အုပ်စု(ဂ)နှင့် (ဃ)ပြိုင်ပွဲဝင်အသင်းများအား သုံးသပ်ကြည့်ခြင်း
========================================
အုပ်စု(ဂ)
တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အုပ်စု(ဂ)ပွဲစဉ်များကို ကျင်းပပြုလုပ်
မည်ဖြစ်ပြီး တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်တို့ပါဝင်နေခြင်းကြောင့် မရဏ အုပ်စုဟုပင် သတ်မှတ်ရပေမည်။
အာရှ ယူ-၁၉ပြိုင်ပွဲတွင် ၁၂ကြိမ်အထိဗိုလ်စွဲထား ပြီး လက်ရှိ
ချန်ပီယံတောင်ကိုရီးယားအ သင်းသည် အာရှတွင် အအောင်မြင်ဆုံးအ
သင်းတစ်သင်းဖြစ်ပြီး ခြေစစ်ပွဲတွင် အင်ဒို နီးရှားအသင်းကို
ရှုံးနိမ့်ခဲ့သော်လည်း အုပ်စု ဒုတိယရရှိကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ
ရှိခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းလိဂ်မှကစားသမားများကို အခြေခံပြီး ၂ဝ၁၃ဖီဖာယူ- ၂၃ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ တက်လှမ်း လာနိုင်ခဲ့သည့်အသင်းလည်းဖြစ်ပြီး
ကွင်း လယ်နှင့် ရှေ့တန်းတွင် ဥရောပနှင့်အမေရိက အသင်း
အခြေစိုက်ကစားသမားလေးဦး ပါ ဝင်နေသည်။ အသင်းနည်းပြ ကင်ဂျောင် ဆွန်းအနေဖြင့်
၎-၄-၂ ကစားကွက်ဖြင့် ပြိုင်ဘက်အသင်းများကို ရင်ဆိုင်တတ်သူ ဖြစ်ပြီး
အုပ်စုအဆင့်မှ ကျော်လွှားနိုင်ရန် ပြင် ဆင်လျက်ရှိသည့်အသင်းလည်း ဖြစ်သည်။
၃ကြိမ်ဆက်တိုက်ယူ-၂ဝကမ္ဘာ့ ဖလားပြိုင်ပွဲနှင့်လွဲချော်ခဲ့သည့် ဂျပန်အသင်းမှာ လက်ရှိအုပ်စုတွင်းအခြေအနေအရ ရုန်း ကန်ရမည့်အနေအထားတွင်ရှိနေသည်။
အာရှယူ-၁၉ပြိုင်ပွဲတွင် ဒုတိယဆု ၆ကြိမ်ရရှိ ထားပြီး ၂ဝဝ၆ခုနှစ်နောက်ပိုင်း
အောင် မြင်မှုနှင့်ဝေးကွာခဲ့ရသည်။ ခြေစစ်ပွဲကစား ခဲ့ရာတွင် မက္ကာယူနှင့်
မလေးရှားတို့ကိုပြတ် သားသည့်အနိုင်ရလဒ် ရယူနိုင်ခဲ့သော်လည်း တရုတ်နှင့်
သရေကျခဲ့ကာ အုပ်စုပထမနေ ရာဖြင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်အသင်းအနေဖြင့် အုပ်စုအဆင့်မှ ကျော် လွှားနိုင်ရန်မှာ ဗီယက်နမ်နှင့် တရုတ်အ သင်းများကို အနိုင်ရရှိမှသာဖြစ်နိုင်မည်ဖြစ် ခြင်းကြောင့် လွယ်ကူမည်မဟုတ်ပေ။
၂ဝဝ၄ခုနှစ်တွင် ဒုတိယရရှခဲ့ပြီးနောက် ပိုင်းအောင်မြင်မှုနှင့်
ဝေးကွာနေခဲ့ရသည့် တရုတ်လူငယ်အ သင်းသည် ခြေစစ်ပွဲတွင် ဂျပန်နှင့်
တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး
အုပ် စုဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင် မြင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်
၂ဝ၁၂ ပြိုင် ပွဲတွင် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည့် တရုတ်အသင်းအနေဖြင့်
ဂျပန်၊ တောင်ကို ရီးယားတို့နှင့် တစ်အုပ်စုတည်းကျရောက် နေခြင်းကြောင့်
ယခုနှစ်တွင်လည်း အုပ်စုမှလှည့်ပြန်ရမည့်အခြေအနေတွင် ရှိနေသည်။
တောင်ကိုရီးယား၊ ဂျပန်ပြီးနောက် အုပ် စုမှ ကျော်လွှားရန်နေရာတစ်နေရာကို
လုရ မည့်အသင်းမှာ ဗီယက်နမ်အသင်းပင်ဖြစ် သည်။ ဗီယက်နမ်အသင်းသည် ပြီးခဲ့သည့်
အာဆီယံလူငယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ၌ ဗိုလ်လုပွဲတွင်
ဂျပန် ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်
ခဲ့ရသည့်အသင်းလည်းဖြစ်သည်။
ထို့ကြောင့် ပြိုင်ဘက်အသင်း ဂျပန်ကစားပုံကို သိရှိ ထားပြီးဖြစ်၍ ပြိုင်ဘက်အသင်းများကို အ ခက်တွေ့အောင်ကစားနိုင်စွမ်းရှိနေသည်။
အာဆီယံလူငယ်ပြိုင်ပွဲတွင် ပြသသွား သောခြေစွမ်းအရ ဗီယက်နမ်အသင်းသည် နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် အခွင့်အ ရေးများ ရှိနေပြီး တောင်ကိုရီးယား၊ ဂျပန် တို့နှင့်အပြိုင်ဖြစ်နေသည်။
အုပ်စု(ဃ)
အီရတ်၊ မြောက်ကိုရီးယား၊ ကာတာ၊ အိုမန်
အုပ်စုတွင်းပြိုင်ဘက်များ၏ အခြေအ နေအရ အကြိတ်အနယ်ရှိလာနိုင်ပြီး အီရတ်
အသင်းသည် ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ပါ ကစ္စတန်တို့နှင့်
ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရ
ပြီး သုံးပွဲကစားပြီးချိန်၌ ၂ပွဲနိုင် ၁ပွဲ သရေ ရလဒ်ဖြင့်
အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ၂ဝ၁၂ အာရှချန်ပီယံ
ရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အီရတ် သည် ၂ဝ၁၃ ယူ-၂ဝ
ကမ္ဘာ့ဖလားပြိုင်ပွဲ တွင်လည်း စတုတ္ထနေရာရရှိခဲ့သည်။ ခြေစစ်
ပွဲစဉ်တစ်လျှောက်၌ အက်ဒ်ဝမ်၊ ရာရှန်၊ အေဘတ်တို့ခြေစွမ်းပြခဲ့ပြီး ယခုပြိုင်ပွဲတွင် လည်း အဆိုပါကစားသမားများ၏ ခြေစွမ်း ကို စောင့်ကြည့်ရမည်ဖြစ်ပြီး အုပ်စုမှ ကျော် လွှားနိုင်မည့်အသင်းဖြစ်သည်။
စပိန်လူမျိုးနည်းပြ ဆန်းချက်ဇ် ကိုင် တွယ်လျက်ရှိသော ကာတာအသင်းသည် ခြေစစ်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း အာရှယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်မူ အောင် မြင်မှုအစဉ်အလာမရှိသည့်အသင်းဖြစ်သည်။
အမြင့်ဆုံးအောင်မြင်မှုအဖြစ်
၁၉၈၈ခုနှစ် တွင် တတိယနေရာသာ ရရှိခဲ့ပြီး အသင်းရှိ ကစားသမားအများစုမှာ
ဥရောပကလပ် အသင်းများ၌ ကစားနေကြသူများဖြစ်သည်။ ကာတာအသင်းသည် ခြေစစ်ပွဲတွင်
လေးပွဲ ကစားခဲ့ရာ ၄ပွဲစလုံးအနိုင်ရရှိပြီး အုပ်စု ပထမနေရာရရှိခဲ့သည်။
ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းတို့နှင့် ခြေစစ် ပွဲကစားခဲ့ရသည့် မြောက်ကိုရီးယားအသင်း သည် သုံးပွဲစလုံးအနိုင်ရရှိပြီး ရဂိုး ၁၂ဂိုး၊ ပေးဂိုးမရှိ ရလဒ်က ခံစစ်ကောင်းမွန်ပြီးတိုက် စစ်လည်းကောင်းမွန်သည့်အသင်းဟု
ဆိုရ မည်။ အုပ်စုတွင်းအခြေအနေအရ အိုမန် အသင်းမှာ အောင်မြင်မှုအနည်းငယ်သာရှိ
သည့် အသင်းဖြစ်သော်လည်း ခြေစစ်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ကာ
ပါလက်စတိုင်း၊ ဘာရိန်းတို့ကိုအနိုင်ယူပြီး တက်ရောက် လာနိုင်ခဲ့ခြင်းဖြစ်သည်။
AST #Democracytoday (ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment