The Irrawaddy ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် စည်သူအောင်မြင့်၏
အချက်အလက်မှားယွင်း ရေး သားချက်များနှင့် ပတ်သက်၍ Eleven Media Group
နှင့် The Irrawaddy ဂျာနယ်တို့ တွေ့ဆုံရှင်းလင်း ညှိနှိုင်းပြီးနောက်
ဤသဘောတူညီချက်အား အသိပေး ထုတ်ပြန်အပ်ပါသည်။
(၁) The Irrawaddy
ဂျာနယ်ပါ ဆောင်းပါးရှင် စည်သူအောင်မြင့်၏ အချက်အလက်မှားယွင်း ရေးသားမှုကို
Eleven Media Group က အချက်အလက်များနှင့် ရှင်းလင်းပြောကြားမှုအား The
Irrawaddy မှ သဘော ပေါက် လက်ခံခဲ့ပါသည်။
(၂) သို့ပါ၍
ဆောင်းပါးခေါင်းစဉ်ဖြစ်သော “ပြန်ကြားရေး၊ မီဒီယာနဲ့
နိုင်ငံရေးဂိုဏ်းဂဏပြဿနာများ” သည် မှားယွင်းသော ကောက်ချက်ဆွဲမှုဟု
နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါသည်။
(၃) Eleven Media Groupနှင့်
The Irrawaddy သတင်းဌာနတို့အကြား မီဒီယာ လွတ်လပ်ခွင့်နှင့် အမှန်တရား
ဖော်ထုတ်မှုများတွင် တူညီသော သဘောထားအမြင်များနှင့် အပြန်အလှန်ဆက်ဆံမှုများ
ရှိခဲ့ပြီး ဖြစ်ရာ နောက် နောင်တွင်လည်း မီဒီယာလွတ်လပ်ခွင့်၊ လူ့အခွင့်အရေး
ရရှိရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးများ အတွက် သတင်းအချက်အလက်များ
အပြန်အလှန်ဖလှယ်၍ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ပါ ကြောင်းကို
အသိပေးအပ်ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment