ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗ . က . သ)နှင့် တက္ကသိုလ် ကျောင်းသားသမဂ္ဂ(တ . က . သ) တို့ ပူးပေါင်း၍ နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအစည်းအဝေး ကျင်းပရေးကော်မတီထံမှ သိရသည်။
ကျင်းပမည့်နေရာ (၃) နေရာလျာထားပြီး ညှိနှိုင်းဆောင်ရွက်နေရသည့်အတွက်
ကျင်းပမည့်နေရာကို လောလောဆယ် မထုတ်ပြန်နိုင်သေးကြောင်း၊ ဗ . က . သ အဖွဲ့
ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
အစည်းအဝေးပထမနေ့တွင် အမျိုးသားပညာရေးဥပဒေမူကြမ်းနှင့်ပတ်သက်၍ NNER အပါအ၀င် ပညာရေးနယ်ပယ်မှ ပညာရှင်များ၊ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ တွေ့ဆုံဆွေးနွေးကြပြီးနောက် ဒုတိယနေ့တွင် အနယ်နယ်အရပ်ရပ်မှ တက်ရောက်လာသော ကျောင်းသားများသာ သီးသန့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျောင်းသားထုအစည်းအဝေးကျင်းပရတဲ့
အကြောင်းအရင်းကလည်း ကျွန်တော်တို့ ဗ . က . သ ကော၊ တ . က . သ ကော ပါဝင်တဲ့
NNER က တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို အခြေခံပြီးတော့ ဆက်လက်တိုက်ပွဲနဲ့
တောင်းဆိုဖို့အတွက် အစီအစဉ်ရှိသလို ယနေ့ ပြည်သူတွေနဲ့ ကျောင်းသားတွေ
လိုလားတဲ့ ပြည်သူနဲ့ ကျောင်းသားကို အခြေမခံဘဲနဲ့
လက်ရှိအမျိုးသားပညာရေးဥပဒေမူကြမ်းကို တဖတ်သတ်ရေးဆွဲအတည်ပြုလိုက်တဲ့အပေါ်
ကျွန်တော်တို့က အရေးပေါ် တုံ့ပြန်ဖို့ဆောင်ရွက်ဖို့ ရှိတယ်ဆို ပြီးတော့ ဗ .
က . သ နဲ့ တ . က . သ ပူးပေါင်းပြီးတော့ ဒုတိယနေ့မှာ အစည်းအဝေး
ဆုံးဖြတ်ချက်တစ်ခု ထွက်လာမှာပါ” ဟု ကိုရဲရင့်ကျော်က ပြောသည်။
လင်းလင်းအောင်
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment