ရန်ကုန်၊ ဇွန် ၃၀
နေရာဒေသနှင့် လုပ်ငန်းပေါင်းစုံရှိ အလုပ်သမားများအတွက် အနိမ့်ဆုံး အခကြေးငွေအဖြစ် တစ်နာရီလျှင် ၄၅၀ ကျပ်ဖြင့် ၈ နာရီ (တစ်ရက်)အတွက် ၃၆၀၀ ကျပ် သတ်မှတ်မည်ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ ယင်းသတ်မှတ်ချက် မှာ ကော်မတီဘက်က အဆိုပြု ထားသော နှုန်းထားသာဖြစ်ပြီး ယင်းအဆိုပြု နှုန်းထားကို ကန့်ကွက် လိုခြင်း၊ ပြင်ဆင် လိုခြင်းရှိပါက ကြေညာထားသည့်ရက်မှ ၁၄ ရက်အတွင်း ကန့်ကွက်ပြင်ဆင်ခြင်း ပုံစံတွင် ဖြည့်စွက် ကာ ကော်မတီ သို့ ပေးပို့ ရမည်ဖြစ်ပြီး ယင်းတို့အား ပြန်လည်စိစစ်ပြီးနောက်မှသာ အနိမ့်ဆုံးလုပ်ခလစာကို ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ပြဋ္ဌာန်းပေးမည် ဖြစ်သည်။
အစိုးရက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းစဉ် ၅ ရပ်ချမှတ်၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး ယခုအတည်ပြုနှုန်းထား ထုတ်ပြန်ခြင်းမှာ လုပ်ငန်းစဉ်အမှတ် ၄ သာ ဖြစ်ကာ
Saturday, July 4, 2015
ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရသော မဲစာရင်းကောက်ယူသူ ပါတီဝင်နှစ်ဦးအတွက် ဥပဒေအရ ရင်ဆိုင်မည်ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ဒေသအလိုက် ကြေညာ ထားပြီး ဖြစ်သော်လည်း မဲစာရင်းတွင် အမည်မကျန်ခဲ့စေရန် လိုက်လံ ကောက်ခံ စစ်ဆေးလျက်ရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၀င် နှစ်ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် အုပ်ချုပ်ရေး
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံပြင်ရေးတို့ကို လူ့ဘောင်သစ် ပါတီမူဝါဒများအဖြစ် ဆောင်ရွက်မည်

လူ့ဘောင်သစ်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် တရားဝင် မှတ်ပုံတင် ခွင့်ပြုခဲ့သည့်အတွက် ပါတီအနေဖြင့် ရှေ့ဆက်၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး၊
လက်ပံတောင်းတောင်တွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၃၁ လပြည့် ဆန္ဒထုတ်ဖော်မှုကို ပန်းဘဲတန်း တရားရုံးရှေ့တွင် ပြုလုပ်
ရန်ကုန်၊ ဇွန် ၂၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၂၈ လပြည့်အဖြစ် ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်က လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ၏ ဇွန်လ ၂၉ ရက်ရုံးချိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၃၁ လပြည့်အဖြစ် ပန်းဘဲတန်းမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တရား စွဲဆိုမှုဖြင့် ရုံးချိန်းလာရောက်သည့် ကိုဌေးအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
လက်ပံတောင်းတောင်တွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၂၈ လ ပြည့် လမ်းလျှောက်မှုတွင် ပါဝင်မှုဖြင့် ပန်းဘဲတန်း မြို့နယ် ဒုရဲစခန်းမှူး အောင်နိုင်မြင့်က ပုဒ်မ ၁၈ ဖြင့် တရားလိုပြုလုပ်ကာ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သည့် ကိုဌေးအောင်နှင့် ကိုစိုးသော်တို့အား တရားစွဲဆိုခံရမှု၏ ၅ ကြိမ်မြောက်ရုံးချိန်းတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတွင် မီးလောင်ဗုံးဖြင့် ဖြိုခွဲခံရမှု ၃၁ လပြည့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ယခုကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။

၎ ပွင့်ဆိုင် သဘောတူညီချက်ကို တာဝန်ယူစေလိုသည့်အတွက် NNER က သမ္မတထံ စာပို့ခြင်းဖြစ်
ရန်ကုန်၊ ဇွန် ၂၉
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် စပ်လျဉ်း၍ ဇွန်လ ၂၉ ရက် ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်ထံ ပညာရေးစနစ်ပြုပြင် ပြောင်း လဲရေး နိုင်ငံ လုံးဆိုင်ရာ ကွန်ရက်(NNER)က သဘောထားမှတ် ချက် ပေးပို့ခြင်းမှာ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ၏ ကွဲလွဲချက်များကို ပြည်သူလူထုကို အသိပေးခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ၄ ပွင့်ဆိုင် သဘောတူညီချက်ကို တာဝန်ယူစေ လိုသည့်အတွက် မေးခွန်း ထုတ်ပြခြင်းဖြစ်ကြောင်း NNER အဖွဲ့ဝင် ဒေါက်တာ အာကာမိုးသူက ဇွန်လ ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ဇွန်လ၂၅ ရက်က ပြဋ္ဌာန်းလိုက်ရာ ယင်းဥပဒေပါ ဖော်ပြချက်များတွင် ဆရာနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များကို ပညာရေး အဖွဲ့အစည်းများတွင် ပါဝင်မှုအား ငြင်းပယ်ထားခြင်း၊ ဒေသဆိုင်ရာ ပညာရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းမှုကို ငြင်းပယ်ထားခြင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ပါဝင်လာခြင်းနှင့် ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်း သုံးစွဲရမည့် အချိန်ကာလကို

ဖေ့စ်ဘွတ်ထဲမှာ ရိုင်းပျစွာ ဝင်ရေးတဲ့သူတွေက ဘယ်လို လူစားမျိုးပါလဲ
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်မှာ နေတဲ့ ဒေါ်ခင်မြတ်သူက မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သူဟာ အငြိမ်းစား ဆရာမတစ်ဦး ဖြစ်ပြီး အရင်က ရိုးရိုးဖုန်းကို သုံးစွဲခဲ့လို့ လွန်ခဲ့တဲ့ ၂ လခန့်ကမှ တူဖြစ်သူ ကန်တော့တဲ့ Touch Screen(တာ့ခ်ျ စခရင်) ဖုန်းကိုရတော့မှ အင်တာနက်ကနေ ဖေ့စ်ဘွတ်ကို သုံးတတ်လာသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အသုံးပြုစမှာ ဖြစ်ပေါ်တဲ့ ခံစားချက်နဲ့ သုံးရင်းနဲ့ သိလာတဲ့ အဖြစ်အပျက်တွေကို တခြားသူတွေ ကို ဝေမျှချင်တာကြောင့် ဒီစာကို ရေးဖြစ်ခဲ့ တာပါလို့ ပြောပါတယ်။
အင်တာနက်နဲ့ ဖေ့စ်ဘွတ်ကို သုံးစွဲစမှာတော့ မြန်မာတစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ ချက်ချင်းသိခွင့်ရလို့ သဘောကျ ကျေနပ်မိခဲ့ပါတယ်။ ပင်စင်ယူပြီးစ အားလပ်နေတဲ့ အချိန်မှာ သုံးရတာ ကလေးတစ်ယောက် ဂိမ်းကစားနည်း စွဲနေသလိုမျိုး ခံစားခဲ့ရပေမဲ့ ကြာလာတဲ့ အခါမှာ ဖေ့စ်ဘွတ်ဖွင့်ရမှာကို ကြောက်လာ တယ်လို့ ဆိုပါတယ်။ ဘာကြောင့်

“သုံးပွင့်ဆိုင် စိုက်ထူရမည့် မှတ်တိုင်တစ်ခု”

အနိမ့်ဆုံးလစာကို ဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်ရက်လျှင် ကျပ် ၃,၀၀၀ မှ ၄,၀၀၀ ကြား သတ်မှတ်မည်ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် နေ့စဉ်သတင်းစာတစ်စောင်တွင် ဖတ်ရသည်။
ပြည်သူ့ရဲများနဲ့ ပြည်သူတို့ရဲ့ အားကိုးယုံကြည်မှု
ကမ္ဘာ့နိုင်ငံတိုင်းမှာ တပ်မတော်တို့ ရဲတို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းထား ရှိကြရစမြဲပါ။ တပ်မတော်ကတော့ တိုင်းပြည်ကာကွယ်ရေး၊ ရဲကတော့ တရားဥပဒေ စိုးမိုးရေး အဓိက တာဝန်များကို ထမ်း ဆောင်ကြရပါတယ်။
အလုပ်မတူကြသော်ငြားလည်း ပြည်သူတွေရဲ့ ယုံကြည် အားထားမှု ခံယူရရှိထားဖို့ လိုအပ် တယ်ဆိုတဲ့ အချက်ကတော့ အတူတူ ပါပဲ။ အဲဒီအဖွဲ့အစည်း နှစ်ခုစလုံးဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု မလွဲမသွေ ရယူနိုင်ကြရမယ့် အဖွဲ့တွေချည်းပါပဲ။
ဒီနေရာမှာ ပြည်သူ့ရဲများနဲ့ ပတ်သက်ပြီး အခုတလော ကြားလာကြရပြန်တဲ့ သတင်းတချို့ဟာ ပြည်သူ့ ရဲများအပေါ် ပြည်သူတို့က အားကိုးယုံကြည်မှု ထိခိုက်စေနိုင်တဲ့ သတင်းတွေ ဖြစ်နေပြန်တာ
တွေ့ရကြားရ ပြန် ပါတယ်။

Friday, July 3, 2015
အဆင့်တိုးမြှင့်သင်ကြားခွင့်ရ အခြေခံပညာကျောင်းများတွင် ဆရာ မလုံလောက်၍ ပြင်ပမှငှားရမ်းနေရ
ရန်ကုန်၊ ဇွန် ၃၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာအဆင့် စာသင်ကျောင်းများကို အဆင့်တိုးမြှင့် သင်ကြားခွင့်ပေးလျက်ရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အဆင့်တိုးအတန်းများနှင့် သက် ဆိုင်သောဆရာ၊ ဆရာမများ ခန့်ထားစေလွှတ်ပေးခြင်း မရှိသည့်အတွက် ကျောင်းအကျိုးတော်ဆောင် အဖွဲ့နှင့် ကျောင်းသားမိဘများ စုပေါင်း၍ ပြင်ပမှဆရာ၊ ဆရာမများအား လစာပေးငှားရမ်းနေရကြောင်း ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်းရှိ အဆင့်တိုးမြှင့်သင်ကြားခွင့်ရ အခြေခံပညာကျောင်းများမှ
ကျောင်းအုပ် ဆရာများနှင့် ကျောင်းသားမိဘများက မြန်မာသံတော်ဆင့်သို့ပြောသည်။
အစိုးရသစ်လက်ထက်တွင် ကျေးလက်ဒေသများနှင့်မြို့ပေါ်ရှိ အခြေခံပညာအဆင့် စာသင်ကျောင်းများကို
နှစ် စဉ်ကျောင်းအဆင့်တိုးမြှင့် သင်ကြားခွင့်များ ချထားပေးလျက်ရှိရာ အခြေခံပညာမူလတန်းကျောင်းအား မူလ တန်းလွန် အဆင့်တိုးမြှင့်ကာ ပဉ္စမတန်းမှ သတ္တမတန်းအထိ သင်ကြားခွင့်ပြုခြင်း၊

ဒီကေဘီအေ နှင့် တပ်မတော် အပစ်ရပ်ရန် ကရင်အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီမေတ္တာရပ်ခံ အပြီး ပြန်လည်တိုက်ပွဲဖြစ်

ချင်းမိုင်၊ ဇူလိုင် ၃ ။ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) တို့အကြား တိုက်ပွဲများဖြစ်ပေါ်နေမှုကို
နှစ်ဖက်လုံးက ရပ်တန့်ရန် ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဇူလိုင်
လက်ရှိသတ်မှတ်ထားသည့် အနည်းဆုံးလစာ တနေ့ ၃၆၀၀ကို အလုပ်သမားများ ညှိနှိုင်းပေးရန် လုံးဝမရှိတော့
![]() |
သန်းခေါင်စာရင်း ရလာဒ်အသစ်မရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာများ မပြောင်းလဲ
![]() |
ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် (ဓါတ်ပုံ - မဇ္ဈိမ) |
ပြည်သူ့အင်အားဦးစီးဌာန တို့က သိရသည်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို မပြင်ဆင်လိုကြောင်း အစိုးရနှင့် အဆင့်မြင့်ကိုယ်စားလှယ်တို့ ဆွေးနွေး
![]() |
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၃ရက်က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-ဖနိဒါ) |
NLD အဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရမှု လူမှုရေး၊ ပါတီ နိုင်ငံရေး မည်သည့်ကိစ္စနှင့် ပက်သတ်သည်ကို စုံစမ်းနေဟုဆို
ရန်ကုန်၊ ဇူလိုင် ၃ ။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့သင်းရှုးကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးစောဂျော်နီ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းသည် လူမှုရေးကိစ္စ၊ ပါတီနိုင်ငံရေးကိစ္စ မည့်သည့်ကိစ္စဖြင့် ပတ်သက်၍ ဖြစ်ပွားသည် ဆိုခြင်းကို စုံစမ်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်ကဆိုသည်။
NLD ရပ်ကျေးဥက္ကဌ ဦးစောဂျော်နီသည် ဇူလိုင် ၁ ရက် ညက အမည်မသိ သေနတ်သမားများ ပစ်ခတ်သည့် ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမြင့်က “ အသက်ခံရတာ ဘာလို့သတ်လဲမသိသေးဘူး။ ကိုယ်ရေးကိုယ်တာကိစ္စလား။
နိုင်ငံရေးကိစ္စလား အခြားဘာကိစ္စ လည်းမသိသေးဘူးလေ။ သတ်တာ ဘယ်သူဘယ်ဝါမသိသေးတော့ ဘယ်လိုမှ ပြောလို့ မရသေးဘူး။ ”ဟုပြောသည်။

အဓမ္မအလုပ်ခိုင်းစေခြင်းများက မြန်မာစစ်တပ်၌ ပြုပြင်ပြောင်းလဲမှု မရှိကြောင်း ပြသနေ
![]() |
ရိုက်တာသတင်းဌာနကမေးမြန်းသည်ကို ဖြေဆိုနေသည့် ဘူသီးတောင်မြို့နယ်မှ ရွာသားတဦး - ဓာတ်ပုံ Reuters/ Soe Zeya Tun |
ရွေးကောက်ပွဲပြီးမှသာ ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း တည်ထောင်မည်
_____ "အစိုးရကလည်း ပြည်သူကို မယုံကြည်ဘူး၊ ပြည်သူကလည်း အစိုးရကို မယုံကြည်ဘူး။ အစိုးရက လည်း ကျောင်းသားတွေကို မယုံကြည် ဘူး၊ကျောင်းသားတွေကလည်း အစိုးရကိုမယုံကြည်ဘူး။ အစိုးရက လည်း ဘုန်းကြီးတွေကို မယုံကြည်ဘူး၊ ဘုန်းကြီးတွေကလည်း အစိုးရကို မယုံကြည်ဘူး။ အဲဒီတော့ ဒီလိုသံသယတွေနဲ့ ဒီနိုင်ငံဘယ်လို တိုးတက်မလဲ" . . .
ရန်ကုန်၊ ဇွန် ၃၀
ဗိုလ်ချုပ်ရာပြည့်ပွဲကျင်းပပြီးသည့် နောက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ထူထောင်ရန် ဆွေးနွေးထား မှုများရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲကျင်းပပြီးမှသာ ယင်းဖောင်ဒေးရှင်းကို တည်ထောင်နိုင်မည်ဖြစ် ကြောင်း ဇွန်လ ၃၀ရက်နေ့တွင် ဗိုလ်ချုပ်အောင် ဆန်း၏တူလည်းဖြစ်၊ ဗိုလ်ချုပ် အောင်ဆန်းဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးချိုအောင်သန်းက မြန်မာသံတော်ဆင့်သို့ပြောသည်။

ဆင်းရဲနွမ်းပါးမှုနှင့်ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ပိုမိုနားလည် ဖြေရှင်းနိုင်ရန် အရင်းအမြစ်စင်တာတစ်ခု WFP ထပ်ဖွင့်
ရန်ကုန်၊ ဇူလိုင် ၂
အစိုးရ၀န်ထမ်းများ၊ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ကောက်ခံခြင်းများကို သင်ကြားရန်ကူညီမည့် အရင်းအမြစ် စင်တာတစ်ခုကို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က ဖွင့်လှစ်မည်ဖြစ်သည်။ ကွန်ပျူတာ၊ ပရင်တာ၊ ခွဲခြမ်းစိတ်ဖြာသည့် ဆော့ဖ်ဝဲလ်၊ တည်နေရာပြ ကိရိယာများနှင့် အခြားအရင်းအမြစ် ထောက်ပံ့မှုများကို ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က ကူညီပေးမည်ဖြစ်သည်။
သုတေသနပုံစံ၊ အချက် အလက်ရွေးချယ်ခြင်းနှင့် အချက်အလက်ခွဲခြမ်း စိတ်ဖြာခြင်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဧရိယာတွင်ရှိသည့် ၀န်ထမ်းများအား အစားအစာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်မှုနည်းစနစ်များ သင်ကြား ရန် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (WFP)က တာဝန်ယူမည်ဖြစ်သည်။…

ရခိုင်ရေဘေးသင့်သူများအတွက် ဘေးအန္တရာယ်ရန်ပုံငွေ ကျပ် ၅ဘီလီယံ ခွင့်ပြုထား သမ္မတအထူးရန်ပုံငွေ ထုတ်သုံးရမည့် အခြေအနေရှိနေပြီဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌပြော
ရန်ကုန်၊ ဇူလိုင် ၁
ရခိုင်ပြည်နယ်အတွင်းရှိနေရာ အနှံ့အပြားတွင် မိုးသည်းထန် ရေကြီး မှုနှင့်ကြုံတွေ့ခဲ့ရသော ပြည်သူများအား ကူညီထောက်ပံ့ရန် အတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ရန်ပုံငွေထဲမှ ကျပ် ၅ ဘီလီယံကို ထုတ်နုတ်သုံးစွဲလျက်ရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ရွှေက ဇူလိုင် ၁ရက်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။
ဇွန်လ ၂၂ ရက်နောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အမ်း၊ တောင် ကုတ်၊ မြောက်ဦး၊ စစ်တွေ အပါအ၀င်နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အချို့သောနေရာများ တွင် နေအိမ်များပါ မျောပါခဲ့မှုများရှိခဲ့ရာ ၎င်းတို့အား ပြည်နယ်အစိုးရအဖွဲ့များက သွားရောက်ကူညီထောက်ပံ့ မှုများ ပြုလုပ်ခဲ့ရသည်။ စစ်တွေမြို့တစ်ခုတည်းတွင်ပင် ဇွန်လ ၂၅ရက် နံနက် ၉ နာရီမှ ဇွန်လ ၂၆ရက် နံနက် ၉ နာရီအထိ တစ်ရက်တည်းတွင်ပင် မိုးရေချိန် ၁၄ ဒသမ ၈၄ လက်မအထိ ရွာသွန်းခဲ့သည်။…

“ဖွဲ့စည်းပုံ ပြင်ရေး ၄၃၆ အပိုင်း(ခ) မှာ ဘာအရေးကြီးဆုံးလဲ”
အခုဆိုရင် လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးရဲ့ ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းကို ဆွေးနွေးနေကြပါတယ်။ အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ပုဒ်မ ၄၃၆(က) ဆိုင်ရာ အပိုင်းကတော့ ပြည်ခိုင်ဖြိုးဘက်က ပြင်ဆင်ဖို့ အချက် (၆) ချက် တင်ပြ တာမှာ (၅) ချက်ကို တပ်မတော်ဘက်က ပယ်ချခဲ့တဲ့အတွက် (၁) ချက်ပဲ ပြင်ဆင်ဖို့ အတည်ပြုနိုင်ခဲ့ ပါတယ်။ အခု ၄၃၆ အပိုင်း(ခ) မှာရော ပြည်ခိုင်ဖြိုးဘက်က ဘာတွေ တင်ပြထားသလဲ။ ဘယ်လို ဆွေးနွေးနေကြပြီး ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွား ပါ့မယ်။
ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ချက် ဥပဒေကြမ်းဟာလည်း ပုဒ်မ ၄၃၆ (က) နည်းတူ ပြည်ခိုင်ဖြိုး ပါတီက တင်သွင်းတာပါ။ အင်န်အယ်လ်ဒီ အပါအဝင် ဘယ် တခြားပါတီ၊ ဘယ် တိုင်းရင်းသားပါတီ တွေနဲ့မှ တိုင်ပင်ပြီး တင်တာလည်း မဟုတ်ပါဘူး။ ၂၀၁၃ နှစ်လယ်ကစ လွှတ်တော်တွင်း ပါတီပေါင်းစုံ ဆွေးနွေးခဲ့ကြတဲ့၊ ကော်မတီ အမျိုးမျိုး ဖွဲ့စည်းပြီး ဆွေးနွေး ငြင်းခုံ ခဲ့ကြတဲ့၊ ပြည်သူတွေ တင်ပြထားတဲ့ အချက်အလက်တွေကို လျစ်လျူရှုပြီး ဘယ်သူနဲ့မှ မတိုင်ပင်ပါဘဲ ပြည်ခိုင်ဖြိုးပါတီက

“စစ်ပွဲများက အဖြေမှန်ကို မပေးနိုင်ပါ”
မနေ့တုန်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နှဲရွာအနီး အာရှလမ်းသစ်ကြီးပေါ်မှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖတ်ရပါတယ်။
အခုလို တိုက်ပွဲမျိုးတွေကတော့ ကရင်ပြည်နယ်မှာ သိပ်ပြီး မထူးဆန်းတော့တဲ့ သတင်းလို့ တောင်မှ ပြောလို့ရမယ် ထင်ပါရဲ့။ ဒီတခါ ဘာ့ကြောင့် တိုက်ပွဲဖြစ်ကြရပြန်တာလဲဆိုတဲ့ ထင်မြင်ယူဆ ချက်တွေကတော့ အမျိုးမျိုးပါပဲ။ အဲဒီ အာရှလမ်းမကြီးပေါ်မှာ လက်နက်ကိုင်တွေက ဂိတ်တွေ ဖွင့်ပြီး ကားတွေဆီက ဂိတ်ကြေးတောင်းနေတဲ့ကိစ္စ အစိုးရက ဖျက်သိမ်းဖို့ လုပ်လို့ တိုက်ပွဲဖြစ် တယ် ဆိုတဲ့ သတင်း၊ အစိုးရတပ် တိုင်းမှူး လာမှာဖြစ်လို့ ဂိတ်တွေဖယ်ပေးဖို့ တောင်းဆိုရာက ဖယ်မပေးချင်တဲ့ အဲဒီ ကရင်လက် နက်ကိုင်တပ်နဲ့ တိုက်ပွဲဖြစ်တာလို့လည်း ကြားရပါတယ်။

ရတနာပုံတက္ကသိုလ် ဗ.က.သ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေ အပါအ၀င် ကျောင်းသား ၄ဦး ပုဒ်မ ၄ခုဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်မြန်မာပြည်) ဥက္ကဋ္ဌ ကိုနိုင်ရဲဝေအပါအ၀င် ကျောင်းသား ၄ဦးကို အမရပူရ မြို့နယ်နယ်ထိန်း အဖွဲ့မှနေ၍ ပုဒ်မ ၄ခုဖြင့်
မြန်မာ ကျောင်းသား၊ကျောင်းသူများ ပညာရေးပန်းတိုင်ရောက်ရှိရန် (၄) ကြိမ်မြောက် SCG Sharing the Dream အစီအစဉ်မှ ကူညီထောက်ပံ့မည်
SCG မှ ပညာရေးမှတ်တမ်း ကောင်းများရှိသူ၊ မိသားစုအပေါ် ကျေးဇူး သိတတ်ပြီး ရပ်ရေးရွာရေး လူမှုပတ်ဝန်း ကျင်တွင် တာဝန်သိ တတ်သော မြန်မာကျောင်းသား၊ ကျောင်းသူအယောက်၂၀၀အတွက် ပညာသင်ထောက်ပံ့ ကြေးများပေး အပ်ရန်အတွက် SCG Sharing the Dream 2015 ကို ပြန်လည်စတင်နေ ပြီဖြစ်ပါသည်။ ၄နှစ် တိုင်တိုင် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် SCG မှ ပညာသင်နှစ် တစ်နှစ်အတွက်လိုအပ်သော ကုန်ကျစရိတ်များကိုကာမိစေရန် ပညာသင်ထောက်ပံ့ကြေး တစ်ဦးလျှင်ကျပ် ငွေ ၂၂၀,၀၀၀ အထိတိုးမြှင့်ပေးခဲ့ သည်။
၂၀၁၅ခုနှစ်ကျောင်းသားများအပါအ၀င်၂၀၁၄ခုနှစ်မှ စတင်သော SCG Sharing the Dream အစီအစဉ်မှ မြန်မာကျောင်းသား၊ ကျောင်းသူနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ကျောင်းသား၊ ကျောင်း သူ ပေါင်းအယောက် ၇၀၀ကျော်တို့အား ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးခဲ့ပါသည်။…

ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းလွှတ်တော်များကသာ ခန့်အပ်လိုမှုအား တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်မှုအပေါ် တိုင်းရင်းသားပါတီများ ဝေဖန်
ရန်ကုန်၊ ဇူလိုင် ၂
ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်များအား သက်ဆိုင်ရာလွှတ်တော်များမှ ခန့်အပ်ရေးသည် ဥပဒေပြုရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှမ်းမိုးသည့်သဘောဟုဆိုကာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် မသင့်ကြောင်း ဆွေးနွေးမှုမှာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ လိုမှုမရှိခြင်း သာဖြစ်ကြောင်း တိုင်းရင်းသားပါတီများက ဇူလိုင်လ ၂ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန်လိုက် သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် ခန့်အပ်ခြင်းကို နိုင်ငံ တော် သမ္မတက ခန့်အပ်တာဝန်ပေး ရမည်ဟု ပြဋ္ဌာန်းထားရာ ယင်းပုဒ်မကို မူလအတိုင်းသာထား ရှိရန် တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ကျော်က ဇူလိုင်လ ၁ ရက်က ပြု လုပ်သောပြည်ထောင် စုလွှတ်တော် အစည်းအဝေး၌ ပုဒ်မ

ပြည်သူဆန္ဒရှိပါက သမ္မတဒုတိယသက်တမ်းလုပ်ရန် စဉ်းစားမည်ဖြစ်ပြီး ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေး လုပ်မည်ဟု သမ္မတပြော

သမ္မတဦးသိန်စိန်က လာမည့်အစိုးရသက်တမ်းတွင် ပါတီလုပ်ငန်းထက် အမျိုးသားနိုင်ငံရေးဖြစ်သည့် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖောင်ဆောင်ရန် ကြိုးပမ်းသွားမည်ဟု NHK သတင်းဌာန
နှင့် တွေ့ဆုံ ပြောကြားလိုက်သည်။
တစ်နိုင်ငံလုံးအပစ်ရပ်ရေး အဆင့်မြှင့် ညှိနှိုင်းရေးအဖွဲ့ ဒုတိယအကြိမ် အကြိုအစည်းအဝေးကျင်းပ

ချင်းမိုင်၊ ဇူလိုင် ၂ ။ ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အသစ်ဖွဲ့စည်းလိုက်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့၏ အကြိုအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် ၂ရက်က ကျင်းပခဲ့သည်။
Thursday, July 2, 2015
အနိမ့်ဆုံးလစာ ၃၆၀၀အပေါ် အလုပ်ရှင်များ လက်ထောင်ကန့်ကွက်၊ ယင်းနှုန်းထားအတိုင်း အတည်ပြုပါက တရုတ်စက်ရုံ ၃၀ခန့် ပိတ်သိမ်းမည်ဟုဆို
![]() |
ဇူလိုင် ၂ရက်က အနည်းဆုံးလစာ တစ်နေ့ ၃၆၀၀အပေါ် လက်ထောင်ကန့်ကွက်နေသည့် လုပ်ငန်းရှင်များ။ (ဓာတ်ပုံ- ထက်အောင်ဖြိုး) |
အစိုးရ စစ်တပ်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွား၊ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မည်ကို စိုးရိမ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂ ။ ။ အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)တို့ ဇူလိုင်လ ၂ ရက် က အာရှလမ်းမကြီးနှင့် မြဝတီ ကော့ကရိတ်မြို့ကြား လမ်းပိုင်း ကော့နွဲ့ရွာနှင့်
ဒီကေဘီအေ နှင့် အစိုးရတပ်တို့ ညနေ လေးနာရီထိ တိုက်ပွဲများဖြစ်နေပွားနေဟု ဗိုလ်မှူးကြီး စောဆန်းအောင်ပြော

ကရင်ပြည်နယ် အာရှလမ်းမကြီး၏ မြဝတီနှင့် ကော့ကရိတ်မြို့ကြားလမ်းပိုင်း ကော့နွဲ့ရွာနှင့် တစ်မိုင်ခန့်အကွာတွင် အစိုးရတပ်မတော်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ ဇူလိုင်လ ၂ ရက် ညနေ လေးနာရီ အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး ဒီကေဘီအေအဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က မဇ္ဈိမကိုပြောသည်။
ဝှိုက်ကတ် အစားထိုး အစိမ်းရောင်ကတ်များ ထုတ်ယူရာတွင် ရိုဟင်ဂျာ အမည်ဖြင့် စာရင်းသွင်းရန် တောင်းဆိုမှု များပြားဟုဆို
![]() |
ဝှိုက်ကတ်အစားထိုးကတ်ပုံစံ |
ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ ကျောင်းသားတစ်ဦး အဖမ်းခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ အခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင်ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုနန်းလင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။
ဖွဲ့စည်းပုံပြင်ရေးဆန္ဒပြသည့် ကျောင်းသားများကို ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှု အကြောင်းကြားစာ မရောက်သေး
![]() |
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇွန် ၃၀ရက် ညနေက ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှ မဟာဗန္ဓုလ ပန်းခြံရှေ့သို့ လမ်းလျောက်ဆန္ဒပြနထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ- သက်ကို၊မဇ္ဈိမ) |
Wednesday, July 1, 2015
ဒီမိုကရေစီစနစ်တွင် ပြည်သူကတင်မြှောက်ခြင်းမရှိသည့်အမတ်များ ပါဝင်လေ့မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော်၊ ဇူလိုင် ၁။ ။ ဒီမိုကရေစီစနစ်တွင် ပြည်သူလုထုက ရွေးချယ်တင်မြှောက်ထားခြင်းမရှိသော အမတ်များ လွှတ်တော်တွင် ပါဝင်လေ့မရှိဟု တပ်မတော်သား လွှတ်တော်အမတ်များကို ရည်ညွှန်းကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဦးအောင်မင်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၃ရက်တွေ့မည်
![]() |
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ) |
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့်
ငွေကြေးလိုအပ်ချက်ကြောင့် ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တစ်ပြိုင်တည်းလုပ်မည်
![]() |
ဓာတ်ပုံ- ဟောင်ဆာ(ရာမည) |
၂၀၁၅ အခွန်အကောက် ဥပဒေတွင် လုပ်ငန်းသဘာဝအလိုက် အခွန် ခွဲခြားသတ်မှတ်ရန်လိုဟု လုပ်ငန်းရှင်များဆို
ရန်ကုန် ဇူလိုင် ၁ ။ ။ ၂၀၁၅ အခွန်အကောက် ဥပဒေတွင် လုပ်ငန်းသဘာဝအလိုက် အခွန်ခွဲခြားသတ်မှတ်ရန် လိုအပ်ဟု ရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ဇူလိုင် ၁ ရက်တွင်ပြောကြားလိုက်သည်။
ဦးကျော်ဝင်းက” ဥပဒေကတော့ ကောင်းပါတယ်။ဒါပေမဲ့ လုပ်ငန်းသဘာဝ အလိုက်အခွန်ခွဲခြား သတ်မှတ်ဖို့ မထည့်သွင်းထား ဘူး၊ ဒီလိုခွဲခြားထားရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် သက်ဆိုင်ရာ လုပ်ငန်း အလိုက် နည်းဥပဒေဖြစ်ဖြစ် ညွှန်ကြားချက်ဖြစ်ဖြစ် ထားလိုက် ရင်တော့ အဆင်ပြေတယ်။ ဥပမာ ရွှေရဲ့ ရောင်းဝယ်မှု သဘာဝက ပဲတို့ ၊ဆန်တို့ လို စားသောက်ကုန်နဲ့ မတူပါဘူး၊ အခွန်ထမ်း တစ်ယောက် အတွက် အခွန်ဆိုင်ရာ ဥပဒေတွေက ဇဝေဇ၀ါဖြစ်နေမယ်ဆိုရင် အခွန်ထမ်းသူ နည်းသွား နိုင်ပါတယ်” ဟု ဆိုသည်။
၎င်းက ဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ UMFCCI ခန်းမ၌ ပြုလုပ်သည့် ‘ ၂၀၁၅ အခွန်အကောက် ဥပဒေဆိုင်ရာ ရှင်းလင်းပွဲ ‘ တွင် ပြောကြားခြင်းဖြစ်သည်။

ရခိုင်တွင် ရေစီးဖြင့် မျှောပါသွားသော အဆောက်အအုံတစ်ခုအတွက် ကျပ်တစ်သိန်းစီ ပြည်နယ် အစိုးရထောက်ပံ့မည်
![]() |
ရေကြီး ဓာတ်ပုံများ (ဓာတ်ပုံ သံတွဲ လူမှုကွန်ရက်) |
အနိမ့်ဆုံးအခကြေးငွေ ၃၆၀၀ သတ်မှတ်ချက်အပေါ် အထည်ချုပ်လုပ်ငန်းရှင်များက သဘောထား ထုတ်ပြန်မည်
![]() |
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ) |
ဂျပန်အစိုးရက မြန်မာစီမံကိန်းများအတွက် ယန်းငွေ ၂၆ ဘီလီလျံခန့်ချေးမည်
![]() |
ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr Tateshi Higuchi လက်မှတ်ထိုးအပြီးတွေ့ရစဉ် - ( Credit NLM ) |
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ အတွက် ဂျပန် ယန်းငွေ ၂၆ ဘီလီလျံခန့် ချေးမည်ဖြစ်သည်။
သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် မဖြစ်သင့်ဟု တပ်မတော်သား အမတ်ပြော

နေပြည်တော်၊ ဇွန် ၃၀ ။ ။ ပုဒ်မ ၄၃၆ (ခ)ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ တို့ ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်မှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနှင့် မကိုက်ညီကြောင်း၊ သမ္မတနှင့် ဒု သမ္မတများ လွှတ်တော်အမတ် ဖြစ်ခဲ့လျှင် ပါတီနိုင်ငံရေးနှင့်
အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါဝင်လာရန် ကိုတာစနစ် မဖြစ်မနေ သတ်မှတ်ပေးရန် လိုအပ်နေဟုဆို

ရန်ကုန်၊ ဇွန် ၃၀ ။ ။ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခွင့်များလာစေရန် ကိုတာ (ခွဲတမ်း) စနစ်သတ်မှတ်ပေးရေးမှာ မရှိမဖြစ် လိုအပ်နေသည် ဟု ချင်းဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဦးငိုက်ဆာ့ခ်က ဇွန် ၃၀ရက်က ပြောသည်။
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း ကွဲလွဲချက် ခုနှစ်ခု ပြည်ထောင်စု လွှတ်တော်ဆွေးနွေးမည်

နေပြည်တော်၊ ဇွန် ၃၀ ။ ။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အချက်ခုနှစ်ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်ဆွေးနွေးသွားမည်ဖြစ်သည်။
Tuesday, June 30, 2015
အပစ်ရပ်လက်မှတ်ထိုးအပြီး ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွင် မြေသိမ်းမှု အများဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၃၀ ။ ။ မြန်မာနိုင်ငံတောင်ပိုင်းတလျှောက် ကရင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်မှစတင်ကာ နှစ်နှစ်ကျော် စစ်တမ်းကောက်ယူခဲ့ရာ အစီရင်ခံစာ ၄၈၄စောင်တွင်
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု ရဲများ တားဆီးပိတ်ပင် ဆန္ဒပြသူများကို သက်ဆိုင်ရာပုဒ်မများဖြင့် အရေးယူသွား မည်ဟုဆို

ရန်ကုန်၊ဇွန် ၃၀ ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အပါအ၀င် ပြည်သူလူ ထုက ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေ ဘုရားအနီး မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြရာ လမ်းတစ် လျှောက် တွင် ရဲများက တားဆီးပိတ်ပင်မှုများရှိခဲ့သည်။
ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများတစ်ဦးချင်းစီလိုက် ၀န်ခံကတိပြုရမည်
![]() |
မေလ ၂၂ ရက်က ရန်ကုန်မြို့ မင်္ဂလာဒဲုံမြို့နယ်တွင် ဖန်တီးအိမ် လူမှုအဖွဲ့အစည်းများ ရွာသူရွာသားများအား ရွေးကောက်ပွဲမဲပေးစနစ် သင်တန်းပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည) |
မြန်မာ့ရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါး ဂျပန်ကူညီ
![]() |
မြန်မာရွေးကောက်ပွဲများအတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၉၅,၀၀၀ (ယမ်း ၁၁၁,၀၀၀,၀၀၀) ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ တစ်ဆင့် ဂျပန်နိုင်ငံမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပံ့ပို့ပေးသည့် သဘောတူ စာချုပ်ကို ဇွန်လ ၃၀ ရက်က လက်မှတ်ရေးထိုးလိုက်သည်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ) |
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲ ရဲများတားဆီးပိတ်ပင်မှုများရှိ
![]() |
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည့် ကျောင်းသား၊ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ တားဆီးနေသည်ကို ဇွန် ၃၀ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ(ရာမည)) |
တရုတ်နယ်မြေထဲသို့ ဗုံးကျသောကိစ္စ ဖြစ်ခဲ့ပြီးနောက် မြန်မာ စစ်ဦးစီးအရာရှိချုပ်(လေ)ကို ရာထူးမှဖယ်ရှားလိုက်ဟု အရာရှိများပြော
![]() |
အစိုးရနှင့် ဧပြီလအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသတွင် လုံခြုံရေးယူထားသည့် တပ်မတော်သား တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) |
“မဲစာရင်း ပြုစုတဲ့သူတွေကို မဲစာရင်းကိစ္စ ပြန်စစ်”
အခုဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အသီးသီးက ထုတ်ပြန်တဲ့ အခြေခံ အကြို မဲစာရင်းမှာ အမှားအယွင်းတွေ အလွန်များနေတာ တိုင်းသိ ပြည်သိ ဖြစ်လာပါပြီ။ တကယ်တော့ ဒါဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးရဲ့ အစဦး အဆင့်ပဲလို့တောင် ပြောနိုင်ပါတယ်။ ဒီလို အဆင့်မှာတောင် ခုလောက် ဖြစ်ပျက်နေရင် နောင်လာမယ့် ရွေးကောက်ပွဲ အဆင့်တွေအတွက် အလွန်ရင်လေးစရာ ကောင်းနေပါတယ်။ အခြေခံ အကြိုမဲစာရင်းတွေကိစ္စ ဘာဖြစ်နေသလဲ၊ အဲဒီအပေါ် ပြည်သူတွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေ ဘယ်လို သဘောထားနေကြသလဲ၊ အချိန် သိပ်မရတော့တဲ့ အခြေအနေအောက်မှာ ပြဿနာကို ဘယ်လိုဖြေရှင်းရင် ရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြပါ့မယ်။
အခု ထုတ်ပြန်လိုက်တဲ့ အခြေခံ အကြိုမဲစာရင်းတွေမှာ မပါဝင်တဲ့သူတွေ၊ ပါဝင်ပြီး တော့ မဲစာရင်းထဲ ဖော်ပြရာမှာ အချက်အလက် မှားနေသူတွေ၊ မပါသင့်ဘဲ ပါနေတဲ့သူတွေ အလွန်များ နေတယ်လို့ ဆိုပါတယ်။ မဲစာရင်းထဲ မပါတဲ့သူတွေ အနေနဲ့ မဲစာရင်းထဲ ပြန်ပါရ အောင်

ရွေးကောက်ပွဲမတိုင်မီကြားကာလ တည်ငြိမ်မှုအတွက် ဖိနှိပ်ခြိမ်းခြောက်ခြင်းများသည် အဖြေမဟုတ် – လင်းထိုက်(Y.I.T)
အခုရေတွင်းတူး
အခုရေကြည်သောက်လို့တော့ မရဘူးပေါ့။ ရေကြည်သောက် ချင်ရင်တော့
မနှောက်နဲ့ပေါ့။ ကျွန်တော်တို့လည်း အာဏာလွှဲဖို့လုပ်ခဲ့တာ ၉၀ ကတည်းက
လုပ်ခဲ့တာပဲ၊ လိမ္မာရင် ကျွန်တော်ထင်တယ် ၉၅-၉၆လောက်ကတည်းက တော်တော်
အဆင်ပြေလောက်ပြီ ကျွန်တော်တို့က ဒီမိုကရေစီရေချိန် မ၀င်ဘဲနဲ့တော့
သိပ်လွတ်လပ်ပေးလို့တော့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ ၀င်ထိန်းနေတာ . . . ထိန်းချင်လွန်းလို့ မဟုတ်ဘူး . . .
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း ပြောကြားချက်များတွင် ““ရွေး ကောက်ပွဲမတိုင်မီ ကြားကာလတည်ငြိမ်မှု””ဆိုသော စကားလုံးအား ထပ်ဖန် တလဲလဲ သုံးစွဲလာသည်ကို ထူးခြားစွာ သတိထားမိသည်။ သမ္မတ၏ ဇွန်လရေဒီယို မိန့်ခွန်းအား နိုင်ငံပိုင် သတင်းစာမှ ခေါင်းစဉ် တပ်ရာတွင်လည်း”” ရွေးကောက်ပွဲ မတိုင်မီကြားကာလ တည်ငြိမ်မှုအတွက် အားလုံး ပူးပေါင်းဆောင်ရွက်””ဟူ၍ တည်ငြိမ်မှုဟူသော စကားလုံးကို ရွေးချယ် သုံးနှုန်းသွားသည်။ လက်ပံတန်း ကျောင်းသား စစ်ကြောင်းအား
~~~~~~~~~~~~~~~~~~~~~~~~~~

မပြောချင်လည်း ပြောမှဖြစ်မယ် – ပဏ္ဍိတရေးသည် အသက်ကြီးပါပြီ ဘဘရယ်
“တစ်ချိန်က
အဘ၊ ခုတော့ ငပွတော့ အဖြစ်မခံပါနဲ့ ဦးခင်ညွန့်ရေ။ စိတ်ပုတီးနဲ့
ရိပ်ကြီးခိုရမယ့် အရွယ်မှာ နှုတ်စီးလို့ ငပွကြီးတော့ အဖြစ်မခံပါနဲ့ကွယ်ရို့
ပဏ္ဍိတက စေတနာ ဗရပွနဲ့ ပြောပါရစေ လို့။ နောက်ကြောင်း မပြန်ရေးဆိုတာက
အဘတို့ရဲ့ မူဆိုတာ အခြေခံဥပဒေမှာ အထင်း သား တွေ့ရ ပါရဲ့။ မည်သည့် ဥပဒေမှ
နောက်ကြောင်းပြန် အာဏာသက်ရောက်ပြီး အရေးယူလို့ မရအောင် အခြေခံ ဥပဒေမှာ ကတည်းက ချည်ပြီး၊ တုတ်ပြီး ထည့်သွင်းထားတာ ပဏ္ဍိတတို့ သိပါ ရဲ့ …”
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~
ပဏ္ဍိတတို့လည်း တစ်ပတ်တလေလောက် မပြောမဆိုဘဲ နေချင်ပါတယ်။ မရပါဘူးကွယ်။ ဘဘတို့က ပဏ္ဍိတ ပြောရ၊ ဆိုရအောင် တယ်လုပ်ကြသကိုး။
ပဏ္ဍိတလည်း ဗုဒ္ဓဘာသာပီပီ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်တွေရဲ့ အညီနေချင်ပါရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~
ပဏ္ဍိတတို့လည်း တစ်ပတ်တလေလောက် မပြောမဆိုဘဲ နေချင်ပါတယ်။ မရပါဘူးကွယ်။ ဘဘတို့က ပဏ္ဍိတ ပြောရ၊ ဆိုရအောင် တယ်လုပ်ကြသကိုး။
ပဏ္ဍိတလည်း ဗုဒ္ဓဘာသာပီပီ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်တွေရဲ့ အညီနေချင်ပါရဲ့။
ခြေ/ဥကိုင်ပြီး အငြင်းပွားနေတဲ့ မဏ္ဍိုင်နှစ်ခုပွတ်တိုက်မှု နောက်ကွယ်က အကျိုးစီးပွား – အောင်ထွန်းလင်း
အစိုးရနဲ့
လွှတ်တော်ကြား ပွတ်တိုက်မှုတွေကို ကြည့်ရင် တကယ့်ကိုပဲ အလုပ်လုပ်နေကြ၊
အပြန်အလှန်ထိန်းခြင်း လုပ်နေကြတယ်လို့ အများအမြင်မှာ မြင်သာအောင်လုပ်ပြ …
~~~~~~~~~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~
● (ဖြတ်သန်းခဲ့ရသည့် သတင်းထောက်ဘ၀ အတွေ့အကြုံ)
အခုတစ်လော အစိုးရနဲ့ လွှတ်တော်ကြား အချေအတင်တွေ ဖြစ်တိုင်း အခြေခံ ဥပဒေကြီး ကိုင်ကိုင်ပြီး စကားစစ်ထိုး ကြတာတော့ အဆန်းတကြယ် မြင်ကွင်းတစ်ခုပါ။ ကြံ့ခိုင်ရေးပါတီက လွှတ်တော်တင်တဲ့ ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေး အစိုးရပိုင်းက သတင်းစာကနေ ဒါဟာ အခြေခံ ဥပဒေပါ အချက်တွေကို ချိုးဖောက်တယ်လို့ ကလောင်တံပေါင်းစုံနဲ့ ထိုးနှက်ထောက်ပြသလို လွှတ်တော်ထဲက အမတ်မင်းတွေကလည်း ရေကူး အသံလွှင့်ရုံနဲ့ ပတ်သက်လို့ အစိုးရလုပ်တာဟာ အခြေခံဥပဒေကို ချိုးဖောက် တာပဲလို့ ၀န်ကြီးဦးရဲထွဋ်ကို လွှတ်တော်ထဲကျုံးသွင်းပြီး စွပ်စွဲကြတော့ ဖြစ်ရပ်နှစ်ခု စလုံးမှာ ၂၀၀၈ ခြေ/ဥကြီးက ကန့်လန့်ခံနေပါတယ်။

အနိမ့်ဆုံးလစာ ၃၆၀၀ သတ်မှတ်လိုက်ပြီ
အနိမ်ဆုံးလုပ်ခလစာကို တစ်နာရီလျှင် ၄၅၀၊ တစ်နေ့ ၃၆၀၀ကျပ်အဖြစ် ဇွန်လ ၂၉ရက်က သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက
ကြေငြာချက် ထုတ်ပြန်လိုက်သည်။
တရုတ်က ဒုက္ခပေးနေဟု လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ပြော
![]() |
ဧရာဝတီတိုင်းအတွင်း စပါးများ ရိုက်သိမ်းအပြီး ခြွေလှေ့ နေကြသူများအားတွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း) |
ပူတာအို ကေဘီစီဖွံ့ဖြိုးရေးနေရာတွင် ခိုလှုံနေသည့် ဒုက္ခသည်များ ကျန်းမာရေး၊ နေရေး၊ စားရေး အရေးပေါ် အကူညီလိုနေ

ချင်းမိုင်၊ ဇွန် ၂၉ ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကချင်ခရစ်ယာန်အဖွဲ့ချုပ် (KBC) မြို့နယ်ဖွံ့ဖြိုးရေးနေရာတွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များကျန်းမာရေးအတွက် စိုးရိမ်နေရသည့်
အတည်ပြုပြဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်သည့် ဥပဒေ ဗကသများ အဖွဲ့ချုပ် လက်မခံ
![]() |
အမျိုးသားပညာရေးဥပဒေအတွက် ၄ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာသည့် ကျောင်းသားများ။ |
မြေယာအသုံးချမှု မူဝါဒများ မချမှတ်နိုင်သည့်အတွက် ပြည်သူ၊ အစိုးရနှင့် ရင်းနှီးမြှပ်နှံသူများ ကြားပြဿနာ ပေါ်ပေါက်ဟု ပြည်ထောင်စုဝန်ကြီးပြော
နေပြည်တော်၊ဇွန် ၂၉ ။ ။ မြေယာ အသုံးချမှု မူဝါဒဆိုင်ရာများကို လက်ရှိအချိန်ထိချမှတ်နိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ၊ အစိုးရနှင့်ရင်းနှီးမြုပ်နှံသူများ အကြားပြဿနာများပေါပေါက်နေခြင်းဖြစ်သည်ဟု သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေး ရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောသည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းက “လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် မြေအသုံးချမှု မူဝါဒ (land use Policy)ကို ချမှတ်နိုင်ခြင်းမရှိသေးတဲ့အတွက် အစိုးရ၊ ပြည်သူနဲ့ ရင်းနှီးမြုပ်နှံမှုသူ များ အကြား မြေအ သုံးချမှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ပြဿနာ ပေါပေါက်တာ၊ မြေပိုင်ဆိုင်မှု၊ မြေငှားရမ်းမှုနဲ့ မြေယာ ကျူးကျော်မှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခြင်း စတဲ့ မြေအသုံး ချမှုဆိုင်ရာ ပဋိပက္ခများ ဖြစ်လျက် ရှိတာကို တွေ့ရှိရပါတယ်”ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးရွှေမန်းက ဖြူး နှင့် ဇေယျာသီရိမြို့နယ်မှ ၀င်ရန်လျာထားဟုဆို
![]() |
နေပြည်တော်လွှတ်တော်ရုံးတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် ပြည်ထောင်စုလွှတ်တော် နယက သူရဦးရွှေမန်းအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည) |
NLD ကို မဲပေးရေးထက် မဲပေးခွင့်ရရှိရေးက အဓိကကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော
![]() |
ဇွန် ၁၉ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာသည့် ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- စိုးသန်းလင်း၊ မဇ္ဈိမ) |
ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုအတွက် ပြည်နယ်အစိုးရ ရံပုံငွေ ကျပ်သန်းငါးထောင် သုံးမည်
![]() |
သံတွဲမြို့ရေကြီးပြီးနောက် ဓာတ်ပုံ (ကိုဆောင်းသစ်) |
Monday, June 29, 2015
ပြည်နယ်နှင့်တိုင်းများတွင်ဖွဲ့စည်းမည့် NNER ကွန်ရက်အတွက် မန်းတွင် ဆွေးနွေးပွဲပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၂၉ ။ ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)က ပြည်နယ်နှင့်တိုင်းများတွင် ဖြန့် ကျက် ဖွဲ့စည်းမည့် ကွန်ရက် အကြောင်းအရာကို
ဝ တပ်မတော်နှင့် အစိုးရတပ်တို့ ဆွေးနွေးမှုများကြားကပင် တင်းမာမှုရှိနေဆဲဟုဆို
![]() |
(ဓာတ်ပုံ - Youtube) |
Sunday, June 28, 2015
ငြိမ်းချမ်းရေးအတွက် အခွင့်ကောင်းကို အမိဖမ်းပါ

ရာစုနှစ် ၇ခုနီးပါးတိုင်အောင်ပင် မြန်မာ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများမှာ စစ်ဖြစ်နေခဲ့ကြသည်။ မျက်မှောက်ကာလမှာ စစ်ပွဲများ စတင်ဖြစ်ပွားလာကတည်းက
ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်
ပတ်(စ်) ပို့ရှိသည့် ပြည်ပရောက်နိုင်ငံသားများသာ မဲပေးနိုင်မည်ဟု ကော်မရှင်ဆို
![]() |
ထိုင်းရောက်မြန်မာလုပ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ) |
ပြောရေးဆိုခွင့်ရှိသူ ဦးလှမောင်ချိုက မဇ္ဈိမကို ပြောသည်။
အာဏာရစစ်အုပ်စု ပြည်ခိုင်ဖြိုးပါတီတွင် သမ္မတဦးသိန်းစိန်ထက် ပို၍သြဇာအာဏာကြီးသူများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးနာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်စဉ်းစားမည်မဟုတ်
အာဏာရစစ်အုပ်စု ပြည်ခိုင်ဖြိုးပါတီတွင် သမ္မတဦးသိန်းစိန်ထက် ပို၍သြဇာအာဏာကြီးသူများရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးနာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပါဝင်စဉ်းစားမည်မဟုတ်
_______ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အာဏာကို ပါတီကို လွှဲခဲ့တာ … အစိုးရကိုပေးတာမှ မဟုတ်ဘဲ … လျှို့ဝှက်ချက် ဘယ်သူမှ မသိသေး …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဇွန် ၂၅
၂၀၁၅ ရွေးကောက်ပွဲအလွန် နီးကပ်လာသော အချိန်ဖြစ်သည့် ယခုလတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ထိပ တန်း ဗဟိုကော်မတီဝင်များနှင့် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအာဏာ ဆက်လက်ဖက်တွယ်ထား လိုသူများ အကြား အပြန်အလှန် သဘောသက်ရောက်သည့် စောင်းပါးရိပ်ခြည်ပြော ဆိုသည်များ တွေ့လာရ

ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်မှုမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ရ၍ တရားမျှတမည်ဟု ဆို
![]() |
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်တော်များအတွက် ကျင့်ဝတ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ) |
ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ တရားမျှတမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဇွန်၂၇ ရက်တွင် ဆိုသည်။
လူကြမ်းတွေ လဲရင် ကြိုက်လား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပုဒ်မ တချို့ကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ် ဦးသိန်းဇော်က ဥပဒေမူကြမ်း လွှတ်တော်သို့ တင်သွင်းပြီး နောက် လွှတ်တော်အမတ်နှင့် စစ်တပ်ကိုယ်စားလှယ်များ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးနောက် ဇွန် ၂၅၊ ၂၀၁၅ က မဲခွဲကြရာ စစ်တပ်ကိုယ်စားလှယ်များက မထောက်ခံသောကြောင့် ပုဒ်မ တစ်ခု၏ စကားတစ်လုံးသာ ပြင်နိုင်ပြီး ကျန်ပုဒ်မများကို မပြင်နိုင်ခဲ့ပါ။
လွှတ်တော်သတင်းများကို စောင့်ကြည့်လေ့လာသူများ သို့မဟုတ် ဖေ့စ်ဘွတ်မှ သတင်းများကို ပုံမှန်ဖတ်ရှုသူများ သိပြီးဖြစ်ပါလိမ့်မည်။ ပြဿနာမှာ ဇာတ်သိမ်းသိပြီးသား ရုပ်ရှင်တစ်ကားကို တကယ်ကြည့်ရှုရချိန်တွင် ငိုလိုက်ရသည့် ရုပ်ရှင်ကြည့် ပရိသတ်များနှယ် ဖြစ်ပါသည်။ ဇာတ်ဆောင် များက သရုပ်ဆောင် ကောင်းကြသည်လား၊ သို့တည်းမဟုတ် ဇာတ်ပို့ တီးလုံးက ကောင်းသည်လား၊ သို့တည်းမဟုတ် ကာလရာသီက ငိုစရာ ကောင်းနေသည်လား၊ ပြည်သူ တချို့ကား ရုပ်ရှင်ကြည့် ပရိသတ်များကဲ့သို့ပင် ဝမ်းနည်းခဲ့ကြသည်။

ရေအသက်တစ်မနက်၊ ထမင်းအသက် ခုနစ်ရက် သိဂုင်္တ္တရကုန်းတော် မဟာအတွက် မျှော်လင့်ချက် “၁၅”ရက်- ဆောင်းဝင်းလတ်
_____ ဒီခေတ်လူငယ်လူရွယ် တွေကို “ရွှေတိဂုံသမိုင်း” ဆိုတဲ့ မြင်ကွင်းကျယ် မြန်မာ့ရုပ်ရှင် ဇာတ် ကားကောင်း၊ ဇာတ် ကားဟောင်းကြီး ပြန်ပြီးပြချင်ပေမယ့် ပြလို့မဖြစ်နိုင်တော့တာ ၀မ်းနည်းဖွယ်ရာပါ။ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းပြီး တာဝန်မဲ့ နိုင်ကြလွန်းလှတဲ့ အဲဒီစစ်အုပ်စုဝင် အစိုးရအစဉ် အဆက်ရဲ့ ဂယက်ဟာ ခုခါမှာတော့ ပိုပြီး တုန်လှုပ် ချောက်ချားစရာ ကောင်းသထက်ကောင်း လာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်ငယ်စဉ်က ကျောင်းပိတ်ရက်တချို့မှာ ဘိုးဘွားမိဖများရဲ့ ဇာတိချက် ကြွေမွေးရပ်မြေ၊ ကွမ်းခြံကုန်းမြို့ ကလေးဆီကို ပြန်ပြီးနေတဲ့ အခါနေပါတယ်။ တချို့ကျောင်းပိတ်ရက်တွေမှာ ကျတော့ ရန်ကုန် မှာရှိတဲ့ ဦးလေး တွေ၊ အဒေါ်တွေအိမ်တချို့မှာ သွားနေခဲ့ပါတယ်။ တစ်ခါတစ်ခါ မှာတော့ အဒေါ်တစ်ယောက်နေတဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်က လမ်းတစ်လမ်းမှာ သွားနေပြီး တစ်ခါတစ်ခါမှာတော့ ရန်ကုန် ကျောက်မြောင်း ရပ်ကွက် ထဲက လူပျိုကြီး၊ အပျိုကြီး၊ ဦးကြီး၊ ဒေါ်ကြီး၊ ဒေါ်လေးများ စုဝေးနေထိုင်ကြရာ အိမ်တစ်အိမ်မှာသွားနေပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာတွင် လက်ကိုင်ဖုန်းများ အသုံးပြုနေ သည့် ဒုသမ္မတခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လုပ်ရပ် သံတမန်ကျင့်ဝတ်နှင့် မညီ
___ Protocols အရတော့ ဘယ်အစည်းအဝေးမှာမဆို ဖုန်းတွေ မဖွင့်ထားရဘူး။ သံတမန်ကျင့်ဝတ် အရမလုပ်ရဘူး။ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒုသမ္မတကို မပြောပြလို့လား၊ ဒုသမ္မတက အရေးမစိုက်လို့လားတော့ မသိဘူးပေါ့။ ဗမာပြည်ကတော့ လုပ်ချင်တာလုပ်တာပဲ။ ဖုန်းတွေ ဖွင့်ထားတယ်၊ ဖုန်းတွေ ပွတ်နေတယ် ဆိုရင်တော့ သံတမန်ကျင့်ဝတ်အရ မညီဘူး . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဇွန် ၂၂
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားနိုင်မည့် အခွင့်အလမ်း၊ အလား အလာများနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Alexei V.Ylyukaev ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ တွေ့ဆုံခဲ့သည့် သတင်းအား ဇွန်လ ၁၉ ရက်ထုတ် နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြခဲ့ရာ သတင်းဓာတ်ပုံတွင်

မလုံလောက်သည့် အပြောင်းအလဲကိုပင် မထောက်ခံခြင်းမှာ အပြောင်းအလဲကို မလိုလားခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော
မလုံလောက်သည့် အပြောင်းအလဲကိုပင် မထောက်ခံခြင်းမှာ အပြောင်းအလဲကို မလိုလားခြင်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၄၃၆ ရှုံးနိမ့်၍ စကားလုံး သာ ပြောင်းထားသည့် ပုဒ်မ ၅၉ (ဃ) တစ်ခုတည်းသာ ပြင်ဆင်ခွင့်ရ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဇွန် ၂၅
အာဏာရကြံ့ခိုင်ရေးဘက်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းကာ လွှတ်တော်တွင်း ဆွေးနွေးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းမှာ စကားလုံးပိုင်းအရသာ ပြင်ဆင်ထားပြီး အနှစ် သာရ မပါသော ဥပဒေကြမ်းဖြစ်သော်လည်း လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်ခဲ့ရာတွင်
ထောက်ခံမှုနည်းခြင်းမှာ အပြောင်း အလဲကို မလိုလားခြင်းပင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဇွန်လ ၂၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ပြည်သူတွေမဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် တစ်အိမ်တက်/ဆင်း လိုက်လံတိုက်တွန်း
မင်းမင်း နေပြည်တော်၊ ဇွန် ၂၇
ယခုနှစ်ကုန်ပိုင်းအတွင်းကျင်းပမည့် ၂၀၁၅ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် အလွန်အရေးကြီးသောကြောင့် လူတစ်ဦးစီတိုင်းက မဲပေးဖြစ်အောင် ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရန်လိုအပ်ပြီး မဖြစ်မနေမဲပေးကြရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုံးစိုက်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တော်ကန်ကျေးရွာရှိ အိမ်ခြေပေါင်း အနည်းဆုံး ၁၀အိမ်တွင် ဇွန် ၂၇ ညနေပိုင်းက တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဗွီဒီယိုဖိုင်ကြည့်ရန် - ဒီမှာနှိပ်ပါ

ပြန်ကြားရေးဝန်ကြီးဌာနအား The Daily Eleven သတင်းစာက ပြန်လည် တရားစွဲဆိုမည်
ရန်ကုန်၊ ဇွန် ၂၃
ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven သတင်းစာမှ အယ်ဒီတာ ၁၇ ဦးကို တရားရုံး မထီမဲ့မြင်မှုဖြင့် တရားစွဲရာ၌ ပါဝင်သော Weekly Eleven News Journal အယ်ဒီတာချုပ် ဦးမြတ်သစ်မှာ The Daily Eleven သတင်းစာ အယ်ဒီတာအဖွဲ့၌ ပါဝင်ခြင်း မရှိသောကြောင့် ပြန်ကြားရေး ၀န်ကြီးဌာနကို မမှန်မကန် တရားစွဲဆိုမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း The Daily Eleven သတင်းစာ၏ အကျိုးဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ဇွန်လ၂၃ရက်တွင်ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနက The Daily Eleven နှင့် Weekly Eleven News Journal တို့အား တရားစွဲဆိုသော အမှုရုံးချိန်းနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက မတ်လ ၂ ရက်ထုတ် သတင်းစာ၌ ““The Daily Eleven နှင့် Weekly Eleven News Journal တို့အား ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲဆိုသော အမှု အတွက် တရားလိုပြ သက်သေကို စတင်စစ်ဆေး၊ ပြန်ကြားရေး ၀န်ကြီးဌာနတွင် ၂၀၀၉ ခုနှစ်က ဈေးနှုန်း ယူရို ၇ သိန်းဖြင့် ပုံနှိပ်စက် ၀ယ်ယူခဲ့သည်မှာ မှန်ကန်ကြောင်း တရားလို ဦးကျော်စိုး ၀န်ခံထွက်ဆိုထား””ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့မှု ကို ပြန်ကြားရေး

တစ်ရက်လျှင် ၃၀၀၀ ကျပ်ထက် မနည်းသော အနည်းဆုံး လုပ်ခလစာနှုန်းထားကို ဇွန်လကုန်တွင် တရားဝင် ထုတ်ပြန်မည်
ရန်ကုန်၊ ဇွန် ၂၄
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အမျိုးသား ကော်မတီ အဆင့်၏ နောက်ဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး တစ်ပြေးညီ နှုန်းထားအဖြစ် အဆိုပြု နှုန်းထားကျပ် ၃၅၀၀ နှင့် ၄၀၀၀ ကြား သတ်မှတ်ထားပြီး ဇွန်လကုန်ချိန်တွင် အလုပ်သမား ၀န်ကြီးဌာနက တရားဝင် နှုန်းထားတစ်ခု ထုတ်ပြန်မည် ဖြစ်ကြောင်း အမျိုးသားကော်မတီဝင်၊ အလုပ်သမား ကိုယ်စားလှယ် ဒေါက်တာ စိုင်းစံမျိုးထွန်းက ဇွန် ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အမျိုးသားကော်မတီအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၂၊ ၂၃၊ ၂၄ ရက်တို့တွင် ရန်ကုန်မြို့၊ စက်မှု ကုန်သည်လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တွင် အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာမှ တရားဝင်နှုန်းထားတစ်ခု သတ်မှတ်ရန် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။

Subscribe to:
Posts (Atom)