Credit - Ashin Vicitta (Facebook)
Saturday, July 12, 2014
ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက်၌ ရဟန်းတော် ၄၇ ပါး သာမဏေ ၁၄၂ ပါး စုစုပေါင်း ၁၈၉ ပါးတို့ စုပေါင်း ဝါဆိုဝါကပ်ပြုတော်မူကြပါသည်။
ယနေ့ ၁၃၇၆ ခု ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင်
ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက်၌ ရဟန်းတော် ၄၇ ပါး သာမဏေ ၁၄၂ ပါး စုစုပေါင်း
၁၈၉ ပါးတို့ စုပေါင်း ဝါဆိုဝါကပ်ပြုတော်မူကြပါသည်။
Credit - Ashin Vicitta (Facebook)
Credit - Ashin Vicitta (Facebook)
ဓမ္မစကူးလ်သင်တန်း ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ၏ စုပေါင်း
ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်သင်တန်း
ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ၏ စုပေါင်း ဝါဆိုသင်္ကန်း ဝါဆိုပန်းများ
ဆက်ကပ်လှူဒါန်းပွဲ။ ၁၂-၇-၂၀၁၄ စနေနေ့
Credit - A Shin Nyar Notetara (Facebook)

ကူညီချင်ပါသည်... ဆက်သွယ်ပါ။
ရေဦးနယ်သားများ ... မင်္ဂလာပါ
Ye-U Reader မှ ကြော်ညာများ ထည့်ပေးချင်ပါသည်။ သို့ဖြစ်ပါ၍ ရေဦးမိတ်ဆွေများထံမှ
ကြော်ညာများလိုချင်ပါသည်။ စီးပွားရေး ကြော်ညာများ၊ ကျူရှင်ကြော်ညာများ ထည့်ပေးချင်ပါသည်။
ဈေးနှုန်း၊ ဓာတ်ပုံ၊ လိပ်စာ၊ ဖုန်းနံပါတ် ဖြစ်နိုင်ရင် အသေးစိတ်အချက်အလက်များ ပေးပို့ကြပါ။
မိမိ ကြော်ညာသော ကြော်ညာများကို ကာယကံရှင်များက တာဝန်ယူရပါမည်။ ဈေးနှုန်းများကို
နေ့စဉ်ပေးပို့ပါက နေ့စဉ် တင်ပေးသွားပါမည်။ Ye-U Reader apk လေးကို Update လုပ်နေပါပြီ။
ကဏ္ဍများခွဲပြီး စုံလင်အောင် ထည့်ပေးသွားမှာပါ။ ကျွန်တော်တို့ ရေဦးမြို့ကြီးကို သာယာလှပစေချင်
ပါသည်။
ဆက်သွယ်ရန် yeutharrlay@gmail.com

စိန်သရဖူ မိုဘိုင်းနှင့်စတိုး (ရေဦး)
အောက်ကလင့်လေးကတော့ စိန်သရဖူ မိုဘိုင်း နှင့် စတိုးဆိုင် ရဲ့ Like Page လေးပါ။
https://www.facebook.com/daimond.crown.75?fref=ts အားပေးလိုက်ကြပါအုံး။
သမ္မတ ဦးသိန်းစိန်ကို မီဒီယာတွေ ဆန္ဒပြ
သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ ဒီနေ့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC မှာ တွေ့ဆုံခဲ့ရာမှာ သတင်းမီဒီယာသမားတွေက မီဒီယာဖိနှိပ်မူရပ် စာတန်းပါ တီရှပ်ဆင်တူတွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဆက်လက်ကြည့်ရှုရန် - https://www.facebook.com/media/set/?set=a.10152624514408128.1073742506.39218993127&type=1

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲ (ပခုက္ကူ)
Eleven Media Group
ပခုက္ကူမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတစ်ရပ်ကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်ကကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီးမြို့နယ်အချို့မှ ဒေသခံများနှင့် ပါတီဝင်များ တစ်သိန်းခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

" ပန်းရဲ့လမ်း " အဖွဲ့သားများ ရေဦးမြို့သို့ လာရောက်ဖျော်ဖြေခဲ့စဉ်က
(9-7-2014)ရက်နေ့ ညနေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆)
ပြင်ဆင်ရေးအတွက် " ပန်းရဲ့လမ်း " အဖွဲ့သားများ ရေဦးမြို့သို့
လာရောက်ဖျော်ဖြေခဲ့စဉ်က
Create by - Kyaw Kyaw Hein
ဗွီဒီယိုဖိုင်ကြည့်ရန် - https://www.facebook.com/photo.php?v=583273155122679
မူရင်း - BJ Kyaw Soe (Facebook)

တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး PR ကော်မရှင်ကနေ နှုတ်ထွက်

အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မရှင်မှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက်လိုက်ကြတယ်လို့ သိရပါတယ်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ကို မကိုက်ဘူးဆိုတာကို အမျိုးသားလွှတ်တော်မှာ တင်လာကတည်းက ကျနော်တို့ပြောသားပဲ၊ တပ်မတော်သားတွေကလည်း ပြောတယ်၊ ဒါပေမဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ကတော့ မကိုက်ဘူးဆိုတာ မပြောရဘူး၊ လက်ရှိဖွဲ့စည်းပုံ ၂ဝဝ၈ ကို ကျနော်တို့က မပြင်ရသေးဘူး၊ အဲဒီကာလမှာ အဲဒီအဆိုဟာ တည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တယ်ဆိုရင် ဒီအဆိုကို တင်ခွင့်ပြုတဲ့ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိသွားပြီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီးတော့မှ ဆွေးနွေးခွင့်ပြုတာကိုက ပြစ်မှုကြီးတစ်ခုဖြစ်သွားပြီ ၊ ကော်မရှင်က အကောင်အထည်ဖော်ကို ဖော်ပေးရတော့မယ်ဆို ကျနော်တို့က သမိုင်းတရားခံ အဖြစ်မခံနိုင်ဘူး"
ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်၊ ဦးခင်မောင်လတ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းသန့်စင်တို့ ဖြစ်ပါတယ်။
PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနဲ့ ဖွဲ့စည်းထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ ဦးလည်း ပြီးခဲ့တဲ့ဇွန်လက ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက် ခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာစနစ်ကျင့်သုံးပေးဖို့ အမျိုးသား ဒီမိုကရေစီအင်အားစုရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဆိုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပေမဲ့ မဲခွဲဆုံးဖြတ်ရာ အဆိုအတည်ဖြစ်ပြီး အကောင်အထည်ဖော်မှု ကော်မရှင်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်မှာ မကြာခင် တင်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။
အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှု ကော်မရှင်မှာပါဝင်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နှုတ်ထွက်လိုက်ကြတယ်လို့ သိရပါတယ်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ကို မကိုက်ဘူးဆိုတာကို အမျိုးသားလွှတ်တော်မှာ တင်လာကတည်းက ကျနော်တို့ပြောသားပဲ၊ တပ်မတော်သားတွေကလည်း ပြောတယ်၊ ဒါပေမဲ့ အမျိုးသားလွှတ်တော် ဥက္ကဌ ကတော့ မကိုက်ဘူးဆိုတာ မပြောရဘူး၊ လက်ရှိဖွဲ့စည်းပုံ ၂ဝဝ၈ ကို ကျနော်တို့က မပြင်ရသေးဘူး၊ အဲဒီကာလမှာ အဲဒီအဆိုဟာ တည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တယ်ဆိုရင် ဒီအဆိုကို တင်ခွင့်ပြုတဲ့ပုဂ္ဂိုလ်တွေမ
ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်၊ ဦးခင်မောင်လတ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းသန့်စင်တို့ ဖြစ်ပါတယ်။
PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က
လာမယ့်ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာစနစ်ကျင့်သုံးပေးဖို့ အမျိုးသား ဒီမိုကရေစီအင်အားစုရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအဆိုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရေးအဆိုကို ပြည်သူ့လွှတ်တော်မှာ မကြာခင် တင်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။
ပခုက္ကူအခြေခံဥပဒေဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည်ဟောပြောခွင့်ရသော်လည်း ဦးကိုကိုကြီးမရ
ပခုက္ကူမြို့၌ ဇူလိုင် ၁၂ ရက်တွင် ကျင်းပမည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေးဟော ပြောပွဲကို ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်ဟောပြောမည်ဖြစ် သော်လည်း ဟောပြောခွင့် လျှောက်ထားမှုပယ်ချခံရသည့် ၈၈
မျိုးဆက်ကျောင်းသားခေါင်း ဆောင်များ တက်ရောက်ဟော ပြောမည်မဟုတ်ကြောင်း
သတင်းရရှိသည်။
အပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/15523#.U8AgxLFae3c

ရွေးကောက်ပွဲကော်မရှင် ပါတီတွေရဲ့တောင်းဆိုချက်ကို လျစ်လျူပြုပြီး မူကြမ်းထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး
ပါတီတွေ တောင်းဆိုထားတဲ့အချက်တွေကို မပြင်ဆင်ပဲ မဲဆွယ်စည်းရုံးခွင့်
ညွှန်ကြားချက်မူကြမ်းကို အတည်ပြု ထုတ်ပြန်လိုက်တယ် လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက် တဲ့ မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က အခု လိုပြောပါတယ်။
"ရွေးကောက်ပွဲ ရက်နီးခါနီး တစ်လလောက်အလိုမှာ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာလိုက်လို့ရှိရင် ကျနော်တို့က ရက် ၆၀ ရတာနဲ့ ဘာမှမထူးဘူးလေ ၁ လပဲ အလုပ်လုပ်ရမှာပဲလေ လက်ရှိအနေအထား မှာ သူတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်သွင်းခြင်းခံရသူကို တစ်ပါတီကိုယ်စားလှယ်တွေရော အကုန်လုံး ဖြစ်ခွင့်ပေးထားပါတယ်၊ သူတို့ဆီ ကိုတော့ ခွင့်ပြုချက်တင်ရမှာပေါ့ ၁၅ ရက် ဆိုင်းတယ်ဆိုတာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထပ်တာတို့ ပြီးလို့ရှိရင် ညှိတာတို့ပေါ့နော် မတိုက်ဆိုင်လို့ရှိရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မလိုလားပဲနဲ့ ပြဿနာဖြစ်မှာစိုးလို့ အကုန်လုံးကို ဥပဒေနဲ့အညီ ခွင့်ပြုမယ်ဆိုပြီးဆိုပြီး အဲ့လိုပြောထားတယ်"
နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးခွင့်ကို ရက်ပေါင်း ၆၀ သို့မဟုတ် နှစ်လနီးပါးကြာ သတ်မှတ်ပေးဖို့ နဲ့ ‘မဲဆွယ်ဟောပြောခွင့် လျှောက်ထားခြင်း’ ကို ‘အသိပေးခြင်း’ လို့ ပြောင်းလဲသတ်မှတ်ပေးဖို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြ ထားတာဖြစ်ပါတယ်။
အတည်ပြုလိုက်တဲ့ ညွှန်ကြားချက်အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီခေါင်းဆောင်တွေအနေနဲ့ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးမယ်ဆိုရင် သက်ဆိုင်ရာကော်မရှင်ခွဲတွေထံမှာ ၁၅ ရက်ကြိုတင် ခွင့်ပြုချက် တောင်း ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

မူရင်း - RFA Burmese
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုက္ခူ သို့ခရီး ပုံရိပ်လွှာများ
ဇူလှိုင်လ ၁၁ ရက်ယရနေ့နံနက် မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ မိနစ် တွင်
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်နေအိမ်မှ
ပုက္ခူမြို့သို့ထွက်ခွါလာရာ နတ်မောက်မြို့နယ် ပင်းမြို့ဟောင်း ရှိ ရှင်အရဟံ
ပင့်ဆောင်လာသော မဟာဗောဓိရွှေညောင်တော် အားဝင်ရောက်ဖူးမျှော်ပြီး
ဆရာတော်ဘုရားအား ၀ါဆိုသင်္ဃန်းဆက်ကပ်လျူဒါန်းခဲ့သည်။ ထိုနောက်
သပြေညီနောင်ကိုသွားရောက်ကြည့်ရှုခဲ့ပြီး ပုဂံမြို့သို့ဆက်လက်ထွက်ခွါခဲ့သည်။
credit - National League for Democracy (Page)
တောင်ငူခရိုင်တရားသူကြီး နာရီပိုင်းအတွင်းပြောင်းရွေ့ခံရ

ဘက်လိုက်သည်ဟု စွပ်စွဲခံရသည့် တ၇ားသူကြီးအား နာရီပိုင်းအတွင်းပြောင်းရွေ့
ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် ၁နာရီခွဲ အချိန်ခန့်မှာ တောင်ငူခရိုင်တရားရုံးရှေ့မှာ ခရိုင်တရားသူကြီးတစ်ဦးရဲ့ လူသတ်မှုတစ်ခုကို စီရင်ချက်အမိန့်ချမှတ်တာကို မကျေနပ်လို့ တရားလို မိသားစုတွေက အော်ဟစ်ပေါက်ကွဲ ဆူပူမှုဖြစ်ပွားခဲ့သောကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တွေက မိသာစုဝင် ၈ ဦးကို ကျေနပ်အောင် ဖျောင်းဖျပေး ထိမ်းသိမ်းပေးခဲ့ရတယ်လိုသိရပါတယ်။ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနေ တရားလိုမိသားစုထဲက အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူဟာ တရားခံအမျိုးသမီး ၂ ဦးက မိသားစုဝင်များရှေ့မှောက် ဓါဖြင့် ၆ ချက်ထိုးခဲ့တာကို မိသားစုဝင် သက်သေဟာ တရားမ၀င်ဟု တရားသူကြီးက ပယ်ချခဲ့ပြီး၊ ဓါးဖြင့်ထိုးသူ တရားခံ ၂ ဦးကိုလည်း တစ်ဦးကိုသာ လူသတ်မှုနဲ့ ၅ နှစ် ဓါးထိုးမှုနဲ့ ၁ နှစ်ချမှတ်ခဲ့ပြီး တစ်ဦးကို အမှုမှ ကွင်းလုံးကျွတ်လွတ်ပေးခဲ့ပါတယ်။ တရားသူကြီးရဲ့ တရားစီရင်မှုဟာ ဘက်လိုက်မှုရှိပြီး တရားခွင်မှာလည်း သိသိသာသာဘက်လိုက် မတရားစီရင်ခဲ့ လို အခုလိုပေါက်ကွဲခဲ့တာကို သေဆုံးသူ၏ သမီးဖြစ်သူ မခိုင်သဇင်က ပြောပါတယ်။ အဆိုပါဆူပူ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တာကြောင့် အဆိုပါတရားသူကြီး နာရီပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး တရားစီရင်ရေးဌာသို့ ချက်ချင်းပြောင်းရွေ့ပေးလိုက်ကြောင်း တရားရေ၀န်ထမ်းတစ်ဦးက တရားသူကြီးအနေနဲ့မဟုတ်ပဲ ဒုညွှန်ကြားရေးအဆင့်နဲ့ ပြောင်းရွေ့ပေးလိုက်တာဖြစ်ကြောင်းအတည်ပြုပြောကြားပါတယ်။
တရားလိုများက အမှုကို ပဲခူးတိုင်းတရားလွတ်တော်မှတဆင့် အမြင့်ဆုံးတရားရုံးသို့ တက်ရောက်မှာ ဖြစ်တဲ့အပြင် ဘက်လိုက်တဲ့တရားသူကြီးကိုလည်း နိုင်ငံတော်သမ္မတ အထိဆက်လက်တိုင်ကြားသွားမယ်လို့ သေဆုံးသူရဲ့ခင်ပွန်းဖြစ်သူ ကိုဝင်ညွှန့်ကပြောပါတယ်။
Ko Kyaw Swar
12.7.2014
ref ; Tun Wai (Facebook)
12.7.2014
ref ; Tun Wai (Facebook)
Friday, July 11, 2014
မဲဆွယ်စည်းရုံးရေး ညွန်ကြားချက် ဝေဖန်သံတွေထွက်

ရွေးကောက်ပွဲ
မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်ကို ထည့်မစဉ်းစားဘဲ
ထုတ်ပြန်တဲ့အတွက် ဝေဖန် မှုတွေ ထွက်ပေါ်နေပြပါတယ်။ ဘယ်လိုဝေဖန်မှုတွေ
ထွက်နေတာလဲ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေး ကြတဲ့အချိန်က နိုင်ငံရေးပါတီတွေက တင်ပြထားတာတွေကို ညွှန်ကြားချက်မှာ ထည့်သွင်း ပြင်ဆင်၊ ဖြည့်စွက်တာ မရှိဘူးလို့ နိုင်ငံရေးပါတီတွေက ပြောဆို နေကြပါတယ်။
“ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့တိုင်း အကြံပြုချက်တွေ ပေးတာပဲ။ ဒါပေမယ့် ညွှန်ကြာချက်က မထူးခြားဘူး ၂၀၁၀ ရွေးကောက်ပွဲ တုန်းက သုံးတဲ့ ညွှန်ကြားချက် အတိုင်းပဲ” လို့ ဖက်ဒရယ် မဟာမိတ်ပါတီ (FUP) ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့် က ထောက်ပြ ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ခွင့်ပြုချက် တောင်းခံ ရမယ်ဆိုတဲ့ အချက်ကိုလည်း မပြင်ဆင်ပေးဘူးလို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“မဲဆွယ်စည်းရုံးရေးလုပ်ငန်းဆောင်ရွက်ရင် ကော်မရှင်ကို အရင်လိုပဲ နေ့ရက် ၊ အချိန် ၊ နေရာတွေကို ခွင့်ပြုချက် တောင်းခံ ရမယ်။ ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် ခွင့်ပြုချက်တောင်းခံတာထက် အသိပေးရုံးပဲလို့ ပြင်စေချင်တာကို ပြင်မပေးဘူး” လို့ သူက ဆိုပါတယ်။
ညွှန်ကြားချက်ကို ဇူလိုင်လ ပထမပတ်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက တောင်းဆိုထားတဲ့ အချက်တွေကို ထည့်ပြင်တာ မရှိဘဲ အတည်ပြုခဲ့တာလို့ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ချို က ပြောပါတယ်။
“သူတို့ အဓိက တောင်းဆိုတဲ့ မဲဆွယ်စည်းရုံးရေး ခွင့်ပြုရက်ကို ပြင်မယ်ဆိုရင်တော့ နောက်ကနေ ဖြည့်စွက်ချက် နဲ့ပဲ ပြင်လို့ရမယ်” လို့ သူက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာမှာ ကျင်းပဖို့ ရှိပါတယ်။
(The Voice)

Water Tracker App

ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေပမာဏကိုနေ့စဉ် သောက်သုံးဖို့အတွက် အချက်ပြသတိပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ဟာ Android OS အတွက် ထုတ်လုပ်ထားတဲ့ App လည်းဖြစ်ပါတယ်။ လူတစ် ယောက်ရဲ့နေ့စဉ် သောက်သုံးရမယ့် ရေပမာဏကို ပြည့်ဖို့အတွက် အချိန်ပြည့်တိုင်း သတိပေးနေမှာဖြစ်ပါ တယ်။
အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/13622

မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက်

မလေးရှားရောက်
မြန်မာနိုင်ငံများအရေးကိစ္စ ကွာလာလမ်ပူရှိ မြန်မာသံအမတ်ကြီးနှင့်
စစ်သံမှူးတို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊
ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးတာဝန်ရှိသူများအား သွားရောက် တွေ့ဆုံ၍ အောက်ပါ အချက်(၂) ချက်ကို တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
● မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန်၊
● ရာဇ၀တ်မှုကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေး ရန်။
မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့်
သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မဖြစ်မနေ သွားလာရမည့်
ကိစ္စရပ်များမှအပ မိမိတို့နေထိုင်ရာ နယ်မြေဒေသများ အလိုက်
လုံခြုံရေးဆိုင်ရာသတင်းအခြေ အနေများကို
မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကာ ကောလဟာလ မမှန်သတင်းများကိုလည်း
ဆင်ခြင်သုံးသပ်လျက် မိမိတို့လုံခြုံရေးအတွက် အထူးဂရုပြု သတိထား
သွားလာနေထိုင်ကြပါရန် နှိုးဆောင်ထားသည်။
● မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမ
● ရာဇ၀တ်မှုကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေး
မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင
အပြည့်အစုံဖတ်ရန် - http://myanmarembassy-kl.org/?p=955
ref;
သမ္မတနဲ့ အနုပညာရှင်တွေ တွေ့မယ့်ပွဲ ဘာအဖြေ ထွက်မလဲ

အနုပညာ
သမ္မတနဲ့ အနုပညာရှင်တွေ တွေ့မယ့်ပွဲ ဘာအဖြေ ထွက်မလဲ
မစပ်စု
ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးက တာဝန်ရှိ အနု ပညာရှင် ပုဂ္ဂိုလ်တွေအပြင် တခြားသော အနုပညာရှင်၊ စက်မှုပိုင်းဆိုင်ရာ အတတ်ပညာရှင်တွေနဲ့ မစပ်စု တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ရန်ကုန်မြို့ Myanmar Peace Center လို့ခေါ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးပွဲကြီး ပြုလုပ်တော့မှာကြောင့်

အပြည့်အစုံဖတ်ရန် - http://burma.irrawaddy.org/entertainment/2014/07/11/61702.html
“အမှိုက်ပစ်တာက လူတဦးချင်း ပြင်လိုက်ရင် ရနိုင်တဲ့ကိစ္စ”

အမှိုက်ကိစ္စ ပြည်သူ လူထုက ပူးပေါင်းပါဝင်ရန် ပညာပေးရေး၊ တနိုင်တပိုင် အမှိုက်ကင်းစင်ရေး ဆောင်ရွက်နေမှုများ၊ အမှိုက် ကင်း စင်ရေး လှုပ်ရှားမှု ထိရောက်မှု အတိုင်းအတာ စသည်တို့ကို သိရှိနိုင်ရန် အမှိုက်ကင်းစင်ရေးအတွက် စည်းရုံးလှုပ်ရှား ဆောင်ရွက် နေသည့် နာရေး ကူညီမှု အသင်း အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေကို ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင်က မေးမြန်းထားပါသည်။
အပြည့်အစုံဖတ်ရန် - http://burma.irrawaddy.org/interview/2014/07/11/61681.html
Facebook ပေါ်၌ အစိုးရ၏မူဝါဒများအား အကာအကွယ်ပေး ရေးသားနေသူအများစုမှာ ၀ါဒဖြန့်ချိရေး Account အတုများ ဖြစ်နေ

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook တွင် အစိုးရ၏မူဝါဒများ မှန်ကန်ကြောင်းနှင့် အစိုးရကို ထောက်ခံရေးသားပြောဆိုသူ အများစုမှာဝါဒဖြန့်ချိရေး Account အတုများ ဖြစ်နေကြောင်း Facebook ကို ပုံမှန်သုံးစွဲနေကြသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဝါဒဖြန့်ချိရေး Account များသည် အမည်ရင်း၊ Profile အမှန်ဖြင့်
ရေးသားနေကြသူများမဟုတ်ဘဲ Account အတုများဖြင့် ၎င်းတို့၏
စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်း၊ သတင်းဌာနများ၏ Facebook Page
များသို့ ဝင်ရောက်ပြီး အစိုးရကောင်းကြောင်း၊ မှန်ကန်ကြောင်း Comment များ
ဝင်ရောက်ရေးသားပြီး ဝါဒဖြန့်ချိနေကြခြင်း ဖြစ်သည်။
အနီးစပ်ဆုံးသာဓကအနေဖြင့် ဇူလိုင် ၁ဝ ရက်က ယူနတီသတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ခြင်းအား သတင်းဌာနကြီးများက ၎င်းတို့၏ Facebook Page များတွင် သတင်းတင်ပြခဲ့ရာ ထိုသတင်းအောက်၌ comment ဝင်ပေးခဲ့သူများ၏ ရေးသားချက်များက ဝါဒဖြန့်ချိရေး Account များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။
“Facebook ပေါ်မှာ Profile မမှန်ဘဲနဲ့ account အတုတွေကို အများသဖြင့်လုပ်တာ တွေ့ရတာက အစိုးရနဲ့ပတ်သက်တယ်လို့ ယူဆရသူတွေ အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေက ဆိုက်ဝါးအဖြစ်သုံးဖို့အတွက် account အတုတွေ သုံးတာတွေ့ရတယ်။ ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့သတင်းမှာ Profile မမှန်တဲ့သူတွေက ဒီကိစ္စကို ထောက်ခံတယ်ဆိုတဲ့သဘောက အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို Lobby လုပ်တဲ့ သဘောပဲ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က မှန်တယ်ဆိုတဲ့သဘောမျိုး လုပ်တာ”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
“တစ်ဖက်ကကြည့်ရင် မန္တလေးပဋိပက္ခကိစ္စမှာ အစိုးရကလည်းပြောပါတယ်။ ဆိုရှယ်မီဒီယာတွေက အမုန်းပွားစေတဲ့စကားတွေ၊ လှုံ့ဆော်တဲ့အရေးအသားတွေကို ထိန်းသိမ်းတယ်လို့ အစိုးရကလည်း တစ်ဖက်က ပြောတယ်။ အာဏာပိုင်ကလည်း တစ်ဖက်က ပြောတယ်။ အစိုးရရဲ့ ရပ်တည်ချက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ထောက်ခံပြီးတော့ ဆိုက်ဝါးလုပ်လာတဲ့ account တွေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ Profile မမှန်တဲ့၊ ယာယီသုံးတဲ့ account တွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆက်လက်ပြောကြားသည်။
ယူနတီသတင်းထောက်များကို ချမှတ်လိုက်သည့် အမိန့်မှာ ပြင်းထန်လွန်းသည်ဟု အများပြည်သူက ဝေဖန်နေချိန်တွင် ဝါဒဖြန့်ချိသူ Facebook Account ပိုင်ရှင်များက အစိုးရ၏ အရေးယူမှုအပေါ် အားပေးထောက်ခံခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်ကန်ကြောင်း၊ ပြစ်ဒဏ်နည်းလွန်းကြောင်း အစရှိသဖြင့် ရေးသားပြီး အစိုးရ၏ လုပ်ရပ်အပေါ် အကာအကွယ်ပေး ပြောဆိုဝါဒဖြန့်ချိခဲ့ကြသည်။
“မန္တလေးပဋိပက္ခမှာ ကျွန်တော်တို့ Facebook ကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အမုန်းတရားတွေ၊ လှုံ့ဆော်မှုတွေရေးတဲ့ account ပိုင်ရှင်တွေဟာ Facebook Profile အစစ်တွေ မဟုတ်ပါဘူး။ လှုံ့ဆော်မှုတွေလုပ်ဖို့ account တွေဆောက်ထားတာလို့ ကျွန်တော်တို့ထင်ပါတယ်။ အခု ယူနတီသတင်းထောက်တွေ အမိန့်ချခံရတဲ့သတင်းမှာ ဒါကိုထောက်ခံတဲ့သူတွေကလည်း account အစစ်တွေမဟုတ်သလို ပြီးခဲ့တဲ့ မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ခဲ့တဲ့ account တချို့ ပါလာတာကို တွေ့ရပါတယ်။ ဒီ Profile မမှန်တဲ့ account တွေက ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုက ထောက်ခံနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် Facebook မှာ ရေးသားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဒီလို account မျိုးတွေ ထောင်ဂဏန်းလောက်ထိရှိပါတယ်။ ဒီ account တွေအများစုက အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံလေ့ရှိတာတွေ့ရပါတယ်”ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။
ထိုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုအပေါ် အားပေးခဲ့ပြီး အစိုးရမူဝါဒများကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော ဝါဒဖြန့်ချိသူများ၏ Account များကို ပြန်လည်စိစစ်ရာ၌ ယင်း Account များသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် သွေးထိုးလှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသူ အများစုဖြစ်ကြောင်းတွေ့ရသည်။
၎င်းတို့သည်Eleven Media Group ၊ 7 Day ၊ ဧရာဝတီ၊ BBC Burmese အစရှိသော သတင်းဌာနများ၏ Facebook Page များတွင် အစိုးရ၏လုပ်ရပ်များ မှန်ကန်ကြောင်း၊ ထောက်ခံကြောင်းဖြင့် အစိုးရ၏ မူဝါဒများကို အကာအကွယ်ပေးပြောဆိုရေး သားလေ့ရှိသူ ရေးသားသူများမှာ အတူတူပင်ဖြစ်လေ့ရှိသည်။
အစိုးရအနေဖြင့် Facebook ပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်များကို လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုရေးသားချက်များ လျော့နည်းစေရန်အတွက် ၂၄ နာရီစောင့်ကြည့်စိစစ်ရန် Facebook ကုမ္ပဏီဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုဆိုသော်လည်း Facebook တွင် ဝါဒဖြန့်ချိရေးသားနေသူ Account များ၏ ရာခိုင်နှုန်း ၇ဝ ခန့်မှာ အစိုးရကို အကာအကွယ်ပေး ဝါဒဖြန့်ချိရေးသားနေကြသူများ ဖြစ်နေသည်။

Subscribe to:
Posts (Atom)