Saturday, September 6, 2014

နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ်စားပြုနိုင်သူများသာ ပါဝင်သင့်ဟု နိုင်ငံရေးခေါင်းဆောင်အချို့ပြော

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် လက်နက် ကိုင်အဖွဲ့များနှင့်သာ သက်ဆိုင် သည်မဟုတ်သော်လည်း အားလုံး ပါဝင်ရေးထက် ကိုယ်စားပြုနိုင် သူများနှင့်သာ စားပွဲဝိုင်းဆွေးနွေး မှုမျိုး ပြုလုပ်သင့်ကြောင်း နိုင်ငံရေး ခေါင်းဆောင်အချို့က ပြောကြား လိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/20006

အာဏာချုပ်ကိုင်ထားသူများ တိုင်းပြည်အတွက် စွန့်လွှတ်ရန်စဉ်းစားသင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံအသွင်ကူး ပြောင်းရေးကာလအောင်မြင်ရေး၏ အကြီးမားဆုံးစိန်ခေါ်မှုသည် အာဏာနှင့် ၀ါဒစွဲများကို ချုပ်ကိုင်ထားသူများ တိုင်းပြည်အ တွက် စွန့်လွှတ်မှုပြုလုပ်ရန် စဉ်းစားဖို့ လိုအပ်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန်- http://www.7daydaily.com/story/19961

ဖြတ်သန်းခဲ့ဖူးသော မဆလခေတ်၏ ငယ်ဘ၀များ....

တစ်ရက်က စားသောက်ဆိုင်တစ်ဆိုင် ထမင်းစားဖြစ်ကြရင်း တစ်ဝိုင်းထဲ အတူစားနေတဲ့ အသက်(၂၅)နှစ်အရွယ် လူငယ်လေးတစ်ယောက်က
“ဦးဂျူ..မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို လူတွေ ဘာကြောင့် မုန်းကြတာလဲ၊ လူထုတွေ ဘာနစ်နာခဲ့လို့လဲ” လို့ မေးပါတယ်၊ အဲဒီအမေးအတွက်
ကျွန်တော်မှာ ဖြေစရာတွေ အများကြီးရှိနေပါတယ်၊ မြန်မာနိုင်ငံ ချွတ်ခြုံကျသွားတာ ၊ ပြည်သူပိုင်သိမ်းတာ၊ လူထုသုံးစွဲနေတဲ့ ငွေစက္ကူတွေကို

အခွန်ကောက်စနစ် ပြောင်းလဲမယ်

“နောက်ဆုံး ကျွန်တော်တို့တွေရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ အခွန်မကောက်ဘဲ လုပ်ငန်းရှင်တွေ ကိုယ်တိုင် အခွန်ပေးဆောင်တဲ့စနစ်ကို ပြောင်းချင်တာပါ”
စနစ်ကျနတဲ့ အခွန်ကောက်ခံနည်း ဖြစ်လာမလား။

အပြည့်အစုံဖတ်ရန် - http://thevoicemyanmar.com/index.php/news/item/2494-aks

Credit - The Voice Weekly

တွေ့ပြီပြောပြီး သက်သေမပြနိုင်၍ ခေါင်းလောင်းကိစ္စ ယုံကြည်သူလျော့လာ

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု ကြေညာပြီးနောက် ဆယ်ရက်မြောက်နေ့အထိ ကုန်းပေါ်သို့ ဆယ်ယူကာ သက်သေမပြနိုင်သေး၍ တစ်နေ့ထက်တစ်နေ့ယုံကြည်မှု လျော့နည်းလာကြောင်း သတင်းရရှိသည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19871

Credit - 7Day News Journal

ဂျာမာန်အဓိပတိ မာကယ်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အမြင်ကွဲ

ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျာမန် အဓိပတိ အိန်ဂျယ်လာမာကယ်တို့ ဘာလင်မြို့တွင် တွေ့ဆုံခဲ့ရာ တွင် မြန်မာနိုင်ငံ တွင် ဆောင်ရွက်ရန် လိုအပ်သည့် အကြောင်းရာများအပေါ် သဘောတူ ခဲ့သော်လည်း ပြုလုပ်ရမည့် အစီအစဉ်နှင့် ပတ်သက်၍ အမြင်ကွဲပြားခဲ့ကြသည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှ အမုန်းပွားသည့်အရာများက ဦးနှောက်ကို ထိခိုက်စေနိုင်

ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိင်တူဆက်ဆံသူများအကြောင်း၊ လူမျိုးရေးခွဲခြားမှုများအကြောင်း၊ မကြိုက်မနှစ်သက်မှုများ(သို့) အခြားအမုန်းပွားသည့် အကြောင်းအရာများကို သင်တွေ့မြင်ဖတ်ရှုနေပါသလား။ ယင်းကဲ့သို့ ရေရှည်တွေ့မြင်ဖတ်ရှုနေရပါက ဦးနှောက်ကို အန္တရာယ်ဖြစ်စေသည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19912

Credit - 7Day News Journal

Friday, September 5, 2014

တရားဥပဒေ စိုးမိုးရေးက ပြည်ထဲရေးနဲ့ပဲ ဆိုင်တာလား

တရားဥပဒေစိုးမိုးရေး စင်တာတွေ ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရဌာန ငါးခုကို တောင်းဆိုထားပေမယ့် ပြည်ထဲရေး တစ်ခုတည်းပဲ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။                                                                                                                                                                                 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ UNDP တို့ ပူးပေါင်းဆောင်ရွက်မယ့် တရားဥပဒေစင်တာ ဖွင့်လှစ်ရေး အစီအစဉ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန တစ်ခုတည်းကပဲ ပူးပေါင်းပါဝင်မယ်လို့ အစိုးရက အကြောင်းပြန်ထားပါတယ်။    

တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲ တကယ်ဖြစ်လာမှာလား

လာမယ့် ပွင့်လင်းရာသီမှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာပြီးမှ အတိအကျ ထုတ်ပြန်မယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ စက်တင်ဘာလထဲမှာပဲ ထုတ်ပြန် သွားပါ့မယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသောင်းလှိုင်က ဆိုပါတယ်။ ဆက်လက်ပြီး ဦးသောင်းလှိုင်က ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ လစ်လပ်မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင်စာရင်းရရင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကျေး ကော်မရှင်ရုံးခွဲတွေမှာ ပွင့်လင်းမြင်သာစွာနဲ့ ကြေညာမယ်လို့ ရှင်းပြပါတယ်။

Thursday, September 4, 2014

အီးမေးလ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ

အင်တာနက်တွေ အသုံးပြုနေရင်း နီးနီး၊ ဝေးဝေး ရှိနေကြသူ တယောက်နဲ့ တယောက် အလွန်မြန်မြန် ဆန်ဆန် စာနဲ့ဆက်သွယ်တဲ့ အီးမေးလ်ဆိုတာကို တီထွင်ခဲ့သူကို သင်သိပါသလား။

တကယ်တော့ အီးမေးလ်ကို စတင်တီထွင်ခဲ့သူဟာ အိန္ဒိယနိုင်ငံ ဘုံဘေက တမီနွယ်ဖွား အသက် ၁၄ နှစ် အရွယ် အထက်တန်း ကျောင်းသား V.A. Shiva Ayyadurai ဆိုသူဖြစ်ပါတယ်။ http://blog.irrawaddy.org/2014/09/blog-post_98.html#more

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမည်ဟု UNFC ညီလာခံအပြီး ထုတ်ပြန်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပထမအကြိမ် ညီလာခံ၏ ရွေးချယ်တာဝန် ပေးအပ်ချက်အရ ဗဟိုအလုပ်အမှုဆောင် ကော်မတီနှင့် ဖက်ဒရယ်ကောင်စီတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာ၍ တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု UNFC ညီလာခံအပြီးတွင် ထုတ်ပြန်ကြေညာလိုက်သည်။

တန်ဖိုးနည်းအိမ်ရာဆောက်လုပ်၍ ငှားရမ်းပေးရန် အဆိုတင်သွင်းမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောမတူ

ဝန်ကြီးဌာနအချို့၏ ဖြည့်စွက်တောင်းခံငွေများထဲမှ ကျပ်ကိုးဘီလျံဖြင့် အိမ်ငှားခမတတ်နိုင်သည့် ၀င်ငွေနည်းများအတွက် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်၍ ငှားရမ်းပေးရန် အဆိုတင်သွင်းမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သဘောမတူ
ရန်ကုန်တိုင်းဒေသကြိးရှိ ၀န်ကြီးဌာနအချို့၏ ဖြည့်စွက်ငွေတောင်းခံငွေများထဲမှ ငွေကျပ်ကိုးဘီလျံခန့်ကို ဘဏ္ဍာငွေလွှဲပြောင်း၍ အိမ်ငှားခမတတ်နိုင်သည့် ၀င်ငွေနည်းမိသားစုများအတွက် တန်ဖိုနည်းအိမ်ရာဆောက်လုပ်ငှားရမ်းပေးရန် ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက စက်တင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

Wednesday, September 3, 2014

မေမြတ်နိုးသတင်းစာရှင်းလင်းပွဲ ကောက်နူတ်ချက်များ

““Crown ပြန်သိမ်း မယ်ဆိုတဲ့ ခြိမ်းခြောက်မှု တွေကို အခုမှ မဟုတ်ဘဲ ပြည်ပ ပြိုင်ပွဲပြီးလို့ ပြန်လာပြီး ရက်ပိုင်း ကတည်းက မြန်မာပြည် ကိုယ်စားပြု National ဒါရိုက်တာ ဆိုသူ ကစပြီး ခြိမ်းခြောက်ခဲ့ တာပါ။ ပြိုင်ပွဲ မပြိုင်ခင် ကတည်းက သမီးရဲ့ အား နည်းချက်တွေကို ပြောပြခဲ့ပြီး အားပေးရမယ့် အစား အားလျော့ စေမယ့် စကားတွေကို ပြိုင်ပွဲ တစ်လျှောက်လုံး ပြောခဲ့တာပါ။ သမီးက မြန်မာနိုင်ငံ ကိုယ်စားပြု ဆုရ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲပြီးတော့ ကိုးရီးယားမှာ ဆရာမ ယောက်ျားနဲ့

ဆေးလိပ်နှင့် အရက်ထက် ဆိုးကျိုးပိုများပြီး စွဲလမ်းလွယ်သည့် ကွမ်းစားသုံးမှုအား ကျန်းမာရေးပြဿနာအဖြစ် အာရုံစိုက်မှုနည်းပါး

သတင်းဆောင်းပါး - ကျန်းမာရေး
------------

အသက် ၃၆ နှစ်ရှိ ဦးမျိုးမင်း ထွန်း ပြုံးလိုက်ချိန်တွင် ပေါ်လာသည့် အနီရောင်သွားများက နှစ်ပေါင်းများ စွာ ကွမ်းစားခဲ့သူဖြစ်ကြောင်း ဖော် ပြနေသည်။ ထုံးသုတ်ထားသည့်ကွမ်း ရွက်အတွင်း ကွမ်းသီးနှင့်ဆေးရွက် ကြီး ထည့်ထားသည့် ကွမ်းယာကို ယူရင်း ဦးမျိုးမင်းထွန်းက “၃ ယာ လောက် ဆက်တိုက်စားလိုက်ရင် စီး ကရက်တစ်ဘူးသောက်တာနဲ့ ညီမျှ တယ်” ဟု ပြောကြားသည်။ ရန်ကုန် မြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင်တွင် အလုပ်လုပ်နေသည့် ဦးမျိုး မင်းထွန်းသည် ဆယ်ကျော်သက်အ

`` ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ ´´

အထူးဆောင်းပါး ဖြစ်ပါတယ်
ယနေ.ထုတ် Tomorrow သတင်းဂျာနယ်ရဲ.မျက်နှာဖုံးဆောင်းပါး

လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊
ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်
လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံး

လုပ်ငန်းရှင်များနှင့် အဖော်ပြုပေးပြီး စပွန်ဆာရှာရန် ကမ်းလှမ်းခံရဟု မေမြတ်နိုးပြော (ရုပ်သံ)

သရဖူအသိမ်းခံရပြီးနောက် ဒေါ်လာတစ်သိန်းတန် သရဖူကိုယူပြီး ရှောင်တိမ်းနေတယ်လို့ စွပ်စွဲခံထားရတဲ့ အာရှပစိဖိတ် အလှမယ်ဟောင်း မေမြတ်နိုးက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းမှာ ဦးဝိစာရလမ်းမှာရှိတဲ့ The House of Memories စားသောက်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
မေမြတ်နိုးဟာ အထက်ပါကိစ္စရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တစ်ခုချင်းစီကို

● ဘင်္ဂလား ရိုးသားဖို့ လိုပါသည် ●

[2-9-2014]
မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးသန့်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၃၁-၈-၂၀၁၄ ရက်နေ့မှာ ကျင်းပတဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ဒုတိယ၀န်ကြီး/အတွင်းဝန်အဆင့် မူဝါဒညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုး အစည်းအဝေးတွေ ပြုလုပ်လာခဲ့တာ ၈ ကြိမ်ရှိပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အိမ်ရှင်အဖြစ် အလှည့်ကျတဲ့အတွက် ဦးသန့်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့

စစ်ကိုင်းရှိ တက္ကသိုလ်သုံးခုမှကျောင်းသားများ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြ

အမျိုးသားပညာရေးဥပဒေမူကြမ်းအား စစ်ကိုင်းရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသား၊ ကျောင်းသူများ စက်တင်ဘာ ၁ ရက်က ကန့်ကွက်ဆန္ဒထုတ်ဖော် ခဲ့ကြောင်းသတင်းရရှိသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19739

တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ အတွေးအခေါ်ပြောင်းလဲရန် လိုကြောင်း ကိုယ်စားလှယ် တစ်ဦး၏ ထောက်ပြမှု ဥပဒေနှင့် မညီဟု တိုင်းဝန်ကြီးများပြော

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၀င် ၀န်ကြီးများအား အတွေးအ ခေါ်များ ပြောင်းလဲပစ်ရန် လိုအပ် နေကြောင်း တင်ပြသည့် လွှတ် တော်ကိုယ်စားလှယ်၏ စကား လုံးအသုံးအနှုန်းသည် ဥပဒေနှင့် မကိုက်ညီသည့်အတွက် တားမြစ် ပေးရန် တိုင်းအစိုးရအဖွဲ့ဝင် ၀န် ကြီးများက လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြလိုက်ကြောင်း သတင်းရရှိသည်။


သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19708

Credit - 7Day News Journal

Monday, September 1, 2014

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကြောင့် အစိုးရအပေါ် ဖိအားလျော့ကျစေဟု သုံးသပ်သူများရှိ

မြန်မာ့နိုင်ငံရေးတွင် အ ရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အ ငြင်းပွားနေသော အချိုးကျကိုယ် စားပြုစနစ် (PR) ကိစ္စတို့သည် ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု ကြောင့် မှေးမှိန်စေပြီး အစိုးရအ ပေါ် ဖိအားလျော့စေကြောင်း သုံး သပ်သူအချို့က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19547

ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကားကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ်ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။
ဆောင်းပါးအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19606

ဥုံဖွ ... မြို့သစ်နှင့် ဟပ်ချလောင်း ကုမ္မဏီ (စစ်ငြိမ်းသူ)

“မြို့တော်နေ ပြည်သူများ၏ အသံကို ထင်ဟပ်ပေးမည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များပင် တစ်လုံးတပါဒမျှ ပြောခွင့်မရလိုက်ဘဲ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆုံးဖြတ်လိုက်သည်။ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီမှာ ယမန်နှစ် ဒီဇင်ဘာလကမှ အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားသော ရှစ်လသား “မြန်မာ့စေတနာ မြို့သစ်” အများပိုင်ကုမ္ပဏီ...

နိုင်ငံရေးပုဒ်မနဲ့ မဟုတ်ဘဲ အကျဉ်းကျတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသား အဖြစ် မသတ်မှတ်ပါဘူးလို့ အစိုးရက

[ News ]
နိုင်ငံရေးပုဒ်မနဲ့ မဟုတ်ဘဲ အကျဉ်းကျတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသား အဖြစ် မသတ်မှတ်ပါဘူးလို့ အစိုးရက ပြောဆိုထားပါတယ်။ နိုင်ငံရေး အင်အားစုတွေ ကရော နိုင်ငံရေးအကျဉ်းသားကို ဘယ်လို အဓိပ္ပါယ်ဖွင့် ဆိုကြပါသလဲ။
 အပြည့်အစုံဖတ်ရန် - http://thevoicemyanmar.com/index.php/news/item/2370-btt

Credit - The Voice Weekly

Sunday, August 31, 2014

လယ်မြေများကိုအလွယ်တကူမရောင်းရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး

အချိန်ကြာသည်နှင့်အမျှတန်ဖိုးများမြင့်လာမ­ည်ဖြစ်၍
လယ်မြေများကိုအလွယ်တကူမရောင်းရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး

ဗွီဒီယိုဖိုင်ကြည့်ရန် - https://www.youtube.com/watch?v=kz4g_MkOZTs&list=UUzoPb9sKVAHd-pIzv9RGGRA&hd=1

Credit - Eleven Media Group

UNFC ညီလာခံတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်

ကျင်းပဆဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံတွင် အခြေခံအယူအဆအချို့နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း သတင်းရရှိသည်။

သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19566

ပါတီတွင်း အုပ်စုဖွဲ့ကိုယ်ကျိုးစီးပွားရှာမှုများ တိုက်ထုတ်ရန် လူငယ်များတွင် တာဝန်ရှိဟု ဒီချုပ်မျိုးဆက်ဟောင်းများ ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်း အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့၍ ကိုယ်ကျိုးစီးပွားရှာခြင်းကို တိုက်ထုတ်ရန် မျိုးဆက်သစ်လူငယ်များတွင် အပြည့်အ၀ တာဝန်ရှိသည်ဟု ပါတီတွင် အဆက်ဆက် တာဝန်ယူခဲ့သော လူငယ်တွေ့ဆုံပွဲတွင် မျိုးဆက်ဟောင်းများက ပြောကြားလိုက်သည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19569

မြန်မာနိုင်ငံတွင် အမျိုးသားထက် အမျိုးသမီးဦးရေ နှစ်သန်းခန့်ပိုများ

ရှေ့ပြေးသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၁ သန်း ကျော်တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် နှစ်သန်းနီးပါး(၁ ဒသမ ၇ သန်း) ခန့် ပိုများပြားနေကြောင်း ၂၀၁၄ ခုနှစ်လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။
သတင်းအပြည့်အစုံဖတ်ရန် - http://www.7daydaily.com/story/19588

နာခံအောင် အပြစ်ပေးခြင်းတို့ရဲ့ ရလဒ်ကို စိစစ်ခြင်း

ကျောင်းတစ်ကျောင်းမှာသူငယ်တန်း ကျောင်းသားလေး တစ်ယောက်ကို အပြစ်ပေး ဆုံးမခံရတဲ့အကြောင်း
ဖတ်လိုက်ရတယ်။ အဲဒီကလေးက အခြားကလေးတစ်ယောက်ကို ခဲတံနဲ့ ထိုးခဲ့တယ် ဆိုတယ်။
ဒါကို အပြစ်ပေးတဲ့အနေနဲ့ အတန်းပိုင်ဆရာမက ကလေးငယ်ကို အတန်းရှေ့မှာထွက်ပြီး
ရပ်ခိုင်းထားတယ်။ အဲဒီကျောင်းကပဲ ကလေးရဲ့အစ်မ ကျောင်းသူလေးတွေရဲ့
ရှေ့မှာလည်း ရိုက်နှက်တယ်။ မိဘခေါ်ခိုင်းတယ်။ ရဲနဲ့ခြိမ်းခြောက်တယ်။ မိဘတွေ
ရောက်လာတော့ မိခင်ရှေ့မှာ တစ်ခါရိုက်ပြန်တယ်။ ရဲစခန်းပို့မယ်လို့ ထပ်ပြီး
ခြိမ်းခြောက်တယ်။

သံဃာသင်းခွဲကံ သင့်သူ

မေးလျှောက်အပ်ပါသည်ဘုရား၊

ပဉ္စာနန္တရိယကံနဲ့ပတ်သက်ပြီး မရှင်းလို့ မေးစရာလေးရှိပါ တယ်။ သိလိုတာက လူတွေ(သာမန်အရပ်သား သို့မဟုတ် ဥပါသကာ ဥပါသိ ကာမတွေ)က သံဃာညီညွတ်မှုကို ပျက် ပြားအောင်လုပ်တာလား သို့တည်းမဟုတ် အမှတ်တမဲ့ဖြစ်စေ တမင်သက်သက်ဖြစ်စေ သံဃာကပဲ သံဃာညီညွတ်မှုကို ပျက်ပြားအောင်လုပ်နိုင်တာလား။ ဥပမာတစ်ခုပြောရရင် တချို့ နေရာတွေမှာ ဗုဒ္ဓဘာသာဝင်(လူ)တွေနဲ့ ဘုန်းကြီးတွေ ဘုန်းကြီး ကျောင်းကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အငြင်းပွားကြတာရှိပါ တယ်။

UNFC ညီလာခံမှ နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင်တစ်ခု ဆွေးနွေးနိုင်လိမ့်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ပထမအကြိမ် ညီလာခံသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပထမအကြိမ် ညီလာခံကို ချင်းမိုင် မြို့၌ သြဂုတ်လ ၂၅ ရက်နေ့က စ တင်ကျင်းပခဲ့ခြင်းဖြစ်သည်။