့ သံရုံးရှေ့မှာ သွားပြဖို့ ခွင့်တောင်းတာပဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်မပြု ဘူး။ ထိုင်းဝန်ကြီးချုပ်က ရန်ကုန် ကို ၉ နာရီကျော်ကျော်လောက် ရောက်မှာတဲ့။ သူရောက်လာတဲ့ အချိန်မှာ ဘာမှမဖြစ်ချင်ဘူးတဲ့။ ဆန္ဒပြပွဲတွေကိုလည်း မနက် ၉ နာရီအပြီးသတ်ဖို့ပြောတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဆွေးနွေးမှုအပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဦးနေမျိုးဇင်ကပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ်အား ရန်ကုန်လေဆိပ်နှင့် ထိုင်းသံရုံးရှေ့ တွင် ဆန္ဒပြမည့်အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ခွင့်မပြုခဲ့သော်လည်း ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခွင့် ပေးခဲ့ပြီး ယင်းနေရာတွင် တက်ကြွလှုပ်ရှားသူများက ထိုင်းဝန် ကြီးချုပ်အား ဆန္ဒပြခဲ့ကြသည်။

Credit - 7DAY DAILY
No comments:
Post a Comment