အစိုးရ၀န်ထမ်းနှစ်ဦး
နှင့် အရပ်သားနှစ်ဦးကို ကလိုထူး ဘောအဖွဲ့ (ယခင်ဒီကေဘီအေ ရခိုင်တပ်)မှ
တပ်ဖွဲ့ဝင်အချို့က ဖမ်းဆီးခဲ့သည့် အမှုကို စစ်ဆေးနေကြောင်း
မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။
ဝေါလေမြို့နယ်ခွဲမှ တိ-မွေး-ကုဌာန အရာရှိတစ်ဦးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးပါဝင်ပြီး အမျိုးသမီး တစ်ဦး၊ သုံးနှစ်အရွယ် ကလေး ငယ်တစ်ဦးတို့ အောက်တိုဘာ ၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။ ၎င်းတို့လေးဦးသည် အိမ် စီးကားဖြင့် ဒေါနတောင်ပေါ်ကား လမ်းကို အသုံးပြု၍ ဝေါလေမြို့ နယ်ခွဲမှ မြ၀တီမြို့သို့ လာစဉ် လမ်းခုလတ်ရှိ သဲဖြူချောင်းဂိတ်၌ အ ဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မြ၀တီ မြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက ပြောသည်။
‘‘တရားလိုက တိုင်ကြားတဲ့ အတိုင်း အမှုဖွင့်လိုက်တာပါ။ ဒီ အမှုကို သေချာစိစစ်နေပါတယ်။ အသေးစိတ်ကတော့ အခုအချိန် မှာ ပြောလို့မရသေးပါဘူး’’ဟု အမှုစစ်ရဲအရာရှိက ပြောသည်။
တရားလိုပြုလုပ်၍ တိုင်ကြား သူမှာ ဖမ်းဆီးခံခဲ့ရာမှ ပြန်လွတ် လာသည့် ဝေါလေမြို့နယ်ခွဲ တိ- မွေး-ကုဌာန ဒုတိယလက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်။ ၎င်း အပါအ၀င် ဖမ်းဆီးခံရသူ လေးဦးစလုံး အောက်တိုဘာ ၆ ရက် နံ နက်မှ အောက်တိုဘာ ၇ ရက် နံနက်အထိ ချုပ်နှောင်ခံခဲ့ရပြီး ကလိုထူးဘောအဖွဲ့ (ယခင်ဒီကေ ဘီအေ ရခိုင်တပ်)မှ ဗိုလ်မှူးဆိုသူ ရောက်လာမှသာ ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားခဲ့ သည်။ တရားလိုက ကလိုထူး ဘောအဖွဲ့ (ယခင်ဒီကေဘီအေ ရခိုင်တပ်)မှ တပ်ဖွဲ့ဝင်နှစ်ဦးကို အမှုဖွင့်ထားခြင်း ဖြစ်သည်။
‘‘သူတို့ကို ဒီကေဘီအေ၀တ် စုံဝတ်ထားတဲ့သူနှစ်ယောက်က ဖမ်းခေါ်သွားတယ်။ လူမြင်ရင် မှတ်မိတယ်လို့ ပြောတယ်။ ဒါ ကြောင့် အဲဒီအတိုင်း အမှုလက်ခံ ထားတာ’’ဟု ကရင်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ လေးဦးမှာ အောက်တိုဘာ ၆ ရက် နံနက်က ဝေါလေမြို့မှ ထွက်ခွာခဲ့ပြီး တစ် နာရီခွဲခန့်ကြာအထိ ဖုန်းအဆက် အသွယ်ရှိခဲ့သော်လည်း ယင်း နောက်ပိုင်းဆက်သွယ်၍ မရတော့ ၍ လက်နက်ကိုင်အဖွဲ့အချို့၏ ပြန်ပေးဆွဲခံရမှု (သို့မဟုတ်) တောင်ပေါ်ကားလမ်းတွင် ကား မတော်တဆဖြစ်မှု တစ်ခုခုဟု ယူဆထားခဲ့ကြောင်း အမည် မဖော်လိုသည့် ဝေါလေမြို့နယ်ခွဲ ဒေသခံတစ်ဦးက ပြောသည်။ ယခုအစိုးရ၀န်ထမ်းများနှင့် အရပ်သား များ ဖမ်းဆီးခံရခြင်းဖြစ်သော ကြောင့် ဒေသခံများ၏ လုံခြုံရေး စိုးရိမ်နေရကြောင်း ၎င်းက ပြော သည်။
မြ၀တီမြို့အခြေစိုက် ဒီကေ ဘီအေ ဆက်ဆံရေးရုံးတာဝန်ခံက မူ ထိုပြသနာကိုလေ့လာ၍ ကူညီဖြေရှင်းပေးရန် မြ၀တီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိနေကြောင်း အောက်တို ဘာ ၇ ရက် နေ့လယ်က ပြောသည်။

Credit - 7DAY DAILY
No comments:
Post a Comment