Saturday, March 28, 2015

၂၀၁၅ခုနှစ် အိုင်ပီအိုင် ညီလာခံ ရန်ကုန်မြို့မှာ ဒုတိယနေ့ အဖြစ် ကျင်းပ

ဒီကနေ့မှာတော့ တက်ရောက်လာသူတွေ ဆွေးနွေးကြတဲ့အထဲမှာ ပဋိပက္ခဆိုင်ရာ သတင်းတွေ ဘယ်လိုတင်ဆက်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။စာနယ်ဇင်းကျင့်ဝတ်တွေ၊ အတွေ့အကြုံအခက်အခဲတွေ စတာတွေကိုအပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စုံစမ်းထောက်လှမ်းသတင်းရေးသားမှု၊ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့အရေးယူဆောင်ရွက်မှုတွေ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

(TV Report by ကျော်လင်းအေး)

ဖွဲ့စည်းပုံပြင်ရေး ၊ ပြည်တွင်းငြိမ်း ချမ်းရေးများတွင် တပ်မတော် အင်အားစု များကို ဖိတ်ခေါ် သွားမည်ဟု NLD ဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး အပါအ၀င် တရားဥပဒေစိုးမိုးရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင်တပ်မတော် အင်အားစုများ ပူးပေါင်း ပါဝင်ခြင်းဖြင့်အောင်မြင်အောင်ဆောင်ရွက် သွားမည်ဟု မတ်လ ၂၇ ရက်တွင် ကျရောက်သောနှစ် ၇၀မြောက် ဖက်ဆစ်တော် လှန်ရေးနေ့ တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) ကကြေညာချက် ထုတ်ပြန် လိုက်သည်။

Phatesit

Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် အတွက် ပြန်ကြားစာ

Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်ကြားချက်

၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ Facebook တွင် Eleven Media Group ၏ Website ဖြစ်သော www.news-eleven.com မှ ၄င်းအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မတ်လ ၂၇ ရက်နေ့က ရေးသားဖေါ်ပြခဲ့ပါသည်။

အခမဲ့ပြသသည့် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းများ ကြည့်ရှုသူ နည်းပါး

မတ်လ ၂၇ ရက်တွင် ကျရောက် သည့်နှစ် (၇၀)ပြည့် တပ်မတော်နေ့ အထိမ်း အမှတ်အဖြစ် ရန်ကုန်နှင့် မန္တလေး မြို့တို့တွှင် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း များကို အများပြည်သူအား အခမဲ့ပြသ ခဲ့သော်လည်း လာရောက် ကြည့်ရှုသူ ဦးရေ အနည်းငယ်သာ ရှိခဲ့သည်ဟု စုံစမ်း သိရှိရသည်။

dkskdvs

ငြိမ်းချမ်းရေးဆွေးနွေးစဉ် KIAကို မြေပြင်၊ ဝေဟင်နှစ်ခုလုံးမှ တိုက်ခိုက်နေ၍ ဆွေးနွေးမှုများ အချည်းနှီးဖြစ်ရဟု UNFCထုတ်ပြန်


Credit - Mizzima News

ယခင်ဘဏ္ဍာနှစ်အောက် သစ်တော ထွက်ကုန် တင်ပို့မှု ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း

ယခု၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း သွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

Wood-Car
ပဲခူးမြို့ဘက်မှ ရန်ကုန်မြို့သို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)  

သီရိလင်္ကာသမ္မတတရုတ်သို့ သွားရောက်စဉ် ညီဖြစ်သူ ပေါက်ဆိန်ဖြင့် ခုတ်သတ်ခံရ

သီရိလင်္ကာသမ္မတ မိုက်သရီပါလ သီရိသေန တရုတ်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်လျက်ရှိစဉ် ညီတစ်ဦးမှာ ကြာသပတေးနေ့က ပေါက်ဆိန်ဖြင့် ခုတ်သတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပရိယန်သသီရိသေနသည် မြို့တော်ကိုလံဘို၏ အရှေ့မြောက်ဘက် ၎င်း၏ဇာတိမြို့ပိုလွန်နာရူဝါတွင် ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာများခံစားခဲ့ရသည်ဟု အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ပုဂ္ဂလိကအငြင်းပွားကြောင့်ဖြစ်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ကိုလံဘိုဂေဇက်သတင်းစာက ဖော်ပြခဲ့သည်။

“တပ်မတော်နေ့ ဝေဒနာ”

ကိုမျိုးသန့်ရေ
ကျွန်တော် ဒီစာကိုရေးနေတာ  မတ်လ ၂၇ ရက်နှစ် (၇၀)မြောက် တပ်မတော်နေ့ပါ။ တကယ် ကတော့ ဖက်ဆစ်တော် လှန်ရေးနေ့ကို တပ်မတော်နေ့ အဖြစ်နာ မည်ပြောင်း ထားတဲ့နေ့ပါ။
Si-Thu-Aung-Myint

တပ်မတော်နေ့တွင် တပ်မတော်သားများသို့ တိုက်တွန်းချက်

၁၉၄၅ ခုနှစ်တွင် စတင်သန္ဓေ တည်ပေါ်ပေါက် လာခဲ့ သည့်မြန်မာ့ တပ်မတော်သည် ၂ဝ၁၅ ခုနှစ်တွင် သက်တမ်း ၇ဝပြည့်မြောက် ခဲ့ပြီဖြစ်သည်။

နိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ရေး အစဉ်တစ် စိုက်ကြိုး ပမ်းမှုနှင့်နိုင်ငံတော် ကာကွယ်ရေးဟူသည့် တာဝန်ကို ထမ်းဆောင် ကာပြည်သူ့ အကျိုးဆောင်ရွက် ခဲ့သည်မှာ နှစ် ၇ဝ တိုင်ပြီဟု ဆိုနိုင်ပါသည်။

ထွက်ပေါက်ပိတ်ထားသူများ - အယ်ဒီတာ့အာဘော်

 လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်ခြင်း မရှိကြောင်း၊ စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေပြီး နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်း မရှိကြောင်း မြန်မာသံတော်ဆင့်က မကြာခဏ ဝေဖန်ထောက်ပြခဲ့ပါသည်။ သို့အတွက် အခြေခံဥပဒေ အသစ်ရေးဆွဲရန် (သို့မဟုတ်) လက်ရှိ အခြေခံဥပဒေပါ အရေးကြီး ပြဋ္ဌာန်းချက်များကို ထိထိရောက်ရောက် ပြင်ဆင်ပေးရန် အစဉ်တစိုက် တိုက်တွန်းခဲ့သည်။

Wednesday, March 25, 2015

ခေါင်းဆောင်ကောင်းသာ လိုအပ်သည် (အယ်ဒီတာ့အာဘော်)

ခေါင်းဆောင်ကောင်းမှ အဖွဲ့အစည်းကောင်းမည်၊ နိုင်ငံကောင်းမည်ကို ပြည်သူများ သိကြပါသည်။ ခေါင်းဆောင်မှုကို ခေါင်းဆောင်၏ ထင်ရှားမှု/ မထင်ရှားမှု၊ ခြွေရံများမှု/မများမှုနှင့်လည်း မတိုင်းတာပါ။ ခေါင်းဆောင်သည် အပြောင်းအလဲ ဖြစ်ထွန်းမှု (ဝါ) ရလဒ် တစ်ခုခုထွက်အောင် ဘာလုပ်နိုင်သည်လဲ ဆိုသည်နှင့် တိုင်းတာကြပါသည်။

သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းသည် မကြာမီလပိုင်းတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ မည်သည့်အစိုးရမဆို ဆောင်ရွက်ရမည်ဖြစ်သော လုပ်ငန်းဆောင်တာတချို့ကို လုပ်ဆောင်ခဲ့သည်မှလွဲ၍ ထူးခြားသော အပြောင်းအလဲများကို မမြင်တွေ့ရသည့်အပြင် တချို့အပိုင်းကဏ္ဍများမှာ

ကိုးကန့်တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးဒုက္ခသည် ၂ဝဝ ကျော်ရှိဟု မန်ဆူကျောင်း တာဝန်ခံပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂ဝ ရှိပြီဟု ဒုက္ခသည်များကို လက်ခံစောင့်ရှောက်ပေးနေသည့် လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ ရက်တွင် ပြောသည်။

Kokang-Battle-04
(ဓာတ်ပုံ - အီးပီအေ)

သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ဦးထင်လင်းဦးကို ဧပြီ ၂ ရက်တွင် စစ်ဆေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တရားရုံးတွင် သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ စာရေးဆရာ ဦးထင်လင်းဦး အမှုအတွက် လာမည့် ဧပြီ ၂ ရက်တွင် ၎င်းကို စစ်ဆေးမည် ဖြစ်ပြီး အမှုအတွက် ၎င်းကိုယ်တိုင် ထုချေမည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

U-Htang-Linn-Oo
ဦးထင်လင်းဦးအား ချောင်းဦးမြို့နယ် တရားရုံးမှ ပုဒ်မ ၂၉၅ (က)၊၂၉၈ တို့ဖြင့် မတ်လ ၁၇ ရက်တွင် စွဲချက်တင်လိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စွဲချက်တင်ခံရသူများကို စစ်ဆေး

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စွဲချက်တင်ခံထားရသည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အပါအဝင် ခြောက်ဦးကို ဒဂုံမြို့နယ်တရားရုံး၌ မတ် ၂၄ ရက်၊ နံနက်ပိုင်းတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

Nay-Myo-Zin-and-Daw-Naw-Oha-Hla-Appointment-at-Court-02
တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းတောင် အရေး ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲခံထားရသော နေမျိုးဇင်၊ ဦးသန်းဆွေ၊ တင်ထွဋ်ပိုင်၊ ဒေါ်နော်အုံးလှနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူအချို့တို့ ဖေဖော်ဝါရီလ ၂ ရက်က ဒဂုံမြို့နယ် တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

လက်ပံတန်းသပိတ်တွင် ဝန်းရံခဲ့သည့် မြို့ခံ အယောက် ၂၀ ပြန်လွတ်

ရန်ကုန် (မဇ္ဈိမ) ။ ။ လက်ပံတန်း ပင်မ သပိတ်ကြောင်းအား မတ်လ ၁၀ရက်က အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ရာတွင် ကျောင်းသားများကို ဝန်းရံပေးသည့် ဒေသခံများလည်း ပါဝင်ခဲ့ရာ ဒေသခံ အယောက် ၂၀ကို မတ်လ ၂၄ရက်တွင် သာယာဝတီထောင်မှ ပြန်လည် လွှတ်ပေးလိုက်သည်။

လွှတ်ပေးသည့် အထဲတွင် လက်ပံတန်းမြို့မှ ဦးတိုးအောင်၊ ကိုစိုးဝင်းအောင်၊ ကိုမျိုးသိန်း (ခေါ်)ကံကောင်း၊ ကိုချစ်လင်းစိုး၊ ကိုအောင်သူ၊ ကိုအောင်ဇော်မင်း၊ ကိုသူရဇော်၊ ကိုအောင်ဆန်း၊ ကိုအေးလွင်၊ ကိုသူရ (ခေါ်)ချွန်ကြီး၊ ကိုကျော်သူဝင်း(ခေါ်)ကျော်သူ၊ ကိုမျိုးကျော်သူ (ခေါ်) ဖိုးဖြူ၊ ကိုထက်ဦးအောင် (ခေါ်)

Tuesday, March 24, 2015

ကအိုင်အေ နှင့် တပ်မတော်တိုက်ပွဲများကြောင့် အပစ်ရပ်စာချုပ်ရေးထိုးရေး မပျက်ပြားနိုင်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံးအပစ်ရပ်ရေး ဆွေးနွေးနေချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း ယင်းတိုက်ပွဲများကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးရေးကို ပျက်ပြားစေနိုင်မည် မဟုတ်ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ခွန်ဥက္ကာက မတ် ၂၄ရက်က ပြောသည်။

"တိုင်းပြည်နဲ့နိုင်ငံတကာအခြေအနေ ပြည်တွင်းလူထုအခြေအနေ မလွဲမသွေ အပစ်အခတ်ရပ်စဲရေးကို ချုပ်ဆိုရတော့မယ်။ တောင်းဆိုချက်တွေအရ ချုပ်ဆိုတော့မယ် ဆိုတော့ လိုက်နာရတော့မယ်။

အတွင်းဝန်များရုံးမှာ မွေးနေ့ပွဲကျင်းပခြင်း (သို့မဟုတ်) ပွင့်လင်းမြင်သာမှု မရှိတဲ့ ပြဿ နာ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ဒီရက်ပိုင်း အင်တာနက် လူမှုကွန်ယက်စာမျက်နှာနဲ့ သတင်းစာဂျာနယ်တွေမှာ ဂယက်ထခဲ့တဲ့ သတင်း တစ်ပုဒ်ကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့ရာ ရန်ကုန်မြို့လည်က သမိုင်းဝင် အတွင်းဝန်များရုံး မြက်ခင်းပြင်မှာ အရင်စစ်အာဏာရှင်ခေတ် ဗိုလ်ချုပ်ဟောင်း တစ်ယောက်ရဲ့သမီး မွေးနေ့ပွဲ ကျင်းပခြင်း သတင်းပါပဲ။

ဒါနဲ့ပတ်သက်ပြီး သဘောမကျ၊ လက်မခံနိုင်ကြောင်း ပြည်သူတွေက ဝေဖန်ကြသလို သမ္မတ ပြောခွင့် ရလည်းဖြစ်၊ အစိုးရအဖွဲ့ရဲ့ မျက်စိကြီး နားကြီး ပုဂ္ဂိုလ်လို့လည်းခေါ်နိုင်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က

ကေအိုင်အေ နှင့် တပ်မတော်တို့ လေးရက်မြောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဟုဆို

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ မန်စီမြို့နယ် မဒန်ယန်နှင့် မထက်ဒူး ခိုကျေးရွာ နှစ်နေရာတွင် မတ်လ ၂၄ရက်ကလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်ဟု ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ က တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။

“ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။ အခု မဒန်ယန်မှာလည်း ဖြစ်နေတယ်။ ဒူးခိုမှာလည်း ဖြစ်နေတယ်။ နှစ်နေရာ ဖြစ်နေတယ်။ ဒီမနက် ၇ နာရီကနေ စတာ။

ကိုးကန့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိဟု မန်ဆူကျောင်း တာဝန်ခံပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂၀ ရှိပြီဟု ဒုက္ခသည်များကို လက်ခံစောင့်ရှောက် ပေးနေသည့်   လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ ရက်တွင် ပြောသည်။

မမီးက “အခု လောက်ကိုင်နေရပ်ကို မပြန်နိုင်တဲ့ ဒုက္ခသည်က များလာပြီ။ တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်။ ဒီမှာ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိပါတယ်”ဟုပြောသည်။

Monday, March 23, 2015

ဒုတိယအကြိမ် မြန်မာလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားညီလာခံကျင်းပမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံပေါင်း ၂၀မှ လေဆိပ်နှင့် လေကြောင်းလုပ်ငန်းဆိုင်ရာ အရာရှိများနှင့် စီးပွားလုပ်ငန်းရှင်ပေါင်း သုံးရာတို့တက်ရောက်မည့် ဒုတိယအကြိမ် မြန်မာလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားညီလာခံကို မတ်လ ၂၄ရက်မှ ၂၆ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သုံးရက်ကြာ ပြုလုပ်မည့် ညီလာခံအတွက် အကြိုသတင်းစာ ရှင်းလင်းပွဲကို မတ် ၂၃ရက်က ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မန္တလေးပဋိပက္ခကို နောက်ကွယ်က ကြိုးကိုင်သူများက မီးထိုးပေးခဲ့ဟုဆို

“မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများနောက်ကွယ်က ကြိုးကိုင်လက်များ၊ မန္တလေးအဓိကရုဏ်း” အစီရင်ခံစာကို Justice Trust ဆိုသည့် အင်န်ဂျီအိုအဖွဲ့က ထုတ်ပြန်သည်။ မွတ်စလင်ဆန့်ကျင်သည့် အဓိကရုဏ်းကို အယောင်ဆောင်လူအုပ်စု အကြမ်းဖက်မှုအောက်တွင် လက်နက်များဖြင့် လူများက ကျုးလွနခဲ့ကြသည်။

Violence-in-Mandalay

လီကွမ်ယူနှင့် စင်ကာပူ ကောက်ကြောင်း

၁၉၂၃ခုနှစ်၊ စက်တင်ဘာ၁၆ရက်တွင် စင်ကာပူမှာမွေးဖွားခဲ့သော စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ၊ စင်္ကာပူ နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် လီကွမ်ယူမှာ ၂၀၁၅ခုနှစ်၊ မတ်လ၂၂ ရက်က ကွယ်လွန်ခဲ့ပြီဖြစ်သည်။

Lee kuan yew 600

ကေအိုင်အေ နှင့် တပ်မတော်တို့ သုံးရက်မြောက်တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ အတွင်းမြန်မာ အစိုး ရ တပ်မတော်နှင့် မတ်လ ၂၃ ရက် နံနက် ၆ နာရီက သုံးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေသည်ဟု KIA ကပြောသည်။

မတ်လ ၂၁ ရက်မှ စတင်၍ အစိုးရ  စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီး ၂၂ ရက်တွင် KIA ၏ တပ်စခန်း ရှိရာ မန်စီမြို့နယ်  မဒန်ယန်နှင့် ကိုင်ထိပ်ကျေးရွာ အကြားရှိ မထပ်ဒူးခိုကျေးရွာတွင် အစိုးရ စစ်တပ်၏

အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ အလုပ်သမားများကို အကာအကွယ်မပေးနိုင်၍ ပယ်ဖျက်ပေးရန် တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။ ။  အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေ အခန်း(၈) အထွေထွေ ပုဒ်မ (၃၅) အား အလုပ်သမားများအား ထိရောက်အောင် အကာအကွယ် ပေးနိုင်သည့် ဥပဒေ မဟုတ်သည့် အတွက် ပယ်ဖျက်ပေးရန်  အလုပ်သမားဝန်ကြီးဌာန (နေပြည်တော်)သို့ မတ်လ ၁၈ရက်က  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က စာပို့ကာ တိုက်တွန်းခဲ့သည်ဟု အသင်း၏  ဥက္ကဋ္ဌ ဦးအောင်လင်းက မဇ္ဈိမကို ပြောသည်။

"'ဒီပုဒ်မက အလုပ်သမားတွေကို အကြောင်းမဲ့ အလုပ်ထုတ်ချင်ရင် ဒီပုဒ်မနဲ့ အလုပ်ထုတ်လို့ရတယ်။ အခုက အလုပ်သမားတွေက လုပ်ခလစာနည်းလို့ ဆန္ဒပြကြတယ် ပြီးရင် လုပ်ငန်းရှင်က အကြောင်းမဲ့

မွတ်စလင်လူငယ်ကွန်ယက်က ကန်တော်ကြီးတွင် လက်ပတ်ဖြူလှုပ်ရှားမှုလုပ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးမှုကို ရှုံ့ချခြင်း နှင့် ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရန် မွတ်စလင်လူငယ်ကွန်ယက်က လူငယ် ၂၀ခန့်က ရန်ကုန်မြို့ ကန်တော်ကြီး ပုဂံလုံးကျွန်းတွင် မတ်လ ၂၃ရက် နံနက် ၇ နာရီမှ ၈နာရီအတွင်း လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူ ကိုပြည့်စုံဝင်းက မဇ္ဈိမကို ပြောသည်။

"အစိုးရ အကြမ်းဖက်မှုကို ကန့်ကွတ်တယ်၊ ဖမ်းထားတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်မြောက်စေဖို့ကို မွတ်စလင်ဘာသာ နဲ့ ဆုတောင်းပွဲလုပ်တယ်။ ဒီနေ့ လက်ပတ်

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဥပဒေ ဧပြီလအတွင် ပြဋ္ဌာန်းတော့မည်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ အသေးစားနှင့် အလတ်စား လုပ်ငန်းများဥပဒေ ( SMEs Law ) ကို လာမည့် ဧပြီလအတွင်း ပြဋ္ဌာန်းနိုင် မည်ဟု အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုအဖွဲ့ချုပ်၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဆိုသည်။

လက်ရှိအခြေအနေတွင် အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီးဖြစ်ကာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ပြဋ္ဌာန်းရန် အဆင့်သာ ကျန်တော့ခြင်းဖြစ်သည်ဟု ၎င်းက မတ်လ ၂၃ ရက် တွင် မဇ္ဈိမကို ပြောသည်။

သမ္မတကြီး လက်ပံတန်းဗီဒီယို ကြည့်ပြီးပြီလား (အယ်ဒီတာ့ထံပေးစာ)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့မှာ နေထိုင်တဲ့ ဦးလှဖေ အငြိမ်းစား ကျောင်းဆရာကြီး ပို့လိုက်တဲ့ မေးလ်တစ်စောင် မဇ္ဈိမစာဖတ်သူ ကဏ္ဍကို ရောက်လာပါတယ်။

သူရေးလိုက်တဲ့ စာထဲမှာပါတဲ့အကြောင်း အရာကတော့ ၁၀.၃.၂၀၁၅ ရက်မှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတန်း ကျောင်းသားသပိတ်ဖြစ်စဉ်နဲ့ စပ်လျဉ်းလို့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတကြီးရဲ့ ဖြေကြားချက်ကို ဘဝင်မကျလို့ သူ့အမြင်ကို ရေးသားပေးပို့ခဲ့တာပါ။

“သမ္မတကြီးစကား ပြည်သူတွေ နားခါးရော့မယ်” (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

 အခုရက်ပိုင်း သတင်းစာ၊ ဂျာနယ်တွေနဲ့ ပြည်သူတွေအကြား အပြောအများဆုံး သတင်းကတော့ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေ၊ ပြည်သူတွေနဲ့ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ မှတ်ချက်စကားပါ။

အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က လက်ပံတန်းမှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကျောင်းသားတွေနဲ့ ပြည်သူတွေဘက်က ခဲနဲ့ပေါက်လို့

မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ထိခိုက်နိုင်ဟု ရခိုင်တပ်မတော်ထုတ်ြပန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာပြည် မြောက်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် ဆွေးနွေးလျက်ရှိသော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးကို ထိခိုက်နိုင်သည်ဟု ရခိုင့်တပ်မတော်က မတ်လ ၂၂ ရက်က ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမား သမဂ္ဂ (ဗဟို) ဖွဲ့စည်းမည်

ရန်ကုန် (မဇ္ဈိမ)။ ။ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့အရေး ကိစ္စများကို တောင်းဆိုသွားရန်  မြန်မာနိုင်ငံ
တောင်သူလယ်သမားသမဂ္ဂ (ဗဟို) ဖွဲ့စည်းသွားမည်ဟု  မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂ ဖွဲ့စည်းရေးကော်မတီမှ တာဝန်ခံ မစုစုနွေးက ပြောသည်။

၎င်းက မတ် ၂၂ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ တရားရိပ်သာ ကျောင်းတိုက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ

ခုနစ်ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲ ပြန်လည်ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ)။ ။ ခုနစ်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သတ်မှတ်နောက်ဆုံးရက် ရောက်ပြီဖြစ်သော်လည်း ဆွေးနွေးရန် ကျန်ရှိနေသဖြင့် ရက်သတ္တပတ် တစ်ပတ်ကြာ ရပ်နားပြီးမှသာ ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်မည် ဖြစ်သည်။

7-Frequency-Union-Pacific-Meeting-6-Day-Press-Conferenc-04
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ၇ ကြိမ်မြောက်ဆွေးနွေပွဲ ၆ ရက်မြောက်နေ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၂ ရက် ညနေ ၅ နာရီတွင် ကျင်းပပြုလုပ်နေစဉ်။ ထိုဆွေးနွေးပွဲကို ခေတ္တရပ်နားပြီး မတ်လ ၃၀ ရက်တွင် ပြန်လည်ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

အကြမ်းဖက်ဖြေရှင်းနည်း မသုံးရန် ရန်ကုန်တိုင်းအစိုးရကို တိုက်တွန်းသည့် အဆို ရန်ကုန်လွှတ်တော် အထူးအစည်းအဝေးသို့ တင်ပြထား

ရန်ကုန် (မဇ္ဈိမ)။ ။ မတ်လအတွင်း ဆန္ဒပြမှုများကို တိုင်းအစိုးရ၏ ဖြေရှင်းမှုသည် အာဏာရှင်စနစ်ကဲ့သို့ ကျင့်သုံး နေခြင်းကြောင့် တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းဖြင့် စနစ်တကျဖြေရှင်းရန် ဧပြီလ ၁ ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်းလွှတ်တော်၊ အထူးအစည်းအဝေးသို့ တိုက်တွန်းကြောင်း အဆိုတစ်ရပ် တင်ပြထားသည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းအမတ် ဦးကျော်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင် မတ်လ ၅ ရက် ညနေတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်ကို ပိတ်ဆို့ထားသည့် အပေါ် ကန့်ကွက်ဆန္ဒပြမှုတွင် အာဏာပိုင်များက 'တာဝန်' ဟူသည့် လက်ပတ်နီပတ်ထားသည့် အရပ်ဝတ် များကို အသုံးပြုပြီး ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခဲ့သည့် လုပ်ရပ်ကို ရည်ညွှန်းကာ ၎င်းက  တိုင်းအစိုးရကို တိုက်တွန်းသွားမည်ဟု ဆိုသည်။

စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယုကွယ်လွန်

(စင်ကာပူ)။ ။ ခေါင်းဆောင်းကြီး လီကွမ်ယုသည် မတ် ၂၃ရက်က ကွယ်လွန်ခဲ့သည်။ စင်ကာပူနိုင်ငံအား နှစ် ၃၁နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူကာ နိုင်ငံအား တည်ထောင်သွားခဲ့သည့် လီကွမ်ယုကို နိုင်ငံဗိသုကာအဖြစ် အလေးအမြတ်ပြုထားကြသည်။

Lee-Kuan

Sunday, March 22, 2015

ခုနစ်ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲ ခေတ္တရပ်နားပြီး ဒုတိယပိုင်း ဆက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်( NCA) အတွက် ခုနစ် ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲကို မတ်လ ၂၂ ရက်က ခြောက်ရက်မြောက် အဖြစ် ကျင်းပခဲ့ပြီးနောက် ခေတ္တ ရပ်ဆိုင်းလိုက်၊, မတ် ၃၀ ရက်တွင် ဆွေးနွေးပွဲ ဒုတိယပိုင်းကို ပြန်လည် စတင်မည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား မရရှိသေးသည့် မြန်မာနိုင်ငံ အထက်ပိုင်း ကျေးလက်ဒေသ များတွင် နေရောင်ခြည်သုံး အလင်းရောင်ပေးစနစ်များ

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ အထက်ပိုင်း ကျေးလက်ဒေသများတွင် နေရောင်ခြည်သုံး LED “ကျေးရွာ မီးလင်းရေး ဗဟိုဌာနများ” ကို JJ-Pun၊ FMIနှင့် Phillips Lighting တို့ ပူးပေါင်းတည်ထောင်သွားမည်ဟု FMI က ပြောဆိုလိုက်သည်။

FMI
“ကျေးလက်ဒေသ မီးလင်းရေး ဗဟိုဌာနများ” အကောင်အထည်ဖော်ရေးအတွက် JJ-Pun, FMI နှင့် Phillips Lighting တို့ သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - FMI)

သင်္ကြန်ကာလ နီးကပ်ခြင်းနှင့် တရုတ်ဝယ်လိုအား များနေခြင်းကြောင့် ပြည်တွင်းဆန် ဈေးမြင့်နေ

ရန်ကုန် (မဇ္ဈိမ)။ ။ သင်္ကြန်ကာလ နီးကပ်လာခြင်းနှင့် နယ်စပ်ဆန်တင်ပို့မှု အားကောင်းနေခြင်းကြောင့် ပြည်တွင်းဆန်ဈေးမှာ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်နှင့် မူဆယ်နယ်စပ် ဆန်ကုန်သည်များက ပြောသည်။

Rice-1

ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် ကျန်းမာရေး ချို့ယွင်းမှုကြောင့် စစ်ဦးစီးချုပ်ရာထူး ယာယီလွှဲပြောင်း

ရန်ကုန် (မဇ္ဈိမ)။ ။ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်သည် လက်ရှိကျန်းမာရေး ကုသနေစဉ်ကာလအတွင်း စစ်ဦးစီးချုပ်ရာထူးကို  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးထံ စစ်ဦးစီချုပ် ရာထူးခေတ္တ လွှဲပြောင်းပေးအပ်လိုက်သည်ဟု ဒီကေဘီအေ အဖွဲ့၏ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စိုးမြင့်က မဇ္ဈိမကို ပြောသည်။

“ကျန်းမာရေးမကောင်းစဉ်ကာလအတွင်းမှ ခေတ္တ ရာထူးလွဲပြောင်းပေးထားတာပါ။ အနားယူခြင်းမဟုတ်ပါဘူး'' ဟု ဗိုလ်ကြီးစိုးမြင့်က ပြောသည်။

တိန်တိန်မြည်ပြီ အားလုံးသတိ (ဆောင်းပါး)

မောင်မှန် (ဆောင်းပါး)

မောင်မှန်တို့ ငယ်ငယ်ကျောင်းတက်တဲ့ အခါတုန်းက အခန်းထဲကို ဆရာဝင်လာရင် နှုတ်ခွန်းဆက်ကြရတယ်။ အတန်းခေါင်းဆောင်က (ဒါမှမဟုတ်) ကြုံကြိုက်တဲ့ တစ်ယောက်ယောက်က အားလုံး သတိဆိုပြီး အသံပေးရပါတယ်။ ဒါဆိုရင် ကျန်သူအားလုံးက ဆရာဝင်လာပြီဆိုတာ သိပေရော့။ ကိုယ့်နေရာကနေ ထကြပြီး မင်္ဂလာပါဆရာ (ဒါမှမဟုတ်) ဆရာမလို့ နှုတ်ခွန်းဆက်ကြရပါတယ်။ ဒါကျောင်းတော်တော်များများရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်။

ပြည်သူ့ဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် အစိုးရ ပွင့်လင်းမြင်သာမှုရှိရန် ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရအနေဖြင့် ပြည်သူ့ဖွံ့ဖြိုးရေးများကို လုပ်ဆောင်ပေးသည့် နေရာတွင် ပွင့်လင်းမြင်သာရှိရန် စီမံခန့်ခွဲရာတွင် တိကျမှုရှိရန် နှင့် ရလဒ်များကို မပြတ်စောင့်ကြည့်လေ့လာရန် ကမ္ဘာ့ဘဏ်၏ မြန်မာပြည် ဌာနေကိုယ်စားလှယ် မစ္စတာအဗ္ဗဒူလာရေဆပ်က မဇ္ဈိမကို ပြောသည်။

Chin