Saturday, August 30, 2014

ဖေ့စ်ဘုတ်စ် သုံးပြီး ဖေ့စ်ဘုတ်စ်အတွက် သင့်မှာဘာတွေလုပ်တတ်နေပြီးလဲ

Online မှာ facebook အသုံးပြုသူတွေမှာ facebook မှာ သင်ကိုယ်တိုင်
facebook တွက် ဘာတွေလုပ်နေပီလဲ အထူးသဖြင့်တော
့ facebook မှာ Name ပြောင်းချင်လား/
facebook ရဲ့ password ကို ချိန်းချင်သလား/
facebook အကောင့်န် ကို သင်ကိုယ်တိုင် လုပ်ချင်သလား/
facebook ထဲက Video တွေ download ဆွဲချင်သလား/

တစ်ဖက်သတ်ရေးဆွဲထားသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အား မုံရွာခရိုင် တက္ကသိုလ်ကျောင်းသား အသင်းအဖွဲ့များ မှ ဆန္ဒထုတ်ဖော်နေမှု ရုပ်သံ

ဗွီဒီယိုဖိုင် ကြည့်ရန် အောက်ပါလင့်များကို နှိပ်ပါ။

https://www.facebook.com/video.php?v=533835406748786

https://www.facebook.com/video.php?v=533836663415327

Credit - ThanLarWaddy Times

"အမျိုးသားပညာရေးဥပဒေ အား တက္ကသိုလ်ကျောင်းသားသမဂ္ဂကွန်ယက်(မုံရွာ) မှ ကျောင်းသား၊ကျောင်းသူ(၂၀၀)ခန့်က ဆန္ဒပြ"

ပြည်ထောင်စုလွှတ်တော် မှ အတည်ပြုပြဌာန်းထားရှိလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေ ကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊မုံရွာစီးပွားရေးတက္ကသိုလ်
ကျောင်းသားများသမဂ္ဂ၊မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ များ မှ စုပေါင်းပြီး ကျောင်းသား၊ကျောင်းသူအင်အား နှစ်ရာခန့်ဖြင့် သြဂုတ်လ(၂၉)ရက်နေ့
ညနေ(၃)နာရီ အချိန် တွင် ဇလုပ် ဆွမ်းအုပ် အ၀ိုင်းပတ် မှ ဗိုလ်ချု ပ်အောင်ဆန်း မြင်းစီးကြေးရုပ် အထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

အမျိုးသားပညာရေး ဥပဒေကို မုံရွာတွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

မုံရွာ၊ သြဂုတ် ၂၉

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၃၁ ရက်နေ့တွင် အတည်ပြုလိုက်သော အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် အနေနှင့် မုံရွာမြို့ပေါ်တွင် တက္ကသိုလ် ကျောင်းသားများက ဘွဲ့ရ ဆိုက်ကားနင်းသူ၊ ဘွဲ့ရ ရေစည်လှည်းတွန်းသူ စသဖြင့် သရုပ်ပြ၍ သြဂုတ်လ၂၉ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်ဟု ထုတ်ပြန်

အစိုးရကိုယ်တိုင်ခန့်မှန်းအသုံးပြုခဲ့သော လူဦးရေနှင့် ကိုးသန်းခန့်ကွာဟနေ
---
ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူမှု၏ ကနဦးရရှိထားသော ရှေ့ပြေးလူဦးရေ စာရင်းအရ နိုင်ငံ၏ လူဦးရေမှာ သန်းပေါင်း ၅၁ သန်းကျော်ဖြစ် ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သြဂုတ် ၂၉ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19504

ဝန်ကြီးဌာနများတွင် အတွင်းဝန်ရာထူးများ ခန့်အပ်ရန်စီစဉ်နေ

ပြည်ထောင်စုဝန်ကြီးများပြောင်းလဲသော်လည်း ဌာနမူဝါဒမပြောင်းရန်ရည်ရွယ်ပြီး အတွင်းဝန်ရုံးဖွဲ့စည်းပုံကိုရေးဆွဲနေကာ လာမည့်ဘဏ္ဍာနှစ်တွင် စတင်ခန့်အပ်ဖွယ်ရှိ
------
ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ပြုလုပ်သော် လည်း ဝန်ကြီးဌာနများအတွင်း မူဝါဒပြောင်းလဲခြင်းမရှိဘဲ လုပ် ကိုင်ဆောင်ရွက်နိုင်ရန် ဝန်ကြီး ဌာနများ၌ လိုအပ်သောရာထူး များဖြစ်သည့် အတွင်းဝန်၊ လက် ထောက် အတွင်းဝန်များကို မကြာမီ စတင်ခန့်အပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းမဲ့တိုင်းပြည် ဖြစ်နေပြီလား

“လူမိုက်အဖွဲ့တွေ ချိန်းပြီးချကြတာ၊ ဓားရှည်တွေကိုင်ပြီး ဖောက်ခွဲရေး ပစ္စည်းတွေပါ ယူလာတော့ ရပ်ကွက်က လူတွေ အတော်ကြောက်သွားတယ်။ တုတ်၊ဓားတွေနဲ့ အုပ်စုလိုက်ကြီး” လို့ သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောဆိုတာပါ။ မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုနှစ်စုတိုက်ခိုက်မှုကို ဘယ်လို အရေးယူနေပြီလဲ။

ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုထဲမှာ ဘယ်အသင်းတွေ ပါနေလဲ

ကမ္ဘာတစ်လွှားက ဘောလုံးပရိတ်သတ်တွေ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဥရောပချန်ပီယံလိဂ်
 ပွဲစဉ် မဲခွဲပွဲကို ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ကျင်းပပြီးစီးခဲ့ပါပြီ။ မဲခွဲပွဲအပြီးမှာတော့ မရဏအုပ်စုလို့ ဆိုရမယ့်
အုပ်စု (E) မှာတော့ နှစ်စဉ်အုပ်စုကြပ်များမှာ ဝင်နွှဲနေကျ မန်စီးတီး၊ ဥရောပဝါရင့် ဂျာမန်ဘီလူးကြီး ဘိုင်ယန်နဲ့၊ စီးရီးအေက ရိုးမား၊ ရုရှားက CSKA မော်စကိုတို့ ကျရောက်နေပါတယ်။

သွားကြားထိုးတံ ရှာတော်ပုံ

(ဆောင်းပါးရှင် - ရွှေဒါးမောင်လေးရည်)

ယခု ဘဏ္ဍာနှစ်ဆန်းမှစ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ တင်ပို့ခွင့် နောက်ဆုံးရက်အထိ ဆိပ်ကမ်းသို့ရောက်ရှိပြီး သစ်လုံးတင်ကားများ ကျန်ရှိနေတာလည်း တွေ့ခဲ့ရပေသည်။ မြန်မာ့မြေပုံပေါ်မှ သစ်တောဧရိယာများမှာ ကွင်းပြောင်ကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရပုံများကိုလည်း အားလုံးအသိပင်။ ဒီကနေ့ကာလ၌ သစ်တောကဏ္ဍနှင့်ပတ်သက်ပြီး နားထဲသို့ တိုးဝင်လျက်ရှိသည့် အသံဗလံများက

Friday, August 29, 2014

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ငြင်းတဲ့ သုံးကိုယ်ခွဲ ဝင်းဖေ

စွယ်စုံရ အနုပညာရှင်တစ်ယောက်အဖြစ် ထင်ရှားတဲ့ ဒါရိုက်တာဝင်းဖေတစ်ယောက် အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ရင်းက မြန်မာပြည်ပြန်ရောက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ကော်မတီက ဦးဝင်းဖေကို တာဝန်ယူရိုက်ကူးဖို့ ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့ပါတယ်။ ဂီတ၊ ပန်းချီ၊ ရုပ်ရှင် စွယ်စုံရပညာရှင်ကြီး ဘာ့ကြောင့် ငြင်းပယ်ခဲ့တာလဲ။

ရန်ကုန်တိုင်းလွှတ်တော်တွင် မေးခွန်းများကို ၀န်ကြီးဌာနများ တိတိကျကျ ဖြေဆိုမှုမရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းများကို ၀န်ကြီးဌာနများမှ ပြန်လည်ဖြေ ကြားရာတွင် တိကျသော အဖြေ မရရှိမှုများ ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်က လွှတ်တော်သို့ တင်ပြလိုက်သည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19306

Credit - 7Day News Journal

Wednesday, August 27, 2014

ပေါပေါရ များများသောက် မြန်မြန်သေ

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုရှိ ယမကာဆိုင်တွင် မှီဝဲနေသူများ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
 
‘‘ကျွန်တော့်မျက်နှာကိုသာ ကြည့်တော့။ အရက်တုတွေ သောက်နေရလို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ’’
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်ကိုယ်တိုင်က အရက်တုများ မြန်မာပြည်အတွင်း ရောင်းချနေမှုအပေါ် စိတ်နာနာနှင့် ထုတ်ဖော်ပြောကြားလာရသည့် အခြေအနေဖြစ်သည်။

ယမကာသောက်သုံးနေသူအချို့ [ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]

မြန်မာနိုင်ငံတွင် အရက်သောက်သုံးသူအများစုမှာ အရက်တုများ သောက်သုံးနေရသောကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားနေရပြီး သောက်သုံးသူများအတွက် ကျန်းမာရေးအာမခံချက် လုံးဝမရှိဘဲ မိမိကိုယ်တိုင် အရက်တုသောက်သုံးခြင်းကြောင့် ဆိုးကျိုးခံစားနေရခြင်းကို စီးပွားကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် အရက်ကြောင့် သေဆုံးမှု တဖြည်းဖြည်း မြင့်တက်လာနေပြီး ရောဂါကြောင့် သေဆုံးသူများအနက် ဒုတိယအများဆုံးဖြစ်ကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။
မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းထုတ်အရက်များဖြစ်သည့် နာမည်ကျော်တံဆိပ်များသာမက ကိုယ်တိုင်ချက် ဘီအီးနှင့် တောအရက်များကို ပေါပေါလောလော သောက်သုံးလျက်ရှိသည်။ သို့သော်လည်း ပြည်တွင်းချက်အရက်များမှာ နိုင်ငံခြားအရက်များကဲ့သို့ စံချိန်စံညွှန်းသတ်မှတ်ချက်မရှိဘဲ လွယ်လင့်တကူ ပြုလုပ်ရောင်းချနေကြခြင်း ဖြစ်သည်။
ဈေးနှုန်းကြီးမြင့်သော နိုင်ငံခြားအရက်များကို လူလတ်တန်းစားများကသာ ၀ယ်ယူသောက်သုံးနိုင်ကြပြီး အခြေခံလူတန်းစားတို့မှာ ရပ်ကွက်ကျေးရွာများအတွင်းရှိ အရည်အသွေးမပြည့်မီသော အရက်ကြမ်းများကိုသာ စွဲစွဲမက်မက် ၀ယ်ယူသောက်သုံးနေကြသည်ကို တွေ့ရသည်။
ကျေးလက်နေ အခြေခံလူတန်းစားတို့သည် ဈေးပေါ၍ ၀ယ်ရလွယ်သော ချက်အရက်၊ ဘီအီးအရက် စသည်တို့ကို နေ့စဉ်နှင့်အမျှ သောက်သုံးလေ့ရှိပြီး ထိုအရက်များကြောင့် ဖြစ်ပွားသည့် ရောဂါများကိုလည်း ခံစားနေကြရသည်။ အရက်တွင် ရှိသင့်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်း မီ၊ မမီကို သတ်မှတ်စစ်ဆေးမှုမရှိသဖြင့် မိမိသောက်လိုက်သည့် အရက်တွင် ဆိုးကျိုးမည်မျှပါဝင်နေသည်ကိုလည်း မသိရှိကြပေ။
နယ်အချို့တွင် အလွယ်တကူ ၀ယ်ယူနိုင်သည့် အရက်အဆီကို ငါးကျပ်သား၊ တစ်ဆယ်သား စသဖြင့် ချိန်တွယ်ရောင်းချမှုများရှိပြီး ထိုအရက်ဆီကို ရေသန့်ဘူးထဲထည့်၍ ရေဖြင့်ရောကာ လှုပ်သောက်ကြမှုက ရောဂါဆိုးကို ပျော်ပျော်ကြီး ဖိတ်ခေါ်နေသကဲ့သို့ပင်။
‘‘အဲဒီအရက်ဆီတွေက ဘယ်လိုချက်လုပ်ထားမှန်းမသိဘူး။ တရားဝင် အရက်ဆိုင်တွေမှာ အရက်ဆီနဲ့ ရေကို အချိုးကျကျ စဥ့်အိုးထဲ ဒလက်နဲ့မပြတ်မွှေပြီး သတ်မှတ်ချိန်တစ်ခုထားထားမှ အရက်ဖြစ်တာ။ အခုကျတော့ အဆီကို ရေရော၊ လက်နဲ့လှုပ်၊ ချက်ချင်းမော့သောက်တော့ ကြာလာရင် ရောဂါဖြစ်လာတယ်။ တို့နယ်မြို့လေးမှာ ဆယ်နှစ်အတွင်း အရက်ကို ဖြစ်သလိုသောက်ကြလို့ သေတဲ့လူရော၊ သေမလို့ စောင့်နေရတဲ့လူရော အနည်းဆုံး အယောက်နှစ်ရာနီးပါးရှိနေပြီ’’ဟု သဲကုန်းမြို့မှ စာရေးဆရာ ဦးသင်းရီက ပြောပြသည်။
ထို့အပြင် စီးပွားရေးသောင်းကျန်းသူအချို့က နိုင်ငံခြားဖြစ် အရက်ပုလင်းခွံများကို လိုက်လံဝယ်ယူပြီး ကိုယ်တိုင်ချက်လုပ်ကာ မူလအရည်အသွေးမဟုတ်သည့် အရက်များကို ထည့်သွင်း၍ ပုလင်းသစ်သဖွယ် ဈေးကွက်ဖြန့်ဖြူးမှုများလည်း ရှိနေသောကြောင့် အရက်တုအန္တရာယ်ကလည်း ကြီးမားလာနေသည်။
ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးလက်နေ အရက်သောက်သုံးသူတို့က ဈေးကြီးသည့်အရက်ကို ၀ယ်မသောက်နိုင်သည့်အတွက် ဖြစ်ကတတ်ဆန်း ပြုလုပ်ထားသော အရက်ကြမ်းများကိုသာ ကြိတ်မှိတ်သောက်သုံးကြရသည်။ အရက်ဈေးကွက်တွင်လည်း အခြေခံလူတန်းစားတို့ နှစ်သက်စေမည့် အမျိုးသမီးပုံပါ အရက်ကြော်ငြာများက လက်ညှိုးထိုးမလွဲ ဖြစ်လာသည်။
‘‘ကြော်ငြာတွေက ကြည့်လိုက်တာနဲ့ အဲဒီအရက်ကို သောက်ချင်လာအောင် မိန်းကလေး မလုံ့တလုံပုံနဲ့ ဆွဲဆောင်ထားတယ်။ အရက်တွေကလည်း ခဏခဏ အသစ်တွေထွက်နေတယ်။ ဈေးလည်းပေါတယ်။ လိမ္မော်ရနံ့တို့၊ နာနတ်ရနံ့တို့ ထည့်ထားတဲ့ အရက်တွေလည်း ရှိတယ်။ အရက်ကြမ်းတွေအကုန်လုံးက အန္တရာယ်တွေချည်းပဲ။ အရက်တုတွေများတယ်’’ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အရက်ကြမ်း၊ အရက်တုသောက်သုံးမှုများကြောင့် မြန်မာနိုင်ငံတွင် လူငယ်များ သေဆုံးမှုမြင့်တက်လာနေသည်။ အသည်းရောဂါအပြင် ကျောက်ကပ်ပျက်စီးခြင်း၊ အာရုံကြောထိခိုက်ခြင်း၊ ရေဖျဉ်းစွဲ၍ ဖောသွပ်ဖောရောင်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ဆီးချိုသွေးချိုဖြစ်ခြင်း၊ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ခြင်း၊ အစာရေပြွန်သွေးကြောပေါက်ခြင်း၊ အစာအိမ်နာဖြစ်ခြင်း၊ ပန်ကရိယရောင်ရမ်းခြင်း၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာဖြစ်ခြင်း၊ နှလုံးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သွေးတိုးဖြစ်ခြင်း၊ အရက်ဆိပ်တက်ခြင်း၊ သွေးအန်ခြင်းတို့ဖြစ်ပြီး အသက်ပင်ဆုံးရှုံးရသည်အထိ ဖြစ်လာနေသည်။
ကမ္ဘာပေါ်တွင် အရက်အလွန်အကျွံ သောက်သုံးမှုနှင့် ပတ်သက်သည့် ပြဿနာကြောင့် နှစ်စဉ် လူပေါင်း ၃ ဒသမ ၃ သန်းခန့် သေဆုံးနေရသည်။ ထိုအရေအတွက်တွင် အသက်(၁၅)နှစ်မှ (၂၉)နှစ်ကြား လူငယ်ပေါင်း သုံးသိန်းနှစ်သောင်း ပါဝင်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်သည်။ ထိုသို့ အရက်ကြောင့် သေဆုံးမှုမှာ HIV/AIDS ရောဂါ၊ တီဘီရောဂါတို့ဖြင့် သေဆုံးခြင်း၊ အကြမ်းဖက်မှုကြောင့် သေဆုံးခြင်းတို့ထက် ပိုမိုမြင့်မားနေသည်။
မြန်မာနိုင်ငံတွင်လည်း လူဦးရေတစ်ထောင်တွင် ၂၃ ဦးက အရက်စွဲနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မြန်မာနိုင်ငံရုံးခွဲက လေ့လာတွေ့ရှိထားသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကင်ဆာရောဂါ အဖြစ်အများဆုံး နိုင်ငံဆယ်နိုင်ငံတွင် နံပါတ်(၂) နေရာ၌ရှိနေပြီး အမျိုးသားများတွင် အသည်းကင်ဆာ ဖြစ်ပွားမှုများပြားနေသည်။ လူငယ်များ အရက်သောက်သုံးမှုများပြားလာပြီး အသည်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်း၏ အကြောင်းရင်းတွင် အရက်တုများကလည်း ပါဝင်သည်။ အရက်တုများကို မြန်မာနိုင်ငံအနှံ့အပြား တရားမ၀င်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို အရက်တုများ မကြာခဏဖမ်းဆီးရမိနေသည့် သတင်းများကိုကြည့်၍ သိနိုင်ပါသည်။ အရက်သေစာ ရောင်းချရန်အတွက် ယစ်မျိုးလိုင်စင် လျှောက်ထားရန် လိုအပ်သော်လည်း တရားမ၀င် ဖွင့်လှစ်ရောင်းချနေသည့် အရက်ပုန်းဆိုင်များကလည်း နေရာအနှံ့တည်ရှိနေသည်။
အရက်ပုန်းဆိုင်များ ပပျောက်ရန်နှင့် အရက်တုများ ပေါများနေခြင်းကို ကာကွယ်တားဆီးရန် တိုးမြှင့်ဆောင်ရွက်ရေးအတွက် ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အရက်ပုန်းဆိုင်များ ပပျောက်ရေး၊ အရက်ဆိုင်အရေအတွက် လျှော့ချရေးနှင့် တရားမ၀င် ရောင်းဝယ်ဖြန့်ဖြူးနေခြင်းတို့နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့်အတူ ထိရောက်စွာ ဆောင်ရွက်နေပြီး ယစ်မျိုးဥပဒေကိုလည်း ပြင်ဆင်နေပါသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်သို့ ဖြေကြားခဲ့သည်။
ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အရက်ဆိုင်လိုင်စင်အရေအတွက် လေးသောင်းတစ်ထောင်ကျော်ကို နိုင်ငံတော်က တရားဝင်ခွင့်ပြုထားပြီး မည်သို့ပင် တားဆီးနှိမ်နင်းနေသည် ဆိုစေကာမူ အရက်ပုန်းဆိုင်များက နိုင်ငံတစ်ဝန်း တိုးပွားနေဆဲဖြစ်သည်။
အရက်တုများမှာ ဓာတုဗေဒပစ္စည်းများဖြင့် ချက်လုပ်ခြင်းဖြစ်ပြီး အရောင်နှင့် အနံ့အရသာများကို ရောစပ်ထည့်သွင်းထားသည့်အတွက် အခြားအရက်များထက် ပိုမို၍ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်သည်။
‘‘ကျွန်တော်တို့ရပ်ကွက်ထဲက ညီအစ်ကိုနှစ်ယောက် နေ့တိုင်းဘီအီးတွေသောက်ပြီး ကျောက်ကပ်နဲ့ သေသွားတယ်။ မနှစ်က အစ်ကိုသေတယ်။ ဒီနှစ် ညီသေတယ်။ တစ်ယောက်က ဆေးရုံအထိ ရောက်သေးတယ်။ တစ်ယောက်ကတော့ လမ်းမှာတင်သေသွားတယ်။ သူတို့နှစ်ယောက်စလုံးက အရက်ကို အစုံသောက်ကြတာပဲ။ အများဆုံးကတော့ ဘီအီးပေါ့။ ညီလုပ်တဲ့လူဆိုရင် အသက်က(၂၄)နှစ်ပဲ ရှိသေးတယ်’’ဟု လှိုင်မြို့နယ် ဓမ္မာရုံလမ်းအတွင်း ကွမ်းယာရောင်းချသူတစ်ဦးက ပြောပြသည်။
ဘီယာဆိုင်၊ စားသောက်ဆိုင်ကြီးများတွင် ညစဉ် ဘီယာသောက်သုံးသူများ၊ နိုင်ငံခြားဖြစ် အရက်သောက်သုံးနေသူများဖြင့် စည်ကားနေချိန် ရပ်ကွက်တွင်း အရက်ဖြူဆိုင်များတွင်လည်း ညနေပိုင်းမှ စတင်ကာ ညဥ့်နက်သည်အထိ လက်လုပ်လက်စား အခြေခံလူတန်းစားတို့ဖြင့် စည်ကားနေလေ့ရှိသည်။
အလုပ်ကြမ်းသမားအချို့သည်လည်း မနက်မှညအထိ အလုပ်လုပ်ရင်း ခေတ္တနားချိန်၌ အရက်ပုန်းဆိုင်အတွင်း ခပ်သုတ်သုတ်ဝင်ကာ တစ်ရာဖိုး၊ နှစ်ရာဖိုး စသဖြင့် ကောက်မော့ရင်း အလုပ်ပြန်လုပ်လေ့ရှိကြသည်။ အရက်ဆိုင်များတွင် ရောင်းချသည့် ဘီအီးမှာ ငှက်ပျောဖူးပုလင်းတစ်လုံးလျှင် လေးရာကျပ်၊ တရားဝင်ထုတ်လုပ်သည့် ဇေအရက်မှာ တစ်ပုလင်းလျှင် ခြောက်ရာကျပ် စသဖြင့် ဈေးပေါပေါ ၀ယ်ယူသောက်သုံးနိုင်သဖြင့် အခြေခံလူတန်းစားတို့ သုံးစွဲရာဖြစ်သည်။
 ‘‘ကျေးရွာဆယ်ရွာမှာ ခြောက်ရွာလောက်က အရက်အတုတွေ သုံးစွဲနေတယ်။ အရက်တုသောက်တဲ့သူတွေဆို မျက်နှာတွေဖောရောင်နေတယ်။ အသက်အရွယ်နဲ့မလိုက် အိုမင်းနေတယ်။ အဲဒီလိုပုံစံတွေကို သေချာသိအောင် ပြချင်ပါတယ်’’ဟု စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ယခုနှစ် ဇန်န၀ါရီလက ပြောကြားခဲ့ဖူးသည်။
အရက်သောက်သုံးသူများကို အရက်မသောက်သုံးစေရန် တားမြစ်၍မရနိုင်ပါ။ အရက်ဆိုင်များကိုလည်း ဖွင့်လှစ်ခွင့်ပိတ်ပင်ရန် မစွမ်းသာပါ။ သို့ဖြစ်ရာ အရက်တုများ ပပျောက်ရေးအတွက် အစိုးရက တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ပြီး အရေးယူမှုများ ပြုလုပ်သွားရန် လိုအပ်နေပါသည်။
‘‘အခြေခံလူတန်းစားက အလုပ်ကြမ်းလုပ်ပြီးရင် သုံးလေးခွက်လောက်သောက်လိုက်မှ အဆင်ပြေတဲ့လူတွေရှိတယ်။ တချို့ဆို မန္တလေးရမ်လောက်တောင် ၀ယ်မသောက်နိုင်ကြဘူး။ တစ်လုံးမှ နှစ်ရာ့ငါးဆယ်တန်မျိုးလည်း သောက်ကြတာပဲ။ အဲဒီတော့ သေကြတာပဲ။ မသောက်ဘဲလည်း မနေနိုင်။ အရက်ကောင်းသောက်နိုင်တဲ့ ၀င်ငွေလည်းမရှိ။ အရက်ကို ကောင်း၊ မကောင်း ဆင်ခြင်နိုင်တဲ့ ပညာပေးမှုလည်းမရ။ ပညာယူနိုင်တဲ့ အခြေခံပညာကလည်းမတတ်။ အရက်စည်းကမ်းက ဒီနိုင်ငံမှာ ပျက်နေပါပြီ’’ဟု စာရေးဆရာ ဦးသင်းရီက သုံးသပ်သည်။
အရက်တုများ ဈေးကွက်တွင်း ပျံ့နှံ့နေခြင်းကို ထိန်းချုပ်ရန်အတွက် အစိုးရက နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုတော့မည်ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြောသည်။ အရက်ပုန်းဆိုင်များ ပပျောက်ရေးနှင့် အရက်တုများ နှိမ်နင်းရေးကိုလည်း ထိရောက်စွာဆောင်ရွက်နေပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။
သို့ရာတွင် အရက်ပုန်းဆိုင်များနှင့်အတူ အရက်တုများ၊ အရည်အသွေးမမီသော အရက်များက တစ်နိုင်ငံလုံး ဖောဖောသီသီပျံ့နှံ့နေပြီး လူငယ်ထုကြား အရက်သောက်သုံးမှုနှုန်း ကြောက်မက်ဖွယ်မြင့်တက်နေကာ အရက်ကြောင့် သေဆုံးမှုနှင့် ရာဇ၀တ်မှုများ ထူပြောလာခြင်းတို့လည်း နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အရှိန်အဟုန်မြင့်လျက်ရှိသည်။
‘‘ဘီယာဖြစ်ဖြစ်၊ ၀ိုင်ဖြစ်ဖြစ်၊ အရက်ကြမ်းဖြစ်ဖြစ် များများသောက်ရင် ဒုက္ခရောက်မှာပဲ။ အရက်တိုင်းမှာ လစ်မစ်ရှိတယ်။ အထူးသဖြင့် အကောင်းစားသောက်ပြီး နည်းနည်းသောက်တဲ့လူထက် ဓာတုဗေဒပစ္စည်းတွေပါတဲ့ အရက်တွေကို သောက်တဲ့လူက အကြာကြီးသောက်တာမဟုတ်ဘဲ ရောဂါဖြစ်တယ်။ အရက်ဆိုင်တွေကို နင်းကန်လိုင်စင်တွေထုတ်ပေး၊ အရက်ပုန်းတွေကလည်း ရောင်းနေတော့ ဘယ်ရပ်ကွက်သွားသွား အရက်ဆိုင်ရှိနေတာပဲ။ မိသားစုဆင်းရဲပြီး ငွေကြေးမပြည့်စုံတော့ စိတ်ညစ်။ အရက်သောက်ပြန်တော့လည်း ကောင်းတာမသောက်နိုင်။ ဆင်းရဲမွဲတေမှုကနေ ၀ဋ်ကျွတ်တာပဲ။ သေရင်အေးရောဆိုပြီး စွတ်သောက်ကြရော’’ဟု အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ဆိုသည်။
အရက်ပုန်းဆိုင်များ ပပျောက်ရေးကို ထိရောက်စွာ ဆောင်ရွက်သည်နှင့်အတူ အခြေခံလူတန်းစားတို့ တတ်နိုင်သည့် အရက်များကို အရည်အသွေးတစ်ခုမီသည့် အရက်များ ဖြစ်လာစေရန်လည်း အစိုးရက အမြဲမပြတ် ကွင်းဆင်းစစ်ဆေး၍ ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ပါသည်။
အရက်တု၊ အရက်ကြမ်းများ အရည်အသွေးမမီသောကြောင့် သောက်သုံးသူတို့အနေဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်ဆုံးရှုံးရမှုများ မဖြစ်ပွားစေရန် အရည်အသွေးကို အဓိက စစ်ဆေးခွင့်ပြုပေးရန်၊ အရက်လိုင်စင်များကို ထိန်းချုပ်ပေးရန်၊ စားသုံးသူနှင့် သင့်လျော်သည့် အရည်အသွေးဖြစ်လာစေရန် မြှင့်တင်သင့်သည်များကို မြှင့်တင်သွားရန် လိုအပ်နေပြီဖြစ်သည်။
‘‘ပြောသာပြောနေရတယ်။ အခြေခံလူတန်းစားတွေ တတ်နိုင်တဲ့ ပိုက်ဆံနဲ့ အရက်အရည်အသွေးကို ဘယ်လိုလုပ်မြှင့်နိုင်ဦးမှာလဲ’’ဟု ဒေါက်တာဒေါ်ခင်ဝင်းဝင်းမြင့်က ပြောပါသည်။
အစတွင် အရက်ကို လူကနိုင်သော်လည်း နောက်ဆုံးတွင် အရက်က လူကိုနိုင်သွားကြောင်း အရက်သမားလောကတွင် ပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းရှိသည်။ မြန်မာနိုင်ငံတွင် အရက်တုများ၊ အရည်အသွေးမမီသည့် အရက်ကြမ်းများသည် သောက်သုံးသူတို့၏ အသည်းကလီစာများကို တစ်စချင်း ခြေမွဆွဲဖြုတ်၍ တဖြည်းဖြည်းနှင့် အသက်ပါနုတ်ယူသွားတတ်သည့် လူသတ်သမားကြီး ဖြစ်လာနေပါပြီ။ အဆိုပါ လူသတ်သမားကြီးကို အမြန်ဆုံး နှိမ်နင်းတားဆီးရန် အစိုးရအနေဖြင့် ပြင်ဆင်သင့်ပြီ ဖြစ်ပါသည်။         ။
Credit - 7DAY DAILY

အကြံပေးများနှင့် လက်ကျန် ၁၉ လ

မကြာသေးမီက သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် မြန်မာပြည်သူများကြား လှုပ်ခတ်ခဲ့သော စူပါမွန်းသတင်းအပေါ် သမ္မတဦးသိန်းစိန် အစိုးရတုံ့ပြန်မှုမှာ အံ့အားသင့်ဖွယ်ဖြစ်ခဲ့သည်။ စူပါမွန်းကြောင့် ရေကြီးမြေပြို ငလျင်လှုပ်နိုင်ကြောင်း သတင်းများထွက်ပေါ်နေစဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်ပြင်ခြင်းထက် တစ်ပြည်လုံးအနှံ့ အန္တရာယ်ကင်းပရိတ်ရွတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင် အမိန့်ညွှန်ကြားချက်စာများ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှေ့ဖြစ်ဟောကိန်းများဖြင့် အာဏာတည်ဆောက်ကြခြင်း

၂၀၁၃ ခုနှစ်ဝန်းကျင်က မြန်မာခေါင်းဆောင်များသည် ဇီဝလောင်စာအိပ်မက်ကို အကြီးအကျယ် စိတ်ကူးယဉ်ခဲ့ကြသည်။
သမားရိုးကျ သဘာဝလောင်စာ စွမ်းအင်များဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည်တို့သည် တစ်နေ့တခြား ရှားပါးလာမည့် ပြဿနာကြောင့် တိုင်းပြည်အခက်အခဲ ကြုံတွေ့ရနိုင်ကြောင်း ခေါင်းဆောင်ကြီးများက သူတို့၏ စိုးရိမ်ပူပန်မှုကို မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည်။

မြေယာသိမ်းပြဿနာ လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းအစိုးရပြော

ရန်ကုန်တိုင်းဒေသကြီး အတွင်း သိမ်းဆည်းခံထားရ သည့် မြေများအရေးကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပထမအကြိမ်အဖြစ် တိုင်းဒေသ ကြီး လွှတ်တော်သက်တမ်းအတွင်း အပြီးသတ်ဖြေရှင်းပေးရန် လက်ရှိ ကျင်းပနေသည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သောကြောင့် နစ်နာသူများအနေဖြင့် တိကျခိုင် မာသည့် အထောက်အထားများ ပေးပို့နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19262

လက်ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ခဲ့တဲ့ ဘူးလက်လှဆွေ

စစ်အရာရှိဟောင်းတချို့က အတွေ့အကြုံတွေ ရေးသား စာအုပ်ထုတ်တယ်။

သူတို့ထဲကတယောက်ဖြစ်တဲ့
လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့  ဖေ့စ်ဘုတ်မှာ ရေးတဲ့အတွက် အွန်လိုင်းကနေ ဖတ်လို့ရနေပါတယ်။
သေူ့ကို ဘူးလက်လှဆွေလို့လည်း ခေါ်ကြတယ်။ 

ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများအား ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော

ဝင်ငွေရလမ်းမပြနိုင်သည့် ငွေများအား ၀င်ငွေခွန်ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေအဖြစ် ရာခိုင်နှုန်း ၃၀ အခွန်ကောက်ခံနေခြင်းမှာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ဆန့်ကျင်နေပြီး ကြီးမားသည့်ပြဿနာဟု တာဝန်ရှိသူ ပြောကြား

ငွေကြေးခဝါချမှုများအား တိုက်ဖျက်ရန် ကြိုးပမ်းလာချိန်တွင် ငွေမည်းခဝါချမှုများ၏ အဓိကခဝါချရာနေရာဖြစ်လာနေသည့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမှုများ၌ ဝင်ငွေရလမ်းမဖော်ပြနိုင်သည့်

Tuesday, August 26, 2014

PR စနစ်ကန့်ကွက်ကြောင်း လက်မှတ် ကောက်ခံမည်

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်ကြောင်း လက်မှတ်တွေကို လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာ စတင်ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ PR စနစ် ကန့်ကွက်တဲ့ လှုပ်ရှားမှုအကြောင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက် တွဲဖက်တာဝန်ခံ ကိုစိုးကျော်သူက အခုလိုပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူ့ကိုယ်စားလှယ် အဖြစ် ပါဝင်ရန် တိုင်းရင်းသားခေါင်းဆောင်များ လိုလား

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး မှုနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်စုကြည် တက်ရောက် ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များက လိုလားလျက်ရှိကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောကြားခဲ့သည်။

လယ်သမားများအပေါ် လွှတ်တော်၏ သဘောထားလော (Daily, Vol-2/No-115)

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့က ငပုတောမြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည် တင်သွင်းသော တောင်သူလယ်သမားများ
ဖမ်းဆီးထောင်ချ ခံနေရခြင်းနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် အဆိုကို
ယင်းလွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရှိသော တပ်မတော်သား

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် စာချစာသင်သံဃာတော်များအား ဆရာတော် ဦးဂန္ဓသာရ ဦးဆောင်သော

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် စာချစာသင်သံဃာတော်များအား ဆရာတော် ဦးဂန္ဓသာရ ဦးဆောင်သော SHWE GANDHAMA MEDICAL CARE အဖွဲ့မှ ဒုတိယအကြိမ် အသည်းရောင်-ဘီ ရောဂါကာကွယ်ဆေးထိုး ကုသိုလ်ပြုပါသည်။
(26-8-2014)
Credit - Ashin Vicitta (Facebook)

မုံရွာတွင် ပညာရေး ဥပဒေကြမ်း ကန့်ကွက် ဆန္ဒဖော်ထုတ်သည့် ကျောင်းသားများကို အမှုဖွင့်

မုံရွာ၊ သြဂုတ် ၂၅

မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားများထဲမှ ဦးဆောင်ကျောင်းသား လေးဦးကို မုံရွာမြို့ နယ်မြေရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

“ဆန္ဒထုတ်ဖော်တဲ့ နေ့ကတည်းက တစ်ခါတည်း အမှုဖွင့်ထားတာပါ” ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစိန်မင်းက ပြောဆိုသည်။

ပညာရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ စီတန်း လှည့်လည်ခဲ့ရာတွင် ခွင့်ပြုချက်ကို ငါးရက် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လှည့်လည်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့က ဖြေလျှော့ တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်မှု ဆက်လက် လုပ်ဆောင်ခဲ့ခြင်းကြောင့် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်းဆို

ရန်ကုန်- ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးကိုတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောသည်။
ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍

ငမိုးရိပ်တံတား(ပါရမီ) တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်က ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း စိစစ်တွေ့ရှိ

ငမိုးရိပ်တံတား(ပါရမီ) ဘေလီတံတားသစ် တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း ဩဂုတ် ၂၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

လေယာဉ်ပျံသန်းနေစဉ် လေယာဉ်၏ရှေ့ဝဲဘက်မှန် အက်ကွဲမှုဖြစ်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့သို့ ရန်ကုန်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ် စီးသည် သြဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်အချိန်က လေယာဉ်ပျံသန်းနေစဉ် အချိန်ကာလ၌ လေယာဉ်၏ရှေ့ဝဲဘက် လေကာမှန်မှာ ရုတ်တရက် အက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ လေယာဉ်ပေါ် တွင် လိုက်ပါစီးနင်းခဲ့သူ ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

Monday, August 25, 2014

တရားရုံးက အမိန့်မချမှတ်ခင် စစ်တပ်က ၀င်ရောက်ဖျက်ဆီး

မေမြို့ခေါ် ပြင်ဦးလွင်မြို့ ညောင်နီကျေးရွာက တောင်သူလယ်သမား ၂၈ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုဖို့အမှု ပြင်ဆင်ဆဲကာလ တရားရုံးက အမိန့်တစုံတရာမချမှတ်ခင်မှာ တောင်သူတွေရဲ့ စိုက်ခင်းတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး စစ်တပ်က ၀င်ရောက်ဖျက်ဆီးနေတယ်လို့ တောင်သူတွေရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအရေး ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ပြောဆိုလိုက်ပြီလဲ

၂၀၁၄ ခုနှစ်ဟာ မြန်မာနိုင်ငံ အနာဂတ်အရေးကို ဆုံးဖြတ်မယ့်ကာလ ဖြစ်တယ်လို့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
စာပေအနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာပါ။

ပြည်ထောင်စုစစ်စစ်မူနှင့် အမျိုးသားညီလာခံ

(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)

လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးကာလ၊ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ အခြေခံရမည့်မူများကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကို ပြည်ထောင်စုပုံစံ ဖွဲ့စည်းရေးနှင့်ဆက်စပ်သော ဆွေးနွေးအကြံပြုချက်များလည်း ပါဝင်ခဲ့သည်။ တိုင်းရင်းသားများသည် ပြည်ထောင်စုစစ်စစ်မူကို အကြံပြုခဲ့ပြီး ပြည်ထောင်စုစစ်စစ်မူသည် ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ဆိုလိုခဲ့သည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားညီလာခံအလွန်၊

သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ပြန်ကျင်းပမည့်လွှတ်တော်တွင် ဒီချုပ်တင်ပြမည်ဟု ဆို

 သတင်းမီဒီယာလွတ် လပ်ခွင့် ဥပဒေနှင့်အညီ ရရှိရေး အတွက် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်ပြမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

လက်ရှိကြုံတွေ့နေရသည့် သတင်းမီဒီယာများ၏ အခက်အခဲ အကျပ်အတည်းများ၊ သတင်းမီ ဒီယာသမားများအား ဖမ်းဆီးအ ရေးယူခြင်းတို့ကိုလည်း ထည့်သွင်းတင်ပြသွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

စီးပွားရေး
ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
စည်သူအောင်မြင့်

ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိမယ့် စီမံကိန်းကြီး “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ” လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ မသိတာမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးက စီမံကိန်းကိုရော ကုမ္ပဏီကိုပါ မသိဘူးလို့ ဆိုပါတယ်။


အပြည့်အစုံဖတ်ရန် - http://burma.irrawaddy.org/business/2014/08/25/63670.html

အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် တက္ကသိုလ်ကျောင်းသားများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

မုံရွာ၊ သြဂုတ်၂၄

မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသားဦးရေ တစ်ရာခန့်သည် အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေးဆွဲပေးရန် အတွက် မုံရွာမြို့ပေါ်တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း ၃ နာရီခန့် အချိန်တွင် စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်ရွာမှ စတင်ထွက်ခွာပြီး ကျောက္ကာလမ်းမကြီး တစ်လျှောက် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ပြောကြားသည်။

တပ်မတော်အစိုးရ လက်ထက် MoU ထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းအချို့ အပြီးရပ်ဆိုင်း

ပင်လောင်း၊ သြဂုတ် ၂၄
ယခင်တပ်မတော်အစိုးရ လက်ထက်က တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် MoU (နားလည်မှု စာချွန်လွှာ) ရေးထိုးထားသည့် ရေအားလျှပ်စစ် စီမံကိန်းများအနက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသော စီမံကိန်းအချို့ကို အပြီးရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

တရားရေးမဏ္ဍိုင် လစ်ဟာမှုများ ထောက်ပြသည့် အစီရင်ခံစာ လာမည့် လွှတ်တော်တင်မည်

ရန်ကုန်၊ သြဂုတ်၂၄
မြန်မာနိုင်ငံအတွင်းရှိ တရားဥပဒေစိုးမိုးရေးအတွက် တရားရေးမဏ္ဍိုင်မှ လစ်ဟာနေမှုများကို ထောက်ပြထားသည့် အစီရင်ခံစာ တစ်ရပ်ကို ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီက လာမည့် (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။

ရေခဲရေချိုးပြပြီး စိန်ခေါ်လှုံ့ဆော်ကြမယ်

ရေခဲရေပုံးကို ခေါင်းကနေ လောင်းချိုးပြရင်း တယောက်ကိုတယောက် စိန်ခေါ်တဲ့ လုပ်ရပ်တမျိုး အခု တလော  ကမ္ဘာတလွှားမှာ လှုံ့ဆော်မှု တခုအဖြစ် အလွန်ပဲ ခေတ်စားလာနေပါတယ်။ 



 ဘီလ်ဂိတ်နဲ့ မာ့ခ် ဇူကာဘတ် ၊ ဓာတ်ပုံ- newstotalk.com

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေ တကယ်အသက်ဝင်လာမှာလား


၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်တွင် စတင်ပြဌာန်းခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေသည် လက်ရှိအချိန်တွင် နည်းဥပဒေအဖြစ် ထွက်ပေါ်လာမှု မရှိသေးသော်လည်း ငွေကြေးခဝါချမှုများတိုက်ဖျက်၍ ဥပဒေသစ်အား အသက်သွင်းရန် အစိုးရက စတင်ခြေလှမ်းပြင်ဆင်မှုများ ပြုလုပ်လာနေပြီဖြစ်သည်။

ညီစေဗျာ သူငယ်ချင်းတို့

(၁)
ပုဒ်မ ၄၃၆ ပြင်ဖို့အတွက်...
ပြည်သူ (၅) သန်းနီးပါး လက်မှတ်ထိုးထားပါတယ်
ဒါတောင် ..
အစိုးရမီဒီယာနဲ့ခရိုနီမီဒီယာအားကိုး..
မြို့နယ်၊ ခရိုင်၊ ရပ်ကွက်က ..
အုပ်ချုပ်ရေးမှုးတွေရဲ့ ပါဝါအားကိုး..

တစ်တိုင်းပြည်လုံးကို နလပိန်းတုံး ထင်နေလား . . .

(Written by: နေထွန်းနိုင်၊ မာန်သူရှိန်)

(၁)တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ DFID ကူညီမည်

အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတ သဘောမတူ၊ မှတ်ချက် ၂၅ ချက်ပေး

အမျိုးသားပညာရေးဥပဒေကြမ်းတွင် ပါဝင်သည့် စနစ် တစ်ခုလုံးသည် နောက် ၁၃ နှစ် ကြာမှသာ အားလုံးအကောင်အထည်ဖော်နိုင်မည်ဟု နိုင်ငံတော်သမ္မတက မှတ်ချက်ပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://7daydaily.com/story/19056

အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ

အင်တာနက်မြန်နှုန်း တိုးမြှင့်ပေးနိုင်ရန် နိုင်ငံတကာ ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်း SMW-5 မှ တစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အထိ တိုးချဲ့သွားရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးစခန်းမှ သတင်းရရှိ သည်။
သတင်းအပြည့်အစုံဖတ်ရန် - http://7daydaily.com/story/19071

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များ အပြည်ပြည်ဆို်င်ရာဘာသာရေးလွတ်လပ်မှုကော်မရှင် Mr.Ericp.Schwartz ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီသည်
အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် အပြည်ပြည်ဆိုင်ရာ
ဘာသာရေး လွတ်လပ်မှု ကော်မရှင်မှ ကော်မရှင်နာ Mr.Ericp.Schwartz ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် သြဂုတ် ၂၂ ရက် နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ

ကလေးလုပ်သားခိုင်းစေသည့် ကန်ထရိုက်တာများကို တယ်လီနောက လုပ်ငန်းမှထုတ်ပယ်မည်

သော်ဇင်ထက် - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၃)။

ရန်ကုန်၊

တယ်လီနော၏ဆက်သွယ်ရေးတာဝါတိုင်များကို ပူးပေါင်း ဆောက်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ကလေးလုပ်သား ခိုင်းစေမှုများရှိနေသည့် ကန်ထရိုက်တာများကို တည်ဆောက်ရေး လုပ်ငန်းမှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း တယ်လီနော၏ ပြန်ကြားရေးတာဝန်ခံတစ် ဦးက ပြောသည်။

လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် နိုင်ငံတကာက မြန်မာအပေါ် တွန်းအားပေးရန် USCIRF တိုက်တွန်း

(၁၃၇၆-ခု၊ဝါခေါင်လကွယ်နေ့) ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် ကုသိုလ်ရှင်များ

(၁၃၇၆-ခု၊ဝါခေါင်လကွယ်နေ့) ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် ကုသိုလ်ရှင်များ
ဦးမျိုးချစ် (မြို့နယ်အုပ်ချုပ်ရေးမှူး)+ဒေါ်ဝင်းမြတ်ဖြူ သား သော်လင်းချစ် သမီး သွယ်နှင်းချစ် မိသားစုမှ သံဃာတော်များနှင့် ကျောင်းသား/သူများအား ရုဏ်မုန့်ဟင်းခါး ဆက်ကပ်လှူဒါန်းပါသည်။
မုံရွာမြို့ ကမ်းနားလမ်းနေ ဦးဝင်းမြင့်သန်း+ဒေါ်ခင်မြင့်ထွေး မိသားစုမှ နေ့ဆွမ်းဆက်လှူဒါန်းပါသည်။
ရေဦးမြို့ ဟိန်း သစ်စက် မိသားစုမှ ကျောင်းသား/သူများအား စာရေးကရိယာများ လှူဒါန်းပါသည်။

Sunday, August 24, 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကန့်ကွက်

ရန်ကုန်၊ သြဂုတ် ၂၃
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းသည် ပညာရေး လွတ်လပ်ခွင့်ကို အာမခံထားခြင်း မရှိသောကြောင့် ယင်းဥပဒေကြမ်းကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာမိုးသူက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုရှိသော်လည်း တိကျခိုင်မျာသည့် ထုတ်ပြန်ချက်များမရှိသေးဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ဇွဲမာန် - Flower News Journal အတွဲ(၁၀)၊ အမှတ် (၃၃)။

ရန်ကုန်၊

ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ် အနေဖြင့် တိုးတက်မှုရှိသော်လည်း တိကျခိုင်မာစွာထုတ် ပြန်ရမည့်အချက် မရှိသေးကြောင်း တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်ကပြော သည်။

မြန်မာနိုင်ပေမယ့် ဦးရဲထွဋ်က မပျော်နိုင်ပါဘူးတဲ့

ပြန်ကြားရေးဝန်ကြီးဖြစ်လာသူ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က မနေ့ညက ကစားတဲ့ ဘောလုံးပြိုင်ပွဲ မှာ မြန်မာအသင်း ( U-19)   က ဗီယက်နမ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ဘရူးနိုင်းဘုရင့်ဆုဖလား ဆွတ်ခူးရသွားခဲ့ပေမယ့် မပျော်နိုင်ခဲ့ပါဘူးတဲ့။ 
သူ ဘာကြောင့်မပျော်နိုင်တာလဲ.....
ဒီအကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးထားတာက .....

၂၀၁၅ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် ဗြိတိန်အစိုးရ ကူညီမည်

ရန်ကုန်၊ သြဂုတ် ၂၂
လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အရပ်ဘက် အဖွဲ့အစည်းနှင့် ရပ်ရွာလူထုများ ပါဝင်သော လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ပေါ်ပေါက်လာရန် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ရန်ပုံငွေနှင့် နည်းပညာ ပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID ဒုတိယအကြီးအကဲ Mr.Peter McDermott က ပြောကြားသည်။

မြို့သစ်စီမံကိန်းကို ပွင့်လင်းမြင်သာမှုမရှိဘဲ ကျိတ်လုပ်ကာ ရုတ်တရက်အသိပေးမှုအပေါ် ဝေဖန်များရှိ

ရန်ကုန်မြို့ အနောက်ဘက်တွင် ဧက သုံးသောင်းခန့် ကျယ်ဝန်းမည့် မြို့သစ်စီမံကိန်းကို ကျပ် ဘီလီယံ ခုနစ်ထောင်ကျော် နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ (စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်) အကုန်အကျခံ တည် ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ပြောကြားလိုက်သည်။

ဗောရောဗုဒ္ဓဘုရားကျောင်းအား ISIS နောက်လိုက်များ အကြမ်းဖက်တိုက်ခိုက်မည်ကို စိုးရိမ်ရ

ISIS နောက်လိုက်များက ကမ္ဘာကျော်ရှေးဟောင်းအမွေအနှစ်တခုဖြစ်သော ဗောရောဗုဒ္ဓဘုရားကျောင်းအား တိုက်ခိုက်မည်ဆိုသော အင်တာနက်ပေါ်မှတဆင့် ခြိမ်းခြောက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းမှ ရဲတပ်ဖွဲ့များသည် ဘုရားကျောင်းအနီး လုံခြုံရေး တိုမြှင့်ထားသည်။

လက်ပံတောင်းတောင်ကြားစေတီဘုရားဖူးလာ တုံရွာသားအချို့ကို လုံခြုံရေးအဖွဲ့တားမြစ်

လက်ပံတောင်းတောင် ကြား စေတီတော်ထီးတော်တင် လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာ တင်လှူပွဲအခမ်းအနားသို့ ဘုရားဖူးရန်လာရောက်သည့် တုံကျေးရွာ ဒေသခံတောင်သူအချို့ကို သြဂုတ် ၂၂ ရက်နံနက်က ကျော်ကျေး ရွာအနီး ညောင်ပင်ကြီး-ယင်းမာပင်လမ်းပေါ်ရှိ ကျော်ရွာတံတား တွင် သက်ဆိုင်ရာကတားမြစ်ခဲ့ ကြောင်း ဒေသခံများက ပြော သည်။

ကြေးနီစီမံကိန်းအတွင်းမှ ပြောင်းရွှေ့တည်ထားသော လက်ပံတောင်းတောင်ကြားစေတီတော် ထီးတော်တင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်းမှ ဆားလင်းကြီးမြို့နယ်၊ ကျော်ရွာ အနီး ပြောင်းရွှေ့တည်ထားသည့် လက်ပံတောင်းတောင်ကြားစေ တီထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓဘိ သေကအနေကဇာတင်လှူ ပူဇော်ပွဲအခမ်းအနားကို သြဂုတ် ၂၂ ရက်တွင်ပြုလုပ်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/18958

တပ်သိမ်းမြေဧက တစ်သိန်းကိုးသောင်းကျော် မူလပိုင်ရှင်များထံ အပ်နှံပြီးဟုဆို

တပ်မတော်မှ နိုင်ငံတစ်ဝန်း သိမ်းဆည်းထားသော မြေ ဧကပေါင်း ၃ သိန်းကျော်အနက် ဧက ၂ သိန်းကျော်ကို ပြန်လည် စွန့်လွှတ်ပြီးဖြစ်ကာ လက်ရှိအချိန်ထိ မြေဧကပေါင်း ၁ သိန်း ၉ သောင်းကျော်ကို မူလပိုင်ရှင်များ ထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယခုလ ၂၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသော ကာကွယ်ရေးဝန်ကြီးဌာန

လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နှင့် ကျောင်းများအနီး မူးယစ်ဆေးဝါး လွယ်ကူစွာ ရနေသဖြင့် ကျောင်းသားလူငယ်များအတွက် စိုးရိမ်စရာဖြစ်လာဟု သမ္မတပြော

လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်များနှင့် စာသင် ကျောင်းများအနီးတွင် မူးယစ် ဆေးဝါးကို လွယ်ကူစွာဝယ်ယူနိုင် သဖြင့် ကျောင်းသားလူငယ်များ အတွက် မိဘများ အထူးစိုးရိမ်စရာဖြစ်နေကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ပထမလေးလပတ် အစည်းအဝေးတွင် ပြောကြား သည်။