Saturday, November 29, 2014

မြန်မာစစ်ခေါင်းဆောင် ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ငြင်းပြီ

ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားချက် သမ္မတက ငြင်းပယ်ပြီး ၃ရက်အကြာ နိုဝင်ဘာ ၂၉ရက်နေ့မှာ မြန်မာစစ်တပ်ခေါင်းဆောင်က ၆ပွင့်ဆိုင် တွေ့ဆုံဖို့ကို ငြင်းဆိုလိုက်ပါတယ်။
ကရင့်အမျိုးသားအစည်းအရုံးနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို လက်မခံတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ KNU အဖွဲ့က မန်းငြိမ်းမောင်က ဝါရှင်တန်အခြေစိုက် RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။ ၆ပွင့်ဆိုင်ထက်စာရင် အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ဆုံမှုမျိုးကိုသာ လိုလားတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပချိန်တွင်လုံခြုံရေးပိုင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်သွားမည်

ရန်ကုန်၊ နိုဝင်ဘာ၂၈

ဗိုလ်ချုပ် အောင်ဆန်းရာပြည့်ပွဲတော် ကျင်းပ ချိန်တွင်လုံခြုံရေးအပိုင်းကို တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျ ဖြင့်တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေး ဗဟိုဦးဆောင်ကော်မ တီ မှ သိရသည်။
ရာပြည့်ပွဲတော်တွင် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံတော် အကြီးအကဲ များကိုလည်း ဖိတ်ကြား သွားမည်ဖြစ်ပြီး တက်ရောက်မည့် အပေါ်မူတည်ပြီး လုံခြုံရေးအပိုင်း ကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ယူလုပ်ဆောင် မည် ဖြစ်ကြောင်း သိရသည်။
''အကြီးအကဲတွေကိုလဲ ဖိတ်စာ ပို့မယ်။ တက်မတက်ဆိုတာတော့ မသိဘူး။ တက်တဲ့အပေါ် မူတည်

လူထုဒေါ်အမာ ရာပြည့်မွေးနေ့ အကြိုဂုဏ်ပြပွဲ မန္တလေးမှာ ကျင်းပ

သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအခမ်းအနားကို ဒီကနေ့ မန္တလေးမြို့က တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ လူထုဒေါ်အမာရဲ့ တပည့်ရင်းတစ်ဦးဖြစ်ခဲ့သူ ဆရာမောင်သစ်လွင် (လူထု) က ဒေါ်အမာဟာ ရှားပါးတဲ့ ဆရာကောင်းတစ်ယောက် ဖြစ်တယ်လို့ ဂုဏ်ပြုပြောပါတယ်။

"လူထုဒေါ်အမာရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျနော်တို့နေခဲ့ရတယ်၊ မမေ့နိုင်စရာအကြောင်းကတော့ သူရေးတဲ့စာတောင်မှပဲ တို့ကိုတည်းဖြတ်ခိုင်းတာ၊ ဆရာသမား အဲ့ဒါမျိုးရှားတယ်ကွ၊ ဆရာက

မွှေးသောလေပြည်၊ အေးသောစမ်းရေ၊ ငြိမ်းချမ်းသောကမ္ဘာမြေ

Written by: ဘစံကောက်
ရေမျက်ကြီးအင်း အနီးဝန်းကျင် တောင်ရင်းရွာရှိ ဆားပေါက်နေသည့် စိုက်ပျိုးမြေများကို တွေ့ရစဉ်

သတိထားရမည့်သူ (ဆောင်းပါး)

Written by: ညီအောင်ညီ

“စစ်မြေပြင်ထဲမှာ တိုက်ပွဲသုံး ကျည်ဆန်တွေကို ရှောင်တိမ်းတတ်ဖို့လိုသလို ဘဝခရီးထဲမှာလည်း လူကျည်ဆန်တွေကို ရှောင်တိမ်းတတ်ဖို့ လိုတယ် လူလေး။ မင်းဘဝမှာ လူကျည်ဆန် မမှန်အောင်နေပါ။ လူကျည်ဆန်နဲ့တွေ့ရင် ဝေးဝေးကသာ ရှောင်ပေါ့ လူလေးရယ်”တဲ့။

ထိုကဲ့သို့ လှပသောစကားလုံးများဖြင့် ကျွန်တော်တို့လေးစားရသော ဆရာဦးမေခ က အကြိမ်ကြိမ်ဆုံးမခဲ့ပါသည်။ “လူကျည်ဆန်” ဟူသော ဆရာဦးမေခ၏ အသုံးအနှုန်းက ကျွန်တော်တို့အတွက် အတွေးတွေများစွာ ရစေခဲ့သည်။

လိုင်ဇာ ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းရေး နှောင့်နှေးမှာ စိုးရိမ်ဟု ABSDF ပြော

ABSDF, KIA ,MPC, NCCT
ငြိမ်းချမ်ေးရး ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးနေကြတဲ့ ABSDF နဲ့ MPC ကိုယ်စားလှယ်များ (ဓာတ်ပုံ-ကျော်ခ / ဧရာဝတီ) 




ကြေးစားလူမိုက်များ၏ စားကျက်

ထိုညမြင်ကွင်းများကိုတော့ ဦးမောင်မြင့် တစ်သက် မေ့၍ရတော့မည်မထင်။
“ကိုယ့်သားသမီး အရွယ်လောက်တွေရှေ့မှာ ဒူးထောက်ရပြီး မလုပ်ပါနဲ့ ငါ့ညီရာလို့ ခြေသလုံးဖက် တောင်းပန်တာတောင် ဆောင့်ကန်ခံရတယ်။ အရမ်းလည်းရှက်တယ်” ဟု ဆိုလာသူ ဆယ်အိမ်မှူး ဦးမောင်မြင့် ဖြစ်သည်။

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမူးချုပ်အား သံတမန် ကျင့်ဝတ်နှင့် မညီဟု ဆိုကာ ကန့်ကွက်ရှုံချ ဆန္ဒထုတ်ဖော်

ရိုဟင်ဂျာ ဟု သုံးစွဲခေါ်ဝေါ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမူးချုပ် ဘန်ကီမွန်းအား သံတမန် ကျင့်ဝတ်နှင့် မညီဟုဆိုကာ ကန့်ကွက်ရှုံချ ဆန္ဒပြခြင်း ကို နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လည် ၁း၃၀ ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားရှေ့တွင် ပြုလုပ်ခဲ့သည်။

သတင်းမြင်ကွင်း - အုတ်ကျော်ဟိန်း

အစိုးရစက်မှုလက်မှုသိပ္ပံများမှ ထူးချွန်စွာ အောင်မြင်သူများ နည်းပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈-အစိုးရစက် မှုလက်မှုသိပ္ပံများမှ ထူးချွန်စွာအောင် မြင်သူများကို နည်းပညာတက္ကသိုလ် များသို့ ပေါင်းကူး ဝင်ခွင့်စာမေးပွဲများ ပြုလုပ်ပြီး ဝင်ခွင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သည် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ထူးချွန်စွာအောင်မြင် သူများကို နည်းပညာ တက္ကသိုလ်များ သို့ တိုက်ရိုက်ဝင်ခွင့်ပေးထားပြီးဖြစ် ကြောင်း၊ အစိုးရနည်းပညာသင်တန်း ကျောင်းများမှ အောင်မြင်သူများကို လည်း အစိုးရစက်မှုသိပ္ပံများသို့ ဝင် ခွင့်ပေးထားကြောင်း၊ ယခင်နှစ်ကစတင် ဖွင့်လှစ်ခဲ့သော ဂျီတီအိုင်သင်တန်းများ မှ ထူးချွန်စွာအောင်မြင် ခဲ့သော သူများ ကို နည်းပညာတက္ကသိုလ်များသို့ တက်ရောက်နိုင်ခွင့်ကို ပေါင်းကူး

Friday, November 28, 2014

ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုများဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြမည်ဆိုလျှင်

ရွှေရည်မဉ္ဇူ

တိုင်းရင်းသားပေါင်းစုံပါဝင်သော နိုင်ငံ
ရေးပါတီများမှ ကိုယ်စားလှယ်များ ရိုးရာဝတ်စုံများကိုဝတ်ဆင်လျက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ခန်းမအလယ်တွင် နေရာယူလျက် နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေကြသည်။

တချို့က ခန်းမရှိတံခါးပေါက်အနီးသို့ လမ်းမျှော်ကြည့်ကာ သမ္မတရောက်ရှိလာမည့် အချိန်ကို မျှော်မှန်းနေကြချိန်တွင် မွန်းလွဲ ၃ နာရီခွဲခန့်၌ အစီအစဉ်ကြေညာသူမှ သမ္မတကြီး ကြွရောက်လာပြီဖြစ်သည့်အတွက် ဧည့်သည် တော်များအနေဖြင့် နေရာယူပေးကြပါရန် ပန်ကြားလိုက်ပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သည် ခန်းမအ တွင်းသို့ ဝင်ရောက်လာကြသည်။

တပ်မတော်၏ ကလေးစစ်သား ပပျောက်ရေး ဆောင်ရွက်ချက်များ UNICEF ချီးကျူး

တန်းစီထားသည့် ခုံများပေါ်တွင် ထိုင်နေသည့် လူငယ်များက နောက် ထပ်ရောက် လာမည့် ညွှန်ကြားချက် ကို စောင့်မျှော်နေကြသည်။ ၎င်းတို့ အများစု မှာ တိတ်ဆိတ်စွာထိုင်နေ သော်လည်း အချို့မှာ စိတ်လှုပ်ရှား စွာဖြင့် ဂဏာမငြိမ်ဖြစ်နေပြီး မည် သို့ ဆက်လက်ပြုလုပ်မည်ကို ကြည့် ရှုရန် လည် တဆန့်ဆန့်ဖြစ်နေသည်။
ထိုလူငယ်လေး ၈၀ မှ တပ်မတော် အတွင်း သိမ်းသွင်း ခံခဲ့ရသူများဖြစ် ပြီး ယခုအကြိမ်မှာ တပ်မှ တရားဝင် ထွက်ခွာခွင့် ရရန် နောက်ဆုံးအကြိမ် အမှတ်စဉ် ခေါ် တန်းစီခြင်းဖြစ်သည်။ မြန်မာအ စိုးရက တပ်မတော်တွင် ကလေးစစ် သားအသုံးပြုမှုရပ်တန့်ရန် လှုပ်ရှားမှု အစီအစဉ် အား ၂၀၁၂ တွင် ကုလ သမဂ္ဂ နှင့် လက်မှတ်ထိုးပြီးနောက်ပိုင်း ၈ ကြိမ်မြောက် ကလေးစစ်သား များ ထွက်ခွာခွင့်ပြုခြင်းဖြစ်သည်။

ကလောင်မလဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသူများ

Written by: မောင်ကြည်

မမျှော်လင့်ဘဲနှင့် စာရေးဆရာကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့သည့် အခမ်းအနားတစ်ခုသို့ ရောက်သွားပါသည်။ ရန်ကုန်မြို့ရှိ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စာဆိုတော်နေ့နှင့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲ ဖြစ်ပါသည်။ စာပေပညာရှင် ဆရာကြီးဆရာမကြီးများကို ယခုကဲ့သို့ ကျန်းကျန်းမာမာ ရွှင်ရွှင်လန်းလန်း တည်တည်ငြိမ်ငြိမ်နှင့် တွေ့မြင်ရသည်မှာ ကြည်နူးဝမ်းမြောက်ဖို့ ကောင်းလှပါသည်။

ကျွန်တော်သည် အခမ်းအနားမစတင်မီမှာ ဆရာကြီးဆရာမကြီးများ ကုလားထိုင်ပေါ်မှာ တန်းစီထိုင်နေကြသည်ကို တွေ့မြင်ရသောအခါ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပါသည်။ “ဒီဆရာကြီး၊ ဆရာမကြီးတွေဟာ မြန်မာပြည်တည်းဟူသော အဆောက်အအုံကြီးကို ပုံဖော်ထုဆစ်ခဲ့တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ

လစာတိုးရင် နိုင်ငံရေးတည်ငြိမ်မှု ထိခိုက်နိုင်ဟု တပ်မတော်သား ကိုယ်စားလှယ်တွေဆို

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ စီစဉ်နေတာဟာ နိုင်ငံရေးတည်ငြိမ်မှု ထိခိုက်နိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ်တွေက သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေကို တစ်လ ကျပ်ဆယ်သိန်းပေးဖို့ ဒီနေ့(နိုဝင်ဘာ ၂၈) ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက် တဲ့အပေါ် ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
ချီးမြှင့်ငွေ၊ စရိတ်များဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုမယ့်အချိန်မှာ တပ်မတော်က ဆွေးနွေးထောက်ပြဖို့ စီစဉ်ခဲ့ပေမယ့်လည်း ပြည်ထောင်စုနာယကက ခွင့်မပြုလို့ မီဒီယာတွေကို

မပေါက်တဲ့ပူဖောင်းနဲ့ လေမှုတ်သူများ (ဆောင်းပါး)

Written by: အေသင်ဇော်ဇော်
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

သမိုင်းရသခါး (ဆောင်းပါး)

Written by: တက္ကသိုလ်မိုးဝါ
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံရေးတို့အတွက် နိုဝင်ဘာ ၂၁ ရက်က ပခုက္ကူမြို့ ဒေသခံများ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

တွေ့ဆုံဆွေးနွေးမှုဖြင့် ယုံကြည်မှုကိုတည်ဆောက် ယုံကြည်မှုဖြင့် အောင်မြင်ခြင်းပန်းတိုင်သို့ ဆက်လျှောက်

EDITORIAL
*************************************************************************
ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန် သည် နိုဝင်ဘာ ၂၆ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံး တွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီခေါင်း ဆောင်များ တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော အကြောင်းအရာ များ၊ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ လတ်တလောဖြစ်ပေါ်နေသည့် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်သော အကြောင်းအရာများကို ဦးစားပေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများကလည်း ခြောက်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရရှိရေး

Father Land ကုမ္ပဏီပိုင်ရှင် အာမခံမရ အချုပ်ဖြင့် တရားရင်ဆိုင်ရမည်ဟုဆို

Great Father Land ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်သည် ပန်းဆိုးတန်းအလယ်ဘလောက်ရှိ MEI Business Tower တည်ဆောက်ရာတွင် မရိုးဖြောင့်သောနည်းလမ်းများ အသုံးပြုခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရပြီး ကျောက်တံတားရဲစခန်းမှ ဖမ်းဆီး၍ တရားရုံးသို့ တင်ပို့ရာ၌ အာမခံမရရှိဘဲ အချုပ်ဖြင့်အမှု ရင်ဆိုင်ရမည်ဟု ကျောက်တံတားရဲစခန်း တာဝန်ရှိသူက News Watch ဂျာနယ်သို့ အတည်ပြုပြောကြားခဲ့သည်။
အဆိုပါတာဝန်ရှိသူက “ဦးကျော်မြင့် အဖမ်းခံပါတယ်၊ သူ့အမှုက အာမခံမရဘူး၊ အချုပ်နဲ့ပဲ တရား ရင်ဆိုင်ရမှာပါ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာဝန်ရှိသူတစ်ဦးကလည်း “အရင်ဆုံး ရဲကိုတိုင်တာပေါ့၊

လူနှင့် မူ

ကိုယ့်အိမ်နီးချင်းတစ်ဦးက နေ့ချင်းညချင်း ချမ်းသာသွားပြီး ကိုယ့်အနေအထားက ဆင်းရဲသည်ထက် ဆင်းရဲကာ အခြေအနေ ဆိုးရွားသည်ထက် ဆိုးရွားသွားလျှင် စိတ်ထဲတွင် မည်သို့ ခံစားရမည်နည်း။ ခံပြင်းစိတ်တွေ ဝင်မိပေလိမ့်မည်။

အိမ်နီးချင်းနိုင်ငံများ အားလုံး ဖွံ့ဖြိုးတိုးတက်ကုန်ကြသည်။ ဗီယက်နမ်နိုင်ငံသည် အာရှတွင် ကျားစာရင်းဝင်ရန် တာစူနေသည်။ ထိုနိုင်ငံသည် စစ်ဘေးစစ်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်ခဲ့ရသည်။ နှစ်နိုင်ငံကွဲပြီး စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ယူရသည့် နိုင်ငံက နေ့ချင်းညချင်း ရှေ့တန်းရောက်သွားသည်။

ကိုပါကြီး အသတ်ခံရမူ အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်တော့မည်

ကိုပါကြီး , စစ်တပ် , အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
အလွတ် သတင်းထောက် ကိုပါကြီး (ဓာတ်ပုံ – ဒေါင်းမာန်ဟုန်)

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အစိုးရစစ်ဖြစ်သော်လည်း အကျ၊ အရှုံး မရှိသလောက်ဖြစ်မည်

ယခု ပညာသင်နှစ်မှ စတင်၍ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းတို့တွင် ကျင့်သုံးမည့် အစိုးရ စစ်စာမေးပွဲများသည် အကျအရှုံး ရှိမည် မဟုတ်ဘဲ အရည်အချင်း  မှတ်တမ်းသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

အစိုးရစစ်စာမေးပွဲများ ဖြေ ဆိုရမည်ဖြစ်သော်လည်း အခြေခံ ပညာကျောင်းများတွင် ကျောင်း ထွက်နှုန်းမြင့်မားနေခြင်းကြောင့် အတန်းချသောစနစ်ကို ပြန်လည် ကျင့်သုံးဆောင်ရွက်မည်မဟုတ် ကြောင်း အဆင့်မြင့်အရာရှိတစ် ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ နေရာအတွက် မဆုံးဖြတ်ရသေးကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့၏ အကြီးအကဲ သမ္မတနေရာအတွက် ယှဉ်ပြိုင်မည့်သူကို ရွေးချယ်ရန် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုဝင်ဘာ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဟန့်တားနေသည့် နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက်ပါ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်ပါက NLD ပါတီက

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ အဆိုအမိန့်နှင့်လမ်းညွှန်ချက်

– လှမြင့် (ရန်ကုန်တက္ကသိုလ်)
သတင်းစာသည် လူမှုဘ၀ကို ကြေးမုံကဲ့သို့ ထင်ဟပ်၍ အကျင့်ပျက်မှုများကို ဖွင့်ချ၊ အစိုးရ ကို ဝေဖန်၊ လူ့အဖွဲ့အစည်းကို ဆေးကြောရန် တာဝန်ရှိ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မျက်မှောက်ခေတ် စာနယ်ဇင်းလောက၏ မီးရှူးတန်ဆောင်ဖြစ်သော၊ လမ်းပြ ကြယ်ဖြစ်သော၊ ခေတ်အဆက် ဆက်တွင် အများပြည်သူတို့ ၏ဘက်မှ တစိုက်မတ်မတ် ရပ်တည်ခဲ့သော၊ အမှန်တရားဘက်တော် သားသတင်း စာဆရာကြီးဖြစ်သော ဟံသာဝတီဦးဝင်းတင် (ခရစ်နှစ်-၁၉၃၀-၂၀၁၄ ခုနှစ်)သည် မြန်မာ့သတင်းစာလော ကသို့ ၁၉၄၉ ခုနှစ်တွင် သံတော်ဆင့်သတင်းစာ တိုက်မှထုတ်ဝေခဲ့သော အကျိုးဆောင် ဂျာနယ်၌လက်ထောက် အယ်ဒီတာ အဖြစ်လုပ်

တပ်မတော်ဘက်က ထိုးစစ်ဆင်ခြင်း မရှိဟု သမ္မတနှင့် ကာချုပ်ပြောကြားချက် မဟုတ်မမှန်ကြောင်း UNFC ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၅

လက်ရှိ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်ဘက်က ထိုးစစ်ဆင်ခြင်း မရှိကြောင်း VOA သတင်းဌာန (မြန်မာပိုင်း)သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဖြေကြားချက်များသည် မဟုတ် မမှန်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်းရေးမှူး ဦးခူးဦးရယ် က နိုဝင်ဘာ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ မရှိချိန် အချိုးကျကိုယ်စားပြု (PR) စနစ်အား အမျိုးသားလွှတ်တော်တွင် ကျင့်သုံးရန် ဆုံးဖြတ်မှုအပေါ် လွှတ်တော်အမတ်များ ဝေဖန်

ရန်ကုန်၊ နိုဝင်ဘာ၂၆

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု ဆိုကာ ကျင့်သုံးခြင်းမပြုရန် ဆုံး ဖြတ်ခဲ့သော အချိုး ကျကိုယ်စားပြု PR စနစ်ကို အမျိုးသားလွှတ်တော်၌ တာဝန်အရှိဆုံးဖြစ်သည့် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မရှိသည့် အချိန်တွင်တိုင်းနှင့် ပြည်နယ်တို့တွင် တစ်ပြေးညီ ကျင့်သုံးမည်ဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အတည်ပြုခဲ့ ခြင်း အပေါ် လွှတ်တော်အမတ်များက ဝေဖန်လျက်ရှိသည်။
““ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီဆိုတာ ခုံရုံးကို အဆုံး အဖြတ်ခံဖို့လိုပါလိမ့်မယ်။ အမျိုး သားလွှတ်တော် ကများ ရာစုလွှတ်တော်အမတ်တွေက လက်ခံလို့ အတည်ပြုချက်ရကောင်းရနိုင် တယ်လေ။ ဒါပေမဲ့လို့ ခုနလို အောင်မြင် တဲ့အဆိုဟာ ဖွဲ့စည်းပုံ နဲ့လိုက်လျောညီထွေရှိခြင်း၊ မရှိခြင်းဆိုတာ

ကိုယ်တိုင် အဖမ်းခံပါမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အာမခံပေးသော်လည်း လိပ်ကျွန်းလူသတ်မှု အာမခံမရ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံထားရ သည့် မြန်မာလူငယ် နှစ်ဦးကို အချုပ်လွတ် ထုချေခွင့်ပေးရန်နှင့် ထွက်ပြေးမည်ဆိုပါက မိမိကိုယ်တိုင် အဖမ်းခံမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အာမခံ ပြောဆိုခဲ့သော်လည်း နိုဝင်ဘာ ၂၆ ရက် ရုံးထုတ်ချိန်တွင်မူ မြန်မာလူငယ်နှစ်ဦး၏ အာမခံအား ကော့စမွီ တရားရုံးက ပယ်ချလိုက်သည်။
ထိုင်းနိုင်ငံလွှတ်တော်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ သို့ နိုဝင်ဘာ(၂၃)ရက်မှ နိုဝင်ဘာ (၂၅)ရက်အထိ နှစ်ရက်ကြာ ရောက်ရှိ ခဲ့သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လူသတ်မှုဖြင့် စွပ်စွဲ ခံနေရသည့် မြန်မာလူငယ်နှစ်ဦး ကိစ္စနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်

ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်အား တပ်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ဟု အကြောင်းပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား ကိုယ်စားလှယ်များ အား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားခဲ့သော်လည်း ၎င်းတို့ကိုယ်စား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက မတက်ရောက်နိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြောင်းပြန်ခဲ့သည်။
““ဒီကနေ့ တွေ့ဆုံဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီမနက်မှာပဲ တပ်မတော်သား ကိုယ်စားလှယ်တွေ ကိုယ်စား ဗိုလ်မှူးချုပ် တစ်ယောက်က အကြောင်းပြန်ပါတယ်။ ဒီအပတ်စဉ်မှာတော့ သူတို့အနေနဲ့ အခမ်းအနားတစ်ခုနဲ့ နှုတ်ဆက်ပွဲ လုပ်မှာနဲ့ တိုက်ဆိုင်နေတဲ့အတွက် မတက်ရောက်နိုင်တာ

အစိုးရနှင့် တပ်သတင်းစာတွင် အငြိမ်းစားတပ်မတော်အရာရှိ၏ တပ်ဂုဏ်သိက္ခာ ပြန်ဆယ်ရေး ပြည်ထောင်စု လွှတ်တော်တွင်း ဆွေးနွေးချက် သတင်းအမှောင်ချ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

  နိုင်ငံသားအများစု အကျိုးအတွက် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် တပ်မတော် မှ ဖြေလျှော့ ပေး သင့်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦး၏ ပြည်ထောင်စု လွှတ်တော်တွင်း နိုဝင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးမှု သည် ပြည်သူများ တပ်မတော်အပေါ် ယုံကြည် အားကိုးစေရန် အကြံပြုချက် ဖြစ်သော် လည်း နိုင်ငံ့ ဘဏ္ဍာဖြင့် ထုတ်ဝေသော မြန်မာ့ အလင်း၊ ကြေးမုံနှင့် တပ်မတော် ပိုင် မြ၀တီသတင်းစာတို့တွင် သတင်းအမှောင်ချထားသည် ကို တွေ့ရသည်။

ဘယ်နှစ်ပွင့်ဆိုင်ပဲ ဖြစ်ပါစေ မျက်နှာချင်းဆိုင်ဖို့သာ အဓိကဖြစ်သည်

ပြုပြင်ပြောင်းလဲရေးဆိုသည့် စကားရပ်မှာ အဟောင်းကို တစ်ခုလုံး တစ်စုံလုံး တစ်ကြိမ်တည်းနှင့် အသစ်မလဲဘဲ အဲဒီအဟောင်းကိုပင် ဖာထေးခြင်း၊ ဖုံခါခြင်း၊ တစ်စိတ်တစ်ပိုင်းကို ဖြုတ်ပြီး အသစ်တပ်ဆင်ခြင်းနှင့် တစ်စချင်းစီတေ့ဆက်ယူရင်းက တဖြည်းဖြည်းနှင့် အသစ်လုံးလုံး ဖြစ်လာအောင် ဆောင်ရွက်ခြင်းကို ပြုပြင်ပြောင်းလဲခြင်းဟု ယေဘုယျ ယူဆလို့ ရပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးဟူ သည့် စကားရပ်၏ မူလအဓိပ္ပာယ်မှာ ဒွိဟ သဘောတော့ မဆောင်ပါ။ အဓိပ္ပာယ်အမျိုးမျိုးနှင့် ကိုယ်လိုရာဆွဲပြီး အဓိပ္ပာယ် ဖွင့်လို့လည်း မရပါ။ ပြုပြင်ပြောင်းလဲရေး၏ မူလတာဝန်နှင့် မူလမဟာဗျူဟာမှာ အသစ်ဖြစ်အောင် ညင်သာစွာ ဖန်တီးခြင်း တည်းဟူသော အဓိပ္ပာယ်မှလွဲပြီး အခြား ဘေးထွက်အနက်အဓိပ္ပာယ် မရှိပါ။

သမ္မတဦးသိန်းစိန်အား လာမည့်သက်တမ်း၌ အရွေးချယ် မခံစေလိုကြောင်း အစ်ကိုဖြစ်သူပြော

ပုသိမ်၊ နိုဝင်ဘာ၂၆

သမ္မတဦးသိန်းစိန်အား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အရွေးချယ် မခံစေလိုဘဲ ဘာသာရေး လုပ်ငန်းများ တွင်သာ လုပ်ကိုင်စေလိုကြောင်း သမ္မတ၏ အစ်ကို ရင်းဖြစ်သူ ဦးထွန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြော သည်။
နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတ၏ မွေးရပ် ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်း ကြီး ကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲသို့ သမ္မတဦးသိန်းစိန်နှင့် အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် အား မြန်မာသံတော် ဆင့်က မေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

အများသိစေရန် ပြန်လည်ရှင်းလင်းခြင်း – ပေးစာ

၈-၁၁-၂၀၁၄ ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် စာမျက်နှာ ၆ ပါ ကျောမွဲလူတန်းစား လယ်သမား ပိုင်သည့် မြေ၊ မြေစာရင်းဌာနနှင့် ခရိုနီများ ပူးပေါင်းသိမ်းဆည်းနေ တိုင်ကြားစာနှင့် ပတ်သက်၍ ဘားအံမြို့၊ ရပ်ကွက်အမှတ် ၈၊ ထောင်ဝိ၊ ကွင်းအမှတ်-၁၁၈၄ (ထောင်ဝိကွင်း)၊ ဦးပိုင်အမှတ်-၁၃၅/၂၊ ဧရိယာ ၀ ဒသမ ၂၆ ဧကရှိ မြေကွက်အား ၃၀-၆-၂၀၁၁ ရက်စွဲပါ နှစ်ဦးသဘောတူ မြေအရောင်းအ၀ယ် ကတိစာချုပ်အရ တန်ဖိုး ငွေကျပ် ၁၀၀,၀၀၀ိ/-ဖြင့် ကျွန်ုပ်တို့၏ အမှုသည်တို့အား လူကြီးမင်းနှင့် ခင်ပွန်းဖြစ်သူ ဦးမန်းကံညွန့်တို့က လက်မှတ် ရေးထိုး ရောင်းချခဲ့ကြောင်း၊ ထိုသို့ ရောင်းချပြီးနောက် လူကြီးမင်း၏ သားသမီးတို့က ကျေနပ်မှု မရှိသဖြင့် နစ်နာကြေးငွေ ၄,၀၀၀,၀၀၀ိ/- (ကျပ်သိန်းလေးဆယ်)ကို ကျွန်ုပ်တို့၏ အမှုသည်များထံ ထပ်မံတောင်းခံရာ ကျွန်ုပ်တို့၏ အမှုသည်များကလည်း လိုက်လျောခဲ့ပြီးနောက်

လွှတ်တော်အမတ်များနောက် လိုက်နေသည့် ကုမ္ပဏီများ – ပေးစာ

လမ်းခင်းကျောက်တွေ အပြည့် တင်ဆောင်ထားတဲ့ ကားပြာ/၀ါကြီးတွေ ကျွန်တော်တို့ရှေ့ ကျွန်တော်တို့ မြို့လေးကနေ တစ်စီးပြီးတစ်စီး ဖြတ်သန်း သွားတိုင်း တို့ဒေသ၊ မြို့နယ်၊ တို့ကျေးလက်လမ်းတွေ အတွက်လား ဆိုတဲ့ အတွေးတွေ၊ အားကျတဲ့ စိတ်တွေနဲ့ ပီတိဖြစ်ပြီး ကျန်ရစ်ခဲ့ကြပါသည်။ လမ်းခင်းကျောက်တွေနဲ့ ကားပြာ/၀ါကြီးေ တွ ငေးကြည့်ရင်းဖြင့် ကျွန်တော်တို့ နိုင်ငံသည် နိုင်ငံတကာ မဟုတ်တောင် အိမ်နီးချင်း နိုင်ငံနဲ့ ယှဉ်လိုက်ရင် အတော့်ကို တိုးတက်လာပြီ။ ရင်ပေါင်တန်းနိုင်ပြီ ဆိုပြီး ရင်ထဲမှာကျေလည်း ကျေနပ်တယ်။ ပျော် လည်း ပျော်ခဲ့မိတယ်။ ထင်မထားသော သတိမပြုမိတဲ့ အရာလေးတစ်ခု ရှိပါသည်။ အဲဒါကတော့ ကားပြာ/၀ါကြီးေ တွ ကျောက်တွေ အပြည့်တင်ပြီး

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေပြု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်မည်ဟု သမ္မတပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၆

တက္ကသိုလ်များတွင် လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးမှာ တက္ကသိုလ် ပညာရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်သည့်အတွက် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးနှင့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား များနှင့် ပညာရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ပြီး ဥပဒေပြု လုပ်ငန်းစဉ် များနှင့်အညီ ဆက် လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၂၆ ရက်နေ့တွင်ပြုလုပ် သည့် ပြည်ထောင် စု အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

၆ ပွင့်ဆိုင်တွင် တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား ကိုယ်စား လှယ် ဒေါက်တာအေးမောင်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၇

၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ တို့ကို အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် တိုင်းရင်းသား ပါတီများက လျှို့ဝှက် မဲပေးစနစ်ဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်တွင် တိုင်းရင်းသား ပါတီကိုယ်စားလှယ် ၂ ဦးစီကို ခေါ်ယူ တွေ့ဆုံခဲ့ပြီး ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲတွင်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်တိုင်းရင်းသားပါတီများကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် ရွေးချယ်ခံရ

Written by: စိုးမင်းထိုက်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအ တွက် ပြည်ထောင်စုလွှတ်တော် တိုင်းရင်း သားပါတီများ ကိုယ်စားလှယ်အဖြစ် ဒေါက် တာအေးမောင်အား လွှတ်တော်ကိုယ်စား လှယ်များက နိုဝင်ဘာ ၂၇ ရက်က လျှို့ဝှက်မဲ စနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သတင်းရရှိ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး နှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရန် အရေးကြီးအဆိုကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ထွန်းက နို ဝင်ဘာ ၂၅

ပြန်ကြားရေးခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကြော်ငြာကုမ္ပဏီတစ်ခုမှ နိုင်ငံ့ဘဏ္ဍာသို့ ကြော်ငြာခ ကျပ်သိန်းရာချီမသွင်းဘဲ ဖျောက်ထားပြီး လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့

Written by: မာန်သူရှိန်

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ကြော် ငြာလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုသည် နိုင်ငံတော်သို့ ကြော်ငြာခ ကျပ် သိန်းရာနှင့်ချီကာ မပေးသွင်းဘဲဖျောက်ထား ပြီး လုပ်ကိုင်နေမှုကို စစ်ဆေးတွေ့ရှိသော် လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး မဆောင်ရွက် သည့်အပြင် လုပ်ငန်းအချို့ကိုလည်း ဆက် လက်လုပ်ကိုင်ခွင့်ပေးထားကြောင်း သတင်း ရရှိသည်။

NLD က ဖိတ်ကြားသော နေပြည်တော် တွေ့ဆုံပွဲသို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် NLD အမြင်ကွဲလွဲနေခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written by: ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်
ဒေါ်အောင်ဆန်းစုကြည်  နိုဝင်ဘာ  ၂၇  ရက်က  နေပြည်တော်၌   မီဒီယာများနှင့်  တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်၌ မီဒီယာများနှင့် တွေ့ဆုံစဉ်

တိုင်းပြည်ဖွံ့ဖြိုးရေး အသုံးစရိတ်ထက် နိုင်ငံ့ဝန်ထမ်းလစာ ပိုသုံးနေမှု အပေါ် ပြည်ထောင်စုဝန်ကြီး ထောက်ပြဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၂၇
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခလစာ၊ ထောက်ပံ့ကြေးများဖြစ်သည့် အစိုးရ၏ သာမန် အသုံးစရိတ်တိုးမြှင့် လိုခြင်း ကြောင့် တိုင်းပြည် အနာဂတ်အတွက် အဓိကကျသည့် ဖွံ့ ဖြိုးရေး လုပ်ငန်းသုံး ငွေလုံးငွေရင်း အသုံးစရိတ် ကို လျှော့ချမည်ဆိုပါက တိုင်းပြည်ဝင်ငွေနှင့် အနာဂတ် စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းပြီး စီးပွားရေး ကျဆင်းမှုသို့ ဦးတည် သွားနိုင်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်၌ အရေး တကြီးအဆို တင်သွင်းမှုနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင် စုဝန်ကြီး ဒေါက်တာကံဇော်က ရှင်းလင်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု

အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း မန္တလေးမြို့တွင် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက

Written by: ဌေးလှအောင်
အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ကျောင်းသားသမဂ္ဂများက ၂၆ လမ်းပေါ်တွင် ဆန္ဒပြနေစဉ်

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဖြုတ်ချရေး ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့် တောင်းခံရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင် ဥပဒေချိုးဖောက်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၂
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ကို အယုံအကြည် မရှိကြောင်းနှင့် ဖြုတ်ချပေးရန် အတွက် နိုဝင်ဘာ(၂၂)ရက်တွင် မုံရွာမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ရာ ဆန္ဒထုတ်ဖော် တောင်းဆိုမှုနှင့် ပတ်သက်ပြီး ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၇)အရ သတ်မှတ် ထားသည့် အချိန်ထက် နောက်ကျပြီးမှ ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကျွန်တော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့အဖွဲ့ကို အယုံအကြည် မရှိကြောင်းနဲ့ ဖြုတ်ချပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခွင့်ကို နိုဝင်ဘာ(၁၂)ရက်က တင်လိုက်တယ်၊ အဲဒီလို တင်လိုက်တဲ့ အခါမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျွန်တော်တို့ကို နိုဝင်ဘာ (၂၁)ရက်နေ့၊ နေ့လယ် (၁၂)

တပ်မတော် အရာရှိကြီးများနှင့် သတင်းမီဒီယာသမားများ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၆
တပ်မတော်၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ သတင်းမီဒီယာ သမားများနှင့် တပ်မတော်မှ တာဝန်ရှိသူများ ယခုရက်ပိုင်းအတွင်း ရန်ကုန်၌ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဖေမြင့်က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နိုဝင်ဘာ ၂၃ ရက်တွင် တပ်မတော်၏ သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးနှင့် ပတ်သက် ၍ နေပြည်တော်၌ တွေ့ဆုံစဉ် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့၊ ဗုဒ္ဓဘာသာပညာရေး စင်တာတွင် လူငယ်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်

စစ်ကိုင်း၊ နိုဝင်ဘာ ၂၆
အနာဂတ်လူငယ်၊ လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ ကိစ္စရပ်များ (Youth Forum) ဆွေးနွေး ပွဲကို နိုဝင်ဘာ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင် ရိုးရှိ IBEC ဗုဒ္ဓဘာသာ ပညာရေး စင်တာ၌ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ လူငယ်ရေးရာကိစ္စရပ်များ (Youth Forum) ဆွေးနွေးပွဲကို စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ IBFC ဗုဒ္ဓ ဘာသာ ပညာရေးစင်တာမှ ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အနာဂတ် လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ဘ၀အခွင့်အလမ်းဆိုင်ရာ ဘာသာရပ်များကို ရွေးချယ် တတ်မြောက်စေပြီး ထူးချွန်ထက်မြက်သည့် လူတော်လူ ကောင်းများဖြစ် လာစေရေးအတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။…

လူထုဆန္ဒ ဘယ်လိုပြုကြမလဲ (အယ်ဒီတာ့အာဘော်)


အယ်ဒီတာ့အာဘော်
=======================
လူထုဆန္ဒ ဘယ်လိုပြုကြမလဲ
=======================

တစ်ချိန်တုန်းက တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ
ဆိုသည့်စကားက တော်တော်ခေတ်စားခဲ့သည်။ အခုတော့ ထိုသို့မဟုတ်တော့။ ပြည်သူသာ အမိ၊ ပြည်သူသာအဖဟု အစားထိုး သုံးနှုန်းလာသည်။

၆ပွင့်ဆိုင် တွေ့ဆုံမှုကို မြန်မာသမ္မတ ဦးသိန်းစိန် ယတိပြတ်ငြင်းပြီ

ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ တရားဝင် ငြင်းဆိုလိုက်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းဆန်ခဲ့တဲ့ သမ္မတက ၆ပွင့်ဆိုင် တွေ့ဆုံမှုကိုရော ဘာအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။
ပြည်ထောင်စုလွှတ်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ချဉ်းကပ်ပုံဟာ လူပုဂ္ဂိုလ်ကို အခြေခံပြီး စဉ်းစားတာဖြစ်တာကြောင့် အုပ်ချုပ်ရေးအစိုးရအဖွဲ့ရဲ့ ချဉ်းကပ်ပုံဖြစ်တဲ့ အဖွဲ့အစည်းတွေကို အခြေခံပြီး စဉ်းစားမှုနဲ့ ကွာခြားတာကြောင့် ၆ပွင့်ဆိုင် တွေ့ဆုံမှုကို လက်မခံဘူးလို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဝါရှင်တန်အခြေစိုက် RFA ရေဒီယိုကို ပြောဆိုခဲ့ပါတယ်။

Thursday, November 27, 2014

များစွာကား ဆင်းရဲ၏။ သို့သော် များစွာ ပျော်၏

၁၉၅၈ ခုနှစ်။ ၅၈ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်းသတင်းစာတိုက်ရှေ့ ခြံဝင်းထဲမှာ ရေချိုတွင်းနှစ်တွင်း ရှိသည်။ အကျယ်ငါးပေပတ်လည်ကို မြေပေါ်အမြင့်ဆုံး သုံးပေခွဲထိ အုတ်စီထားသည်။ ရေသည် ရာသီမရွေးကြည်၏။ ချို၏။ ပကတိအေး၏။ ရေနွေးကြမ်းတည်သောက်လျှင် လက်ဖက်ရည်အရည်အသွေးအရ အရသာရှိ၏။

၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် ဗိုလ်မှူး တပ်အချုပ်၌ မိသားစုနှင့် တွေ့ခွင့် မရသေး

ပုဒ်မ ၄၃၆, စစ်ခုံရုံး , NLD , ဗိုလ်မှူး ကျော်စွာဝင်း
ဗိုလ်မှူး ကျော်စွာဝင်း လက်မှတ်ထိုးနေစဉ်

နိုင်ငံရေးပါတီ ၅၆ပါတီ ကိုယ်စားပြုဖွဲ့စည်းထားသည့် PPIC ကော်မတီမှ ရေးဆွဲထားသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မူကြမ်းကို အတည်ပြုနိုင်ရေး စုံညီစည်းဝေး

ရန်ကုန်၊ နိုဝင်ဘာ ၂၅- နိုင်ငံရေးပါ တီ ၅၆ပါတီ ကိုယ်စားပြု ဖွဲ့စည်းထားသည့် PPIC ကော်မတီမှ ရေးဆွဲထား သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း ကို ကော်မတီတွင်ပါဝင်သော အဖွဲ့ဝင်ပါတီများ အတည်ပြုနိုင်ရေး နိုဝင်ဘာ ၂၅ရက်က စုံညီအစည်းအ ဝေးကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်ရေးဆွဲရေး နိုင်ငံရေးပါတီများ စုံညီအစည်းအဝေးကို ရန်ကုန်မြို့ရှိ ပန်ဒါဟိုတယ်တွင် နိုဝင်ဘာ ၂၅ရက်မှ ၂၆ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် သဘာပတိအ ဖြစ်ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်း သားရေးရာ ကော်မတီဥက္ကဋ္ဌ ဖဒိုစော ထူးအောင်မြင့်က ''ကျွန်တော်တို့ ဒီ နိုင်ငံရေးမူဘောင်ရေးဆွဲတဲ့အခါ မှာ ပါတီအားလုံးကို ကိုယ်စားပြုတဲ့ မူဘောင်ဖြစ်ဖို့ အင်မတန်မှအရေး

လူသတ်မှုဖြင့် ဖမ်းခံရသည့် မြန်မာနှစ်ဦး ထွက်ပြေးပါက မိမိအဖမ်းခံမည်ဟု ပြောကာ ဦးခင်အောင်မြင့် အာမခံခဲ့ဟုဆို

မောင်သင်တုန်း

နေပြည်တော် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ်ပေးပြီး မြန်မာသံရုံး၏ ကွပ်ကဲမှုဖြင့် ထားရှိဆောင်ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုင်းသံရုံးရောက်မှ ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက မိမိကိုယ်တိုင် လာရောက်အဖမ်းခံမည်ဟု အာမခံခဲ့ကြောင်း ဦးခင်အောင်မြင့်က နိုဝင်ဘာ ၂၆ရက်က မီဒီယာ အချို့ကို ပြောသည်။

Wednesday, November 26, 2014

အခြေခံဥပဒေ အချိန်ဇယားနှင့် ပြည်သူ့အတွက် အာမခံချက်

 

 အခြေခံဥပဒေပြင်ဆင်ရေး အချိန်ဇယားနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကက စတင်ပြောဆိုလိုက်ပြီး ကျန်ကြီးသုံးကြီး၏ တုံ့ပြန်မှုက ၂၀၁၅ အလွန် နေပြည်တော်အုပ်စိုးသူနေရာအတွက် မရေရာမှုပိုများစေခဲ့သည်။

မဲစာရင်းတွင် နာဂစ်နှင့် သေဆုံးသူများ ပါဝင်ခဲ့မှု ဒီချုပ်အမတ် ထောက်ပြ

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုနိုင်ရန်  လူထုဆန္ဒခံယူပွဲပြုလုပ်စဉ်က နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ များ၏ အမည်စာရင်းများ မဲပေးခဲ့ရသူများ စာရင်းတွင် ပါရှိနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ ဆွေးနွေးတင်ပြ လိုက်သည်။

‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး တော့လည်း မေးခွန်းထုတ်စရာ အများအပြားရှိပါတယ်။ ကျွန် တော့်ရဲ့ မဲဆန္ဒနယ်မြေမှာ နာဂစ် မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူ တွေရဲ့အမည်နာမတွေဟာ

လိပ်ကျွန်း မြန်မာလုပ်သားနှစ်ဦးအမှု အယူခံပယ်ချခံရ

ရန်ကုန်- ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး အာမခံရရှိရန် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးအထူးအဖွဲ့သည်
ယနေ့နံနက်က ကော့စမွီခရိုင်တရားရုံးသို့ သွားရောက်၍ အယူခံစာတင်သွင်းရာ ခရိုင်တရားသူကြီးက အယူခံမပေးဘဲ
ပယ်ချလိုက်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က 7Day အား ပြောကြားသည်။
ကော့စမွီခရိုင်တရားသူကြီးက မြန်မာလုပ်သားနှစ်ဦး၏ အမှုသည် အမှုကြီးတစ်ခုဖြစ်ပြီး နိုင်ငံခြားသားများဖြစ်သောကြောင့်
အာမခံမပေးနိုင်ခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ကြောင်း ဦးထူးချစ်က ပြောသည်။

အမျိုးသားပညာရေးဥပဒေ ရုပ်လုံးမပေါ်သေးချိန်တွင် မကျေနပ်မှုများ ဖြေရှင်းရန် ခက်ခဲမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသူများ (ဓာတ်ပုံ- နစ်ကီ)

၄၃၆ ပြင်သင့်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြော

 မောင်သင်တုန်း

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူသည်ဟု ပြောလိုက်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်မူ လွှတ်တော်၏ သဘောဆန္ဒဖြစ်သည်ဟု ၎င်း၏အမြင်ကို နိုဝင်ဘာ ၂၆ရက်က မီဒီယာအချို့ကို ပြောကြားလိုက်သည်။
"ပုဒ်မ ၄၃၆ကတော့ ပြင်သင့်ပါတယ်။ ပုဒ်မ ၅၉(စ)လုံးကတော့ လွှတ်တော်ရဲ့ သဘောပေါ့"ဟု ဦးခင်အောင်မြင့်က ပြောသည်။
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) ဒီဇိုင်းနှစ်မျိုးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်သည်ဟု ထပ်မံပြောဆိုလိုက်သည်။

 ‪#‎Mizzimadaily‬
Credit - Mizzima - News in Burmese

မြန်မာနိုင်ငံမှ ဘင်္ဂါလီ အကြမ်းဖက်သင်တန်းပေးသူ အိန္ဒိယရဲ ဖမ်းဆီးရရှိခဲ့ဟု ဆို

အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည် Burdwan ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဟိုင်ဒရာဘတ် ပြည်နယ်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ခါလစ် မိုဟာမက် သည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည် ဟု ဟိန္ဒူ စတန်တိုင်းမ်သတင်းစာ က ဖော်ပြထားသည်။
ခါလစ်သည် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်ဆလင်တစ်ဦးဖြစ်သူ ၂၀၁၃ နိုဝင်ဘာလ က အိန္ဒိယသို့ ပြောင်းရွှေ့လာခြင်း မပြုမီ မြန်မာနိုင်ငံတွင် LeT အကြမ်းဖက်အဖွဲ့ မှ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်သွေးကြွများအား သင်တန်းများပေး ခဲ့သည်ဟု ဆိုသည်။

ဦးမြငါးစင်ကူးတို့ဆိပ်ကို မောင်းလေးချောင်းတွင် သီးသန့်တည်ဆောက်ပေးမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ဦးမြငါးစင် ကူးတို့ဆိပ်ကမ်းမှ ရွှေ့ပြောင်းရမည့် သမ္ဗန်များဆိုက်ကပ်ရန် ဂိတ်အသစ် တစ်ခုနှင့်ရေဆင်းတံတားကို မောင်း လေးချောင်းကူးတို့ဆိပ်တွင် သီးသန့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် အထွေထွေ အုပ် ချုပ်ရေးမှူး ဦးသန်းထွဋ်ဝင်းက ဒီမို ကရေစီတူဒေးသတင်းစာသို့ နိုဝင်ဘာ ၂၅ရက်တွင် ပြောသည်။

အလုံတစ်ဖက်ကမ်းရှိ ဦးမြငါး စင်၊ ချောင်ဝိုင်းကြီး၊ ချောင်ဝိုင်းလေး မှ အလုံဘက် သို့ သမ္ဗန်များဆိုက်ကပ် သည့်သမ္ဗန်ဆိပ်ကို အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း ၏ စီမံကိန်းမြေနေ ရာတွင်ပါရှိနေသဖြင့် မောင်လေးချောင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ရန် စီစဉ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

မောင်ပိုင်၊ နန်းသီတာဝင်း
******************
ရန်ကုန်၊ နိုဝင်ဘာ ၂၅- ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ခေတ်စနစ်နှင့်လျော် ညီစွာ ပြင် ဆင်နိုင်ရေး နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ် စားလှယ် တစ်ဦးတို့ပါဝင် သည့် ခြောက်ပွင့်ဆိုင်တွေ့ ဆုံညှိနှိုင်းဆွေးနွေးရေး အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆန္ဒဖော်ထုတ်ပွဲ မန္တလေးတွင်ပြ

မန္တလေး အခြေစိုက်နိုင်ငံရေး ပါတီများ၊ အမျိုးသားရေး အဖွဲ့များပူးပေါင်းကာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၃၆x၆၂ လမ်းမှ ၆၂ လမ်းပေါ်ရှိ လူထုဟစ်တိုင်ကွင်းသို့ ချီတက်ဆန္ဒထုတ်ဖော်ကြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ၎င်းဆန္ဒဖော်ထုတ်ပွဲတွင် အပစ်အခတ်ရပ်ဆဲရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတို့ကို လူအင်အား ၅၀၀ ခန့်မှ ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

၂၀၁၅ အကြို ဘာသာရေးမှိုင်း သတိ

၉၆၉ လှုပ်ရှားမှုအဖြစ် နေအိမ်များတွင် စိုက်ထူထားသည့် အလံများကို တွေ့ရစဉ် / ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ တောင်းဆိုချက် ၈၈ ကြိုဆို

  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ထိပ်သီး ခြောက်ဦး တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီးနောက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း ယင်းဆွေးနွေးပွဲကို ထောက်ခံကြောင်း ကြေညာလိုက်သည်။

သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့ ဆောလျင်စွာ တွေ့ရန် အရေးကြီး အဆိုတစ်ရပ် တင်သွင်းမှုရှိခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

NLDအမတ်များနှင့် တပ်မတော်သားအမတ်များတွေ့ရန်စီစဉ်

တပ်မတော်သားအမတ် ၇၀ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်များ နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် အလွတ်သဘော တွေ့ဆုံရန် NLD ကဖိတ်ကြားထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အသိုင်းအဝိုင်းမှ သိရသည်။  

#‎Mizzimadaily‬

Credit - Mizzima - News in Burmese

လစာနှင့်ချီးမြှင့်ငွေ မတိုးလျှင် အရည်အချင်းမရှိသည့် အမတ်များ ပေါ်ပေါက်နိုင်သည်ဟု ဆို

နေပြည်တော် (မဇ္ဈိမ)။ ။ လွှတ်တော် ကိုယ်စားလှယ်များ၏ စရိတ်၊ အဆောင်အယောင်နှင့် ချီးမြှင့်ငွေတို့ကို လက်ရှိခံစားနေရသည်ထက် ပိုမိုတိုးမြှင့်ပေးခြင်း မရှိပါက ဒုတိယအကြိမ်လွှတ်တော်တွင် အရည်အချင်းမပြည့်မီသော အမတ်လောင်းများ ကိုယ်စားလှယ်အဖြစ် လွှတ်တော်တွင်း ရောက်ရှိလာနိုင်သည်ဟု ဦးဇုန်လှယ်ထန်းက ဆိုသည်။

Parliament-11
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးအာမခံ ယနေ့လျှောက်ထားမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအတွက် အနည်းဆုံး ဘတ် ၁၀ သိန်း အသုံးပြုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ (ယနေ့) တွင် အာမခံ လျှောက်ထားမည် ဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေး ကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။
အာမခံ (အချုပ်လွတ် ထုချေလွှာ) လျှောက်ထားရန် လိုအပ်သည့် ငွေကြေးများကို ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာ၊ ထိုင်းအဖွဲ့အစည်းများနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က ထုတ်ပေးမည်ဟု ပြောဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်က ပြောကြားသည်။

သီရိမင်္ဂလာဈေးသစ် ကြေးစားလူမိုက်ဂိုဏ်း အဖွဲ့ဝင်အများစု ထွက်ပြေးလွတ်မြောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၅ 

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းရှိ သီရိမင်္ဂလာ ဈေးသစ်တွင် ဓားကိုင် ဆက်ကြေး တောင်းနေသော အဖွဲ့ဝင် ၅၀ ခန့်ရှိ လူမိုက်ဂိုဏ်းအဖွဲ့ကို နိုဝင်ဘာလ ၂၃ ရက်ညတွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ၁၁ ဦးကို ဖမ်းမိခဲ့သော်လည်း ကျန်အဖွဲ့ဝင်များမှာ လွတ်မြောက်နေသဖြင့် ခရိုင်အလိုက် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ဒီဂိုဏ်းမှာ လူ ၅၀ ကျော်လောက် ရှိတယ်။ အနိုင်ကျင့် ဆက်ကြေး တောင်းခံရတယ်လို့ သိထားတယ်။ သူတို့အဖွဲ့က လှိုင်သာယာနဲ့ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက သူတွေ၊ ထောင်ထွက် လူဆိုး လူမိုက်တွေ ဂိုဏ်းဖွဲ့ပြီး ဈေးထဲမှာ လာသောင်းကျန်းနေတာ ကြာပြီ။ တရားဝင် အမှုဖွင့် တိုင်ကြားသူ မရှိတာကြောင့်

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့ သဘောထားထုတ်ပြန်

 
အမျိုးသားပညာရေးဥပဒေ နှင့် ပတ်သက်၍ အကြံပေးပညာရှင်များအဖွဲ့၏ သဘောထားထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲအား နိဝင်ဘာလ ၂၀ ရက်၊ ညနေ ၄ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

Tuesday, November 25, 2014

ဂျော့အောဝဲ ပေးခဲ့တဲ့ သင်ခန်းစာ

(ကျော်ဗလ)

စာရေးဆရာ ဂျော့အောဝဲရေးတဲ့ “Animal Farm” ကို ဖတ်ပြီးတော့ ဒီစာရေးဆရာကြီးတွေဟာ အနာဂတ်ကို ဘာဖြစ်လို့များ ကြိုမြင်ပြီးတော့ လှောင်နိုင်စွမ်း ရှိရသလဲ ဆိုတာကို အံ့သြမိပါတယ်။ ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီးတော့ ဂျော့အောဝဲ အဓိက ပြောချင်တာ ဘာလဲဆိုတာကို ဆန်းစစ်ကြည့်မိတယ်။
သူပြောချင်တာကတော့ ရှင်းရှင်းလေးပါ။ “တန်းတူညီမျှမှုဆိုတာ နေရာတိုင်းမှာ မရှိနိုင်ဘူး” ဆိုတဲ့ Message ကို ရလိုက်တာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် အာဏာရလိုက်တာနဲ့၊ အာဏာကို လက်ကိုင်ထားလိုက်တာနဲ့ အာဏာကို အလွဲသုံးစားလုပ်ဖို့ ဝန်မလေးဘူး ဆိုတာကို သူက ပြောချင်တာ ဖြစ်ပါတယ်။ လူတိုင်း

လွှတ်တော်မှာ အခြေခံဥပဒေပြင်ရေး သီတင်းနှစ်ပတ်ကြာဆွေးနွေးမှု ပြီးဆုံး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦးရဲ့ ဆွေးနွေးချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်းဆွေးနွေးမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်

လွှတ်တော် ကိုယ်စားလှယ်များအား ချီးမြှင့်ငွေ ၁၀ သိန်းမှ ၁၆ သိန်း အထိရှိ တိုးမြင့်မည်ဖြစ်၍ အခွန်ဆောင်ရမည်ဟု ဆို

လာမည့်ဧပြီလမှ စတင်ပြီး ချီးမြှင့်ငွေနှင့် နေ့တွက်စရိတ်များ ၁၀ သိန်းမှ ၁၆ သိန်း အထိ တိုးမြင့်ရရှိမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အခွန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များကို လစာငွေများ တိုးမြှင့်ပေး မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံပြင်ရေး အခြေခံမူ ဆွေးနွေးချက်များ ပြီးဆုံး၊ ဥပဒေကြမ်းအား လာမည့်လွှတ်တော်တွင် အတည်ပြုမည်

နေပြည်တော် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို ကိုယ်စားလှယ် ၁၀ ဦးက ထပ်မံဆွေးနွေးခဲ့ပြီး စုစုပေါင်း ကိုယ်စားလှယ် ၁၄၀ ဦးဆွေးနွေးကာ အပြီးသတ်သွားပြီ ဖြစ်သည်။

Parliament-Naypyitaw
(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကချင်အရေးကြောင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ဆွေးနွေးပွဲ ရက်ရွှေ့မည်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်သင်တန်းကျောင်းအပေါ် ပစ်ခတ်မှုအပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ကြောင့် ၇ ကြိမ်မြောက် အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံမည့် ရက်ကို နောက်သို့ ထပ်မံရွှေ့ဆိုင်းသွားမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“လောလောဆယ်မှာ သူတို့ လူတွေ သေဆုံးဒဏ်ရာရတော့ စိတ်မကောင်းဘူး။ အဲဒါကို အန်ကယ်တို့အနေနဲ့ တဖက်က မကျေနပ်မှုကို အစိုးရဘက်က ဘယ်လို ဖြေရှင်းမလဲ။ ဒါတွေကလည်း လိုအပ်တယ်။ နောက်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးကို ပျက်မသွားချင်ဘူး။

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြားဒေသ မှ ဒေသခံများ ဖောက်လုပ် ထားသည့်လမ်း အဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြားဒေသ ဝိရာဇွမ်ဂျာ မှ ဒေသခံ များ ဖောက်လုပ်ထားသည့်လမ်းအား မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေး လုပ်ငန်းစုဝင် ယုဇနကုမ္ပဏီမှ ဝန်ထမ်းများက သောကြာနေ့တွင် ဖျက်ဆီးခဲ့ သည်ဟု သိရသည်။ တောင်ကုန်းများပေါ်ရှိ လယ်ယာမြေ များသို့ သွားရာလမ်း အဖြစ် ဖောက်လုပ်ထားသည့် ထိုလမ်းများအား နိုဝင် ဘာ ၁၄ က ဒေါသ ထွက်နေ သည့် လယ်သမားများ၏ မျက်စိရှေ့တွင်ပင် ယုဇန ကုမ္ပဏီ ဝန်ထမ်း များက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်သက်သေများ က KNG သတင်းဌာနသို့ ပြောကြားသည်။
ထိုလမ်းများမှာ ယုဇနကုမ္ပဏီက ဖောက်လုပ်ထားသည့် လမ်းနှင့် လမ်း ကြေးကောက်ခံသည့်

BLACK LIST ဒံပေါက်

မြန်မာပြည်ကလူတွေ သိပ်တော့မကျေနပ်။

ကိုယ့်နိုင်ငံက လွှတ်တော်အမတ်ကို အခြားနိုင်ငံက အမည်မည်းစာရင်း Black List သွင်းတယ်ဆိုတာ မဖြစ်သင့်။ တကယ်ဆို အမည်ညိုစာရင်း (Brown List) လောက်သွင်းရင် တော်သေးသည်။ ဦးအောင်သောင်းသည် ဒီလောက်လည်း အသားမမည်း ညိုတိုတိုလေးသာ။

ဒီလိုအချိန်များ တစ်ရာမက တွေ့ပါရစေ

Written by: ဒေါက်တာခင်မောင်ညို
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့လယ် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လူတိုင်းလက်လှမ်းမီတဲ့ ကျန်မာရေး စောင်ရှောက်မှုစနစ် ၁၆နှစ်ကြာမှ ရမယ်

နေပြည်တော်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံမှာ လူတိုင်း လက်လှမ်းမီတဲ့ သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို နောက်ထပ် ၁၆နှစ်ကြာမှပဲ ရနိုင်မယ်လို့ ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောပါတယ်။ အဲဒီကျန်းမာရေး လွှမ်းခြုံစနစ်ကို ၂၀၃၀ ခုနှစ်ရောက်မှပဲ ရရှိနိုင်မယ်လို့ သူက ပြောပါတယ်။

“မယူအနေရ ပြည်သူ့ကျန်းမာရေး အာမခံစနစ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ပါတယ်” လို့ ဒေါက်တာဝင်းမြင့်က ဆိုပါတယ်။

ထိရောက်သော ပြစ်ဒဏ်မျိုး အလိုရှိသည် ( ဆောင်းပါး )

(ဆောင်းပါးရှင် - တင်ယုနွယ်)

ဒီသတင်းကိုဖတ်လိုက်ပြီး ခံပြင်းဒေါသထွက်မှုတွေကို အရင်ဆုံး ခံစားလိုက်ရပါတယ်။ အရင်ကလည်း ဒီလိုသတင်းတွေကို ဖတ်နေရပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ဖတ်လိုက်ရတဲ့ သတင်းကတော့ ဆိုးရွားလွန်းလှပါတယ်။ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နှိပ်စက် ဓားနဲ့မွှန်း မုဒိမ်းကျင့်ပြီးနောက် သစ်ပင်မှာ ကိုယ်လုံးတီးချည်နှောင်ထားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ကသာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတာပါ။ ဖတ်ပြီးပြီးချင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတစ်ဦးကို ဒီလိုယုတ်ညံ့တဲ့လုပ်ရပ် ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မျိုးနဲ့ ဒီလိုကျူးလွန်မှုတွေမှာ ကြီးမားတဲ့ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုပြီး မကျူးလွန်ရဲအောင် ဘာကြောင့်မချမှတ်ကြပါသလဲဆိုတာကို တွေးမိပါတယ်။

မြန်မာသံတော်ဆင့် ဂျာနယ် ကျပ်သိန်း ၁၁၀ ဖြင့် အာမခံရ

ရန်ကုန် (မဇ္ဈိမ)။ ။  နိုင်ငံတော် သမ္မတ အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် သံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာများ အပါအဝင် ၁၁ ဦးကို ကျပ် သိန်း ၁၁၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက အာမခံပေးလိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၂၅ ရက်တွင် ဒုတိယမြောက်ခေါ်ယူသည့် ရုံးချိန်းတွင် အမှုကို အာမခံပေးလိုက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်တွင် တတိယအကြိမ် ရုံးချိန်း ထပ်မံခေါ်ယူထားသည်ဟု ၎င်းက ဆိုသည်။

ဝန်ထမ်းများလစာတိုးလျှင် ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ရေး ဘယ်လိုပြင်ဆင်ကြမလဲ


ဒီမိုကရေစီတူဒေးသတင်းအဖွဲ့

၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်မှစတင်၍ အစိုးရဝန်ထမ်းများ၏ မူရင်းခံစားနေရသော
လစာများ ထပ်မံတိုးမြှင့် ခံစားခွင့်ရရှိ တော့မည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံ့ဝန် ထမ်းများအား ခေတ်နှင့်အညီ ထိုက်တန်သော လစာတိုးမြှင့်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို နိုဝင်ဘာ ၁၂ရက်ကကျင်းပသည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့ ပြီး ယင်းအဆိုအပေါ် ပြည်ထောင်စုလွှတ်တော် မှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ၆ ပွင့်ဆိုင် ဆွေးနွေးရန် လွှတ်တော် တောင်းဆို

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး, ၆ ပွင့်ဆိုင် , ဦးရွှေမန်း , ဦးခင်အောင်မြင့်, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, သမ္မတဦးသိန်းစိန်, ဒေါ်အောင်ဆန်းစုကြည် , လွှတ်တော်
အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်ရန် ၆ ပွင့်ဆိုင် ဆွေးနွေးရန် တောင်းဆိုခြင်း ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)

လိုင်ဇာကို ပစ်ခတ်မှု အပစ်ရပ်စာချုပ်အား ထိခိုက်နိုင်ဟု CNF လက်ထောက် အတွင်းရေးမှုးချုပ်ဆို

ရန်ကုန် (မဇ္ဈိမ)။ ။ ကေအိုင်အေဌာနချုပ် တည်ရှိရာ လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးသည့်အပေါ် ထိခိုက်နိုင်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) မှ လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးက ပြောသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဖို့ ၈၈မျိုးဆက် ကိုမင်းကိုနိုင် ထောက်ခံ

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်တာကို ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထောက်ခံကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းပြည်ရဲ့ လက်ငင်းပြဿနာတွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အဖြေရှာနိုင်ဖို့ ဦးတည် သွား သင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။


နိုင်ငံရေးသမားအယောက်(၁၀၀) သတင်းစာသမား တစ်ယောက်နှင့် ခံယူချက်ပလက်ဖောင်း

လှိုင်ဘွား
******************************************************************

(၁)
ပထမအကြိမ် သက်ကြီးသတင်းစာပညာရှင်များအား ပူဇော်ကန်တော့ပွဲကို နိုဝင်ဘာ၂၂ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်ကို အားလုံး သိပြီးဖြစ်ပေသည်။ ထိုပူဇော်ပွဲတွင် သက်ကြီးသတင်းစာပညာရှင်ကြီး အယောက် ၆ဝကျော်အား ဖိတ်ကြားလျက် ပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ပေသည်။

ပူဇော်ပွဲနေ့၌ နံနက် ရ နာရီလောက်ကတည်းက သက်ကြီးသတင်းစာပညာရှင် သတင်းစာဆရာကြီးများ တဖွဲဖွဲကြွရောက်လာကြသည်ကို တွေ့ရပေသည်။ အသက်အရွယ်အားဖြင့် အသက်၇၅နှစ်နှင့်အထက် သက်ကြီးဝါကြီးများဖြစ်ကြရာ အတော်များများသည် သားထောက်သမီးခံနှင့်

စာရေးဆရာထင်လင်းဦးအား NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်း

နိုဝင်ဘာ ၂၂ရက်က ကျင်းပသည့် NLD ဗဟိုအလုပ်အမှူဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးထင်လင်းဦးအား ဗဟိုပြန်ကြားရေးအဖွဲ့ဝင်အဖြစ်မှ ရုတ်သိမ်းခဲ့သည်။
ထိုကြေညာချက်သည် ဦးထင်လင်းဦးသို့အမည်တပ်ရည်ညွှန်းသော ကြေငြာချက်ဖြစ်ပြီး မိတ္တူကို ဌာနအားလုံး(NLD ဗဟိုရုံးအဖွဲ့) ပြည်နယ်/တိုင်းအလုပ်အမှူဆောင်အဖွဲ့ဝင်များအားလုံးသို့ ပေးပို့ထားသည်ဟု သိရသည်။ ထိုကြေငြာချက်ကို NLD CEC အဖွဲ့ဝင်ဦးဥာဏ်ဝင်းလက်မှတ်ရေးထိုးကာ နိုဝင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယာဉ်ထိန်းရဲများ ငွေတောင်းပါက တိုင်ကြားနိုင်ရန် Hot Line ဖုန်းနံပါတ်များထားရှိမည်

မန္တလေးမြို့တွင် ရှိသည့်ယာဉ်စီးရေနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှာ မမျှမတဖြစ်နေသည် (ဓာတ်ပုံ−ညီညီဇော်)

အမျိုးသား ပညာရေး ဥပဒေကို မုံရွာကျောင်းသား သမဂ္ဂ သပိတ်မှောက်

မုံရွာ (မဇ္ဈိမ) ။ ။ အမျိုးသား ပညာရေး ဥပဒေ အလိုမရှိ ဟုဆိုကာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား များက နိုဝင်ဘာ ၂၅ ရက်က စတင်ပြီး သပိတ်မှောက်ကြသည်။

Student-Strike-Moywar
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားမျးက မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ပေရှစ်ဆယ်လမ်းဆုံ၌ နိုဝင်ဘာ ၂၅ ရက်က စတင်ကာ သပိတ်မှောက်စဉ်။ (ဓာတ်ပုံ- ကိုတိုးကြီး၊ မဇ္ဈိမ)

အခြေခံ ဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် အချိန်မီတွေ့ဆုံဖို့ ပြည်ထောင်စု လွှတ်တော် အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၂၅

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို အချိန်မီလုပ်ဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ အရေးကြီးအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊

ပြည်သူများသတင်းအချက်အလက်များကို အမြန်ဆုံး သိရှိနိုင်ရေး မီဒီယာများမှတစ်ဆင့် ချပြဖော်ဆောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ
နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)တို့သည် နိုဝင်ဘာ ၂၃ရက်က နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် တွေ့ ဆုံမှုဖြစ်သည်။ ထိုတွေ့ဆုံမှုတွင် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများက တပ်မတော်ဆိုင်ရာသတင်းများကို ပွင့်ပွင့်လင်းလင်းသိရှိရယူနိုင်ရေးအချက်များ၊ တပ်မတော်နှင့် မီဒီယာတို့၏ ကောင်းမွန်သော ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။ တပ်မတော်ဘက်ကလည်း ထုတ်ပြန်ပေးနိုင်သည့်

တပ်မတော် သတင်းများ ထုတ်ပြန်ရေး အခက်အခဲ ရှိနေဆဲဟု ဆို

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် (ယာယီ)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် (ယာယီ) တို့ ဒုတိယအကြိမ် တွေ့ဆုံပွဲ (ဓာတ်ပုံ – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့ဘွတ်စ်)

အမျိုးသားပညာရေး ဥပဒေဆန့်ကျင် ဆန္ဒပြမှု ရပ်ဆိုင်းထားချိန်တွင် စည်းရုံးရေးဆင်းသွားမည်

မန္တလေး (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းထားသည့် ရက် ပေါင်း ၆၀ အတွင်း လူထုထောက်ခံမှုရရှိ အောင်စည်းရုံးရေးနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက မဇ္ဈိမကို ပြောသည်။

Student-Strike-5
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း စီတန်းလှည့်လည်၍ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို
ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

ထိပ်သီးလေးဦး ဗီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဘာတွေပြောခဲ့သလဲ

ဓာတ်ပုံ− ဂျေမောင်မောင်(အမရပူရ)

ဆန့်ကျင်မှုကြားက အမျိုးသားပညာရေး ဥပဒေ

အမျိုးသားပညာရေးဥပဒေ, ပညာရေးဝန်ကြီးဌာန, တက္ကသိုလ်, အဆင့်မြင့်ပညာဦးစီးဌာန, ဗဟိုချုပ်ကိုင်မှု, ပြည်ထောင်စုလွှတ်တော်
ရန်ကုန်မြို့တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေသော ကျောင်းသားကျောင်းသူများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

စစ်ရေးအမြင်ရှိမှ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည်ဟု NDF ပါတီဥက္ကဋ္ဌ ဆို

မန္တလေး (မဇ္ဈိမ)။ ။ စစ်ရေးအမြင်မရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ပါက ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်ဟု မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ NDF ဥက္ကဋ္ဌ ဦးကျော်အောင်က နိုဝင်ဘာ ၂၄ ရက် တွင် မန္တလေးတိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အစည်းအဝေး ခန်းမတွင်ပြုလုပ်သော မန္တလေး အခြေစိုက်ပါတီများ စုပေါင်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ရန် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

NDF-Party
တစည ပါတီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲအတွက် မန်းသဘင်ပညာရှင်များ ဖျော်ဖြေ အလှူခံ

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးသဘင် ပညာရှင်များအဖွဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ပွဲ ဖျော်ဖြေရေးကော်မတီမှ နိုဝင်ဘာ ၂၄ ရက်တွင် မန္တလေးမြို့၌ နောက်ဆုံးရက် လှည့်လည်ဖျော်ဖြေ အလှူခံခဲ့သည်။

General-Aung-San-100-Year-Birthday-1
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲ ဖျော်ဖြေရေးကော်မတီမှ မန္တလေးမြို့အတွင်း လှည့်လည်အလှူခံနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို တစ်ပြေးညီကျင့်သုံးရန် အမျိုးသားလွှတ်တော် ဆုံးဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄

အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များကန့်ကွက်ခဲ့သော် လည်း အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး တွင် တစ်ပြေးညီကျင့်သုံးရန် ယနေ့ ကျင်းပသောအမျိုးသားလွှတ်တော် တွင်အတည်ပြုဆုံးဖြတ်လိုက်သည်။

နိုဝင်ဘာ ၂၄ရက်က ကျင်းပ သော အမျိုးသားလွှတ်တော်အစည်း အဝေး ၃၃ရက်မြောက်နေ့တွင် အမျိုး သားလွှတ်တော်ရွေးကောက်ပွဲများ တွင် PR စနစ်ကျင့်သုံးရေးဆိုင်ရာ အဆိုအကောင်အထည်ဖော်ရေးကော်

မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံး အာမခံကြေး တင်မည်

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရ တဲ့ မြန်မာအလုပ်သမား ၂ ဦး အတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ်သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။

မြန်မာနှစ်ဦးကို စွဲဆိုထားတဲ့အမှုတွေ များတာကြောင့် ခရိုင်တရားရုံးမှာ အာမခံငွေကြေး ပိုသွင်းပြီး အာမခံ ရရှိအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း မြန် မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြော ပါတယ်။

တစ်ခါတုန်းကအကြောင်း ပြန်ပြောပါရစေ (ဆောင်းပါး)

ဆောင်းပါး - ကိုတရား(ထီးတန်း)

အထက်မြန်မာပြည် ခရိုင်တရားရုံးတစ်ရုံး၌ တာဝန်ကျခဲ့စဉ်က အဖြစ်အပျက်လေး ပြန်ပြောပါရစေ။ ခရိုင်တရားသူကြီးဟာ စက်ရှင် အာဏာရရှိတဲ့ တရားသူကြီးတစ်ဦးဖြစ်ပါတယ်။ သေဒဏ်အမိန့်ချ ချမှတ်နိုင်တဲ့အထိ အာဏာရှိသူပါ။ “စက်ရှင်မင်းကြီး” “မင်းကြီး”လို့ ခေါ်ဝေါ်ကြတာတွေဟာ ယခင် အင်္ဂလိပ်ခေတ်၊ ပါလီမန်ခေတ်အထိ ဂုဏ်ကျက်သရေ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စက်ရှင်မင်းကြီးတွေကတော့ ယခင် စက်ရှင်မင်းကြီးများလိုဖြစ်အောင် ကြိုးစားနေရတယ်။ မဏ္ဍိုင်ကြီးသုံးရပ်မှာပါတဲ့ တရားစီရင်ရေးက တရားသူကြီးဟာ ခရိုင်အဆင့် အခမ်းအနား၊ အစည်းအဝေးတွေမှာ နေရာမရခဲ့ပါဘူး။ ခ .၀ .တ၊ ခ .ယ .ကအဖွဲ့ရဲ့ ညွှန်ကြားမှုအောက်က အလိုက်သင့် လှုပ်ရှားနေရတာမျိုးပါ။ ခရိုင်တရားသူကြီးတွေမှာလည်း ခ .၀ .တ၊ ခ .ယ .ကနဲ့ ပေါင်းစားတဲ့လူအချို့

ပုဒ်မ-၄၃ရအရ ဥပဒေအရာမှာအားလုံးသည် တန်းတူညီမျှသော အခွင့်အရေးနှင့် အကာအကွယ်ရနိုင်သည်ဆိုသည့် ပြဋ္ဌာန်းချက်အရ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲစာရင်းတွင် ထောင်ကျများပါ စာရင်းထည့်သွင်းရေးအဆိုပြုပြင်ဆင်ချက်အား ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်ထောက်ခံခဲ့

နေပြည်တော်၊ နိုဝင်ဘာ ၂၄- ပုဒ်မ- ၄၃ရအရ ဥပဒေအရာမှာအားလုံးသည် တန်းတူညီမျှတဲ့ အခွင့်အရေးနှင့် အကာအကွယ်ရနိုင်သည်ဆိုသည့် ပြဋ္ဌာန်း ချက်အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမဲစာရင်းတွင် ထောင်ကျ များပါ စာရင်း ထည့်သွင်းရေးအဆိုပြု ပြင်ဆင်ချက်အား ဒေါ်အောင်ဆန်းစုကြည်မှ မတ်တပ် ရပ်ထောက်ခံခဲ့သည်။

ယနေ့ပြုလုပ်သောပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၃ရက်မြောက်တွင် ဥပဒေကြမ်းကော်မတီမှ တင်သွင်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်

Sunday, November 23, 2014

ခိုတောင်းကျွန်းအမှု ကူညီပေးဖို့ ဦးခင်အောင်မြင့် ထိုင်းကို ရောက်ရှိ

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အကူအညီပေးဖို့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဒီကနေ့ညနေမှာ ထိုင်းနိုင်ငံကို ရောက်ရှိမယ်လို့သိရပါတယ်။

အဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦး အမှုနဲ့ပတ်သက်ပြီး မြန်မာအထူးကိုယ်စားလှယ်အဖွဲ့က ဘန်ကောက်မြို့ မြန်မာသံရုံးမှာ သံအမတ်ကြီးနဲ့ ဒီနေ့ ဆွေးနွေးခဲ့ကြကြောင်း၊ ဒီလူငယ်နှစ်ဦး အာမခံရဖို့အတွက် သံရုံးကငွေကြေးစိုက်ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊ အခုညနေမှာ ရောက်ရှိလာမဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့လည်း တွေ့ဆုံကြဖို့

တပ်မတော် သတင်းထုတ်ပြန်ရေး ဗိုလ်ချုပ်မှူးကြီးနဲ့ ထပ်တွေ့မည်

တပ်မတော်ရဲ့သတင်းအချက်အလက်တွေ ထုတ်ပြန်နိုင်ဖို့အတွက် သတင်းသမားတွေနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ပြောလိုက်ပါတယ်။

နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် စာရေးဆရာ ဦးဖေမြင့်က ပြောပါတယ်။

နိုင်ငံရေးပူဖောင်း ပေါက်ကွဲမထွက်စေဖို့ (ဆောင်းပါး)

Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ပုဂ္ဂလိကဘဏ်တစ်ခုတွင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်နေသည်ကို တွေ့ရစဉ်

ပုဒ်မ ၄၃၆ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မဇ္ဈိမ

ဖွဲ့စည်းပုံအခြေခံဥပေဒ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် အခက်အခဲများ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရအောင် ညှိနှိုင်းသွားမည်ဟု ၎င်းက ဗွီအိုအေသတင်းဌာနနှင့် နိုဝင်ဘာ ၂၃ရက်က အင်တာဗျူးတွင် ပြောကြားလိုက်သည်။
"ကျွန်မတို့ ဒီအလုပ်စလုပ်ကတည်းက လွယ်နိုင်မယ် လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင်မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။

ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံ ပြန်စိုက်ကြတော့မည်လော ...

မြန်မာ့စီးပွားရေး မြို့တော် ရန်ကုန်၏ နေသည် ချစ်ချစ်တောက် ပူပြင်းလျက်ရှိသည်။ ချွေးတလုံးလုံးဖြင့် လူကို နွမ်းလျစေသည်။ သို့သော်လည်း အဖြူရောင်အင်္ကျီ ဝတ်ဆင်ထားသည့် လူငယ်တစ်စုကတော့ ထိုအပူဒဏ်တို့ကို အန်တုလျက်။ နဖူးကချွေး ခြေမကျလု မတတ်ပင်။ အော်ဟစ်နေကြသည်မှာ ရဲရဲတောက် တက်တက်ကြွကြွ ...။

 

ဘန်ကီမွန်းကို ရခိုင်ပြည်နယ်မှာ ဆန္ဒပြပြီ

န်ကုန်၊ နိုဝင်ဘာလ ၂၃

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်မယ်ဆိုတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ် မြို့တချို့မှာ ကန့်ကွက်ဆန္ဒပြမှု တွေ ဒီကနေ့ ပြုလုပ်နေကြပါတယ်။

ဒီကနေ့ မွန်းလွဲ တစ်နာရီကနေ စစ်တွေမြို့ ဝင်္ကပါကွင်းမှာ စုရပ်လုပ်ပြီး သံဃာတော်နှင့် လူပေါင်း ထောင်နဲ့ချီဟာ တစ်နာရီ ဝန်းကျင်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ မြို့ခံတွေဆီကနေ သိရှိရပါတယ်။ အလားတူ မောင်တောနဲ့ မင်းပြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေက ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်စုအနေနဲ့ ဒီတစ်သက်မှာတော့ သမ္မတဖြစ်ဖို့မမြင်ဘူး (ဦးလှဆွေ နှင့် အင်တာဗျူး)

ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် အင်တာဗျူး
--------

မေး - အမေရိကန်၊ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံကို အခုနောက်ပိုင်း ဆက်ဆံလာတဲ့ အခြေအနေတွေ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

UHS - ကျွန်တော်တို့ နိုင်ငံနဲ့ အခုဆက်ဆံ နေတဲ့ နိုင်ငံအားလုံးပေါ့နော်။ ယူအက်စ်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ စသည်ဖြင့် အဲဒီအားလုံးက ကျွန်တော်တို့ နိုင်ငံကို အကောင်းမြင်ပါတယ်။ နိုင်ငံက သွားနေတဲ့ အရွေ့တွေကိုလည်း သူတို့ထောက်ခံတယ်။ အဲဒီမှာ တစ်ခုရှိတာက အမေရိကန်ကပဲ

(23-11-2014) တနင်္ဂနွေနေ့ စာချစာသင်သံဃာတော်များနှင့် ဓမ္မစကူးလ်ကျောင်းသားကျောင်းသူတို့အား အာဟာရဒါနကုသိုလ်ရှင်

(23-11-2014) တနင်္ဂနွေနေ့
ရေဦးမြို့ အောင်ဆန်းရပ်နေ ဆရာကြီး ဦးမောင်မောင် ဆရာမကြီး ဒေါ်ဆွေဆွေထွန်း သား ဒေါက်တာမင်းထွဋ် (အင်္ဂလန်) မိသားစုမှ မင်္ဂလာရာမ စာချစာသင်သံဃာတော်များနှင့် ဓမ္မစကူးလ်ကျောင်းသားကျောင်းသူတို့အား အာဟာရဒါနကုသိုလ်ပြုပါသည်။

Credit -  Ashin Vicitta (Facebook)

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြန်ရွေးချယ်ရန် သံဃာလက်မှတ် လေးသိန်းကျော်ဖြင့် သမ္မတထံ တောင်းဆိုမည်

မန္တလေး၊ နိုဝင်ဘာ ၂၁

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သံဃာတော်အများစု၏ ဆန္ဒသဘောထားနှင့်အညီ ပြန်လည်ရွေးချယ်နိုင်ရေး သဘောထား ဆန္ဒပြုလက်မှတ်များကို သံဃာတော် လေးသိန်းကျော်ထံမှ ကောက်ခံသွားမည် ဖြစ်ကာ ယင်းလက်မှတ်များဖြင့် နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါလက်မှတ် ကောက်ယူသည့် သံဃာတော်များထံမှ စုံစမ်းသိရှိရသည်။

မုံရွာတွင် ပါဂျဲရိုး ကားက ဆိုင်ကယ် ၁၂ စီးကို တိုက်၍ လူ ၉ ဦး ဒဏ်ရာရ

မုံရွာ (မဇ္ဈိမ) ။ ။ ပါဂျဲရိုးကားတစ်စီးက ဆိုင်ကယ် ၁၂စီးကို တိုက်ကာ လူ ၉ဦး ဒဏ်ရာရသည့် ဖြစ်ရပ်တစ်ခု စစ်ကိုင်းတိုင်း မုံရွာမြို့ ရုံးကြီးရပ်ကွက်တွင် နိုဝင်ဘာ ၂၂ရက် ည ၇နာရီက ဖြစ်ပွားခဲ့သည်ဟု အမှတ် ၁၄ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒု-တပ်ဖွဲ့ခွဲရုံးမှ သိရသည်။

SAM 0157
မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်းပေါ်တွင် နိုဝင်ဘာ ၂၂ရက် ညက ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့သည့် ပါဂျဲရိုးကားကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုတိုးကြီး)

ဒုသမ္မတနေရာ အမည်စာရင်းသွင်းခံရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မည်သူ့ကိုမဆို ယှဉ်ပြိုင်မည်ဟု ဦးရွှေမန်းပြော

လာမည့်ရွေးကောက်ပွဲ တွင် ဒုတိယသမ္မတနေရာ အမည်စာရင်းတင်သွင်းခံရရန် ဒေါ် အောင်ဆန်းစုကြည် အပါအ၀င် မည်သူနှင့်မဆို ပြိုင်ဆိုင်သွားမည် ဖြစ်ကြောင်း သူရဦးရွှေမန်းကပြောသည်။

နိုဝင်ဘာ ၂၂ရက်တွင် ပြုလုပ်ခဲ့သော ဗီအိုအေသတင်းဌာနနှင့်အင်တာဗျူး၌ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်နိုင်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်ပါဝင်လာမည့် ဒုတိယသမ္မတနေရာအတွက် မည်ကဲ့သို့သဘောထား ရှိပါသလဲဆိုသည့် မေးခွန်းကို သူရဦးရွှေမန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်သင်တန်းကျောင်းပစ်ခတ်မှု အစိုးရနှင့် တပ်မတော် တာဝန်ယူဖြေရှင်းရန် ပါတီနှင့်အဖွဲ့အစည်းများ တောင်းဆို

သေဆုံးခဲ့သည့် ဗိုလ်လောင်းများ၏ မြေပုံများ (ဓာတ်ပုံ - Jade Land)

လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော

၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော
ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ

ရိုဟင်ဂျာဟု သုံးနှုန်းသည့် ဘန်ကီမွန်းကို စစ်တွေလူထု ဆန္ဒပြမည်

လင်းမြတ်၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၆)။

ရန်ကုန်၊ နိုဝင်ဘာ ၂၁


ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ရိုဟင်ဂျာဟုပြောဆို သုံးနှုန်းမှုအပေါ် စစ်တွေမြို့လူထုက နိုဝင်ဘာ ၂၃ရက် တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်ရှိ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ် များကပြောသည်။

ဦးမြငါးစင် ပြဿနာ လွှတ်တော်တင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာစီးပွားရေး ကော်ပိုရေးရှင်း M.E.C နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဦးမြငါးစင် ကျေးရွာဒေသခံများကြား ဖြစ်ပွားနေသော လမ်းပိတ်ဆို့မှု ပြဿနာကို ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းမည် ဖြစ်ကြောင်း အလုံမြို့နယ် လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အနေနှင့် မိမိ မဲဆန္ဒနယ်မြေ အတွင်းတွင် ဖြစ်ပွားနေသည့် ပြဿနာကြောင့် နေပြည်တော်တွင် (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်နေရာမှ နိုဝင်ဘာလ ၂၂ ရက်တွင် လာရောက်ကာ ဒေသခံများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဖော်ဆောင်ကာ အတူလက်တွဲနေထိုင်ခြင်း (ဆောင်းပါး)

ဆောင်းပါး - ဒေါက်တာခင်မောင်ညို

“အင်္ဂလိပ်တွေထွက်သွားပြီးကတည်းက တို့တစ်တွေ ငြိမ်းချမ်းရေး မရသေး ဘူးနော်”

ကိုဘသစ်က စိတ်ပျက်ဟန်နှင့် ကျွန်တော့်ကို ပြောပါသည်။

“ဗြိတိသျှအစိုးရက ဖန်တီးခဲ့တယ်လို့လည်း ပြောလို့ရတယ်။ သူတို့က ပြည်သူတွေ ကို စိတ်မဝင်စားဘူး။ သူတို့အကျိုးအမြတ်ကိုပဲ စိတ်ဝင်စား ခဲ့တယ်”

“ဒါဆိုရင် ခုခေတ်မှာလည်း သိပ်မထူးဘူးလို့ထင်တယ် ကိုဘသစ်”

တရားရုံးများအနေဖြင့် တိုင်ကြားမှုများရှိပါက လက်ခံရမည်ဖြစ်ကြောင်း မီဒီယာများအား တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ထည့်သွင်းပြောကြား


တရားရုံးများအနေဖြင့် တိုင်ကြားမှုများရှိပါက လက်ခံရမည်ဖြစ်ကြောင်း မီဒီယာများအား တရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်က မန္တလေးမြို့၌ မီဒီယာသမားများနှင့် တွေ့ဆုံစဉ် မွန်းတည့်နေဂျာနယ်မှ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးရဲထွဋ်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယူနတီဂျာနယ်နှင့် မွန်းတည့်နေဂျာနယ်တို့မှ သတင်းသမားများအား တရားစွဲဆိုခဲ့စဉ်က ၂ဝ၁၄ ခုနှစ် မတ်လက သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော သတင်းမီဒီယာဥပဒေသည်

လက်နက်ကြီးပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသူများအတွက် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပသည့်ဆုတောင်းပွဲသို့ လာရောက်ကြသူများကို တွေ့ရစဉ်

Written by: ဝေယံဖြိုးဦး၊ မျိုးမင်းထက်
နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

လိုင်ဇာဗိုလ်လောင်းသင်တန်း ပစ်ခတ်ခံရမှုဖြစ်စဉ်ကြောင့် ကချင်ပြည်နယ်ဝန်ကြီးများကို ခရီးရှည်မထွက်ရန် ပြည်နယ်ဝန်ကြီးချုပ် သတိပေး

Written by: ထွန်းလင်းအောင်
လက်နက်ကြီးပစ်ခတ်ခံရ၍ သေဆုံးခဲ့ရသူများအတွက် မြစ်ကြီးနားမြို့ရှိ မနောကွင်းတွင် ကျင်းပသည့်ဆုတောင်းပွဲသို့ လာရောက်ကြသူများကို တွေ့ရစဉ်

ကိုကိုလာမယ်ဆိုလို့ (သရော်စာ)

သရော်စာ - ငွေစန်းရောင်

ကမ္ဘာလောကကြီးမှာ ကျုပ်တို့ မြန်မာလူမျိုးတွေလောက် သွေးခွဲ ရတာ သွေးထိုး ရတာ လွယ်တဲ့လူမျိုး ရိုးစွဲနောက်ထပ် ရှိလိမ့်မယ် မထင်ပါဘူး။ ဂျာနယ်ထဲ ဆောင်းပါးလေး တစ်ပုဒ်လောက်ပါရုံနဲ့ မပြီးနိုင်မစီးနိုင် ထသတ်ကြ တာများ မြင်မကောင်း ဖတ်မကောင်းဘူး။ ကိုယ်လည်းပဲ အစက မရေးဘူးလို့နေ တာ ခဏခဏ လာလာမေးကြတော့ သည်တစ်ခါတော့ မနောက်ဘူး။ မရွဲ့ဘူး။ အတည်ပြောမယ်ဗျာ။ ယုံချင်ယုံ မယုံချင်နေ။

စစ်တပ်က ဆရာဝန်တွေ အရပ်ဘက်ကို ရောက်လာတော့မယ်ဆိုတာ ဘယ်လို ခံစားရ သလဲမေးရင် ဘယ်လိုမှမခံစားရပါဘူး။ “နောက် ထပ် လာချင်လာပါ။ မထူးဆန်းတော့ပါ။ နှလုံးသားထဲက သည်ဒဏ်ရာတွေဟာ ဝဋ်ရှိလို့သာ ခံစား ခဲ့ရတာ ဘယ်သူ့ကိုမှလည်း အပြစ်မတင် တတ်တော့ပါ” လို့ ပြောမလို့။

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးနေ့များရုပ်ရှင်ကို ဘာကြောင့်ရိုက်ကူးချင်ရပါသနည်း

Written by: မြေနီသစ္စာ
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းရှိ ဗိုလ်ချုပ်နေအိမ်နှင့် ခြံသန့်ရှင်းရေးပြုလုပ်နေသည့် ဗိုလ်ချုပ်ကြေးရုပ်တုကို တွေ့ရစဉ်

ပုဒ်မ (၅) အတွက် သတင်းစာဆရာကြီး လူထုဦးလှအား တောင်းပန်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနု

Written by: အောင်ရဲထွဋ် (ဓာတု)

သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကတော့ စာနယ်ဇင်းသမားတွေကို နှောင်ကြိုးမဲ့ နိုင်ငံရေးသမားတွေလို့ တင်စားခဲ့တယ်။ စာနယ်ဇင်းသမားစစ်စစ်တွေဟာ ဘက်မလိုက်ဘဲ သတင်းတွေဆောင်းပါးတွေကို ဖြစ်ရပ်မှန်အတိုင်း ရေးသားဖော်ပြသူတွေလည်း ဖြစ်တယ်။
ဒါကြောင့် စာနယ်ဇင်းသမားတွေကို တစ်နေ့တာသမိုင်းကို ပြုစုနေတဲ့ ခေတ်ကြေးမုံပြင်တွေဖြစ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ပစ္စုပ္ပန်ဟာ မနက်ဖြန်ရောက်ရင် သမိုင်းဖြစ်သွားတယ်။ဒါကြောင့် စာနယ်ဇင်းတိုင်း ခေတ်သမိုင်းလို့လည်း အသိအမှတ်ပြုကြတယ်။