– စည်သူမြသန်း
“လွတ်လပ်ခွင့်”ဟူသော ဟိတ်လုံးဟန်လုံးအောက်တွင်
တစ်ဖက်မှ ပြည်သူလူထုအား ဆင်းရဲမွဲတေမှုဖြင့် ထောင်းထုနေပြီး တစ်ဖက်မှ
အလျှံပယ်ဇိမ်ခံယစ်မူးနေသည့် လက်တစ်ဆုပ် မျှသော အရင်းရှင် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(နိဒါန်း)
... လူ့အဆောက်အအုံဟောင်းနှင့် အင်အားစုဟောင်းကို ဆန့်ကျင် တိုက်ခိုက်ရာမှာ
… ခိုင်မာပြတ်သားဖို့လို သည်။ ခံနိုင်ရည် ရှိဖို့လိုသည်။
ခွန်အားစိုက်ဖို့လိုသည်။…. ထက်သန်ခိုင်မာမှုမရှိဘဲ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု
လုပ်ငန်းမှာ အောင်မြင်မှုရနိုင်လိမ့်မည် မဟုတ်။
… အဘယ်ကြောင့်ဆိုသော် ..
ဖောက်ပြန်သော အင်အားစုသည် လည်းကောင်း…ဖောက်ပြန်သော အယူအဆသည် လည်းကောင်း
…သမိုင်း ဇာတ်ခုံပေါ်မှ သူ့ဘာသာဆင်း သက်သွားမည် မဟုတ်သောကြောင့်။
သင်တို့ရိုက်ခွဲသည့်အတွက် ငါ၏ဦး ခေါင်း မှာ သွေးချင်းချင်းနီလျက်ရှိ၏။
အစိတ်စိတ်အမြွှာမြွှာ ကွဲလျက်ရှိ၏။
ငါ့မှာ သွေးသံရဲရဲရှိနေသော်လည်း
ငါသည် ဘယ်သောအခါမျှ ဦးမညွတ်။
(ဂျူးလိယက်ဖူးချစ်)
အဓမ္မ၀ါဒီသည် အမှန်တရားအား အတိအလင်းရန်ပြု တိုက်ခိုက်ခြင်းကို
အစဉ်မပြတ်ပြုလုပ်လျက်ရှိ၏။ ယင်းနှယ် အမှန် တရားအား ချေမှုန်းဖျက်ဆီးရန်
တိုက်ခိုက်နေခြင်းကို ခုခံတားဆီးရန် ပျက်ကွက်သော စာရေးဆရာသည် သူ၏အနုပညာကို
ပထမဆုံး ယစ်ပူဇော်လိုက်ရမည်။ အဓမ္မဖက်ဆစ်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော
ဂျူးလိ ယက်ဖူးချစ် ကဲ့သို့သော မျိုးချစ်စာ ရေးဆရာ၏လက်ရာသည် ကမ္ဘာ့စာပေတွင်
ထွန်းပြောင်ကျန်ရစ်၏။…
ဂျူးလီးယက်ဖူးချစ်သည် သူ၏အနုပညာကို ဖက်ဆစ်
ယစ်ပလ္လင်တွင် ပူဇော်ခြင်းမပြုဘဲ သူ့အနုပညာတံခွန်ကို ရဲဝံ့စွာ လွှင့်ထူရင်း
သူ၏အသက်ကိုသာလျှင် စွန့်လွှတ်သွားခဲ့၏။
ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာနှင့် မင်းသားကြီးချာလီချက်ပလင်သည် အရင်းရှင်
စနစ်အောက်မှာ တရားမျှတမှု ကင်းမဲ့ပုံနှင့် အဆင်မပြေမှုများကို
သရော်ခဲ့သောကြောင့် သူ၏ ရုပ်ရှင်ကားများမှာ ထူးထူးခြားခြား လူကြိုက်
များခဲ့၏။
ဖောက်ပြန်သော အမေရိကန် အရင်းရှင်များသည် လူနေမှုစနစ်၏
လက်တွေ့အတွင်းမှ အမှန်တရားများကို တစ်စိတ် တစ်ဒေသဖော်ထုတ်တင်ပြနိုင်ခဲ့သော
ချာလီချက်ပလင်အား အမေရိကန်ပြည်ထောင်စုမှ “နှင်” ထုတ်ပစ်ခဲ့၏။
ရုရှားစာရေးဆရာကြီး မက္ကဇင်ဂေါ်ကီသည် ၁၉၃၆ခုနှစ် ဇွန်လ ၁၈ရက်နေ့တွင်
ကွယ်လွန်ခဲ့သည်။ သူကွယ်လွန် သောနေ့တွင် ထိုစဉ်က ဆိုဗီယက်ယူနီယံအစိုးရ
ကွန်မြူနစ်ပါတီ အလုပ်သမားသမဂ္ဂစသည့် အဖွဲ့အစည်းများ နှင့် ပြည်သူတစ်ရပ်လုံးက
သူ၏မော်ကွန်းနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ပြု လုပ်ကျင်းပခဲ့ကြ၏။
မော်စကို မြို့တော်၏ အလှအပဆုံးလမ်းမကြီးကို ဂေါ်ကီလမ်းဟုမှည့်ခေါ်ကာ သူ၏ကျောက်ရုပ်ကြီးကို ထိုလမ်း မကြီးပေါ်တွင် ထုလုပ်ထားကြ၏။
လက်တစ်ဖက်က လက်ကိုင်တုတ်ကို ကိုင်ပြီးထောက်လျက် အခြားလက်တစ် ဖက်က
ဦးထုပ်ကို ကိုင်လျက် …သူ၏ တည် ငြိမ်နက်နဲသော မျက်နှာသည်လည်း ကောင်း၊
သူ၏အမည်ကို မှည့်ခေါ်ထား သော သိုက်မြိုက် လှသည့် အလှအပဆုံး သော
ဂေါ်ကီလမ်းမကြီးကို မျှော်ကြည့်နေ သည့်သူ၏ ကျောက်ရုပ်ကြီးသည်လည်း ကောင်း
ခန့်ညားထည်ဝါကျက်သရေ မင်္ဂလာရှိလှသည်။
ကျောက်ရုပ်၏
ပလ္လင်ကျောက်ပြားပေါ်တွင် ရေးထိုးထားသော ကမ္ပည်းအက္ခရာမှာကား ထူးကဲသော စာရေး
ဆရာကြီး မက္ကဇင် ဂေါ်ကီသို့ ဆိုဗီယက်ယူနီယံအစိုးရမှ ဇွန် လ ၁၀ ရက် ၁၉၅၁ ဟူ၍
ဖြစ်သည်။
ဂေါ်ကီသည် လူလူချင်း ခြယ်လှယ်သည့် စနစ်ဆိုးကို
ခါးခါးသီးသီးမုန်းတီး ရွံရှာ၏။ ဂေါ်ကီလောက် ထက်မြက် စွာ၊ နက်နဲစွာ
ခွန်အားကြီးမားစွာ အရင်းရှင်စနစ်၏ ပုပ်သိုးမှုအားဖွင့်ချနိုင်သော စာရေး
ဆရာ….ထိုစဉ်က မရှိခဲ့။
ဂေါ်ကီ၏ စိတ်ဓာတ်တစ်ခုလုံးသည် လွတ်လပ်သော
လူ့အခွင့်အရေးများကို တိုက်ခိုက်ရာမှာ လုံးလုံးဝင်စား လျက်ရှိသည်ဟု ထိုစဉ်က
ရုရှားစာရေးဆရာတီ ကိုနော့်ဗ်က ပြောခဲ့၏။
“လွတ်လပ်ခွင့်”ဟူသော
ဟိတ်လုံး ဟန်လုံးအောက်တွင် တစ်ဖက်မှ ပြည်သူ လူထုအား ဆင်းရဲမွဲတေမှုဖြင့်
ထောင်းထု နေပြီး တစ်ဖက်မှ အလျှံပယ်ဇိမ်ခံယစ်မူး နေသည့် လက်တစ်ဆုပ်မျှသော
အရင်းရှင် တို့၏ အသွင်ကို ဂေါ်ကီဖော်ထုတ်ခဲ့၏။
“လွတ်လပ်ခွင့်”ဟူသော
ကြွားလုံးဖြင့် လိမ်ညာနေသည့် အမေရိကန်နယ်ချဲ့သမား၏ မျက်နှာစာနောက် ကွယ်ရှိ
ကြောက် ဖက်ဖွယ်ရာ ကြမ်းကြုတ်သည့် နယ်ချဲ့လက္ခဏာအခြင်းအရာကို
ဂေါ်ကီဖွင့်ချခဲ့၏။ စာရေးဆရာတို့ သည် ပြည်သူလူထုနှင့်ထိတွေ့မှုကို မလျော့မပါး
မပျက်ကွက်စေမှသာလျှင် တိုးတက်ခေတ်မီသော အသိကို ရရှိနိုင်မည်ဟု
ဂေါ်ကီကသင်ကြားခဲ့သည်။
နိုင်ငံအားလုံးမှ စာရေးဆရာတို့သည်
မိသားစုကြီးသဖွယ် တန်းတူညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
တန်ဖိုးရှိသော ဖန်တီးတီထွင်မှု မိတ်ဆွေအဖြစ်ကို တည် ဆောက်ရန်လည်း
ဂေါ်ကီတိုက်တွန်းခဲ့သည်။
ယနေ့ အာရှ၊ အာဖရိက၊ စာရေး ဆရာတို့ စည်းလုံးလာခြင်းမှာ ဂေါ်ကီ၏ ဆန္ဒကို ဖြည့်စွမ်းလိုက်သလိုရှိ၏။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ် စာရေးဆရာကြီး လူရွှန်းကွယ်လွန်သည့် နှစ်
၃၀ မြောက်အထိမ်း အမှတ် အခမ်းအနားကို ယခင် ပီကင်း ယခုဘေဂျင်းမြို့တော်
နှင့်တရုတ်ပြည်တစ်ဝန်းတွင် စည်ကားသိုက် မြိုက်စွာ နောက်ဆုံးကျင်းပခဲ့သည်မှာ
၁၉၆၆ ခုနှစ် အောက်တိုဘာလ ၃၁ရက်။
ဆိုရလျှင် စာရေးဆရာကြီး လူရွှန်း၏
ဘ၀သည် တရုတ်ပြည်ထွင်းဖောက်ပြန်ရေး သမားများ နိုင်ငံခြား ကျူး
ကျော်ရေးသမားများကို မစေ့စပ်စတမ်း တိုက်ခိုက်သော ဘ၀ဖြစ်သည်။ လူရွှန်းသည်
အမှားနှင့်အမှန် ကို ပြတ်ပြတ်သားသားမခွဲခြားဘဲ ဗလုံး ဗထွေးလုပ်လေ့ရှိသော
အယူအဆသဘော ထားမျိုးကို ကြိမ်ဖန်များစွာ သူ့စာပေတွင် တိုက်ခိုက်ခဲ့သည်။
သူ့အယူအဆသည်ကား
မိမိတို့သည် အယူအဆခိုင်မာပြတ် သားရမည်။
အမှားနှင့်အမှန်မှာ အမှန်ဘက်ကို လိုက်ရမည်။ တစ်စုံတစ်ရာကို
မကြိုက်လျှင်မကြိုက်ကြောင်း ပြောရဲပြီး ကြိုက် လျှင် ကြိုက်ကြောင်းပြောကာ
ပြတ်သား စွာရပ်တည်ရမည်ဆိုသော အယူအဆ။
လူလည်လုပ်ပြီး
အမှားနှင့်အမှန်ကို ရောထွေးပစ်သူများ ကိုယ့်ကိုယ်ကိုယ် လူ
ကြီးလူလည်လုပ်ပြီး မှန်ရာ လုပ် သယောင် ပြုကာ စနစ်ဟောင်းဘက်မှ ရပ်နေသော
အရေခြုံများကို လူရွှန်းအမုန်းတီးဆုံးဖြစ်၏။
ယဉ်ကျေးမှုနယ်ပယ်မှ လူကြီးလူကျယ် ဆိုသူများ၏ ရုပ်ပုံကားချပ်ကို လူရွှန်းရေး သားဖော်ပြသည်မှာ
… သူတို့ဟာ ခွေးသတ္တ၀ါတွေ ဖြစ်ပေမယ့် ကြောင်နဲ့တူသယောင်ဆောင်နေ ကြတယ်။
သူတို့ကိုယ်သူတို့ တရားမျှတမှုအတွက် ပြုနေသူတွေ၊ သင့်မြတ်အောင် ဖျန်ဖြေနေသူတွေ အမှန်ကို လုပ်နေ သူတွေ အဖြစ် အယောင်ဆောင်နေကြတယ်။
သူတို့ရဲ့ တကယ့်စိတ်အသွင်နဲ့သူတို့ရဲ့ စိတ်နေ စိတ်ထားဟာ တကယ်ယုတ်ညံ့ သိမ်ဖျင်းတယ်။
““တရုတ်စာပေလောကမှ မကောင်း ဆိုးဝါးသရဲတစ္ဆေများ””အမည်ရှိ သူ၏ ဆောင်းပါးမှာ လူရွှန်းက
… လက်ဝဲလည်း မဟုတ်၊ လက်ယာလည်း မဟုတ်၊ မိမိတို့သည် လက်ဝဲ လက်ယာသမားတို့ထက်
ပိုမိုမှန်ကန် မြင့် မားသော နေရာက ရပ်တည်နေသည်ဟု ဆိုသူများအား မညှာမတာ
ဖော်ထုတ်ဖွင့် လှစ်ခဲ့၏။
လူရွှန်းကပြော၏ …
…လူ့အဆောက်အအုံဟောင်းနှင့် အင်အားစုအဟောင်း၊ စနစ်အဟောင်းကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ခိုင်မာ ပြတ်သား ဖို့လိုသည်။
ထက်သန်ခိုင်မာမှုမရှိဘဲ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုလုပ်ငန်းမှာ
အောင်မြင်မှုရနိုင်လိမ့်မည်မဟုတ်။ အဘယ် ကြောင့်ဆိုသော် စနစ်ဟောင်းဘက်မှ
ရပ်ကာ အရေခြုံထားသော ဖောက်ပြန်သော အင်အား စုသည်လည်း ကောင်း၊ ဖောက်ပြန်သော
အယူအဆသည်လည်းကောင်း သမိုင်းဇာတ်ခုံပေါ်မှ သူ့ဘာသာဆင်းသက် သွားမည်
မဟုတ်သောကြောင့်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မျိုးချစ်စာဆိုတော်ကြီးဟူသော ၀ိသေသထူးကို ရရှိခဲ့၏။
ယင်းမှာ ဘွဲ့နှင်းသဘင်တစ်ခုမှ ဆရာကြီးအား အပ်နှင်းသော ဘွဲ့ထူးလည်း မဟုတ်။
အစိုးရတစ်ဖွဲ့မှ ဆရာကြီးအားချီး မြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့လည်းမဟုတ်။
ဆရာကြီး၏ စာပေအရည်အသွေးကြောင့် မျိုးချစ်စာဆိုတော်ကြီးဟု ပြည်သူတို့၏ နှလုံးသားမှာ စွဲထင်လာခြင်း။
ဆရာကြီးသည် မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန် လှုံ့ဆော်သောကဗျာ၊ စာပေအများအပြားရေးသားခဲ့၏။
နယ်ချဲ့အလိုတော်ရိများကို အမြဲမပြတ် ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
ဝေလမင်းသားကို ချီးကျူးဂုဏ်ပြုသည့် သြဘာရတုဆရာကြီး မရေး။
သူပုန်ကြီးစံဖဲက ဗြိတိသျှအာဏာပိုင်တို့ကို ပုန်ကန်သောအခါ သူပုန်ကြီးစံဖဲဘက်မှ မားမားမတ်မတ်ရပ် တည်ခဲ့သည်။
သာယာဝတီဆရာစံသူပုန်ပေါ်ပေါက် လာသောအခါ ဆရာစံ သူပုန်ဘက်မှ ရပ် တည်ကာ
““ဆရာစံအာဇာနည် ၏ သာယာဝတီဂဠုန်ဘွဲ့ခံ လေးချိုးကြီး””ကို
ဆရာကြီးရေးထုတ်ခဲ့သည်။
နယ်ချဲ့သမားနှင့်စေ့စပ်ပြီး
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို သစ္စာဖောက်သွားကြသော၊ ဓနရှင်ပေါက်စ
ပညာတတ်လူတန်းစားခေါင်းဆောင်တို့၏ သစ်္စာဖောက်မှုကို စာပေဖြင့် ဆန့်ကျင်တိုက်
ခိုက်ခဲ့မှုများ ဆရာကြီး စာပေမှာ အများအပြား။
အမျိုးသားလွတ်မြောက်ရေး
လှုပ်ရှားမှုကို တက်ကြွစွာ၊ ဆောင်ကြဉ်းလာသော သခင်ဘသောင်းအမှူးပြုသည့်
သခင်ပါတီ တို့ဗမာအစည်းအရုံးဝင်၍ ဆရာကြီးသည် သခင်ဘွဲ့ခံကာ
ထိုလှုပ်ရှားမှုတပ်ဦးတွင် (စာပေဖြင့် သာမက) ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။
ဆရာကြီးသည် လွတ်လပ်ရေးရရှိပြီး ခေတ်မှာလည်း ငြိမ်းချမ်းရေးအတွက် အားထုတ်ခဲ့၏။
ထို့ကြောင့် ဆရာကြီးသခင်ကိုယ် တော်မှိုင်းအား မျိုးချစ်စာဆိုဖခင်ကြီး
လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးဖခင်ကြီး ဟူ၍ ဘွဲ့အမည်ပေးကာ ပြည်သူတို့က
မိမိတို့၏ နှလုံးအိမ်မှာ လေးစားစွာမြှုပ်နှံ ထားကြလေသတည်း။
(နိဂုံး)
နိဂုံးအားဖြင့်
… လူ့အဆောက်အအုံဟောင်း၊ အင်အားစုအဟောင်း၊ စနစ်အဟောင်းကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ခိုင်မာပြတ် သား ဖို့လိုသည်။
… ခိုင်မာပြတ်သားမှုမရှိဘဲ လူ့အဖွဲ့အစည်း၏ ပြည်သူဗဟိုပြု လုပ်ငန်းစဉ်မှာ အောင်မြင်နိုင်လိမ့်မည်မဟုတ်။
… အဘယ်ကြောင့်ဆိုသော်။
စနစ်ဟောင်းဘက်မှရပ်ကာ အရေခြုံနေသော ဖောက်ပြန်သော အင်အားစု သည်လည်းကောင်း၊
ဖောက်ပြန် သော အယူအဆသည်လည်းကောင်း သမိုင်း ဇာတ်ခုံပေါ်မှ သူ့ဘာသာဆင်းသက်သွား
မည်မဟုတ်သော ကြောင့်…..။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment