Saturday, July 26, 2014

စရဖ ဟုဆိုကာ ဗန်းမော်မြို့ရှိ မြစ်ဆုံတည်းခိုခန်း ဝင်ရောက်အနုကြမ်းစီး

ဗန်းမော်၊ ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းရှိ မြစ်ဆုံတည်းခိုခန်း၌ ဇူလိုင်
၁၇ ရက်ည ၆ နာရီ ဝန်းကျင်တွင် စရဖ အဖွဲ့အစည်းမှဆိုကာ လူလေး ဦး
က ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်ရိုက်နှက်မှုတစ် ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အခင်းဖြစ်သည့်နေ့တွင် တည်းခို ခန်းပိုင်ရှင် ဒေါ်ခေါန်ဒင်းမှာ တည်းခိုခန်းရှိမန် နေဂျာ ကိုစိုးစိုးလင်းအား တည်းခိုခန်းအခြေအနေကို ဖုန်းဆက်မေးမြန်းရာ တစ်ဖက်မှ ညစ်ညမ်း စွာ ပြန်လည်ဆဲဆိုသဖြင့် တည်းခိုခန်းသို့ သွား ကြည့်ရာ အရပ်ဝတ်နှင့်လူလေးဦးက စရဖ အဖွဲ့ အစည်းမှဟုပြောဆိုကာ ၄င်းအား ဒူးထောက် ထိုင်ခိုင်းခဲ့ကြောင်း မန်နေဂျာ
ကိုစိုးစိုးလင်းနှင့် လာ ရောက်တည်းခိုသည့် ဧည့်သည်တစ်ဦးကိုလည်း
ဒူးထောက်ထိုင်ခိုင်းပြီးနောက် ရိုက်နှက်ခဲ့သည် ဟုသိရသည်။
''ကျွန်မဝင်သွားတော့ အရပ်ဝတ်နဲ့ လူလေး ဦးက မင်းဘယ်သူလဲမေးတော့ ကျွန်မတည်းခိုခန်း ပိုင်ရှင်ပါလို့ ပြောတော့ ငါတို့က စရဖ ကပဲ။ စစ် ဆေး
စရာရှိလို့ဆိုပြီးတရားခံထိုင် ထိုင်ခိုင်းတယ်။ စစ်ဆေးတယ်ဆိုရင်လဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ရဲတို့က ဘယ်မှာလဲမေးတော့ ကျွန်မကို ရိုက်ပါတယ်''ဟု ဒေါ်ခေါန်ဒင်းက ပြောသည်။
ထိုလူများက နင်ကဘာကောင်မလဲဟု ပြော ဆိုကာ ဒေါ်ခေါန်ဒင်းကို ပါးရိုက်
ခဲ့ကြောင်း၊ ထို့ နောက် ခြေဖြင့်ကန်ကြောင်း၊ ရဲစခန်းသို့ ဖုန်းဆက် ရန်
ဒေါ်ခေါန်ဒင်းကကြိုးစားရာ ၄င်း၏ဖုန်းကိုယူ ဆောင်၍ ထို စရဖ ဆိုသူ
များက ထွက်ပြေးခဲ့ ကြောင်း၊ ထို စရဖ အဖွဲ့အစည်းမှဆိုသည့် တရား ခံနှစ်ဦးအား ဖမ်းဆီးရမိသည်ဟု ၄င်းကဆိုသည်။
''ဖမ်းမိတဲ့နှစ်ယောက်ကို မေးကြည့်တော့ တစ်ယောက်က ထောက်ပို့ ခပရ
(၉၃၃)တပ်မှ ဒုတပ်ကြပ်ကျော်ဇေယျာဝင်း အသက် ၃၁ နှစ် ဖြစ် ပြီးတော့
နောက်တစ်ယောက်က ဒုတပ်ကြပ်သက် သက်ထူး အသက် ၃၁ နှစ်တို့ကို ဖမ်းမိတယ်'' ဟု တည်းခိုခန်းမန်နေဂျာကိုစိုးစိုးလင်းက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ယောက်မှာ စရဖလက်အောက်ခံ မအိုးမြို့တပ်စွယ်မှ တပ်သားပိုင်စိုးဦး နှင့် ၄င်း၏သူငယ်ချင်းဖြစ်ပြီး ပိုင်စိုးဦး
အား ဖမ်းဆီးရမိသည်။ထိုဖြစ်ရပ်အတွက် အမှုဖွင့်ထား ခြင်းမှာ စစ်တပ်
ဆို၍ မုန်းတီးမှုကြောင့် မဟုတ်ဘဲ ၄င်းတိုအပေါ် မတရားနှိပ် စက်သည့်
အတွက် အမှုဖွင့်ခြင်းသာ ဖြစ်ကြောင်းနှင့် တပ်မတော်သားများ အနေဖြင့်
ပြည်သူအပေါ် ထိုသို့လုပ် ရန်မသင့်ကြောင်း ဒေါ်ခေါန်ဒင်းကဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ခေါန်ဒင်းမှ ဗန်းမော်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ ပ-၁၈၅/၁၄ ပြစ် မှုပုဒ်မ ၃၅၄/၃၂၃/၂၉၄/၃၄ အရ အရေးယူထားကာ အမှုစစ်ဒုရဲအုပ်ရဲမင်းသူမှ စစ်ဆေးနေကြောင်းသိရပြီး ဖမ်းဆီးရမိသူ ဒုတပ်ကြပ်ကျော်ဇေယျာဝင်း ထောက်ပံ့ရေတပ် (၉၃၃)
(ဗန်း မော်)နှင့် ဒုတပ်ကြပ် သက်သက်ထူး (ဗန်းမော်) နှင့် စရဖ လက်အောက်
ခံ တပ်သားပိုင်စိုးဦးတို့အား ဗန်းမော်မြို့ မရဲစခန်းမှ တပ်ရေးကြည်း
၁၆၉၁၄ ဗိုလ်ကြီးရဲသွေးစံထံသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း
သိရသည်။
ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
ref;  Kyaw Swar Myint (Facebook)

ပီအာစံနစ်ကျင့်သုံးရန်အဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ကန့်ကွက်ကြောင်း

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပီအာစံနစ်ကျင့်သုံးရန်အဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ကန့်ကွက်ကြောင်းတင်ပြဆွေးနွေးခဲ့ပါသည်။

Credit - National League for Democracy

အသံဖိုင်နားဆင်ရန် -  https://soundcloud.com/infonldburma/pr-2

လူသတ်မှုကျူးလွန်ပြီး ရှောင်တိမ်းနေသူကို တည်းခိုခန်းတွင် ဖမ်းဆီးရမိ

ကန့်ဘလူ ၊ ၂၅-၇-၂၀၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ဇီးကုန်း ရဲစခန်း က(ပ)၁၁၂/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃ဝ၂ အရ အလိုရှိ နေသည့် ပြစ်မှု ကျူးလွန်သူ ဖိုးထိုက် (ခ) သန်းထိုက်စိုး (ဘ) ဦးဖိုးသီးကို ရွှေဘိုခရိုင် မှုခင်း နှိမ်နင်းရေး ဌာနမှ တပ်ဖွဲ့ဝင် များသည် ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီက လူသတ်မှု ကျူးလွန်ပြီး နှစ်ပတ်ကျော် အကြာ ရွှေဘိုဘူတာ အနီးရှိ တည်းခိုခန်းသို့ လူသတ်မှု ကျူးလွန် ထားသူ ဝင်ရောက်လာစဉ် အသွင်ယူ စောင့်ဆိုင်း ဖမ်းဆီး လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က ဇီးကုန်းမြို့နယ် ဝက်တိုးတောင်ရွာ အနီး ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူ ဇော်နိုင်ထွန်း (ဘ) ဦးလှထွန်း ကို ကန့်ဘလူ မြို့နယ် ကာဘိုးရွာ အင်ပင်ကုန်းရပ် နေ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် (ဘ) ဦးအောင်သန်း တို့က တုတ်နှင့် အသေ ရိုက်သတ်ကာ ဆိုင်ကယ်လုယူ သွားသည့် အမှုဖြစ်ပြီး ရွှေဘိုခရိုင် ရဲတပ်ဖွဲ့က အချိန်နှင့် တစ်ပြေးညီ ပိတ်ဆို့ ရှာဖွေခဲ့ရာ ဇူလိုင် ၇ ရက်က ပြစ်မှု ကျူးလွန်သူ ဖိုးချွန် ကို ကန့်ဘလူ မြို့နယ် ဇီးကုန်း မောင်းတံဂိတ် ၌ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး အုန်းလှိုင် ကိုယ်တိုင် ပိတ်ဆို့ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ အမှုမှ အဓိက ပြစ်မှုကျူးလွန် ထားသူ ဖိုးထိုက် (ခ) သန်းထိုက်စိုး မှာ ရှောင်တိမ်း လွတ်မြောက် နေရာမှ ယခု ဖမ်းဆီး ရမိခြင်း ဖြစ်သည်။ ပြစ်မှု ကျူးလွန်သူ ဖိုးထိုက် (ခ) သန်းထိုက်စိုး နှင့် ဖိုးချွန် တို့ကို တရားရုံး သို့ တရားစွဲဆို တင်ပို့နိုင်ရေး ဇီးကုန်း ရဲစခန်းက ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အောင်ဘုန်းညို(ရွှေဘို)
‪#‎PyiChitThar‬
ref; ဟာဂျူလီ ကသာ (Facebook)

GSM နှင့် WCDMA သမားများ internet setting ပြောင်းကြည့်ပါ လွယ်ပါတယ်

အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါ။ ကျွန်တော်သုံးကြည့်တာ တော်တော်ကောင်းပါတယ်။

အူရီဒူးမြန်မာ၏ အင်တာနက်လိုင်းကို MPT ဆင်းကတ်မှ APN အသစ်ဖွင့်ပြီး အသုံးပြုနိုင်ကြောင်း သိရသည်။
Setting Mobile network ထဲတွင် Acess Point Names ထဲသို့ ဝင်ပါ။ New APN လုပ်ပြီး Name နေရာတွင် Ooredoo, APN နေရာတွင် internet နှင့် authentication type နေရာတွင် PAP or CHAP ထည့်ပြီး အဆိုပါ APN အသစ်ကို enable လုပ်ကာ အသုံးပြုနိုင်ပါသည်။
အူရီဒူးရဲ့ အင်တာနက်လိုင်းနှင့် ဖုန်းအင်တာနက် ဒေတာဖွင့်သုံးသည့်အခါတွင် ဖုန်းဘေလ်ထဲကပဲ အသုံးပြုခ ဖြတ်တောက်သည်ဟု သိရပါသည်။

Hare hunting ယုန်မုဆိုး

Hare hunting ယုန်မုဆိုး
စစ်အုပ်စုကနေ လုပ်ချင်တာမှန်သမျှကို -
• နဝတ လက်ထက်မှာ ‘ဥပဒေကဲ့သို့အာဏာတည်သောအမိန့်’ ဆိုပြီးလုပ်ခဲ့တယ်။
• နအဖ လက်ထက်မှာ ဘာတခုမှပြောမနေတော့ဘဲ လုပ်ချင်တာလုပ်တယ်။ အသိသာဆုံးဥပမာကတော့    ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံလို့ ခေါင်းစဉ်တပ်ပြီး လူ ၇ဝဝ ကိုဖိတ်တယ်။ တက်တဲ့သူတွေက ဘာပြောပြော သူတို့လိုချင်တာကိုဘဲ ရေးချတာနဲ့ ၂ဝဝ၈ အခြေခံဥပဒေဆိုတာဖြစ်လာစေခဲ့တယ်။
• ပြည်ခိုင်ဖြိုးအစိုးရတက်တော့ အမျိုးသားလွှတ်တော်မှာ အမတ်နေရာ (ပြည်ခိုင်ဖြိုး ၁၂၄ + စစ်တပ် ၅၆ + အတိုက်အခံ ၄၄ = ၂၂၄) နဲ့ ပြည်သူ့လွှတ်တော်မှာ (ပြည်ခိုင်ဖြိုး ၂၁၂ + စစ်တပ် ၁၁ဝ + အတိုက်အခံ ၁ဝ၉ = ၄၄ဝ) ဖြစ်အောင်လုပ်ထားပြီး၊ သူတို့လိုချင်တဲ့အဆိုမှန်သမျှကို မဲခွဲတယ်။

စစ်အုပ်စုကနေ ယုန်ဖမ်းတဲ့အခါ -
• အရင်တုံးက ယုန်ကို သေနတ်နဲ့ပစ်ဖမ်းတယ်။
• အခုတော့ တုတ်ပစ်ဖမ်းနေတယ်။
• နောက်မှာ ခွေးလိုက်ပြီးဖမ်းခိုင်းတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၄

  

နည်းပညာနဲ့ဖောက်ထွက်ပြီး လွှတ်တော်ကို အွန်လိုင်းကနေ စောင့်ကြည့်မယ်

Kamayut Media


အချိန်တစ်နှစ်ကြာ ရေးဆွဲခဲ့တဲ့ လွှတ်တော်စောင့်ကြည့်ရေး အင်တာနက်စာမျက်နှာ၊ Mobile App နဲ့ API တို့ကို ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဇူလိုင် ၂၅မှာ အများပြည်သူသုံးစွဲနိုင်ဖို့ မိတ်ဆက်လိုက်ပါပြီ။ မြန်မာလွှတ်တော်ကို အွန်လိုင်းကနေ ဘယ်လိုစောင့်ကြည့်မှာလဲ။
နိုင်ငံသားတွေနဲ့ လွှတ်တော်ကြား အပြန်အလှန်ဆက်သွယ်မှု အားကောင်းလာဖို့ အိုင်တီနည်းပညာကို အသုံးချတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုမီဖို့ နည်းပညာနဲ့ဖောက်ထွက်တာ အမြန်ဆုံးဖြစ်တယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ အကြံပေးအရာရှိ ဦးကိုကိုကြီးက ဆိုပါတယ်။
ကျေးရွာအုပ်စု၊ ရပ်ကွက်အဆင့်ထိ အချက်အလက်တွေကို ရေးသွင်းထည့်ဆွဲထားတာဖြစ်လို့ နိုင်ငံတကာက လွှတ်တော်စောင့်ကြည့်အဖွဲ့တွေရဲ့ ပုံစံကိုတော့ ပုံတူကူးလို့မရဘူးလို့ သူက ဆိုပါတယ်။ အင်တာနက် စာမျက်နှာomimyanmar.org မှာ ကြည့်ရှုနိုင်သလို Mobile App ဖြစ်တဲ့ Myanmar Mps v2 ကိုလည်း Google Play Store နဲ့ 1 Mobile Market တို့မှာ Download ဆွဲကြည့်နိုင်တယ်လို့ ဆိုပါတယ်။
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ နည်းပညာဆိုင်ရာ အကြီးတန်းအရာရှိ ဦးစိုးသီဟနောင်က Application Program Interface လို့ခေါ်တဲ့ API က စနစ်တကျ တည်ဆောက်ထားတဲ့ အချက်အလက်တွေကို ပြည်တွင်း Developers တွေကိုပေးပြီး အဲဒီကနေ အခြား Application တွေ ထပ်ပြီးရေးဆွဲနိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Android Version နဲ့ Application ကိုပဲ သုံးနိုင်မှာဖြစ်ပြီး မကြာခင်မှာ iOS version သုံးနိုင်ဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုနဲ့ ဆွေးနွေးချက်တွေကို ထည့်သွင်းထားပြီး အချက်အလက်တွေကိုတော့ လွှတ်တော်ရုံးနဲ့ ရွေးကောက်ပွဲကော်မရှင်ကနေ ရယူထားတယ်လို့ ကိုထင်ကျော်အေးက ရှင်းပြပါတယ်။

ဗွီဒီယိုဖိုင်ကြည့်ရန် - http://www.kamayutmedia.com/2014/07/26/mobile-app-and-api-to-monitor-parliament/
 

မြန်မာ့စားသောက်ကုန်လုပ်ငန်း ဘယ်သူတွေ ရင်းနှီးမြှုပ်နှံကြမှာလဲ (TV Report)


မြန်မာ့စားသောက်ကုန်လုပ်ငန်း ဘယ်သူတွေ ရင်းနှီးမြှုပ်နှံကြမှာလဲ (TV Report)
ထိုင်းနိုင်ငံက စီးပွားရေးနဲ့ ကုန်သွယ်မှု ကျွမ်းကျင်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ထိုင်းကုန်သည်ကြီးများအသင်းနဲ့ မြန်မာအစားအသောက် ထုတ်လုပ်တင်ပို့တဲ့ အသင်းတို့ ပူးပေါင်းပြီး ဇူလိုင် ၂၅ရက်နေ့က မြန်မာ့စားသောက်ကုန် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းအကြောင်း ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

အပြည့်အစုံကြည့်ရန် -  http://www.kamayutmedia.com/2014/07/25/myanmar-and-thai-discuss-to-invest/

တက္ကသိုလ်ပညာရေး (ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)


 
တက္ကသိုလ်ပညာရေး

(ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို)

(၁)
“ကိုဘသစ်ရေ တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာဖို့ ဘာလိုသလဲ”

“တက္ကသိုလ်ဝင်တန်း အောင်တယ်ဆိုရင်ပဲ ပညာသင်ကြားရာဌာနဖြစ်တဲ့ တက္ကသိုလ်တစ်ခုမှာ အတန်းတစ်ခုတက်ဖို့ မှတ်ပုံတင်ရတယ်။ အတန်းတက်ခွင့်ရမယ်ဆိုရင် တက္ကသိုလ်ကျောင်းသား ဖြစ်ပြီပဲ”

“တက္ကသိုလ်ကျောင်း ဘယ်နှမျိုးရှိလဲ”

“နှစ်မျိုးပေါ့၊ တစ်ခုက ကျောင်းတက်ရတယ်၊ နောက်တစ်ခုက အဝေးသင်ပေါ့။ အတန်းမှာ လာမတက်ဘဲ စာပေး၊ စာယူနည်းနဲ့ လေ့လာတာမျိုးပါပဲ။ ယနေ့ခေတ်မှာ online ကနေ သင်ယူတာမျိုးလည်း ရှိတယ်”

“ကျောင်းမတက်ဘဲ အဆင်ပြေပါ့မလား”

“ဆရာဆရာမတွေက အင်တာနက်ကနေ၊ ဒါမှမဟုတ် စီဒီတွေနဲ့ ပို့ချတာတွေ ရှိတယ်။ မေးတာတွေကို ဖြေရတာတွေ ရှိတယ်။ အဖြေလွှာများ (Assignment) တွေကို တင်ရတာတွေ ရှိတယ်”

“ဘွဲ့ဘယ်လိုရလဲ”

“တက္ကသိုလ်တက်ပြီး သတ်မှတ်တဲ့စာမေးပွဲတွေ အဆင့်ဆင့်အောင်ရင် ဘွဲ့ရတာပဲ”

“စာမေးပွဲဖြေရုံပဲလား”

“အချို့ကတော့ စာတမ်းတွေပြုစုရတာမျိုးတွေလည်း ရှိတယ်”

“စာမေးပွဲအောင် ဘွဲ့ရတော့ ပညာတတ်ဖြစ်ရောလား”

“ခင်ဗျားမေးတာ ကျွန်တော်သဘောပေါက်ပါတယ်။ လူတွေပြောနေကြတဲ့ ဘွဲ့ရပညာမတတ် ဆိုတာမျိုးလား”

“အဓိကကတော့ စနစ်နောက် မျောနေကြတာကို ပြောတာပါ။ တစ်ချိန်က တက္ကသိုလ်ကို ပြန်ကြည့်ရအောင်ဗျာ”

(၂)
“ကိုဘသစ်ရေ၊ ကျွန်တော်တို့ခေတ်မှာ တက္ကသိုလ်ဆရာတွေ ရှားလွန်းတော့ နိုင်ငံခြားသား ဆရာတွေကိုခေါ်ပြီး သင်ယူရတယ်။ ခုခေတ်မှာ တက္ကသိုလ်ဆရာတွေ ပေါမှပေါပဲ”

“ဟုတ်ပါ့။ ပညာရေးမှာ အရမ်းကို တိုးတက်လာတဲ့ခေတ် ရောက်နေတယ်။ တက္ကသိုလ်ထဲကို ၀င်သွားလိုက်ရင် တွေ့သမျှလူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခလို့တောင် ပြောစမှတ်ပြုတယ်”

“ဒါကောင်းတာလား၊ မကောင်းတာလား” “ကောင်းတာပေါ့” “ကျွန်တော်တို့ခေတ်မှာ ရန်ကုန်တက္ကသိုလ် တစ်ခုပဲရှိတယ်။ နောက်မှ မန္တလေးတက္ကသိုလ်က သီးခြားဖြစ်လာတယ်။ ရန်ကုန်တက္ကသိုလ်အောက်မှာ မော်လမြိုင် ဥပစာကောလိပ်ဆိုတာ ရှိခဲ့တယ်။ နောက်မှ ပုသိမ်ကောလိပ် ပေါ်ပေါက်လာတယ်။ မန္တလေးတက္ကသိုလ် လက်အောက်မှာ မကွေးကောလိပ် ရှိခဲ့တယ်။ နောက်တော့ တောင်ကြီးနဲ့ မြစ်ကြီးနားကောလိပ်တွေ ပေါ်လာတယ်။ ခုခေတ် တက္ကသိုလ်ကျောင်းတော်ကြီးတွေ ၁၆၉ ခုတောင်ရှိတယ်လို့ ပြောတယ်”

“ဒါဆိုရင် ပညာရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တွေ မပေါ်သေးဘူးပေါ့”

“အဲဒါတွေက မဟာဌာနအနေနဲ့ တည်ရှိတယ်။ Falculty ပေါ့။ နောက်ပိုင်းမှ ဒါတွေကို တက္ကသိုလ်အနေနဲ့ ပြောင်းလဲလိုက်တယ်၊ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက တက္ကသိုလ်တွေကို သူတို့လက်အောက် ထည့်လိုက်တယ်”

(၃)
“ဒါကောင်းတာလား၊ မကောင်းတာလား”

“ခင်ဗျားက ဒီလိုပဲ မေးတတ်တာလား ကောင်းတာပေါ့ဗျာ၊ သူ့နေရာနဲ့သူ ကျစ်ကျစ်လျစ်လျစ် ထိန်းသိမ်းနိုင်တာကိုး။ ဒါပေမဲ့ သူတို့က သင်ကြားပို့ချနေတော့ ပညာရေးလက်အောက်မှာပဲ ရှိသင့်တယ်။ ပြီးတော့ သူတို့ကို မဟာဌာနများ Falculties အနေနဲ့သာ ထားသင့်တယ်။ ဥပမာ ဆေးတက္ကသိုလ်တက်ချင်တဲ့သူဟာ တက္ကသိုလ်မှာ အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒတို့ကို သင်ယူထားဖို့ လိုတယ်။ အင်ဂျင်နီယာတက္ကသိုလ်ကို တက်ချင်ရင်လည်း အခြေခံပညာအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတို့ကို သင်ယူထားဖို့ လိုတယ်”

“ခုလည်း သက်ဆိုင်ရာတက္ကသိုလ်တွေမှာ သင်နေကြတာပဲ မဟုတ်လား”

“ဟုတ်ပါတယ်။ ဒါပေမဲ့ အားနည်းတယ်လို့ ထင်ပါတယ်။ အချို့မှာ မသင်တော့တာတွေတောင် ရှိတယ်။ ကျွန်တော်ဆိုလိုတာက အရင်ခေတ်ကလို ပထမနှစ်နှစ်မှာ ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်ကို သင်ယူသင့်တယ်လို့ ထင်တယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာတို့ကိုလည်း ပုံမှန်အတိုင်း ထိထိရောက်ရောက် ထူးထူးချွန်ချွန်ဖြစ်အောင် သင်ကြားပေးဖို့လိုတယ်။ ခေတ်ကြီးဟာ ပြောင်းလဲနေပါတယ်။ ဆရာဝန်တွေဆိုရင် ပစ္စည်းကိရိယာတွေ သုံးနေရတယ်။ ဥပမာ Laser လိုမျိုး MRI လိုမျိုးပေါ့။ ဒါတွေရဲ့ အခြေခံတွေဟာ ရူပဗေဒလေ။ ဆေးဝါးတွေဆိုင်ရာ ဆိုရင်လည်း ဓာတုဗေဒအခြေခံ လိုပြန်တယ်”

(၄)
“ဒါပေမဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်လာကြတဲ့အခါ သူတို့က ဆရာဝန်ပညာ အင်ဂျင်နီယာပညာပေါ့လေ၊ အဲဒါတွေကို အသုံးချရုံပဲ မဟုတ်လား”

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ပညာရှင်ဖြစ်ချင်ရင်တော့ အခြေခံကို သိထားရတယ်။ ကွန်ပျူ တာတက္ကသိုလ်က ဘွဲ့ရတစ်ယောက်အနေနဲ့ Processor ဆိုတာ ဘာအလုပ်လုပ်လဲ။ Chips တို့၊ IC တို့ ဆိုတာတွေထဲမှာ ဘာတွေပါဝင်လဲဆိုတာ သိသင့်တယ်။ အဲဒီထဲကမှ ပညာရှင်ဆိုတာတွေကို မွေးထုတ်နိုင်မှာပေါ့။ သူများလုပ်ထားတာတွေကို သုံးတတ်ရုံ သုံးတတ်တဲ့သူတွေဟာ ပညာရှင်တွေ မဟုတ်ဘူး။ Technician အဆင့်ပဲ ရှိတယ်လို့ ဆိုတယ်”

“တကယ်ရော ပညာရှင်အဆင့်တွေမှာ ကျွန်တော်တို့ လုပ်နိုင်ပါ့မလား”

“ကျွန်တော်ပြောချင်တာ အဲဒီအချက်ပါပဲ။ ပညာဆိုတာ လူအများအတွက် ဆီမီးကြီးပါ။ သူက မှန်ကန်တဲ့လမ်းကို ညွှန်ပြပါတယ်။ ဥရောပတို့၊ အမေရိကတို့က လူတွေမှ မဟုတ်ပါဘူး။ အာဖရိကတို့၊ အာရှကလူတွေလည်း ထူးချွန်ကြတာ ခင်ဗျားသိပါတယ်။ ကျွန်တော်သိသလောက် တစ်ခေတ်က ကျွန်တော်တို့ဆီက ရူပဗေဒပညာရှင်တို့၊ ဓာတုဗေဒပညာရှင်တို့၊ အင်ဂျင်နီယာတို့ဟာ နိုင်ငံတကာမှာ ၀င်ဆံ့ပါတယ်”

“ဘယ်လိုမျိုးလဲ”

“အမေရိကန်နိုင်ငံ ဆီလီကွန်တောင်ကြားက မြန်မာရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေဆိုရင် ဟိုမှာ ကွန်ပျူတာဆိုင်ရာ ထိပ်တန်းအရာရှိတွေ ဖြစ်နေပြီး လစာ ဒေါ်လာသိန်းချီ ရှိကြတယ်။ ကိုယ်ပိုင်ကုမ္ပဏီတွေနဲ့ သန်းကြွယ်သူဌေးတွေ ဖြစ်လို့နေကြတယ်။ ကနေဒါက မြန်မာရူပဗေဒပညာရှင်တစ်ယောက် ဆိုရင်လည်း နိုဘဲယ်လ်ဆုကို အဆိုပြုလွှာ (Nomination) တင်တာ သုံးကြိမ်ရှိပြီလို့ ဆိုတယ်။ သူတို့တစ်တွေဟာ တစ်ချိန်က ရန်ကုန်တက္ကသိုလ်က ဆရာတွေပါပဲ”

(၅)
“ဒါဟာ ပညာနဲ့ ဆိုင်တာပဲပေါ့နော်”

“ဟုတ်ပါတယ်၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ လူမျိုးပေါင်းစုံရှိတယ်။ ပညာကို အခြေခံကနေ ခြေခြေမြစ်မြစ် သင်ပေးဖို့ အရေးကြီးတယ်။ နောက်စာအုပ်တွေလည်း စုံလင်ဖို့အရေးကြီးတယ်”

“ဒါပေမဲ့ ပညာရပ်ဆိုင်ရာ Text Book တွေဟာ အင်မတန် ဈေးကြီးတာပဲ မဟုတ်လား”

“ဟုတ်တယ်။ တစ်ခေတ်က ဆေးကျောင်းကလူတွေ၊ အင်ဂျင်နီယာကျောင်းက လူတွေဟာ Text Book တွေကို မိတ္တူကူး Photocopy တွေ ဖတ်ရတယ်။ စာအုပ်တွေက ရှားတယ်။ ဈေးကြီးတယ်။ ဒါကြောင့် မြန်မာပြန်တွေရှိဖို့ အရေးကြီးတယ်”

“ပညာရပ်ဆိုင်ရာ စကားရပ်တွေဆိုရင်ကော၊ ဘာသာပြန်လို့ မလွယ်ဘူး မဟုတ်လား”

“ဒါကတော့ အသံဖလှယ် မွေးစားလိုက်တာပေါ့။ ဂျပန်တို့၊ တရုတ်တို့၊ ထိုင်းတို့မှာတောင် နေ့စဉ် ဘာသာပြန်စာအုပ်တွေ ထွက်နေတယ်။ အနောက်တိုင်းက စာအုပ်တစ်အုပ် ထွက်လာရင် နေ့ချင်းညချင်း ဘာသာပြန်တာတွေတောင် ရှိတယ်”

“ဒါတော့ ကောင်းပါတယ်။ ကိုယ့်ဘာသာစကားနဲ့ဆိုရင် ပိုပြီးသဘောပေါက် နားလည်နိုင်တယ်။ ပြီးတော့ ခုခေတ်မှာ အင်္ဂလိပ်လို သင်နေပေမယ့် အတန်းထဲမှာ ဆရာတွေက မြန်မာလိုပဲ ရှင်းပြနေတာပဲ မဟုတ်လား”

“ဟုတ်ပါတယ်။ မြန်မာစာအုပ်ရှိရင် ကျောင်းသားတွေ အကြိမ်ကြိမ်ဖတ်လို့ ရတာပဲလေ။ ဒါကြောင့် ဘာသာပြန်စာအုပ်ဟာ အင်မတန် အရေးကြီးတယ်”

(၆)
“ပညာရေးကို ပြုပြင်တယ်ဆိုတာ အင်မတန် ခက်ခဲတာပဲ”

“ဒါပေါ့ အင်မတန် အရေးကြီးပါတယ်။ ပညာရေး စီမံချက်ဟာ အရင်းက နည်းနည်းယမ်းလိုက်တာနဲ့ အဖျားက ယိုင်သွားတာမျိုး ရှိတယ်”

“ဒါဆို အကောင်းဆုံးက ဘယ်လိုစမလဲ”

“စာအုပ်တွေ ဘာသာပြန်၊ စာအုပ်တွေရေး၊ ကျောင်းသားတွေကို အခြေခံကို သင်ပေးပေါ့”

“ကျေးဇူးပါပဲ ကိုဘသစ်ရေ၊ ပညာရေးကို နောက်ဆွေးနွေးကြသေးတာပေါ့”

“ကျေးဇူးပါပဲ ဆရာညို။ ဖြည်းဖြည်းမှန်မှန်သွားရင် ပန်းတိုင်ကိုရောက်မှာ မလွဲပါဘူး”

(ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ))

နိုင်ငံတော်သိက္ခာ


နိုင်ငံတော်သိက္ခာ
(ဆောင်းပါးရှင် - လူသန့်)
စကားပြန်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင် ဆုံဖြစ်ကြပါတယ်။ မတွေ့ရတာကြာပြီမို့ စကားတွေ ဖောင်ဖွဲ့နေမိကြတယ်။ သူငယ်ချင်းက သူ့ရဲ့လုပ်ငန်းနဲ့ ပတ်သက်တာတွေကိုပြောရင်း နိုင်ငံရေးနဲ့စီးပွားရေး ဆက်စပ်မှုရှိနေတဲ့အကြောင်း စကားရောက်သွားကြတယ်။ နိုင်ငံတစ်နိုင်ငံဟာ အေးချမ်းတည်ငြိမ်လာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာပြီး တိုးတက်လာမှာ အမှန်ပါပဲ။
သူငယ်ချင်းက ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကြောင်းကို သူ့အမြင်နဲ့ယှဉ်ပြီး ပြောနေတယ်။ ပြီးတော့ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်နေတဲ့ အကြောင်းတစ်ခုကို ပြောတယ်။
“ငါတို့နိုင်ငံမှာ အခုချိန်ထိ အကျင့်ပျက်ခြစားမှုတွေ ရှိနေတာဟာ တော်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်ကွ”
ကျွန်တော်က
“ကြာတော့လည်း သူ့ဟာနဲ့သူ နေသားတကျ ဖြစ်နေပါပြီကွာ၊ ဟား..ဟား”
“ဟေ့..ဟေ့.. မင်း ဒီလိုတော့ မပြောနဲ့ကွာ။ ဘာလဲ မင်းက လာဘ်ပေးလာဘ်ယူကိစ္စကို အားပေးတဲ့သဘောလား”
“အလကားစတာပါကွာ၊ ငါတို့အားလုံး နေ့စဉ်နဲ့အမျှ လာဘ်ပေးလာဘ်ယူမှုနဲ့ ရင်ဆိုင်နေရတာပဲ။ ဆေးရုံအပေါက်စောင့်ကနေ ဟိုးအထက်ထိ ဘာမှမတတ်နိုင်တော့တာ။ ထားပါတော့ကွာ”
“ထားလို့မရဘူးကွ။ ဒီအကျင့်ဆိုးတွေဟာ နိုင်ငံရဲ့ဂုဏ်ကို ဘယ်လောက်ထိ ထိခိုက်ပြီး တချို့ အကျိုးရှိစေမယ့်ကိစ္စ တော်တော်များကို ထိခိုက်စေသလဲဆိုတာ မင်းကိုငါပြောပြမယ်”
“လုပ်စမ်းပါဦး”
“ဒီလိုကွာ၊ ဟိုတစ်လောက ငါ့ဆီ ပြင်သစ်ကလူတွေ လာတယ်ကွ။ မြန်မာနိုင်ငံမှာ လုပ်ငန်းအကြီးကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံချင်လို့ဆိုပဲ။ ငါကတော့ အဲဒီလုပ်ငန်းနဲ့ ဘာမှမပတ်သက်ပါဘူး။ စကားပြန်အဖြစ် လိုက်ပေးရတာရယ်၊ တခြားနည်းနည်းပါးပါး ကူညီရုံလေးရယ်ပါ”
သူငယ်ချင်းက နိုင်ငံခြားလုပ်ငန်းရှင်တွေရဲ့ ကိုယ်စားလှယ်တော်နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အဆက်အသွယ်တွေရှာတော့ ဌာနတစ်ခုရဲ့ ထောက်ခံမှုနဲ့စပြီး လုပ်ရမှာဖြစ်နေတယ်။ အဲဒီဌာနမှာ သူငယ်ချင်းရဲ့မိတ်ဆွေက အကြီးအကဲရဲ့အနားမှာ နေရတာဆိုတော့ လှမ်းဆက်သွယ်ပြီး အကူအညီတောင်းကြည့်တယ်။
ဒီလိုနဲ့...
နောက်တစ်ပတ်လောက်ကြာတော့ သူငယ်ချင်းရဲ့မိတ်ဆွေက ပြန်ပြီးဖုန်းဆက်တယ်။ ဘယ်နေ့လာခဲ့ပါပေါ့။ လာတဲ့နေ့ကျရင် အစစအရာရာ အဆင်ပြေအောင်လို့ တစ်ဆယ်သားတုံး တစ်တုံးလောက် ယူခဲ့ဖို့ ပြောတယ်တဲ့။ သူငယ်ချင်းက နားမလည်လို့ ထပ်မေးတော့ သူတို့လူကြီးနဲ့ တွေ့ခွင့်ရဖို့ အဲဒီလို ရွှေတစ်ဆယ်သားတုံး တစ်တုံးလောက် ယူခဲ့မှ စတွေ့တွေ့ချင်း အဆင်ပြေမှာဖြစ်တဲ့အကြောင်း ပြောပြတယ်တဲ့။
“အဲဒါနဲ့ကွာ... ငါလည်း မျက်နှာပူပူနဲ့ တစ်ဖက်ကို ပြောပြရတော့တာပေါ့”
“ဟိုက ဘာပြောလဲ”
“ဖြစ်ပါတယ်ပေါ့ကွာ။ ဒါပေမဲ့ တစ်ခုရှိတာက ဟိုမှာ သူစာရင်းပြန်ပြပြီး ရှင်းတဲ့အခါ အဲဒီတစ်ဆယ်သားကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်ပြီး ရှင်းရမလဲ မေးတော့တာပဲ။ ငါလည်း ဘယ်လိုပြောရမလဲကို မသိတော့ဘူး။ အဲဒီမှာ တစ်ဘက်ကပုဂ္ဂိုလ်ကလည်း ခေါင်းခါခါ၊ လည်ခါခါနဲ့ သူတို့ကုမ္ပဏီ ဘုတ်အဖွဲ့နဲ့ ပြန်ပြီးတိုင်ပင်ပါရစေဦးဆိုပြီး တွေ့မယ့်ကိစ္စကို ဖျက်လိုက်ရတယ်”
သူငယ်ချင်းက စကားတွေပြောပြီး မောသွားလို့ ခဏနားတယ်။ ပြီးတော့ ဆက်ပြောပြန်ရော။
“သူတို့ ပြန်လာတော့မှာ မဟုတ်ဘူးကွ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံမှာ အဲဒီလိုကိစ္စမျိုးတွေ ရှိမှမရှိကြတာ။ ဗွေဆိုးဖောက်ပြီး တစ်ယောက်တလေ ရှိခဲ့ရင်လည်း ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ပြတော့ ဘယ်သူမှမလုပ်ရဲကြဘူး။ အဓိကတော့ကွာ အဲဒီလိုမျိုး မလုပ်ရဘူးဆိုတာကို သူတို့အသိမှာ စွဲနေကြတာကွ။ ငါ့ဆီလာတဲ့ ပြင်သစ်ကလည်း သူကြုံလိုက်ရတဲ့ အနေအထားကို စိတ်ပျက်သွားမှာပေါ့ကွာ။ အဲဒီရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အလုပ်ရမယ့် မြန်မာနိုင်ငံသား ထောင်နဲ့ချီလည်း အခွင့်အရေး ဆုံးရှုံးသွားရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ။ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားတာထက် တို့နိုင်ငံကို အထင်အမြင်သေးသွားမှာ ငါစိုးရိမ်နေမိတယ်။ အဓိကက သိက္ခာပဲကွ”
ဟုတ်တယ်။ သူငယ်ချင်းပြောသလို သိက္ခာပေါ့။ ကျွန်တော်တို့နိုင်ငံဟာ အပြောင်းအလဲတွေနဲ့ ချီတက်နေပါတယ်လို့ ကြွေးကြော်နေပြီး ဒီလိုကိစ္စမျိုးတွေကို အရင်ကအတိုင်း မပြောင်းလဲသော အကြောင်းတရားတွေနဲ့ ဆက်လက်ကျင့်သုံးနေဆဲပါပဲ။ ဒါတွေဟာ ပြောင်းလဲစရာမလိုဘူးလို့များ တွေးထင်ကြသလားဆိုတာကို မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။ လာဘ်ပေးလာဘ်ယူမှုကို ထမင်းစားရေသောက် သဘောထားနေကြတာဟာ ရှက်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ မသတ်မှတ်ကြတော့လို့လား။ ဒါမှမဟုတ် ရှေးရှေးကလုပ်လာတဲ့အတိုင်း လုပ်နေကြတာမို့ ရှက်ရကောင်းမှန်း မသိကြတော့တာလား။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ လာဘ်ပေးလာဘ်ယူမှုတွေရဲ့ နောက်ကွယ်မှာ လာဘ်ပေးတဲ့သူက လာဘ်ယူတဲ့သူရဲ့ သိက္ခာမဲ့မှုကို လှောင်ပြောင်နေကြမယ်ဆိုတာ မုချမလွဲပါဘဲ။
သိက္ခာရှိရှိ နေကြမယ်ဆိုရင်တော့ လူလေးစားခံကြရမှာပေါ့။
တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဆိုတာ စကားလုံးကြီးတွေ များများပြောပြီး အော်ဟစ်ပြနေစရာ မလိုပါဘူး။ ကိုယ်ပိုင်သိက္ခာလေးတွေ စုစည်းပြီး တစ်ဦးချင်းက မှန်မှန်ကန်ကန် ကျင့်ကြံနေထိုင်ကြမယ်ဆိုရင်...။ နိုင်ငံတော်သိက္ခာဆိုတာ....။

အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်


PR စနစ်ကျင့်သုံးရေး- ပြည်သူ့လွှတ်တော်
အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးဖို့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဗွီဒီယိုဖိုင်ကြည့်ရန် -  http://www.youtube.com/watch?v=du81Nj0-WCo

မီဒီယာများကို ပုတ်ခတ်ရေးသားသူ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်အား သတင်းစာအဖွဲ့များ ဝေဖန်

မီဒီယာများကို ပုတ်ခတ်ရေးသားသူ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်အား သတင်းစာအဖွဲ့များ ဝေဖန်
*********************************
သမ္မတ ဦးသိန်းစိန်၏ အကြံပေး တစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ၌ ““စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့လိုသည်”” ဆောင်းပါး၌ ““စီးပွားရေး သက်သက် သော် လည်းကောင်း၊ နိုင်ငံရေးကို အသုံးချ၍ သော်လည်းကောင်း၊ မီဒီယာထဲ ရောက်လာ ကြသူများမှာ အခြေအနေ မဟန်လျှင် မီဒီယာလောကမှ အလွယ်တကူ ထွက်ခွာ သွားနိုင်ကြသော်လည်း ကျန်ရစ်မည့် သူများအတွက် ၎င်းတို့ ထားခဲ့သော ဆိုးမွေများကို မလွဲမသွေ ခံစားကြရမည် ဖြစ်သည်”” ဟု စာနယ်ဇင်း လောကအပေါ် သုံးသပ်ထားခြင်းအပေါ် သတင်းစာဆရာများက ဝေဖန်လျက်ရှိသည်။
ထို့ပြင် ““ယခင်ထက်စာလျှင် မီဒီယာ လွတ်လပ်ခွင့်များစွာ ရခဲ့ပါသည်။ များစွာ ကျပ်တည်းမှု ကြားက စာရေး လာခဲ့ကြရ သူများဖြစ်၍ ယခုကဲ့သို့ လွတ်လပ်စွာ ရေးသားနိုင်မှုကို တန်ဖိုးထားရပါမည်။ မနေ့ တစ်နေ့ကမှ စာ“စ”ရေးပြီး ပေါ်ပင်ဖြင့် အကျိုးစီးပွားရှာသူ တချို့ကြောင့် ကျန်သူများ၏ စာပေလွတ်လပ်မှု အခွင့်အလမ်း များစွာ ထိခိုက်နိုင်ပါသည်””ဟု လည်း ဒေါက်တာနေဇင်လတ်က ဆောင်းပါး၌ ထည့်သွင်း ရေးသားထားသည်။
““နိုင်ငံတော် သမ္မတ အကြံပေး တစ်ယောက်ကတော့ ဒီလိုပဲ ပြောမှာပဲ။ အဓိက,က သုံးနှစ်အတွင်းရတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အသားမကျ သေးဘူးလေ။ အသားမကျသေးတဲ့ အချိန်မှာ ထိန်းချုပ် လိုတဲ့သူတွေက စာနယ်ဇင်း သမားတွေ မီဒီယာ လွတ်လပ်ခွင့်နဲ့ မတန်ဘူးဆိုပြီး လက်ညှိုးထိုးကြမှာပဲ။ သန်း ၆၀ ရှိတဲ့ နိုင်ငံ၊ သသတင်းသမားက ၄၄၀၀ ပဲ ရှိတယ်။ ဒီ ၄၄၀၀ က စနစ်တကျ သင်ထားတဲ့ Juournalism တက္ကသိုလ် တွေက ဆင်းလာတာ မဟုတ်ဘူး။ အခြေအနေအရ လုပ်ကိုင် ဆောင်ရွက်ရင်းနဲ့ သင်ထားတဲ့ လူတွေပေါ့။ ဒီမိုကရေစီအရ ရင့်ကျက်ဖို့၊ သတင်းကျင့်ဝတ်အရ လိုက်နာရေးတို့ ဆိုတာက စောင့်ရဦးမှာပေါ့။ ဒီလို မစောင့်ဘဲနဲ့တော့ အပြစ်တင် လက်ညှိုးထိုးလို့ မရဘူး။ ယူနတီ သတင်းထောက်နဲ့ ပတ်သက်တာလည်း ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်။ တိုင်းသူပြည်သားတွေက အရင်အစိုးရရဲ့ ဆိုးမွေတွေကို ပိုခံရတာလေ။ မီဒီယာ လောက ကတော့ ပြောမနေနဲ့တော့ပေါ့။ တိုင်းသူ ပြည်သားတွေက တရားဥပဒေတောင် လေးစားလိုက်နာ တတ်တာ မဟုတ်ဘူး။ အခွင့်အရေးရရင် အကုန်လုပ်မယ့် သူတွေ ဖြစ်နေပြီ။ အကုန်လုံး ပျက်စီးနေတဲ့ အချိန်မှာ မီဒီယာတစ်ခုထဲကိုပဲ မီးမောင်းမထိုးပါနဲ့။ နယ်ပယ် တစ်ခုတည်းကိုပဲ လက်ညှိုးထိုးလို့ မရဘူး””ဟုမြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် နေ့က စတင်ဖွဲ့စည်းခဲ့သည့် သမ္မတ၏ အကြံပေးအဖွဲ့များအနက် နိုင်ငံရေး အကြံပေး အဖွဲ့အနေဖြင့် ဦးကိုကိုလှိုင်အား အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်စေ၍ ဒေါက်တာနေဇင်လတ်နှင့် ဦးရဲတင့်တို့အား အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ရာ ဒေါက်တာ နေဇင်လတ်မှာ သမ္မတ အကြံပေးအဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာနေဇင်လတ်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၆၁ ဆင်း ဖြစ်ပြီး အမှတ် ၉၀၁ စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲနှင့် ကာကွယ်ရေး ၀န်ကြီးဌာန စစ်အင်ဂျင်နီယာရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် အမှတ် ၉၅၅ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၉၁ တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။
ဒီမိုကရေစီတူဒေး သတင်းစာ၌ ဖော်ပြထားသော ဒေါက်တာ နေဇင်လတ်၏ ဆောင်းပါး၌ပင် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရသည့် ယူနတီ သတင်း ထောက်များနှင့် ပတ်သက်၍ များသည်ဟု ဆိုသော်လည်း အမေရိကန် ၀ါရင့်သတင်းစာသမား တစ်ဦးကို ကိုးကား၍ ““အမေရိကန်မှာ မနှစ်က လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ Bradley Manning ကို ထောင်ဒဏ် ၃၅ နှစ်ချမှတ် လိုက်တယ်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ မှန်ကုန်သော ဆုံးဖြတ်ချက်ဖြစ်သည်”” ဟု ဆိုကာ လက်ရှိ ယူနတီ သတင်းထောက်များ ထောင်ဒဏ် ၁၀နှစ် ကျခံ ခဲ့ရသည်မှာ နည်းနေသည့် သဘောပင် သက်ရောက် အောင်လည်း ရေးသားထားသည်။
““ယူနတီဂျာနယ်က ထောင်ဒဏ် ၁၀ နှစ်ကိစ္စက အမေရိကန်လို နိုင်ငံမျိုးနဲ့ နှိုင်းယှဉ်ဖို့ဆိုတာ ဝေးပါသေးတယ်။ အဲဒီလို နှိုင်းယှဉ်ရအောင် ကျွန်တော်တို့ဆီက သတင်းမီဒီယာ သမားတွေက အဲဒီလောက်ထိ လွတ်လပ်ခွင့် အခြေအနေက ရပြီလားဆိုတာ မေးခွန်းထုတ်စရာပဲလေ။ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတသလား၊ မမျှတဘူးလားဆိုတာ လူတိုင်းသိတယ်။ မီဒီယာကဏ္ဍသည် စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့အတွက် ဂျာနယ်လစ်သည် ဂျာနယ်လစ် အလုပ် လုပ်ရမယ်။ သူတို့အနေနဲ့ သွယ်ဝိုက်ပြောစရာ မလိုဘူး။ ပြောချင်ရင် တိုက်ရိုက်ပြောရမယ်။ မီဒီယာသမားက အမှန်အတိုင်း ရေးတာကို မကြိုက်လို့ ပြန်ထိန်းချုပ်ချင်တာကို ကျန်တဲ့ဟာတွေနဲ့ အကြောင်းပြတာကတော့ အဓိပ္ပာယ် မရှိပါဘူး””ဟု Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောသည်။
မြန်မာဂျာနယ်လစ် နက်ဝပ် တွဲဖက်အတွင်းရေးမှူး (၁) ဦးသန်းဌေးကလည်း ““အခု ကိုယ့်တို့ တောင်းဆို နေတာက နိုင်ငံတကာ စံနှုန်းအတိုင်း ညီတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တောင်းဆိုနေတာပဲလေ။ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် ဘယ်လောက်ရှိပြီလို့ သမ္မတက ပြောထားတာပဲလေ။ အာဆီယံမှာ ဘယ်လောက် ရတယ်ပေါ့။ အဲဒီစံနှုန်းတွေကို သူတို့ ပြောချင်ပြောပါစေ။ ဒါပေမဲ့ နိုင်ငံတကာရဲ့ စံနှုန်းကို လိုချင်တာဆိုတော့ အမေရိကန်ရဲ့ မီဒီယာ လွတ်လပ်ခွင့်စံနှုန်းကို မရသေးဘဲနဲ့ အမေရိကန်က ကျင့်တဲ့ နိုင်ငံတော် အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲတဲ့ ဥပဒေအရ မမီသေးဘူး။ နည်းတောင် နည်းသေးတယ်ပြောရင် ပြောစရာ ရှိတာက ဒါကနိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့ စွဲလို့ရတဲ့ အရာလား၊ စွဲသင့်တဲ့ အရာလားဆိုတာ စဉ်းစားဖို့လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံတော်ရဲ့ အထူးလျှို့ဝှက် အက်ဥပဒေအရ တရားစွဲဆိုလို့ ရနိုင်တဲ့ နေရာတွေက ဘယ်နေရာ တွေလဲ၊ ဘယ်လို သတ်မှတ်ချက် ရှိတယ်ဆိုတာက တစ်ခါမှ ထုတ်ပြန်ထားတာ မရှိဘူး။ သတင်းသမားက သတင်းရယူတဲ့ နေရာမှာ အများပြည်သူ အကျိုးအတွက် ဆိုပြီးတော့ စုံစမ်း လေ့လာတာကို အတတ်နိုင်ဆုံး ကြိုးစားတာပေါ့။ သူတို့ပြောသလို ရိုးရိုးသာမန် လက်နက်စက်ရုံလို့ ပြောထားတာဆိုရင် ဒီပုဒ်မနဲ့အရေး ယူစရာ အကြောင်းမရှိဘူး။ ပိုင်နက် ကျူးလွန်မှုတို့နဲ့ပဲ အရေးယူရမှာပေါ့။ ဒီသတင်းသမားတွေကို ကြီးမားတဲ့ ပြစ်ဒဏ်၊ ရာဇ၀တ်သားတွေထက် ပြင်းထန်တဲ့ ထောင်ဒဏ်တွေချတာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာ။ လွတ်လပ်စွာ သတင်းရယူခွင့်၊ ရေးသားခွင့် ရှိတယ်ဆိုတာ ဥပဒေ မှာပါပြီးသားပဲ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဒေါက်တာနေဇင်လတ်မှာ လက်ရှိတွင် AMBO Co.,Ltd နှင့် AMBO Hotel Group ၏ ဥက္ကဋ္ဌ လည်းဖြစ်ကာ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်လျက် ရှိသည်။
ထို့ပြင် ဒေါက်တာနေဇင်လတ်မှာ ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေ သာယာလှပရေး အမည်ခံ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ မြို့နယ်ခွဲ၊ ချောင်းသာကျေးရွာရှိ ဒေသခံများထံမှ သိမ်းယူထားသော မြေများမှာ ဒေါက်တာနေဇင်လတ် အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်များ၏ အမည်ပေါက်များ ဖြစ်နေသည့်အတွက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဉာဏ်ထွန်းထံ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကလည်း တိုင်ကြား ခံခဲ့ရဖူးသူ တစ်ဦးဖြစ်သည်။

မြန်မာသံတော်ဆင့်
ref ; ဟာဂျူလီ ကသာ (Facebook)
  

 

သတင်းမီဒီယာများကို ဖမ်းဆီးနေမှု သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်သာ ပေးနိုင်ဟု တုံ့ပြန် (Text Report)


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများအပေါ် အရေးယူနေမှုများကို ဖြေလျော့ပေးဖို့ သမ္မတဆီ သဝဏ်လွှာပို့ခဲ့တဲ့အပေါ် သမ္မတဦးသိန်းစိန်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ အခွင့်အာဏာသာရှိတယ်လို့ ဇူလိုင် ၂၅ရက်နေ့မှာ သမ္မတရုံးက တုံ့ပြန်လိုက်ပါတယ်။
သတင်းမီဒီယာတွေ ဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်ရေးအပိုင်းက အလေးထားကူညီပေးနေပြီး ပြည်တွင်းပြည်ပ မီဒီယာအချို့က ကျင့်ဝတ်နဲ့မညီတဲ့၊ အမုန်းပွားစေနိုင်တဲ့၊ မသင့်လျော်တဲ့ လှုံ့ဆော်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တာဖြစ်တယ်လို့ သမ္မတရုံးက ထုတ်ပြန်တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။
Unity ဂျာနယ်က ပေါက်မြို့နယ်မှာ စစ်တပ်ပိုင် လက်နက်စက်ရုံအကြောင်း ရေးသားခဲ့တဲ့ကိစ္စကို တိုက်ရိုက်မရည်ညွှန်းခဲ့ပေမယ့် နိုင်ငံတော်လုံခြုံရေး အက်ဥပဒေအရ လျှို့ဝှက်အက်ဥပဒေကိုချိုးဖောက်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းက တရားစွဲဆိုပြီး တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်စွာ စီရင်မှုဟာ သူတို့အုပ်ချုပ်ရေးနဲ့ တိုက်ရိုက်မပတ်သက်ဘူးလို့ ဆိုပါတယ်။
စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ပြန်ကြားရေးဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ လွတ်လပ်မှုနဲ့အတူ ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဟန်ချက်ညီ ထိန်းညှိရတဲ့အပေါ် ပြည်ထောင်စုလွှတ်တော်အနေနဲ့ နားလည်ပေးစေလိုပြီး တရားဥပဒေနဲ့အညီ နေထိုင်လုပ်ကိုင်မယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမဆို သူတို့အုပ်ချုပ်ရေးဘက်က အကာအကွယ်ပေးသွားမယ်လို့ အပိုဒ် ၅ပိုဒ်နဲ့ ဖော်ပြထားပါတယ်။
သမ္မတရုံးရဲ့ သဝဏ်လွှာထဲမှာ အမုန်းပွားစေမယ့် ရေးသားပြောဆိုမှုများနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဘယ်နိုင်ငံသားကမှ လက်ခံလိုခြင်းမရှိ ဆိုတဲ့အကြောင်းနဲ့ အမုန်းစကားတွေနဲ့ လှုံ့ဆော်ဝါဒဖြန့်လို့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ သိက္ခာကျခဲ့ရတဲ့အကြောင်း ချိတ်ဆက်ပြီး မီဒီယာလွတ်လပ်မှုဟာ တာဝန်ရှိ၊ တာဝန်သိတဲ့ ဂုဏ်သိက္ခာရှိစေတဲ့ မီဒီယာဖြစ်စေလိုတဲ့အကြောင်း တိုက်ရိုက်ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဥပဒေနဲ့အညီ တရားစွဲခြင်း၊ တရားစီရင်ခြင်းဟာ အုပ်ချုပ်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ဘဲ သမ္မတအနေနဲ့ ပုဒ်မ ၂ဝ၄အရ (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးနိုင်သည် (ခ) ကာလုံရဲ့ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တဲ့ ပုဒ်မကို ရည်ညွှန်းပြီး ဆောင်ရွက်ပေးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြန်မာအစိုးရက စစ်ဆေးမေးမြန်း၊ ဖမ်းဆီးအရေးယူခြင်းကို ရင်ဆိုင်နေရတဲ့ သတင်းမီဒီယာတွေနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခကို ဖြစ်ပွားစေဖို့ လှုံ့ဆော်ရေးသားဖန်တီးမှုများ ပြုလုပ်နေမှုကြောင့် နိုင်ငံသိက္ခာကျဆင်းမှုဆိုတဲ့ အချက်နှစ်ချက်ကို ဘယ်လိုဆက်စပ်ထားသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ရေးသားထားတာ မရှိပါဘူး။

ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးအတွက် အရပ်သားများအားခေါ်ယူ


ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူးအတွက် အရပ်သားများအားခေါ်ယူ
=============================================
ရန်ကုန်၊ ဇူလိုင် ၂၄- ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တာဝန်ထမ်းဆောင်ရန် ဒုတိယဦးစီးရာထူးကို အရပ်သားများ လည်း လျှောက်ထားနိုင်ကြောင်းသိရ သည်။
ရွေးကောက်ပွဲကော်မရှင်က ဒုတိယဦးစီးရာထူး ကို ပြည်သူလူထု အား ပထမဆုံးအကြိမ်ကြေညာ၍ ခေါ်ယူခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် များတွင်ပါ ခန့်အပ်သွားမည့် အစီ အစဉ်ဖြစ်သည်။
''ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ခေါ်တာပါ။ ရန်ကုန်တိုင်းဒေသကြီး မှာက ဒုဦးစီးက အခုမြို့နယ် ၄၅ နေ ရာပေါ့။ ခရိုင်ကလေးနေရာရှိမယ်။စုစုပေါင်း ၄၉ နေရာပေါ့။ ရန်ကုန် တိုင်းက တခြားဝန်ကြီးဌာနတစ်ခုက ဒု-ဦးစီး တစ်ယောက်ကိုခေါ်ခန့်ထား ပြီ''ဟုရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးကိုကိုက ပြောသည်။
ဒုတိယဦးစီးရာထူးလျှောက် ထားလိုသူများအနေဖြင့် အင်္ဂလိပ်စာ စကားပြော၊ အထွေထွေဗဟုသုတ နှင့်
ကွန်ပျူတာစာစီစာရိုက်ကျွမ်းကျင် ရမည်ဖြစ်ပြီး ဇူလိုင်၃၁ရက်နောက် ဆုံးထား၍ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ပေး ပို့ရမည်ဖြစ်ကြောင်း လက်ကမ်းကြော်ငြာစာရွက်အရ သိရ သည်။
ဒုတိယ ဦးစီးရာထူးတာဝန်ခန့် အပ်ခြင်းခံရသူများ အနေဖြင့် သက် ဆိုင်ရာကော်မရှင်အဖွဲ့ဥက္ကဋ္ဌမှပေး သည့်တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး၊ ငွေစာရင်းပိုင်းသော်လည်း ကောင်း၊ ရွေးကောက်ပွဲဆိုင်ရာအပိုင်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီ များစိစစ်ခြင်းအပိုင်းကိုသော်လည်း ကောင်း သင့်တော်သည်များကို ခန့်အပ် မည် ဟုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများက ဆိုသည်။
ယခင်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက အကြီးတန်း နှင့်အငယ်တန်းစာရေး တာဝန်ထမ်း ဆောင်ရန် ဝန်ထမ်းလိုအပ်ခဲ့ရာဝန်ကြီး ဌာနများသို့ အကြောင်းကြားခဲ့သော် လည်းအကြောင်းမပြန်ခြင်းများရှိပြီး ဒုတိယဦးစီးရာထူးခေါ်ယူသည့်အချိန် တွင် ဝန်ကြီးဌာနက ပြန်လည်အ ကြောင်းကြားချက်များ ရှိခဲ့သည်ဟု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဦးကို ကိုက ဆိုသည်။
''ဦးစီးတို့၊ ဒုဦးစီးလိုနေရာမျိုး၊ ညွှန်ကြားရေးမှူးလိုနေရာမျိုးပေါ့၊အဲ့လိုဟာမျိုးတော့ အပြင်ကလူထက် ဝန်ကြီးဌာနကပြောင်း လာတဲ့လူကိုပိုခေါ်ချင်တယ်။ အရင်ကကျွန်တော် တို့တောင်းတော့ လုံးဝမပေးဘူး။ မပေးတော့ ကျွန်တော်တို့ကတပ်က လူတွေကို ခေါ်လိုက်ရတာ။ အခု ဒုဦးစီးခေါ်တော့မှ ရာထူးကလဲရှိ လာ ဒုဦးစီး ဆိုတော့ ဝန်ကြီးဌာနတွေ က အခုမှပြောင်းချင်တဲ့သူတွေက ပေါ်လာတယ်။ ဟိုလူကလှမ်းမေး ဒီလူကလှမ်းမေးဆိုပြီးဖြစ်လာတယ်'' ဟု ဥက္ကဋ္ဌဦးကိုကိုကပြောသည်။
ဩဂုတ်လ ၂၃ရက်နံနက် ၉ နာရီမှ၁၂နာရီအထိ အထွေထွေဗဟု သုတနှင့် အင်္ဂလိပ်စာရေးဖြေ ဖြေရ မည်ဖြစ်ပြီး၊ နေ့လယ် ၁နာရီတွင် လူ တွေ့ဖြေရမည်ဖြစ်သည်။ လူတွေ့ ဖြေရန်အတွက် ဩဂုတ်၁၃မှ ၂၂ ရက်အထိ သက်ဆိုင်ရာကော်မရှင် ရုံးများတွင် ဖြေဆိုခွင့်ကတ်များကို ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
WTZK (MMK)
‪#‎Democracytoday‬

တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာ့တပ်မတော်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ


တအာင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာ့တပ်မတော်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ တအာင်းရွာသား ၈၁၀ ဦးဟာ နမ့်ခမ်းမြို့ပေါ်ကို ပြောင်းရွှေ့ ခိုလှုံခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန် -  http://thevoicemyanmar.com/index.php/news/item/1460-spt

ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။


ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။
တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။
ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင် လုပ်တဲ့ ဝန်ဆောင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာတော့ ဒီဝန်ဆောင်မှုက ကောင်းကောင်း အဆဲခံနေရပါပြီ။

အပြည့်အစုံဖတ်ရန် -  http://blog.irrawaddy.org/2014/07/blog-post_55.html

 

အာဇာနည်နေ့ကို တကယ်အသိအမှတ်ပြုပြီလား



 
အာဇာနည်နေ့ကို တကယ်အသိအမှတ်ပြုပြီလား
=====================================

မင်းညီ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှန် (၂၈)။

ပြီးခဲ့တဲ့ ၂ဝ၁၄ ဇူလိုင် ၁၉ ရက်ဟာ အာဇာနည်ခေါင်း ဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့် ခဲ့တာ ၆၇ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီ ၆၇ နှစ် အတွင်းမှာကျွန်တော်တို့မြန်မာပြည်ကြီးကအာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ထိုက်တန်တဲ့တကယ့်ဂုဏ်ပြု ချီးမြှင့်မှုတွေလုပ်ပေးခဲ့ပါရဲ့လား။ လွတ်လပ်ရေးရခါစ ဖဆပလအစိုးရလက်ထက်မှာ အာဇာနည်နေ့ အခမ်းအနားကို ခမ်းခမ်းနားနားကျင်းပခဲ့ပေမယ့် ၁၉၆၂ နောက်ပိုင်းတော် လှန်ရေးကောင်စီအစိုးရလက်ထက်နဲ့ ၁၉၈၈ နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်တွေမှာ အာဇာနည်နေ့အခမ်း အနားကို သာမန်အစိုးရရုံးပိတ်ရက် တစ်ရက်အဖြစ်လောက် သာ သဘောထားကျင်းပခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့အဲဒီကာလတွေမှာ တော်လှန်ရေး နေ့တစ်ဖြစ်လဲ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင် စုနေ့ စတဲ့ နိုင်ငံတော်နေ့ထူးနေ့မြတ်များကို နိုင်ငံပိုင်ရေဒီယို၊ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ပွဲတော်နေ့မတိုင်ခင် တစ်လလောက် ကတည်းက နေ့စဉ်နေ့တိုင်းဝေဝေဆာဆာ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းနဲ့အာဇာနည်ကြီးများ တိုင်းပြည်အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်နေ့ဟာ အခြားနိုင်ငံတော်အဆင့် နေ့ထူး နေ့မြတ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သာမန်အစိုးရရုံး ပိတ်ရက်အခမ်းအနားတစ်ခုလောက်သာ မျက်နှာငယ်စွာ ထင်ကျန်နေပါတော့တယ်။ ဒါ့အပြင် အာဇာနည်နေ့အခမ်း အနားကို နိုင်ငံတော်အကြီးအကဲများ တက်ရောက်ခြင်းမရှိ တော့သလို ရန်ကုန်မြို့တော်ဝန်အဆင့်လောက်နဲ့ပဲ အခမ်း အနားကျင်းပရေးကော်မတီကို ဖွဲ့စည်းပြီး အမည်ခံအကျဉ်း ရုံးလောက်သာကျင်းပခဲ့ကြပါတယ်။ ယုတ်စွအဆုံး အာဇာနည်နေ့ကို နိုင်ငံကျော်အဆိုတော် Rဇာနည်ရဲ့မွေးနေ့ဆိုပြီး မျိုးဆက်သစ်ကလေးငယ်များ အထင်မှားအမှတ်မှားဖြစ်ရ တဲ့အထိ အာဇာနည်ကြီးများဂုဏ်ငယ်ခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူအနေနဲ့ အာဇာနည်နေ့ကို ဂုဏ်ငယ်သွားအောင်၊ သေးသိမ်သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေသလားဆိုပြီး ပြည်သူ တွေအကြား သံသယစိတ်နဲ့ မေးခွန်းထုတ်ခံရတဲ့အထိဖြစ် လာပါတယ်။

အခုနှစ် ဇူလိုင် ၁၉ရက်မှာ ကျင်းပခဲ့တဲ့ ၆၇နှစ်မြောက် အာဇာနည်နေ့ပုံရိပ်ကတော့ မြန်မာပြည်သူတွေရင်ထဲမှာ နှစ်ပေါင်းများစွာစူးဝင်နေတဲ့ သံသယဆူးတစ်ချောင်းကို တဒင်္ဂတော့ ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီနေ့ နံနက် ၈ နာရီခွဲ မှာ အာဇာနည်ဂူဗိမာန်ကို နိုင်ငံတော်ဒုတိယသမ္မတဒေါက် တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ် တော် ဥက္ကဋ္ဌဦးခင်မောင်မြင့်လို ထိပ်တန်းနိုင်ငံ့ခေါင်းဆောင် များတက်ရောက်ဂါရဝပြုခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မ တော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ စစ်ရေးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့လို အဆင့်မြင့်တပ်မတော်အရာ ရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။

အလားတူ နေပြည်တော်မှာလည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေကစုပေါင်းပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရည်စူးကာ သံဃာတော် တွေကို နေ့ဆွမ်းဆက်ကပ် ဆုတောင်းအလှူဒါနပြုခဲ့ကြ ပါတယ်။

ထူးခြားချက်တစ်ခုကတော့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းသစ်မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးခန်းမှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဆွမ်းကပ်အလှူ တစ်ခု ပြုလုပ်ခဲ့ခြင်းပါပဲ။ ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီခွဲမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွမ်းကပ်အလှူပွဲကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေဖြစ်တဲ့ သူရဦးရွှေမန်း၊ ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်း နဲ့ အခြားထိပ်တန်း ပါတီခေါင်းဆောင်များတက်ရောက်ခဲ့ ပါတယ်။

အစဉ်အလာအရတော့ အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ ပါတီအဖွဲ့အ စည်းအနေနဲ့ ပုံမှန်ကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အထိမ်း အမှတ်ပွဲ လုပ်လေ့လုပ်ထမရှိပါဘူး။ (မှတ်ချက် - ၆၆ နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ပြုလုပ်သည့် သံဃာတော်များအားဆွမ်းကပ်အလှူကို ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက်ခဲ့သည်။) ဒီနှစ်မှာ ပြည်ခိုင်ဖြိုးပါတီက အခုလိုအာဇာနည်နေ့ဆွမ်းကပ်အလှူပွဲ ကျင်းပလိုက်တာဟာ နှစ်ပေါင်းများစွာ ဂုဏ်ငယ်ခဲ့တဲ့ အာဇာနည်ကြီးများအတွက် ဂုဏ်တင့်စရာလို့ဆိုရမှာပါ။ ဒါ့ အပြင် ရန်ကုန်မြို့ မြို့တော်ခန်းမ အဆောက်အအုံ ထဲမှာ လည်း ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျဆုံးအာဇာနည်ကြီးများကို ရည်စူး ပြီး နေ့ဆွမ်းဆက်ကပ် အလှူဒါန တစ်ခုပြုခဲ့ပါသေးတယ်။ အဲဒီအလှူပွဲကိုတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူတို့ကိုယ်တိုင်တက်ရောက်ခဲ့ကြပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကို ဇူလိုင် ၁၉ ရက် နံနက် ၁ဝ နာရီလောက်မှာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလာရောက် ကြည့်ရှုခဲ့ခြင်းပါပဲ။ အဲဒီဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်နေအိမ်ဟောင်း)ကို နိုင်ငံ့ အကြီးအကဲတွေ လာရောက်ခြင်းမရှိတာဟာ နှစ်ပေါင်းများ စွာကြာမြင့်ခဲ့ပါပြီ။

အထက်ပါအချက်တွေကို ခြုံငုံကြည့်မယ် ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အာဇာနည်နေ့ကို နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ရာကတစ်ကျော့ပြန်ပြီး အသိအမှတ်ပြုလိုက်ခြင်းပဲလို့ဆိုရမှာပါ။ သို့သော်လည်း အာဇာနည်နေ့ မတိုင်ခင်က ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အာဇာနည်နေ့မှာ ကားဟွန်းသံအရှည်မတီးရအမိန့်ထုတ် ပြန်ချက်ကတော့ ပြည်သူတွေအတွက် ဝေဖန်စရာဖြစ်ခဲ့ပါ တယ်။

အလားတူ အာဇာနည်နေ့မှာ နိုင်ငံပိုင်ရုပ်သံတွေက နိုင်ငံ့ခေါင်းဆောင်တွေ အာဇာနည်ဗိမာန်မှာ တက်ရောက်အလေးပြုပုံ၊ အာဇာနည်နေ့အထိမ်းအမှတ် သံဃာတော် တွေကို ဆွမ်းကပ်ပုံနဲ့ ဗိုလ်ချုပ်ပြတိုက်လာရောက်ကြည့်ရှု ပုံတွေကိုဖော်ပြခဲ့ပေမယ့် ပြည်သူလူထုထောင်ပေါင်းများစွာ အာဇာနည်ကြီးတွေကို လာရောက်ဂါရဝပြုအလေးပြုတဲ့ ပုံရိပ်တွေကိုတော့ ထည့်သွင်းဖော်ပြပေးခြင်းမရှိပါဘူး။ ဒါ့ အပြင် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်ကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေက ဇူလိုင် ၁၉ရက်မှာ တစ်ရက်လုံး ထုတ်လွှင့်ပေးခြင်း မရှိတာကိုလည်း ပြည်သူတွေအားမလို အားမရ ဖြစ်ခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာတော့ အာဇာနည်နေ့ အခမ်းအနားမှာ ပြည်သူတွေ သောင်းသောင်းဖြ ဖြ လာရောက်ဂါရဝပြုပုံတွေကို ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်တွေက ဝေဝေဆာဆာဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာမီဒီယာတွေရဲ့ Facebook အင်တာနက် စာမျက်နှာကတစ်ဆင့်အာဇာနည်နေ့အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်ဂါရဝပြုနေပုံ၊ ပြည်သူတွေကြိတ်ကြိတ်တိုးတက်ရောက်လာပုံတွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာကို ပြည်သူတွေအထူးနှစ်ထောင်းအားရဖြစ်ခဲ့ ကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်အကြီးအကဲတွေ နှစ်ပေါင်းအတော်ကြာတက်ရောက်ခြင်း မရှိ၊ အခမ်းအနားကျင်းပခြင်း မရှိတော့တဲ့ အာဇာနည်နေ့ အခမ်းအနားကိုအခုနှစ်မှာသမ္မတ၊ဒုသမ္မတ၊ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ ပြည်ခိုင်ဖြိုးပါတီထိပ် တန်းခေါင်းဆောင်ကြီးတွေ တစ်ထောင့်တစ်နေရာက ပုံစံ အမျိုးမျိုး နေရာအစုံစုံနဲ့ အရေးတယူ ကျင်းပခဲ့တာဟာ နိုင်ငံ့ခေါင်းဆောင်များအာဇာနည်နေ့ကိုတကယ်အသိအမှတ် ပြုပြီလားလို့အဆိုးထဲကအကောင်း မေးခွန်းထုတ်စရာ၊ တွေးတောချင့်ချိန်စရာ ဖြစ်ရပါကြောင်း။ ။

တတိယအကြိမ် တိုင်းရင်းသား ညီလာခံကို ကချင်ပြည်နယ် လိုင်ဇာတွင် ဇွန်၂၅ရက်နေ့မှစတင်ကျင်းပနေစဉ်



တတိယအကြိမ် တိုင်းရင်းသား ညီလာခံကို ကချင်ပြည်နယ် လိုင်ဇာတွင် ဇွန်၂၅ရက်နေ့မှ
စတင်ကျင်းပနေစဉ်
ဓာတ်ပုံ - သော်ဟိန်းထက် / ဧရာဝတီ


MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်


MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်
-----
ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ်ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/16730

● နိုင်ငံတော်သမ္မတက သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပြန်လည် ပေးပို့ခြင်း ●


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● နိုင်ငံတော်သမ္မတက သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပြန်လည် ပေးပို့ခြင်း ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စု လွှတ်တော် နာယက က ၂၂-၇-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁ / ပထ (စည်းဝေး) ၉/ ၂၀၁၄ -၉၆ ဖြင့် သဝဏ်လွှာ တစ်စောင် ပေးပို့လာခဲ့ပါသည်။
အဆိုပါ သဝဏ်လွှာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ၂၄-၇-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁၀၇ (၁)/၈/ သမ္မတရုံး ဖြင့် သဝဏ်လွှာ တစ်စောင် ပြန်လည်ပေးပို့ခဲ့ပါသည်။ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
"၁။ သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရ အနေဖြင့် အထူးအလေးထား ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်မှု အဆင့်သည် အရှေ့တောင် အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။
၂။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၃၅၄ တို့အရ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရရှိသည့်နည်းတူ တာဝန်ရှိမှု များကိုလည်း ရှင်းလင်းစွာ ပြဋ္ဌာန်းထားရှိပါသည်။ အမုန်းပွားစေမည့် ရေးသား ပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့် နိုင်ငံသားကမျှ လက်ခံလိုခြင်း မရှိပါ။ တရားဥပဒေ စိုးမိုးမှုရှိမှသာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အေးချမ်းသာယာမည် ဖြစ်ပါသည်။
၃။ ပြည်တွင်း ပြည်ပ မီဒီယာ အချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့် မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့ နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါသည်။ ကမ္ဘာ့ အလယ်တွင် သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရပါသည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာ ရှိသော မီဒီယာ ဖြစ်စေလိုပါသည်။ ထို့ကြောင့် ဘက်လိုက်မှု ကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာ ဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
၎။ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရား စီရင်ခွင့်ရှိသည့် တရားစီရင်ရေး မူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေး အဖွဲ့ အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါသည်။
၅။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တာဝန်ရှိသူများကို ၂၁-၇-၂၀၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံရှင်းလင်းပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါသည်။ တရားဥပဒေနှင့်အညီ နေထိုင် လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကို မဆို အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အကာအကွယ်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်ကြား ပါသည်။”
===========================================
Via Hmuu Zaw
 
 

နိဗ္ဗာန်ယာဉ်များ အကောက်ခွန်မဲ့ လိုင်စင်ပြုလုပ်ပေးလျက်ရှိရာ အခြားကားများပါဝင်လာသောကြောင့် ကားအမျိုးအစားကန့်သတ်



 နာရေးကူညီမှုအသင်း များတွင် အသုံးပြုနေသော နိဗ္ဗာန် ယာဉ်များအား အကောက်ခွန်မဲ့ လိုင်စင်ပြုလုပ်ပေးလျက်ရှိရာ အ ခြားကားများပါ လိုင်စင်လာ ရောက်   ပြုလုပ်သောကြောင့် ဇူလိုင် ၂၂ ရက် နောက်ပိုင်းမှ စ တင်ကာ ကားအမျိုးအစားကန့် သတ်လိုက်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ဇူလိုင် ၂၂ ရက်မှစတင်ကာ အမှန်တကယ်နာရေးကားအဖြစ် အသုံးပြုမည့် အခေါင်းသယ်ယူ နိုင်မည့်အလျား ၇ ပေ၊ ဘေးပတ် လည်တွင် အကာရံပါရှိသော ကားများသာ လိုင်စင်ပြုလုပ်ပေးမည် ဖြစ်ပြီး ကားဘော်ဒီတွင်လည်း နိဗ္ဗာန်ယာဉ်ဟု စာတန်းရေးထိုးရ မည်ဖြစ်ကာ အသင်းအဖွဲ့အမည် နှင့် ဖုန်းနံပါတ်များပါရှိရမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက  ထုတ်ပြန်ထား သည်။
‘‘လောလောဆယ်တော့ စူပါကပ်စတန်လိုကားမျိုးတွေ အဓိက အကျုံးဝင်တာပေါ့။ ရှင်းရှင်းပြော ရရင် အလောင်းသယ်တဲ့ ယာဉ် တွေကို ကျွန်တော်တို့က လိုင်စင် လုပ်ပေးတာပါ။ နာရေးယာဉ်တွေ ကို လိုင်စင်လုပ်ပေးရင်းနဲ့ ကျယ် ပြန့်လာလို့ ဌာနက ညွှန်ကြားချက် အမိန့်ထွက်လာတာပါ။ အခုတော့ဌာနရဲ့ ညွှန်ကြားချက်နဲ့ မကိုက် ညီတဲ့ နာရေးယာဉ်ဆိုတာတွေကို လိုင်စင်လုပ်မပေးတော့ပါဘူး’’ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနမှ (မန္တလေးတိုင်း ဒေသကြီး) မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
မော်တော်ယာဉ်အသုံးပြုမှု များစနစ်တကျရှိစေရန်အတွက် လူမှုကူညီရေးအသင်းများတွင် အသုံးပြုနေသော နိဗ္ဗာန်ယာဉ် များအား ဇူလိုင် ၇ ရက်မှစတင်၍ အကောက်ခွန်စည်းကြပ်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်  ကောက် ခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြု ကာ လိုင်စင်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
နာရေးယာဉ်များအား လိုင် စင်ပြုလုပ်ပေးခြင်းကို တစ်နေရာ တည်းနှင့် အပြီး (OSS) စနစ်ဖြင့်  ဇူလိုင် ၇ ရက်မှ ၃၁ ရက်အထိ ရုံး ဖွင့်ရက် ၁၈ ရက်အတွင်း ကညန ရုံးစိုက်ရာ မြို့များနှင့် ဝေးကွာ သော ဒေသများတွင် နယ်လှည့် အဖွဲ့များဖြင့် ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
‘‘လူမှုကူညီရေးအသင်း တွေမှာ အသုံးပြုတဲ့အခြားယာဉ် တွေ၊ တချို့ဘုန်းကြီးစီးကားလို မျိုးပေါ့။ တချို့က ကားအသစ် တွေဝယ်ပြီးတောင် လိုင်စင်လာ လုပ်ကြတာရှိတယ်။ အကူအညီ တောင်းလာရင် ၀န်ထမ်းတွေ လုပ်ရ၊ ကိုင်ရအခက်တွေ့မှာ စိုး ရတယ်။ အခုတော့ ဌာနက သတ် မှတ်လိုက်တဲ့အတိုင်း အသုဘ တွေအတွက် အသုံးပြုတဲ့ အ လောင်းသယ်တဲ့ကားတွေကိုပဲ လိုင်စင်လုပ်ပေးတော့တယ်’’ဟု အမည်မဖော်လိုသည့် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ဇူလိုင် ၇ ရက်မှ ၂၃ ရက်အ ထိ မန္တလေးမြို့ စွယ်တော်အနီးရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနသို့ လိုင်စင်လာရောက် လုပ်ကိုင်သည့် နာရေးယာဉ် ၇၂၉ စီးရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ (မန်း လေးတိုင်းဒေသကြီး) မှ သတင်း ရရှိသည်။
 
 

ကျောင်းသားများ စာမေးပွဲကို အလွတ်ကျက်မှတ်ဖြေဆိုနေရခြင်းမှာ အထက်ညွှန်ကြားချက်များကို ဆရာများ သေချာနားမလည်ခြင်းကြောင့်ဟုဆို


ကျောင်းသားများ စာမေးပွဲကို အလွတ်ကျက်မှတ်ဖြေဆိုနေရခြင်းမှာ
အထက်ညွှန်ကြားချက်များကို ဆရာများ သေချာနားမလည်ခြင်းကြောင့်ဟုဆို
===================================================
အလင်းရောင် - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၈)။
ရန်ကုန်၊ ကျောင်းသားများ အလွတ် ကျက်မှတ်သည့် စာမေးပွဲစနစ်အတိုင်း သာဖြေဆိုနေရခြင်းမှာ ဆရာများက အထက်မှညွှန်ကြားချက်များကို နားမ လည်ခြင်းကြောင့်ဟု ပညာရေးအရာရှိ အချို့ကပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားများသင်ယူသော သင်ခန်းစာ စစ် ဆေးခြင်းကို စာမေးပွဲစနစ်အစားတတ် မြောက်မှုအကဲဖြတ်သည့် ပုံစံမျိုးကို ပြု လုပ်ရန် ညွှန်ကြားထားသော်လည်း ဆရာများကအရိုးစွဲနေသည့် စာမေးပွဲ စနစ်များအတိုင်းသာ ပြုလုပ်နေသည့် အတွက် ဆရာများနှင့် ကျောင်းသားများ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း သိရသည်။
''လမ်းညွှန်ထားတာက စာမေး ပွဲပုံစံမဟုတ်သော တတ်မြောက်မှုကို အကဲဖြတ်ရမယ်လို့ ညွှန်ကြားပေမယ့် ဆရာတွေကမေးခွန်းတွေထုတ်ပြီး စာ မေးပွဲပုံစံတွေပဲ လုပ်နေကြတယ်။ အမှန် က သင်ခန်းစာ သင်နေရင်းနဲ့ပဲ ကျောင်း သားနဲ့ဆရာက စာမေးပွဲမဆန်သော တတ်မြောက်မှုအတွက် အကဲဖြတ်ရ မှာပါ။ ဒါဆိုရင်ဆရာတွေလဲ အရည် အချင်းတွေပြည့်လာမယ်။ ကျောင်းသား တွေလဲ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး ပေါ့။ အခုဟာက စာမေးပွဲတွေနဲ့ ကျောင်း သားတွေပိနေတယ်လို့ ဝေဖန်တာတွေ ခံနေကြရတယ်'' ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးငွေ တိုးကပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်း သားများ တတ်မြောက်မှုစစ်ဆေးခြင်း ကို နိုင်ငံတကာစံနှုန်းများကဲ့သို့ဖြစ်စေ ရန်အတွက် တစ်နှစ်လျှင်တတ်မြောက် မှုစစ်ဆေးခြင်းကို အနည်းဆုံးခုနစ် ကြိမ်ပြုလုပ်ရန် လမ်းညွှန်မှာကြား ထား ကြောင်း သိရသည်။
''ကျောင်းသားတွေအတွက် စာ မေးပွဲတွေများတယ်ဆိုတာက အရင်စ နစ်အတိုင်းကို ပြန်ကြည့်ပြီးပြောနေကြ လို့ပါ။ အရင်က ပထမအစမ်း၊ ဒုတိယ အစမ်း၊ အစစ်ကြီးအစမ်းဆိုပြီး လုပ်ခဲ့ကြ တော့ အခုအခြေအနေနဲ့ဆိုရင်များတာ ပေါ့။ ဒါပေမဲ့ အခုဟာ ကတတ်မြောက် မှုကိုအကဲဖြတ်တာ၊ စာမေးပွဲစစ်တာ မဟုတ်ဘူး။ စစ်တဲ့နေရာမှာ နည်းအ မျိုးမျိုးသုံးပြီးစစ်လို့ရတယ်။ ဒါကိုဆရာ တွေကမေးခွန်းတွေထုတ်ပြီး စစ်ကြ တော့နည်းလမ်းတွေက လွဲကုန်တာ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက် ထောက်ပညာရေးမှူးကပြောသည်။
တတ်မြောက်မှုအကဲဖြတ် စစ် ဆေးခြင်းကို တစ်လလျှင်တစ်ကြိမ်ပြု လုပ်ပြီး ပထမနှစ်ဝက်အတွက်တတ် မြောက်မှုအကဲဖြတ်ခြင်းကို အောက်တိုဘာလ ကုန်တွင်ပြုလုပ်ကြောင်း၊ ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာကျောင်း သားများ စာနှင့်ပိုမိုနီးကပ်မည်ဟုယူ ဆသောကြောင့် ပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။
ဦးငွေတိုးက ''လက်ရှိမှာက ဆရာတွေကလဲ စာမေးပွဲကိုပဲ အာရုံစိုက်တယ်။ မိဘတွေကလဲ ကိုယ့်သားသမီး အမှတ်များဖို့ပဲ အာရုံစိုက်တယ်။ ဒါက နှစ်ရှည်လများ အရိုးစွဲလာတဲ့ စိတ်တွေ ကြောင့်ပါ။ ပြီးတော့ သက်ဆိုင်ရာအဆင့် ဆင့်ကလဲ ဒီဟာကိုစနစ်တကျနဲ့ လမ်း ညွှန်မှုအားနည်းနေလို့ပါ။
ဒါကိုတို့ပညာ ရေးဝန်ထမ်းဆရာတွေကလဲ ပြုပြင်ပြီး တော့ မိဘတွေနား လည်သဘောပေါက် အောင် ရှင်းပြနိုင်ရမှာပါ''ဟုပြောသည်။
ကျောင်းသားများအား စာမေး ပွဲစစ်ဆေးခြင်းစနစ်အစား စာမေးပွဲမ ဆန်သောတတ်မြောက်မှုစစ်ဆေးခြင်း ၁၉၉၈ ခုနှစ်မှစတင်ကာ ပညာရေးဝန် ကြီးဌာနမှ ညွှန်ကြားခဲ့ကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီပူးပေါင်းပြီး ဆလွန်းကားများရောင်း ချမည့်အစီ အစဉ်ပျက်ပြယ်


ရန်ကုန်၊ ဇူလိုင် ၂၄- စက်မှုဝန်ကြီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ပူးပေါင်းပြီး အင်ဂျင်ပါဝါ ၁၀၀ဝစီစီ အောက် ဆလွန်းကား အစီးရေ ၃၀၀ အား ကျပ်သိန်း ၇၀ ဝန်းကျင်နှင့်ဇူလိုင် လကုန်တွင် စတင်ရောင်းချပေးမည့် အစီအစဉ်ကို ရပ်ဆိုင်း လိုက်ပြီးဖြစ် ကြောင်း နေပြည်တော်စက်မှုဝန်ကြီး ဌာနရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦး က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။
''ရောင်းချပေးမယ့် အစီအစဉ်ကို အခုလောလောဆယ်တော့ ရပ်ဆိုင်း ထားတယ်။ ရောင်းချမယ့်ယာဉ်တွေ ကိုက ဂျပန်ကတင်သွင်းတာဆိုတော့ ဂျပန်ကဝင်လာတဲ့ ယာဉ်တွေကှနခသညိ တွေဖြစ်နေတယ်။ ဒါကြောင့် ပါ''ဟု ၎င်းအဆင့်မြင့်အရာရှိကဆို သည်။
ရောင်းချမည့်မော်တော်ယာဉ် အမျိုးအစားမှာ အင်ဂျင်ပါဝါ ၁၀၀၀ စီစီအောက်ရှိပြီး ဆလွန်းကားအမျိုး အစားဖြစ်သည်။ ဇွန်လတွင် ပထမ အသုတ်အနေဖြင့် အစီးရေ ၃၀၀ စတင်ရောင်းချမည်ဖြစ်ပြီး ဒုတိယ အသုတ်ကို ဇူလိုင်လကုန်တွင် အစီး ရေ ၁၀၀ဝကျော် ထပ်မံရောင်းချသွား ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''သိန်း ၇၀ ဝန်းကျင်ဈေးကို တန် တယ်ဆိုပြီး ဝယ်ဖို့စောင့်နေတာပါ။ အခုကျတော့ ဝန်ကြီးဌာနအနေနဲ့က ရောင်းချမှုကို ရပ်ဆိုင်းထားတယ်ဆို တော့ ကျွန်တော်တို့ ဝယ်လက်တွေ အားလုံး ကိုးလို့ကန့်လန့်တွေဖြစ်ကုန် တယ်''ဟု ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ကားပွဲစား ဦးဝင်း ဇော်က ဆိုသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ခုနှစ်တွင် ချယ်ရီကားများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ပြီး ပြည်တွင်းတွင် အစီးရေ ထောင် နှင့်ချီကာထုတ်ဝေခဲ့ရာ အောင်မြင်မှု ရရှိခဲ့သော်လည်း ယခုအခါတွင် ဒုတိ ယအကြိမ်မြောက် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြင့် ပူးပေါင်းထုတ်ဝေမည့်အစီ အစဉ်အား ယခင်နှစ် ဒီဇင်ဘာလမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ယခုအခါ တွင် ဂျပန် နိုင်ငံမှတင်သွင်းရောင်းချသည့် ယာဉ် အမျိုးအစားများမှာ Second များဖြစ် နေသည့်အတွက် ယင်းကဲ့သို့ပျက်ပြယ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NMK
‪#‎Democracytoday‬

ဟိုတယ်တွင် တည်းခိုနေသူအား ဝင်ရောက်ရှာဖွေရာမှ ပစ္စတို သေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


မန္တလေး၊ ဇူလိုင် ၂၄- မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် တစ်လုံးတွင် တည်းခိုနေသူအား ရဲ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ရာမှ အိန္ဒိယနိုင်ငံမှဝယ်ယူလာသည့် သေနတ်တစ်လက်အပါအဝင် ပန်း ရောင် စိတ်ကြွရူးသွပ်ဆေးပြားများ အားဖမ်းဆီးရမိရာ ကွင်းဆက်တရား ခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအ တွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ရက် မွန်း တည့် ၁၂နာရီတွင် စရဖမှ တပ်ကြပ် ကြီး တင်မျိုးဝင်း၏ သတင်းပေးချက် အရ မူးယစ်တပ်စု ၁ရမှ ဒုရဲမှူးဇော် ဝင်းထွဋ်နှင့်အဖွဲ့၊ ချမ်းအေးသာစံမြို့ နယ် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ၈၁လမ်း၊ ၂၆ လမ်းနှင့် ၂ရလမ်းကြားရှိ နန်းမြို့ တော်ဟိုတယ် အခန်းအမှတ် ၃၁၄ တွင်တည်းခိုနေသူ ချင်းလူမျိုးဟောက် လျန်းကပ်ထန် ၂ရနှစ် နန်းခေါက် ခေါက်ရွာ ခမ်းပတ်မြို့နယ် ချင်းပြည် နယ်နေသူအား သက်သေများနှင့်အ တူ ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင် ထားသည့် ဒီတူးမိုးကာအကျÐ ယာ ဘက်လက်အတွင်းဝှက်လျက် အပြာ ရောင်ပလတ်စတစ်ဖြင့် ထည့်ထား သော ၈၈/၁စာ တန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝစီပါ နှစ်ထုပ်၊ ဆေးပြားတစ်ပြားလျှင် ကျပ် ၅၀၀ဝတန်ဖိုးရှိ ဆေးပြား စုစုပေါင်း ၄၀ဝကိုလည်းကောင်း၊ လွယ်ထား သည့် အနက်ရောင်လက်ဆွဲအိတ်အ တွင်းမှ US Property ပွိုင့် ၃၂ ရွှေ ရောင်သေနတ်တစ်လက် (ကျည်မပါ) နှင့် ကျည်ကတ်တစ်ကတ်တို့ကိုလည်း ကောင်း ဖမ်းဆီးရမိကာ ကလေး-မုံ ရွာ-မန္တလေးကားလက်မှတ်တစ်စောင်၊ မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ဆက်သွယ်အသုံးပြုသည့် လက်ကိုင် ဖုန်းတစ်လုံးနှင့် ၎င်း၏နိုင်ငံသားစိ စစ်ရေးကတ်ပြားမူရင်းတို့ကိုပါ စစ် ဆေးသိမ်းဆည်းရမိခဲ့သည်။
ဟောက်လျန်းကပ်ထန်အားစစ် ဆေးမေးမြန်းရာတွင် အဒေါ်ဖြစ်သူ က အိန္ဒိယနိုင်ငံ မိုးရေးမြို့နေ ကသည်း လူမျိုး အာကန်ဆို သူထံမှ ပစ္စတိုသေ နတ်အား မြန်မာငွေကျပ်ငါးသိန်းဖြင့် လည်းကောင်း၊ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြားများအား ငွေကျပ် သုံး သိန်းဖြင့်လည်းကောင်း ဝယ်ယူစေ ပြီး မန္တလေးမြို့သို့ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။
ထိုသို့ သေနတ်နှင့်အတူ စိတ်ကြွ ဆေးပြားများ လက်ဝယ်တွေ့ရှိသူ ဟောက်လျန်းကပ်ထန်နှင့် ဆက်နွှယ် သူများအား ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းတွင် မယ(ပ)၁၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁အရ အမှုဖွင့်ဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
KSA
‪#‎Democracytoday‬

သမဝါယမဘဏ်၏ Mobile Agent Banking ဝန်ဆောင်မှုစတင်


သမဝါယမဘဏ် (CB Bank) မှအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော Mobile Agent Banking ဝန်ဆောင်မှု စတင်လိုက်ကြောင်း သိရသည်။ အဆိုပါ Easi Mobile Agent Banking ဝန်ဆောင်မှုလုပ်ငန်းမှာ အသေးစားစီးပွားရေး လုပ်ငန်းပြုလုပ်သူများအတွက် ဘဏ်ဝန်ဆောင်မှုတစ်ရပ်ဖြစ်ပြီး လက်ကိုင်ဖုန်းဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပျက်ကွက်စရာမလိုဘဲ ငွေကြေးစီးဆင်းမှုများအား စီမံခန့်ခွဲနိုင်မည့် စနစ်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန် - http://www.myanmarinternetjournal.com/content/13975

မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းသည့် ဂျပန်ကုမ္ပဏီများ ကြိုးဖုန်းအင်တာနက် ဝန်ဆောင်မှုပေးမည်ဟုဆို


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် KDDI, Sumitomo Corporation တို့ပူးပေါင်း၍ ပြည်သူများအား ကြိုးဖုန်းများမှ တစ်ဆင့်မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။

သတင်းအပြည့်အစုံ - http://www.7daydaily.com/story/16712




မြန်မာ့ပင်လယ်ပြင်သယံဇာတများထိန်းသိမ်းရန် သုတေသနလုပ်ငန်းများ နှစ်ကြိမ်ခန့် ထပ်မံပြုလုပ်ရန်လိုအပ်


စလင်း၊ ဇူလိုင် ၂၄- မြန်မာနိုင်ငံ ရေသယံဇာတပစ္စည်းများ သားစဉ် မြေးဆက် အသုံးပြုနိုင်ရန် ရေပေါ် ရေအောက် ကမ်းနီးကမ်းဝေးဒေသ များရှိ အဖိုးတန် သယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည် ထုတ် ယူသုံးစွဲနိုင်ရန် အတွက် သု တေသနပြုလုပ်ရာတွင် နောက်ထပ် နှစ်ကြိမ်ခန့် ထပ်မံပြုလုပ်ရဦး မည် ဖြစ်ကြောင်း ပင်လယ်ပြင် သုတေသန လုပ်ငန်းများတွင် အတွေ့အကြုံရှိ သူ မြန်မာနိုင်ငံ ငါးလုပ်အဖွဲ့ချုပ်မှ ဒေါက် တာ တိုးနန္ဒာတင် က ပြောကြား သည်။
မြန်မာနိုင်ငံ၏ ရေသယံဇာတ များတွင် ရေငန်ပင်လယ်ပြင်အပါအ ဝင် ယင်းနှင့် ထိစပ်လျက်ရှိသော ရေ သယံဇာတများ မျိုးပွားရာတွင် အဓိက ဖြစ်သည့် ဒီရေတောများ၊ ရေပေါ် ရေအောက်ရှိ ငါးနှင့် အခြားသော သန္တာကျောက်တန်း များကို မပျက်စီး အောင် ထိန်းသိမ်းစောင့်ရှောက်ရ မည့်အပြင် ရေချိုသယံဇာတ များ ဖြစ်သော မြစ်ချောင်းများ အတွင်း နေထိုင်သော ရေချိုငါးမျိုးစိတ် ၄၀၀ ကျော် ကိုလည်း ဒေသအလိုက် ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့နိုင်ငံမှာ သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသန ပြုလုပ်ဖို့ အကောင်းဆုံးနေရာတစ် ခုက လန်ပိကျွန်းဖြစ်ပါ တယ်။ အဲဒီ မှာ နှစ်သန်းချီသက်တမ်းရှိတဲ့ ဒီ ရေတောတွေနဲ့ ရေချိုရေငန်သဘာဝ သယံဇာတမျိုးစိတ်ပေါင်း ၉၀ဝနီး ပါး နေထိုင် ကျက်စားနေတဲ့အပြင် ရေရှည် သယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွေကိုလဲ တိကျသေချာစွာ ပြုလုပ် ထားမှ ရေသယံဇာတ ပြုန်း တီးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်'' ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ ရေသယံဇာတ ထိန်းသိမ်းရေးပညာ ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရေသယံဇာ တထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းပြီး ယခုအ စိုးရသစ်လက်ထက်တွင် တစ်ကြိမ် ပြုလုပ်ပြီးဖြစ်သော် လည်း နောက် ထပ် နှစ်ကြိမ်ထပ်မံပြုလုပ်ရဦး မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာ ငါးဖမ်း စက်လှေ များ မြန်မာ့ရေပိုင်နက်အတွင်း သို့ဝင်ရောက်ငါးခိုး ဖမ်းနေသော အပြုအမူများကိုစနစ်တကျလိုင်စင်များပြုလုပ်ပြီး ဘယ်လို ငါးဖမ်းဆီး ရမယ်၊ ဘယ်လို မဖမ်း ဆီးရဘူးဆိုတာတွေကို လေးလေးနက် နက် ဥပဒေတစ်ခုပြဋ္ဌာန်းပြီး မလိုက် နာသူများကိုလည်း ထိရောက်စွာ အ ရေးယူခြင်းပြုလုပ်မှသာ ရေချိုရေ ငန်သယံဇာတများကို သားစဉ်မြေး ဆက် ထိန်းသိမ်းစောင့်ရှောက်ပြီး ထုတ်ယူသုံးစွဲနိုင် မည်ဖြစ်ကြောင်း ရေ လုပ်ငန်းရှင်ကြီးတစ်ဦးကလည်း ပြောဆိုသည်။
SKW
‪#‎Democracytoday‬

ယူကရိန်းဝန်ကြီးချုပ် နုတ်ထွက်မှုကြောင့် MH-17 စစ်ဆေးမှု ရှုပ်ထွေးစေနိုင်


 
ယူကရိန်းဝန်ကြီးချုပ်သည် ၄င်း၏ အာဏာပိုင်ညွန့်ပေါင်း အဖွဲ့ပြိုလဲပြီးနောက် ကြာသပတေးနေ့ တွင် ရာထူးမှ နုတ်ထွက်လိုက်ရာ ယူကရိန်း၏ နိုင်ငံရေး အခြေအနေများ သောင်မတင်ရေမကျ ဖြစ်ပွားနိုင်သည်။

နိုင်ငံအရှေ့ပိုင်းရှိသူပုန်များကို နှိမ်နှင်းရန် ရုန်းကန်နေရစဉ် ယခုဖြစ်ရပ်က မလေးရှားလေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးရာတွင် ရှုပ်ထွေးမှုများဖြစ်စေနိုင်သည်။

အဏာရညွန့်ပေါင်းပြိုလဲခြင်းကြောင့် ရက်ပေါင်း ၃၀ အတွင်း သမ္မတ ပီထရိ ပိုရိုရှင်ကို က ရွေးကောက်ပွဲများ ခေါ်ယူရမည့် အခြေအနေ သို့ ရောက်ရှိစေခဲ့သည်။

AFP

လာမည့်အစိုးရသစ်လက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် သင့်မသင့်


လာမည့်အစိုးရသစ်လက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် သင့်မသင့် နှစ်ဦးနှစ်ဖက် ဆွေးနွေးနေေ ကြာင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ပြော
=====================================================
ရန်ကုန်၊ ဇူလိုင် ၂၄- ရပ်နားထား သည့် မြစ်ဆုံ စီမံကိန်း ကိုလာမည့် အစိုးရသစ်လက်ထက်တွင် ဆက် လက်လုပ်ဆောင်ရန် သင့်မသင့်နှစ် နိုင်ငံဆွေးနွေးလျက်ရှိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကြီး Mr.Yang Hou Lan ကပြော ကြား သည်။
ဇူလိုင်၂၄ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံ အမတ်ကြီးနှင့် မီဒီယာများတွေ့ဆုံ ပွဲတွင် သတင်းမီဒီယာများ ၏ မေးမြန်း ချက်ကို ယင်းကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။
Mr.Yang Hou Lan က''နှစ်ဦး နှစ်ဖက်ဆွေးနွေးနေပါတယ်။ ဆက် လုပ်ဖို့မလုပ်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့စီစဉ်နေပါတယ်'' ဟုသတင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အဆိုပါမြစ်ဆုံစီမံကိန်းကို နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်လက်ထက် တွင် မပြုလုပ်ဘဲ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး စာအမှတ် ၁၅၁ (၂)/၈/၃ဖြင့် လွှတ် တော်သို့ ၂၀၁၁ခုနှစ် စက်တင်ဘာ ၂၉ရက်တွင် အချက် ၁ဝချက်ပါ သဝဏ်လွှာပေး ပို့ကာ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
TNO
‪#‎Democracytoday‬

Vintage Luxury Yacht Hotel ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနက အဆိုပါဟိုတယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြင်းထန်စွာသတိပေး


၂၅ ဇူလိုင်၊ နေပြည်တော်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ်အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။
အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။ စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင်စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေ၊အလေးအမြတ်ပေးသော အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီးတစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။
၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်းရန် ပြင်းထန်စွာ သတိပေးခဲ့ပါသည်။ Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သော ၀န်ဆောင်မှုများ ကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာ ရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ်အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေး ထားရှိပါသည်။
Ref : Tourism Myanmar

ကာ/ချုပ်ညွှန်ကြားမှုနှင့် ဦးပိုင်က ကျပ်သိန်း ၁၇၀ တန်ဖိုးရှိ အားကစားပစ္စည်းများ တပ်မတော်ကိုလှူ


ရန်ကုန်၊ ဇူလိုင် ၂၄
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ညွန်ကြား မှုဖြင့် မြန်မာ့တပ်မတော် အားကစား တိုးတက်စေရန် ဦးပိုင်ကုမ္ပဏီက တန်ဖိုး ငွေကျပ်သိန်း ၁၇၀ ခန့်တန်ဖိုးရှိ ဂျူဒို ဝတ်စုံများ၊ ဂျူဒိုမြက်ဖျာများနှင့် တိုက်ကွမ်ဒိုဝတ်စုံများကို လှူဒါန်းပေးခဲ့ ကြောင်း စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောကြားသည်။
"တပ်မတော် အားကစား အထောက်အကူပြုပစ္စည်းတွေက မကောင်းတော့ဘူး၊ ဘဏ္ဍာနှစ် မှာလည်း မတောင်းထားလို့ ဦးပိုင်ကို လှူဖို့ ကာ/ချုပ်က ညွန်ကြားတာပါ" ဟု ၄င်းကဆိုသည်။
တိုက်ခိုက်ရေး ဗထူးကျောင်းသို့ တိုက်ကွမ်ဒိုဝတ်စုံ ၂၆စုံ၊ တပ်မတော် ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံသို့ တိုက်ကွမ်ဒိုဝတ်စုံ အစုံ ၅၀ နဲ့ ဂျူဒိုဝတ်စုံ ၅၀၊ တပ်မတော် ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ ဂျူဒိုမြက်ဖျာ ၅၀၊ ရတသ ၁ ကို တိုက်ကွမ်ဒိုဝတ်စုံ ၆၀၊ ဂျူဒိုဝတ်စုံ ၆၀ နှင့် ဂျူဒိုမြက်ဖျာ ၈၈ ချပ် တို့ကို ဝယ်ယူ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
တပ်မတော်သားများ အတွက် အားကစားမှာ လိုအပ်ပြီး တိုက်ကွမ်ဒို၊ ဂျူဒို၊ ကရာတေးဒိုနှင့် မြန်မာသိုင်းစသည့် အားကစားများမှာ တပ်မတော်သားများ အတွက် အလွန်လိုက်ဖက်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ တပ်ဖွဲ့စိတ်ဓာတ်များ ရရှိစေမည် ဖြစ်သည့်အတွက် တပ်မတော်သား အားကစား သမားများပေါ် ထွက်လာရေး စွမ်းဆောင်သွားမည်ဟု တပ်မတော် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦးက ဆိုသည်။
တပ်မတော်က အားကစား အခန်းကဏ္ဍ တိုးတက်ရေးအတွက် ရုရှားတပ်မတော် နည်းပြများကို ငှားရမ်းထားပြီး လက်ဝှေ့၊ ဘောလုံး၊ သေနတ်ပစ် အားကစားနည်းပြများကို ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ၄င်းထံမှ သိရှိရသည်။

[ Voice of the Day ]


အမှန်တကယ်တော့ စာနယ်ဇင်းကောင်စီ ဆိုတာ နိုင်ငံတော်သမ္မတက တရားဝင် ကြေညာချက် အမိန့်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး စာနယ်ဇင်းကောင်စီရဲ့ သဘောထား ဆန္ဒတွေကို အုပ်ချုပ်ရေးအပိုင်းက လေးစားအသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းကောင်စီကို ဒီမိုကရေစီ နိုင်ငံတစ်ခုရဲ့ ပြယုဂ်အဖြစ် ဟန်ဆောင် ဖွဲ့ပေးခဲ့တာ ဖြစ်ပြီး စာနယ်ဇင်းသမားတွေရဲ့ ကိုယ်စား ဆောင်ရွက်မှုတွေကို မလေးစားဘူးဆိုရင် စာနယ်ဇင်းကောင်စီ တည်ရှိနေမှုဟာ အဓိပ္ပာယ် မဲ့သွားမှာ ဖြစ်ပါတယ်။ မီဒီယာ လောကသားတွေရဲ့ ယုံကြည်ကိုးစားခြင်းကိုလည်း စာနယ်ဇင်းကောင်စီက တစ်ပြိုင်တည်း လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ လက်ရှိအနေကတော့ မပဋာဇာတ်လမ်း ဆိုက်နေပါတယ်။ ဒီအခြေအနေကို အပြောင်းအလဲ မလုပ်နိုင်ရင် စာနယ်ဇင်းကောင်စီကို ဖျက်သိမ်းလိုက်ခြင်းကသာလျှင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ တုံ့ပြန်မှုတွေဟာ မီဒီယာ ကျဆုံးခန်းကို ဦးတည်နေစေလို့ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ထုတ် TOMORROW ဂျာနယ်ပါ
ဆောင်းပါးရှင် ဇော်သက်ထွေး၏ ”မီဒီယာကျဆုံးခြင်း” ဆောင်းပါးမှ ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

ဆေးကောင်စီကို လွတ်လပ်ခွင့် ပေးပါ


သူ့အတွေး သူ့အမြင်
ဆေးကောင်စီကို လွတ်လပ်ခွင့် ပေးပါ
ဒေါက်တာမြင့်ဦး (ဂျီပီ)

အစိုးရကို တာဝန်ခံပြီ ဆိုကတည်းက ဘယ်လိုလုပ် လွတ်လပ်တော့ မှာပါလဲ။ အစိုးရ အကြိုက်ကိုပဲ လုပ်ဆောင်ပေးရဖို့ ရှိနေပါတယ်။ ဆေးလောကကို ဦးဆောင် ဦးရွက်ပြုတဲ့ အဖွဲ့အစည်း တခုဟာ Medical Professionalism ကျင့်စဉ်အရ၊ ဆေးလောက သားတွေ အားလုံးနဲ့ လူနာတွေ အပေါ်မှာပဲ တာဝန်ခံဖို့ လိုအပ်ပါတယ်။



အပြည့်အစုံဖတ်ရန် - http://burma.irrawaddy.org/opinion/viewpoint/2014/07/25/62361.html

 
 

အသည်းကျောက်တည်တာမဖြစ်အောင် ကာကွယ်နိုင်ဖို့


လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာခံစားရလေ့ရှိပြီး အဲဒီလိုကျောက်မတည်ဖို့အတွက် အရည်များများသောက်ပေးဖို့လို အပ်ပြီး သန့်စင်တဲ့ရေများများ သောက်ပေးတာကတော့ အကောင်းဆုံးပါပဲ။

အပြည့်အစုံဖတ်ရန် -  http://www.7daydaily.com/story/16684

 

မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်းများတွင်ကျယ်လာခြင်းနှင့်အတူဘဏ်စနစ်သစ်များလည်း


မြန်မာနိုင်ငံတွင်ဘဏ်လုပ်ငန်းများတွင်ကျယ်လာခြင်းနှင့်အတူဘဏ်စနစ်သစ်များလည်းအများအပြားမိတ်ဆက်လာရာတွင် CB Bank ဘဏ်လုပ်ငန်းစုမှ EASI Mobile Agent Banking အမည်ရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတစ်ခုကို
(25.7.2014)ရက်နေ့ကစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ယခုမိတ်ဆက်လိုက်သော EASI Mobile Agent Banking နှင့်ပတ်သတ်၍ CB BANK မှအမှုဆောင်ဒု-ဥက္ကဌ ဦးကျော်လွင်က"Agent Banking ကိုအဓိကအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီးမိတ်ဆက်ခဲ့တာပါ။ဒီ Agent Banking ဝန်ဆောင်မှုကို မိမိရဲ့လက်ကိုင်ဖုန်းလေးကနေ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပျက်ကွက်စရာမလိုဘဲ ငွေကြေးစီးဆင်းမှုများကို စီမံခန့်ခွဲနိုင်ရုံသာမက ငွေလွှဲပြောင်းမှုများကို လွယ်ကူ၊လျင်မြန်၊လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီစနစ်ကိုလည်းမည်သည့်ဖုန်းအမျိုးအစားနဲ့မဆိုလွယ်ကူလျင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်"ဟုပြောသည်။
EASI Mobile Agent Banking ဖြင့်နေ့စဉ် ငွေလွှဲပို့ခြင်းနှင့် လွှဲပို့ငွေများထုတ်ယူခြင်းကို နီးစပ်ရာ CB Bank ဘဏ်ခွဲများတွင်သာမက နီးစပ်ရာ CB Bank ဧ။် Agent များထံတွင် လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်မည်ဖြစ်ပြီး Internet ဖြင့်သာမက USSD,SMS များဖြင့်ပါ အသုံပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
မြတ်ထွဋ်ကျော်
 

Friday, July 25, 2014

“ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား”


အင်တာဗျူး
“ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား”
ဧရာဝတီ

လွှတ်တော်အမတ်တွေကို ဘာ့ကြောင့် သိမ်သိမ်ငယ်ငယ် ထားသလဲလို့။ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ ကဏ္ဍကို မြှင့်ချင်လို့လား။ ဥပဒေပြုမှု မဏ္ဍိုင်ကို တမင်ကို သိမ်ငယ်အောင် ထားတာလား


အပြည့်အစုံဖတ်ရန် -  http://burma.irrawaddy.org/interview/2014/07/25/62325.html

09 99 ဖြင့် စသည့် Ooredoo ဆင်းကတ်များကို ဖုန်းအရောင်းဆိုင်များတွင် စမ်းသပ်သုံးစွဲမှုများစတင်



09 99 ဖြင့် စသည့် Ooredoo ဆင်းကတ်များကို ဖုန်းအရောင်းဆိုင်များတွင် စမ်းသပ်သုံးစွဲမှုများစတင်

အပြည့်အစုံကြည့်ရန် -  http://youtu.be/dBkr1rk_s4s

Thursday, July 24, 2014

လယ်မြေသိမ်းခံနေရတဲ့ပြဿနာတွေ ၈၈မျိုးဆက် ဘာပြောလဲ (TV Report)



ပင်လောင်း၊ ကန့်ဘလူ၊ ထားဝယ်ဒေသက လယ်ယာမြေသိမ်းယူခံရသူတွေ၊ ထွန်တုံးတိုက်ပွဲနဲ့ အာဏာပိုင်တွေကြား ပြဿနာတက်နေသူတွေက ရန်ကုန်မြို့ ၈၈မျိုးဆက်ရုံးမှာ ဇူလိုင် ၂၄ရက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် - http://www.kamayutmedia.com/2014/07/24/farmers-who-lost-their-lands/

အိမ်ဖော်ကလေးငယ်ကို ညှဉ်းပမ်းနှိပ်စက်မှုဖြင့် စွပ်စွဲခံရသူ လင်မယား တိမ်းရှောင်နေ (TV Report)


အသက် ၁၄နှစ်အရွယ် အိမ်ဖော် ကရင်တိုင်းရင်းသူတစ်ယောက်ကို ပိတ်လှောင်ထားပြီး ညှဉ်းပမ်းနှိပ်စက်ခဲ့တဲ့အမှုနဲ့ ကိုယ့်မင်းကိုယ်ချင်းလမ်းထဲက အိမ်ရှင်လင်မယား ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဗဟန်းရဲစခန်းက ဇူလိုင် ၂၄မှာ အတည်ပြုလိုက်ပါတယ်။

အပြည့်အစုံကို အောက်ပါလင့်ခ်အတိုင်း နှိပ်ပါ။

http://www.kamayutmedia.com/2014/07/24/couple-hiding-after-police-files-the-case/ 

စစ်ဖိနပ်အောက်က မြန်မာလူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားမှု တကယ်ပဲရှိရဲ့လား (TV Report)


စစ်ဖိနပ်အောက်မှာ နှစ်အတန်ကြာ နေထိုင်ခဲ့ရတဲ့ မြန်မာလူငယ်တွေ တံခါးတွေပွင့်လာချိန်မှာ နိုင်ငံရေးကို စိတ်ပါဝင်စားကြလာပြီလား။ လူငယ်တွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲမှာ ရှေ့တန်းက ပါဝင်ဖို့ အဆင်သင့်ရှိနေကြရဲ့လား။
အပြည့်အစုံကို အောက်ပါလင့်အတိုင်းနှိပ်ပါ။
http://www.kamayutmedia.com/2014/07/24/young-generations-increase-their-political/ 

“အခုဘဏ္ဍာနှစ် အတွက်ကတော့ ဘယ်လောက်ရနေမှန်း မသိသေးဘူး။


“အခုဘဏ္ဍာနှစ် အတွက်ကတော့ ဘယ်လောက်ရနေမှန်း မသိသေးဘူး။ ကြိုတင်ခွန် ဆောင်တဲ့ကာလပဲ ရှိသေးလို့ပါ။ ဒီနှစ်ကတော့ မနှစ်ကထက် ပိုရမှာပါ”

အပြည့်အစုံဖတ်ရန် -  http://thevoicemyanmar.com/index.php/news/item/1431-cgr

PR စနစ်နဲ့ မြန်မာ့ရှေ့ရေး စာရေးဆရာဦးကျော်ဝင်းနဲ့ မေးမြန်းချက်



အငြင်းပွားစရာဖြစ်လာတဲ့ PR အချိုးကျကိုယ်စားပြုစနစ် အပါအ၀င် မြန်မာ့နိုင်ငံရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးစာပေတွေရေးသားနေတဲ့ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန် - https://soundcloud.com/burmeserfa/thxu0ptyjk0j

၆၅ ပြားမှ ပြား ၄၀ ဒီမိုကရေစီသို့



၂၅ ဇူလိုင် ၂၀၁၄ တွင်ထုတ်ဝေမည့် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၆၅ ပြားမှ ပြား ၄၀ ဒီမိုကရေစီသို့
=================
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရရှိနေသည့် ဒီမိုကရေစီစနစ်မှာ ၆၅ ပြား ဒီမိုကရေစီစနစ်ဟုဆိုရမည်ဖြစ်သည်။ လွှတ်တော်ထဲတွင် ၇၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်ပမာဏသည်သာ ရွေးကောက်တင်မြှောက်ထားသော အမတ်ပမာဏဖြစ်သည်။ အကြောင်းကြောင်းကြောင့် လစ်လပ်နေသော မဲဆန္ဒနယ်များရှိနေခဲ့လျှင် ၇၅ ရာခိုင်နှုန်းထက်လည်း လျော့နည်းနိုင်ခြေရှိသည်။ ထို့ကြောင့် အမှန်တကယ်ရွေးကောက်တင်မြှောက်ခံထားရသော လွှတ်တော်အမတ်အရေအတွက်မှာ ၇၀ မှ ၇၅ ရာခိုင်နှုန်းခန့်သာရှိသည်။ ယခုလွှတ်တော်တွင်ဆိုလျှင် ရွေးကောက်ခံကိုယ်စားလှယ်ပမာဏ ၇၂ ရာခိုင်နှုန်းသာရှိသည်။ လွှတ်တော်အမတ်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကနေရာယူထားသည်။ ဒုတိယသမ္မတသုံးဦးရွေးချယ်ရာတွင် စစ်တပ်မှတစ်ယောက်ကို ရွေးချယ်ရသည့်အတွက် နဂိုရှိသည့်ပမာဏမှာ ၆၇ ရာခိုင်နှုန်းသာ ရွေးကောက်ခံအဖြစ်ကျန်ရှိသည်။ မြန်မာနိုင်ငံ၏ အဆင့်အမြင့်ဆုံးနှင့် အာဏာအရှိဆုံး လုံခြုံရေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၁၁ ဦးတွင် ခြောက်ဦးကို ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်သည်။ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကရွေးချယ်ပိုင်ခွင့်မရှိသည့်အပြင် အရေးပါသည့်ဝန်ကြီးဌာနသုံးခုမှ ၀န်ကြီးများကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ပိုင်ခွင့်ရှိနေသည်။ တရားစီရင်ရေးမဏ္ဍိုင်တွင် တပ်မတော်က သီးခြားစီရင်လျက်ရှိသည်။ နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းပိုက်ခွင့်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသည်။ ထိုကဲ့သို့ ဒီမိုကရေစီမျိုးမှာ ၆၅ ပြားဒီမိုကရေစီဟု ပြည်သူများကြားတွင် နာမည်ကျော်ခဲ့သည့် ဒီမိုကရေစီမျိုးသာဖြစ်သည်။
မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်မှာ နဂိုကတည်းကပင် ၆၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ပီအာစနစ်ကိုအစားထိုးဖို့ ကြိုးပမ်းနေသောအခါ ၆၅ ရာခိုင်နှုန်းပင် မရရှိနိုင်တော့သည့်အခြေအနေသို့ရောက်ရှိနေပြီး ပြည်သူလူထု၏ရွေးချယ်နိုင်ခွင့်မှာ ၄၀ ရာခိုင်နှုန်းထိ ကျဆင်းသွားရတော့မည်ဖြစ်သည်။ ထိုပုံစံအတိုင်းသာဆိုလျှင် ပြည်သူလူထုက ၎င်းတို့နှစ်သက်သည့်သူကို ရွေးချယ်နိုင်ခွင့်ရှိသည့်ပမာဏမှာ ၄၀ ရာခိုင်နှုန်းသာရှိတော့သည်။ ထိုမျှနည်းပါးသောပမာဏမှာ မည်ကဲ့သို့စွမ်းဆောင်နိုင်တော့မည်နည်း။ ပြည်သူလူထုကို မည်ကဲ့သို့ကိုယ်စားပြုကြမည်နည်း။ အခုလက်ရှိအချိန်၌ပင် လွှတ်တော်ထဲ၌ရှိနေသည့် ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်အရေအတွက်သည် ကိုယ်စားပြုစရာ မဲဆန္ဒနယ်မရှိ၊ သူတို့မဲဆန္ဒနယ်များအတွက် တင်ပြစရာမရှိ အကျည်းတန်လွန်းလှသည်။ ဒီမိုကရေစီစနစ်တိုင်းတွင် လွှတ်တော်၌ရောက်ရှိနေသည့် ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့ကိုယ်စားပြုသည့် မဲဆန္ဒနယ်နှင့် မဲဆန္ဒရှင်များရှိရစမြဲပင်ဖြစ်သည်။
ထိုသို့ မဲဆန္ဒနယ်ပင်မရှိသည့် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင်ရှိနေရာမှ ယခုလို ပီအာစနစ်ကို ထပ်မံအသက်သွင်းရန်ကြိုးပမ်းသောအခါ ပြည်သူရွေးချယ်သည့် နောက်ထပ် ၂၅ ရာခိုင်နှုန်းပမာဏ လွှတ်တော်ထဲတွင် ထပ်မံပျောက်ဆုံးဖွယ်ရှိနေသည်။ ထိုအတိုင်းဆိုပါက ၅၀ ရာခိုင်နှုန်းသာ မဲဆန္ဒနယ်ရှိလာမည့်အနေအထားဖြစ်သည်။ ထိုကဲ့သို့ ဒီမိုကရေစီမျိုးကို ပြား ၄၀ ဒီမိုကရေစီဟုသာခေါ်ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှမထွက်မချင်း ပီအာစနစ်ကို အစားထိုးအသုံးပြုခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကိုအရေခြုံထားသော အရေခြုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။
ပီအာစနစ်သည် ၁။ ဒီမိုကရေစီရင့်ကျက်လာသောအချိန်တွင်သာ အသုံးပြုသင့်သောစနစ်တစ်မျိုးဖြစ်သည် ၂။ စစ်တပ်က နိုင်ငံရေးနယ်ပယ်ထဲမှ ထွက်ခွာသွားသောအချိန်ကျမှသာ အသုံးပြုခြင်းသည် သဘာဝကျမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင်သာ ပီအာစနစ်ကိုအသုံးပြုခဲ့ပါက မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်မှာ ပြား ၄၀ ဒီမိုကရေစီစနစ်၊ အရေခြုံထားသော ဒီမိုကရေစီစနစ်သာဖြစ်မည့်အပြင် အာဏာရှင်ဒီမိုကရေစီနိုင်ငံတစ်ခုသို့ဦးတည်ရန် ခြေလှမ်းပြင်သကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး တပ်မတော်အား မူလနေရာသို့ ပြန်လည်မရောက်မချင်း ဒီမိုကရေစီအခွင့်အရေးများကို ထပ်မံပိတ်ပင်လိုက်သော ပီအာစနစ်ကိုကျင့်သုံးရန် လုံးဝသင့်တော်လိမ့်မည်မဟုတ်ကြောင်း The Daily Eleven က အလေးအနက် တိုက်တွန်းရေးသားအပ်ပါသည်။