Friday, October 10, 2014

မြန်မာလုပ်သားနှစ်ဦးအတွက် မျှတသော တရားစီရင်ရေးဖြစ်ရန်နှင့် ပြန်လွှတ်ပေးရန် ဆန္ဒပြ

ဗြိတိန်စုံတွဲအသတ်ခံရမှုဖြင့် တရားခံဟု စွပ်စွဲခံရသော မြန်မာလုပ်သားနှစ်ဦး မတရားဖမ်းဆီးခံရခြင်းကြောင့် အဆိုပါမြန်မာလုပ်သားနှစ်ဦးအား ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ယနေ့ညနေ ၄ နာရီအချိန်တွင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၁၀ ဦးသည် ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားနှစ်ဦးမတရားဖမ်းဆီးခံနေရခြင်းကြောင့် ပြန်လွှတ်ပေးရန်နှင့် တရားမျှတစွာ တရားစီရင်ပေးရန် မဟာဗန္ဓုလပန်းခြံတစ်ပတ်ပတ်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ဆူးလေစေတီတွင် အဆိုပါနှစ်ဦးပြန်လည်လွတ်မြောက်ရေး ဆုတောင်းမှုများပြုလုပ်ခဲ့သည်။

 
Credit - 7DAY DAILY

 
ဓာတ်ပုံ − ကျော်ဇင်သန်း

No comments:

Post a Comment