Saturday, April 18, 2015

ရွေးကောက်ပွဲ ၀င်၊ မ၀င်ကို မဆုံးဖြတ်ရသေးကြောင်း သမ္မတ ဦးသိန်းစိန် ပြော

 ရန်ကုန်၊ ဧပြီ ၁၀

လာမည့် ၂၀၁၅ ရွေးကောက်ပွဲဝင်မည်၊ မ၀င်မည်ကို မဆုံးဖြတ် ရသေးကြောင်း ဧပြီ ၉ ရက်က ဂျပန်သတင်းဌာန Mainichi Shibun နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတ ဦးသိန်းစိန်က အင်္ဂလိပ်ဘာသာဖြင့် ထည့်သွင်း ဖြေဆိုလိုက်သည်။

ဂျပန်သတင်းဌာန Mainichi Shibun နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် အကယ်၍ ဦးသိန်းစိန် အနေဖြင့် ဒုတိယအကြိမ် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက ပထမဦးစားပေး အစီအစဉ်များက မည်သည်များ ဖြစ်နိုင်မလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မီဒီယာသမားအဖြစ် သိသာရန် Press စာတန်းပါ ကုတ်အင်္ကျီများ ဖြန့်ဝေမည်

 ရန်ကုန်၊ ဧပြီ ၈

ပြည်တွင်းရှိ နယ်စပ်စစ်ပွဲ သတင်းများနှင့် ပဋိပက္ခဖြစ်ပွားသည့် နေရာများ တွင် သတင်းမီဒီယာသမားများ သတင်းရယူရာ၌ လုံခြုံမှုရှိစေရန်နှင့် သတင်းသမားအဖြစ် သိသာစေရန် ရည်ရွယ်၍ Press စာတန်းပါ ကုတ်အင်္ကျီများကို သတင်းမီဒီယာဌာနများသို့ ဖြန့်ဝေသွားရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)တို့က စီစဉ်လျက်ရှိသည်။

ကုတ်အင်္ကျီဖြန့်ဝေမှုကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က International Media Support အဖွဲ့အစည်းနှင့် ပူးပေါင်း၍ သတင်းဌာနများအား အနည်းဆုံး နှစ်စုံစီကို သင်္ကြန်ကာလအပြီးတွင် အခမဲ့ ဖြန့်ဝေမည်ဖြစ်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အနေဖြင့် သင်္ကြန်ကာလအပြီးတွင် MJN ရုံးခန်း၌ ရောင်းချပေးမည်ဖြစ်သည်။

ဘဏ္ဍာငွေ လိုအပ်ချက်ကြောင့် ပလက်ဝမြို့အတွက် မဟာဓာတ်အားလိုင်း သွယ်တန်းနိုင်ဦးမည်မဟုတ်

 ရန်ကုန်၊ ဧပြီ ၉

ချင်းပြည်နယ် ပလက်ဝမြို့အတွက် လိုအပ်သည့် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးမှာ မဟာဓာတ် အားလိုင်းကို ရခိုင်ပြည်နယ် ကျောက်တော်မှတစ်ဆင့် သွယ်တန်းရန် ကုန်ကျစရိတ်ပေါင်း ကျပ်သန်း ၆၈၃၀ ခန့်ရှိပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲ ဝေပေးနိုင်မှု အခြေအနေအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယင်း စီမံကိန်းကို လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ နောင်လာမယ့် ဘဏ္ဍာနှစ်များအတွင်း ရန်ပုံငွေရရှိမှသာလျှင် ဆောင်ရွက် ပေးနိုင် မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက ဧပြီလ ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားလိုက်သည်။

ဒေါ်ခင်ဝင်း သေနတ်ပစ်ခံရမှု ရုံးချိန်းပြန်ကားတိုက်ခံရမှုတွင် ကားသမားကို ဖမ်းမိခြင်းမရှိဟု ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူးဆို

ရန်ကုန်၊ ဧပြီ ၇

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွား သည်ဟု သံသယရှိသူ ဒေါ်ခင်ဝင်း အမှုစီရင်ချက်ချသည့် ဧပြီလ ၉ ရက် ရုံးချိန်းအား သွားရောက်၍ပြန်လာ ကြသည့် တောင်သူများ စီးနင်းလာသော ထော်လာဂျီ ကားအတိုက်ခံရမှုတွင် တရားခံ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ပြောကြားသည်။

ဒေါ်ခင်ဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စီရင်ချက်ချသည်ကို သွားရောက်ကြသော သူတစ်စုပါသော ထော်လာဂျီသည် ဆားလင်းကြီးကျေးရွာမှဖြတ်ပြီး သရက်ရွာကို ပြန်လာစဉ် ပုသိမ်လမ်းမမှ တောင်ဘက်မှ မြောက်ဘက်သို့ ဖြည်းဖြည်းချင်း မောင်းလာသည်ကို မျက်နှာချင်းဆိုင်မှ

စိုးရိမ်ရေမှတ် မရောက်သေးသည့် ငွေကြေးဖောင်းပွမှု ပြဿနာ

 ရန်ကုန်၊ ဧပြီ ၉

လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း မြင့်တက် လာနေသော်လည်း မြန်မာ့စီးပွားရေး အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအတိုင်ပင်ခံ ဦးသန်းလွင်က ဧပြီလ ၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဟုတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး။ သူများနိုင်ငံက ၅၀ တို့ ၁၀၀ တို့တက်တာ အများကြီးပဲ၊ မစိုးရိမ်ပါနဲ့။ ငွေကြေးဖောင်းပွမှုကတော့ ဒါထိုက်သင့်သလောက်တော့ ရှိရမှာပဲ။ ဘယ်တိုင်းပြည် မဆို ငွေကြေးဖောင်းပွမှု ရှိရတာပဲ။ မရှိရင် တိုင်းပြည်က ဇောက်ထိုးကျသွား

Tuesday, April 14, 2015

ပန်ဆန်းတွင်ပြုလုပ်မည့် တိုင်းရင်းသားညီလာခံတွင် ကိုးကန့်အပါအဝင် သုံးဖွဲ့ကို မဖိတ်ရန် အစိုးရပြောသော်လည်း UWSA ဖိတ်ထား

ချင်းမိုင် (မဇ္ဈိမ)။ ။ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဌာနချုပ် ပန်ဆန်းတွင် ကျင်းပမည့် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံသို့ တက်ရောက်ရန် အဖွဲ့အစည်း ၁၂ ဖွဲ့ကို ဖိတ်ကြားလိုက်ပြီဟု UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောသည်။

“ဖိတ်စာတွေ ပို့ပြီးပြီ။ တချို့လည်း ရပြီ။ တချို့လည်း မရသေးဘူး။ မရသေးတာတွေ အားလုံး ပြန်ပို့နေတယ်။ အခုလောလောဆယ်က ၁၂ ဖွဲ့ဖိတ်ထားတယ်။ မိုင်းလာက အစည်းအဝေးရဲ့ အထောက်အကူပြုအဖွဲ့ ဖြစ်တယ်။ ၆ ရက်က အားလုံးဖိတ်တာ။ တချို့က မရသေးတာတွေ ပြန်ပို့နေပါတယ်။”ဟု ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

တပ်မတော် နှင့် ကိုးကပ်တိုက်ပွဲရပ်ပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် သမ္မတနှင့် ကာချုပ်ထံ UNFC စာပို့

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့ တိုက်ပွဲများရပ်ပြီး ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရန်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သင်္ကြန်အကြိုနေ့တွင် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်သည်။

UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လက်မှတ်ဖြင့် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ထံ ဧပြီလ ၁၃ ရက်ဖြင့် စာပေးပို့လိုက်ခြင်း ဖြစ်သည်။

“NCA အတွက် အဆင်သင့်ဖြစ်အောင်လို့ပါ။ ကျွန်တော်တို့ တည်ငြိမ်အေးချမ်းမှုရအောင် ကျွန်တော်တို့ဘက်က မြင်ချင်ပါတယ်။ ဒီရက်ပိုင်းတွေမှာက ကြားရတဲ့ သတင်းအခြေအနေက

IC Showပွဲ Gran Royal ဆီက စပွန်ဆာမယူဘဲ ဝင်ကြေးနဲ့တင်ဆက်

ရန်ကုန် (မဇ္ဈိမ) ။ ။ လေးနှစ်ဆက်တိုက် ကန်တော်ကြီးအတွင်း Grand Royal၏ စပွန်ဆာဖြင့် သင်္ကြန်မဏ္ဍပ်ဆောက်ကာ ပရိတ်သတ်များအား ဖျော်ဖြေပေးခဲ့သော်လည်း ယခု ငါးနှစ်မြောက်နှစ်တွင် Grand Royalထံမှ စပွန်ဆာမယူတော့ဘဲ Iron Cross အဖွဲ့ကို ဖိတ်ကြားကာ ပန်းခြံဝင်ကြေးသာ ကောက်ခံ၍ အခမဲ့ဖျော်ဖြေခဲ့သည်ဟု ပွဲစီစဉ်သှူStar and Model agncy တည်ထောင်သူ ဂျွန်လွင်က မဇ္ဈိမကို ပြောသည်။

 MG 6015 copy

အစိုးရတပ်နှင့် ကိုးကန့်တို့ ခြောက်ရက်ကြာ တိုက်ပွဲဖြစ်၊ သေဆုံးဒဏ်ရာရသူ ၆၀ခန့်ရှိမည်

ရှမ်းပြည်နယ် လောက်ကိုင်ဒေသအတွင်း အစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရစစ်တပ်အင်အား ထပ်မံဖြည့်တင်းမှုများ ရှိနေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

လောက်ကိုင်မြို့၏ အရှေ့တောင်ဘက် တုန်းရှန်းဒေသ ခုတ်ထန်ပတ်ဝန်းကျင်တွင် အစိုးရ စစ်တပ်က အင်အား ၁၈၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

Monday, April 13, 2015

လူ့ငရဲ ဦးဝင်းတင်နှင့် မောင်မိုးသူ – မောင်မိုးသူ

၃ တိုက်မှာက ဦးဝင်းတင်၊ အောင်လွင်၊ မောင်ဝံသ၊ ဗေဒင်ဆရာ ၂ ယောက်ဖြစ်တဲ့ မင်းသိင်္ခ၊ စံ-ဇာဏီဘို တို့အပြင် ဦးရဲထွန်းလည်း ရှိပါတယ် … မောင်မိုးသူတို့ ၇ ယောက်ကတော့ ကြိုးသမား ၁၀၀ ကျော်တို့ အလယ်မှာ မျက်နှာငယ်နဲ့ ၀ိုင်းဆဲဆို ကြိမ်းမောင်းခြင်း ခံရပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်တစ်ပတ်မှအဆက်

ထောင်ထဲမှာ တိုက်တွေက ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ရှိတဲ့အထဲမှာ အားလုံးက တစ်ဖက်ရပ်တိုက်တွေဖြစ်ပါတယ်။ ၂ တိုက်ကတော့ ရင်ခွဲတိုက်ဖြစ်ပြီး အကြီးဆုံးတိုက် ဖြစ်ပါတယ်။ အစကတော့ အားလုံးရော ကောသောကော ထားပေမယ့် သေဒဏ်ကျခံရတဲ့ ကြိုးသမားများချည်းစုပြီး ၂ တိုက်မှာ ထားပါတယ်။ အဲဒီ သေဒဏ်သမား တွေချည်းထားတဲ့ ကြိုးတိုက်(၀ါ) ၂ တိုက်ထဲကို နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ထောင်က ၄ နာရီ၊ ၅ နာရီဆိုရင် ထောင်ပိတ်ရစမြဲ ဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရသည့် ရဲနှစ်ဦးကို ဘာသာပေါင်းစုံသုဿန်တွင် ယနေ့ သင်္ဂြိုလ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မူဆယ် ၁၀၅ မိုင်-ပန်ဆိုင်းကားလမ်းမပေါ်ရှိ လုံခံကျေးရွာ ညောင်ပင်အနီးတွင် မူးယစ်ဆေးဝါးရဲတပ်ဖွဲ့တို့ ဧပြီလ ၁၁ ရက်က မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးသူ ရဲနှစ်ဦးကို ဧပြီ ၁၃ရက်တွင် ဘာသာပေါင်းစုံ သုဿန်တွင် သင်္ဂြိုလ်ခဲ့သည်ဟု မူဆယ်မူးယစ်ဆေးဝါးတပ်ဖွဲ့က ပြောသည်။

ဧပြီ ၁၃ရက် မွန်းလွဲ ၁ နာရီတွင် မူဆယ်ဆေးရုံမှ ဘာသာပေါင်းစုံ သုဿာန်တွင် သဂြိုလ်မည် ဖြစ်သည်။

မူဆယ် မူးယစ်ဆေးဝါးတပ်ဖွဲ့များက တာဝန်အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်အရ ရှာဖွေရေး လုပ်ဆောင်နေစဉ် မိုင်းခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ရဲအုပ်စိုးဝင်းနိုင်နှင့် ရဲအုပ်စိုင်းကျော်မြင့်ထွန်း သေဆုံးကာ တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ သုံးဦး ဒဏ်ရာ ရှိခဲ့ခြင်း ဖြစ်သည်။

ဦးထိန်လင်းနှင့် ဂျာကင်တစ်ထည် – မြတ်ဆွေ

ယခုနှစ်ဆောင်းရာသီသည် သိပ်မအေး၊ ပူနွေးနွေးအိုက်စပ်စပ်ပင် ရှိနေသည်ဟုထင်ရ၏။ ဆောင်းတစ်နေ့ နံနက်ခင်းတစ်ခုတွင် ကျွန်တော်၏ အ၀တ်ဗီရိုကို ဖွင့်ကြည့်မိသည်။ အနွေးထည်အချို့ကို တွေ့ရ သည်။ အေးသော ဆောင်းမဟုတ်၍ အနွေးထည်များကို တို့ထိမိခြင်းပင်မပြုမိ။

သို့သော် ထူထဲသောဂွမ်းကပ်နှင့် ဂျာကင်ကြီးတစ်ထည်ကိုတော့ ထုတ်ယူကိုင်တွယ် ကြည့်မိသည်။ မိုးရေကာ သားရေဖုံးနှင့် အလွန်အအေးလုံမည့် ဂျာကင်ကြီးဖြစ်သည်။

ထိုဂျာကင်ကြီးကို သေချာစွာမ၀တ်မိ။ တရိုတသေတော့ သိမ်းထားမိသည်။ အကြောင်းမှာ ထိုဂျာကင်ကြီးတွင် ရာဇ၀င်ရှိသောကြောင့် ဖြစ်လေသည်။

၁၉၉၈ ခုနှစ်က စာရေးဆရာကြီး သိန်းဖေမြင့် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် သူ၏မိသားစုက ဆရာ၏ ဂူဗိမာန်ရှိရာ ဘုတလင်တွင် တခမ်းတနားကျင်းပသည်။

ရင်းနှီးကျွမ်းဝင်သော စာရေးဆရာ တချို့လိုက်ပါရန် ဖိတ်ကြားသည်။ ထို အခမ်းအနား ကမကထ ပြုလုပ်သူ တစ်ဦးအဖြစ် သတင်းစာဆရာဦးထိန်လင်း ပါဝင်သည်။ သူသည် ဗိုလ်တထောင် သတင်းစာ အယ်ဒီတာချုပ် အဖြစ်မှ အနားယူပြီးဖြစ်၍ ဆရာသိန်းဖေမြင့်နှင့် လွန်စွာရင်းနှီးသော ရဲဘော်မိတ်ဆွေ တစ်ဦးဖြစ်သည်။

ဦးထိန်လင်းသည် အနားယူပြီး စာပေရေးသားမှုနှင့် စာဖတ်ခြင်းကိုသာ လုပ်ဆောင်နေသည်။ စာရေးဆရာ နတ်နွယ် ဦးစီး၍ ကျွန်တော်တို့ ၀ိုင်းဝန်းလုပ်ကိုင်နေသော နွယ်နီမဂ္ဂဇင်းမှာလည်း ဆောင်းပါးများရေးသည်။ မကြာခဏ သူ၏အိမ်သို့ ဖိတ်ကြားကာ ကျွေးမွေးတတ်သည်။

ဦးသိန်းဖေမြင့် နှစ်ပတ်လည် ဘုတလင်သို့ ခရီးထွက်ရန် အကြောင်းပေါ်လာတော့ ကျွန်တော်တို့အား လိုက်ပါရန် ဖိတ်ခေါ်သည်။ ကျွန်တော်နှင့် ဆရာနတ်နွယ် လိုက်ဖြစ်သည်။

ဆောင်းရာသီဖြစ်၍ အညာဒေသမှာ တော်တော်အေးနေပြီဟု ဆိုကြသည်။ အနွေးထည် ကောင်းကောင်း လိုသည်။ ခရီးမထွက်ခင် တစ်ညနေ အလိုတွင် ဦးထိန်လင်းအိမ်သို့ ကျွန်တော် လိုက်သွားသည်။

“အတော်ပဲ ခင်ဗျားလာတာ။ ပေးစရာရှိတယ်”ဟု ဆိုကာ ဂျာကင်အင်္ကျီကြီးကို ထုတ်ပေးတော့သည်။

“အဟောင်းမဟုတ်ဘူးဗျ။ မိတ်ဆွေ တစ်ယောက်က လက်ဆောင်ပေးသွားတာ” ကျွန်တော့်မှာလည်း အနွေးထည်တွေ ရှိနေတော့ ခရီးထွက်ရင် ခင်ဗျားဝတ်ဖို့ ယူပါ”ဟု ဆိုလေသည်။

သူက စိတ်အားထက်သန်စွာ ပေးသဖြင့် ထိုဂျာကင်ကြီးကို ယူခဲ့ရလေသည်။ ဂျာကင်ကြီးဆိုသည့်အတိုင်း အရပ်ပုသော ကျွန်တော်ဝတ်လိုက်လျှင် ဖားဖားကြီး ဖြစ်နေတော့၏။

“၀တ်သာဝတ်ပါဗျ။ အညာဆောင်းက သိပ်အေးတာ . . .” ဟု ဦးထိန်လင်းက ထပ်မံတိုက်တွန်း နေပြန်သည်။ သို့ဖြင့် ထိုခရီးတွင် ကျွန်တော်သည် ဂျာကင်ကြီး တဖားဖားနှင့် လိုက်ပါမိတော့သည်။ အမှန်ပင် အညာ ဆောင်းကား အေးလှသည်။ ဦးထိန်လင်းကိုပင် ကျေးဇူးတင်ရတော့သည်။

ယခုအခါမှာတော့ ဦးထိန်လင်းမရှိတော့။ သူကွယ်လွန်သွားသည်မှာ ၁၀ နှစ်ကျော်ပြီ။ တစ်နေ့ကမှ သူလက်ဆောင် ပေးသွားသော ဂျာကင်ကိုကြည့်ပြီး သတိရ လွမ်းဆွတ်မိတော့သည်။

ဦးထိန်လင်းသည် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ပြည်သူ့ရဲဘော်အဖွဲ့ခေါင်း ဆောင်ကြီး ဗိုလ်ဖိုးကွန်း၏ တပည့်ဖြစ်သည်။ ပြည်သူ့ရဲဘော်များ လက်နက်စွန့်သောအခါ မြေပေါ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးသမားဆိုလျှင် အချို့က အထင်သေးကြသည်။ ဘက်ပြောင်းသော၊ ခြံခုန်သော နိုင်ငံရေးသမား တချို့ကြောင့်ဖြစ်၏။ ဦးထိန်လင်းကား လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီးနောက် ရိုးသားစွာဘ၀ကို ရပ်တည်သည်။ ခေတ်ပညာကိုကောင်းစွာ သင်ခဲ့ရသော်လည်း သတင်းစာသမားကောင်း တစ်ဦးဖြစ်ရန် ကြိုးစားအားထုတ်သည်။ ဗိုလ်တထောင် သတင်းစာတွင် ပါဝင်ရေးသားရင်း အယ်ဒီတာချုပ်အထိ ဖြစ်လာခဲ့သည်။

သူသည် ရိုးသားသည်နှင့်အမျှ ရိုးသားဖြူစင်သော မိတ်ဆွေများနှင့်သာ ပေါင်းသင်းသည်။ မကြာမီက နှစ် ၁၀၀ ပြည့် စာအုပ်ကြီး ထုတ်ဝေခဲ့သော သခင်ခင်ညွန့်သည် ဦးထိန်လင်း၏ မိတ်ဆွေရင်းဖြစ်သည်။ ဦးထိန်လင်းက ဆူးလေ ဘုရားလမ်းမှာနေ၍ သခင်ခင်ညွန့်က ၃၃ လမ်းတွင် နေရာ မကြာခဏ တွေ့ဆုံနိုင်ကြသည်။

နိုင်ငံရေး အတွေးအမြင်များကို ဖလှယ်ဆွေးနွေးကြသည်။ ကျွန်တော်သည်တစ်နေ့က စာအုပ်များကို ရှင်းလင်းစဉ် စာကလေး တစ်စောင်တွေ့မိသည်။

ထိုစာမှာ ဦးထိန်လင်းစာတိုက်က ထည့်လိုက်သော စာဖြစ်သည်။ ကျွန်တော် သူ့ထံ မလာတာကြာ၍ နေထိုင် မကောင်း ဖြစ်နေသလား စိုးရိမ်မိကြောင်း သူ့ကိုဆက်သွယ် အကြောင်းပြန်ပါ။ လိုအပ်သော အကူအညီ တောင်း ပါဟု ရေးသားထားသည်။

သူ့ထံမှာ တယ်လီဖုန်းရှိသော်လည်း ထိုစဉ်က ကျွန်တော့်မှာ ဖုန်းမရှိသဖြင့် အဆက်အသွယ် ပြတ် မိခြင်း ဖြစ်လေသည်။

မကြာမီက နှစ်၁၀၀ပြည့် သခင်ခင်ညွန့်အကြောင်း စာအုပ်ကြီး ထွက်လာသည်။ ထိုစာအုပ်ထဲမှာလည်း ဦးထိန်လင်း အကြောင်းအရာများ၊ ဓာတ်ပုံများပါသည်။ သူ့ကို ပြည်သူ့ရဲဘော်ဘ၀က အမည်အတိုင်း ဗိုလ်ထိန်လင်းဟု လည်း ခေါ်ကြသည်။

ယခုအခါ စာပေနယ်၌ ကျင်လည်နေသော စာရေးဆရာမော်လင်း၊ ရှေ့နေ ကိုဇော်လင်းတို့မှာ ဗိုလ်ထိန်လင်း၏ သားများဖြစ်ကြသည်။ ကျွန်တော်သည် ဗိုလ်ထိန်လင်း၏ ဂျာကင်တစ်ထည်ကို အကြောင်းပြုပြီး သူ့အား သတိတရ အလွမ်းစာကို ရေးဖွဲ့မိလေသည်။


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်ကြမလဲ – ဆလိုင်းယောအောင်(မကဒတ)

ဦးသိန်းစိန်အစိုးရက လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရေး အတွက် နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်မည့် နိုင်ငံရေးယဉ်ကျေးမှု တစ်ရပ်ကို ထူထောင်သွားမည်။ ငြိမ်းချမ်းရေးအရယူရန် သန္နိဋ္ဌာန်ချထားသည်ဟု တွင်တွင် ပြောသော်လည်း တစ်ဖက်တွင် တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုမှုများကို ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်သို့ သွတ်သွင်းလျက်ရှိသည် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငြိမ်းချမ်းရေးဆိုသော စကား၏ အနက်အဓိပ္ပာယ်သည် အလွန်ကျယ်ဝန်း နက်ရှိုင်းသည်ကို စာဖတ်သူများ သိကြမှာ ဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရှိသလားမေးရင် မရှိဘူးဟု ဖြေရမှာဖြစ်ပါ သည်။ ငြိမ်းချမ်းရေးနှင့်အတူ လုံခြုံရေးကိုပါ ယှဉ်တွဲပြီး စဉ်းစားရမှာ ဖြစ်ပါ သည်။ ဘာလုံခြုံရေးလဲ။ လူသား

Sunday, April 12, 2015

တယ်လီနောက သင်္ကြန်တွင်း ဖုန်းဘေလ်ချေးပေးမည်

ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက သင်္ကြန်ကာအတွင်း တယ်လီနောဖုန်းအသုံးပြုသူများ ဖုန်းဘေလ် ၂၀၀ကျပ်အောက် ရောက်ချိန်တွင် ကျပ် ၅၀၀ကို ချေးငှား အသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ထားသည်။

ကြိုတင်ငွေ ကျပ် ၅၀၀ ရယူနိုင်ရန် *500#ကို ဖုန်းခေါ်ဆိုကာ ကြိုတင်ငွေ တောင်းခံ၍ ချေးငှားနိုင်မည်ဖြစ်သည်။ ရရှိသည့် ကြိုတင်ငွေအား *124*1#ကို နှိပ်ကာ ဖုန်းဘေလ်စစ်နိုင်မည်ဖြစ်သည်။

လက်ပံတန်းရိုက်ပွဲနှင့် ယခုနှစ် သင်္ကြန်သံချပ် – ထက်မြက်

အစပိုင်းက ယဉ်ကျေးမှု၊ အနေအထိုင်၊ စရိုက်လက်္ခဏာ၊ စာပေအရေးအသား စသည်များကို သရော်စာ အဖြစ် သံချပ်ထဲတွင် သံချပ်ရေးသူများက ရင်ဖွင့်ခဲ့ကြသော်လည်း နောင်အခါတွင် အုပ်စိုးသူလူတန်းစား အပေါ် ထောက် ပြဝေဖန်လာခဲ့ကြသည်။ ဖဆပလခေတ်က လည်း ပြူစောထီးခေါ် ခါးပိုက်ဆောင် တပ်ဖွဲ့ဖြစ်သည့် ဖဆပလ၏ လက်ရုံးလူမိုက်များ အကြောင်း ဖော်ထုတ်ခဲ့ပြီး . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်သစ်ကူးပွဲတော်များတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ၏ ပွဲတော်ဖြစ်သော သင်္ကြန်ပွဲတော်သည် ထင်ရှား သောနှစ်သစ် ကူးပွဲတော်ဖြစ်လေသည်။ ထင်ရှားရသည့် အကြောင်းတွင်

သင်္ကြန်မိုးရွာနိုင်

မဇ္ဈိမ

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း/မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း နှင့် တနင်္သာရီတိုင်းများတွင် သင်္ကြန်မိုး ရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ုဧပြီ ၁၁ရက် ညနေ ၃နာရီ ခန့်မှန်းချက်အရလည်း အနောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ဧပြီ ၁၁ရက် ညနေမှ ၃ရက် (၇၂နာရီ)အတွင်း တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသများတွင် နေရာကွက်ကြား မိုးရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

သတင်းမီဒီယာသမားဆိုတာ အမှန်တရားကို ပြည်သူအတွက် တင်ဆက်ဖို့လာတာ

သတင်း မီဒီယာမရှိရင် အမှန်တရားဟာ လုပ်ကြံခြင်း ခံသွားရနိုင် . . . အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်(ဗိုလ်ချုပ်-ငြိမ်း)
တပ်မတော်အစိုးရလက်ထက် ကက(ပြည်) ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တို့ ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန်နှင့်အမျှ ရှိနေ . . .ယခုမှလာပြီး အကြီးအကျယ် သတိရ နေတာ မဟုတ်ဘူး ဆိုတာ ပြောကြားလို . . .ဗိုလ်ချုပ် ရဲ့ မြင့်မားတဲ့ဂုဏ်ရည်ပင်စည်ပေါ်တက်ပြီး တပ်မတော်ကို သစ်ခွပန်းဖြစ်အောင် လုပ်နေတာ လည်း မဟုတ် . . . ဗိုလ်ချုပ်ပြောခဲ့တဲ့

ပုဒ်မ ၁၄၄ ရုပ်သိမ်းခြင်း – ဦးအံ့မောင် (မဟာဝိဇ္ဇာ-ဘုံဘေ)

 မြန်မာနိုင်ငံပိုင်ကြယ် ငါးပွင့်သင်္ဘောတစ်စင်းသည် စင်ကာပူနိုင်ငံမှ ရန်ကုန်သို့ ပြန်လာခဲ့ရာ ကိုကိုးကျွန်းအနီး၌ ရေတပ်ကြီးတစ်ခုက ကမ်းတက်သင်္ဘောများ၊ သံချပ်ကာကားများ အတက်အဆင်း လေ့ကျင့်နေကြသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်သို့ ပြန်ရောက်လာသောအခါ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ယခင်တစ်ပါတ်မှအဆက်

ထိုအချိန်တွင် ဥက္ကဋ္ဌကြီး ဦးနေ၀င်း နှပ်ကြောင်းပေးသွားသော ပါတီစုံဒီမိုကရေ စီစနစ်ကို ခွင့်ပြုနိုင်ရန်အတွက် ပါတီဗဟို အမှုဆောင် ကော်မတီ (““C.C ””) အဖွဲ့ဝင် တစ်ထောင်ကျော်ကမူ မရမ်းကုန်းမြို့နယ် ပါတီဌာနချုပ် ကြီး၌ ကျင်းပရန် (၁၂-၉-၁၉၈၈)တွင် ချိန်းဆို ကြေညာချက်

ရွေးကောက်ပွဲ သားပျက်မကျဖို့၊ တိုင်းပြည် အနာဂတ် ဖြောင့်ဖြူးဖို့ တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက်၊ ကယ်ပေါက် – လင်းထိုက် (Y.I.T)

တပ်မတော်နဲ့ အရပ်သားအစိုးရ၊ အတိုက်အခံတွေ ထိပ်တိုက်တိုးနိုင်ချေတွေ ပေါ်ပေါက်ခဲ့ရင် တပ်မတော်ကလည်း အခြေခံဥပဒေက ပေးထားတဲ့ ပါဝါကို အပြည့်အ၀ထုတ်သုံးပြီး တပ်မတော်အခန်းကဏ္ဍကို မြှင့်တင်ခဲ့ရင် တိုင်းပြည်အနာဂတ်ဟာ ရတက်မအေးစရာတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီအခက်အခဲ ကို ကျော်လွှားဖို့ တစ်ခုတည်းသော နည်းက ရွေးကောက် ပွဲ မတိုင်ခင်မှာတင် နောင်အာဏာရလာနိုင်ချေရှိတဲ့ အစိုးရ၊ အတိုက် အခံ အင်အားစု၊ တိုင်းရင်း သားတွေနဲ့ တပ်မတော်တို့ တင်ကြိုသဘော တူညီမှုယူတဲ့ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ် မဖြစ် မနေ လိုအပ်နေပါတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅၊ ဧပြီ ၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုက်တာသတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Andrew R.C Marshell နဲ့ Simon Web တို့ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပါ တယ်။ တွေ့ဆုံမှု

တိတ်တိတ်နေက “ထောင်”တန်လျှင် – အောင်သာ(ပီသုံးလုံး)

ဒီချုပ်ဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ ရွှေ့ကွက်ဟာ ရန်သူအဖြစ်မှ မိတ်ဆွေနဲ့ ပူပေါင်းဆောင်ရွက် သူအဖြစ် (ဂ) ကွေ့ကွေ့လိုက်တာပါပဲ … ဒီအပြုအမှုအတွက်၊ လူထုကြီးနဲ့ ကြံ့ဖွံ့အစိုးရအကြားက တင်းမာမှုကိုအများကြီး လျော့ကျသွားစေခဲ့ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိမိရဲ့ “နိုင်ငံရေးဝေဖန်ချက်များ”ကို စောင့်ကြည့်ဖတ်ရှုနေတဲ့ ထောင်ကျဘက် တစ်ဦးက “ခင်ဗျားဝေဖန်ချက် များကို ဘယ်လိုရေးသလဲဗျ” လို့ မေးခွန်းထုတ်ပါတယ်။ မိမိရဲ့ ဝေဖန်ချက်များကို ဖတ်ကြတဲ့သူများထဲမှာ လူ့ သက်တမ်းအရ ၄၀၊ ၅၀၊ ၆၀ တန်းများပါမှာ သေချာပါတယ်။ ဒီလူ့သက်တမ်း အထက်မှာရော၊ အောက်မှာပါ ပါဝင်ကြမှာ သေချာပါတယ်။ ဒါအကြမ်းဖျင်း ခန့်မှန်းတာပါ။ ဒီဝေဖန်စာလေးများ ရေးတဲ့သူဟာ

သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားနှင့် ကက်စထရို လက်ဆွဲနုတ်ဆက်

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုတို့သည် သမိုင်းဝင် အမေရိကန် ထိပ်သီးဆွေးနွေးပွဲတစ်ခုတွင် လက်ဆွဲနုတ်ဆက်ကာ တစ်ဦးနှင့် တစ်ဦး အနီးကပ်ထိုင်ခဲ့ကြသည်။ ယင်းကဲ့သို့အခြေအနေမှာ ဆယ်စုနှစ်များစွာ ရန်ဘက်ဖြစ်နေမှုကို အဆုံးသတ်ရန် ကြိုးပမ်းသော သမိုင်းမှတ်တိုင်သစ်တစ်ခုလည်းဖြစ်သည်။ ပနားမားစီးတီးရှိ ကွန်ဗင်းရှင်းစင်တာတွင် တခြားဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ထိုင်ခုံတွင် မထိုင်ကြသေးမီ ကုလအကြီးအကဲ ဘန်ကီမွန်းက ရပ်ကြည့်နေစဉ် အိုဘားမားနှင့် ကက်စထရိုတို့က နုတ်ဆက်ခဲ့ခြင်းဖြစ်သည်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦး ရာဇဝတ်မှုကြောင့် ရာထူးမှ ယာယီ ထုတ်ပယ်ခံရ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဗဟိုအမြဲတမ်းကော်မတီဝင် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်အား ရာဇဝတ်မှု တစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ရှိသဖြင့် ဗဟိုကော်မတီဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော်တို့အဖွဲ့အစည်းရဲ့ကိစ္စက မှုခင်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ လုပ်တာပါ။ ဗဟိုကော်မတီ တစ်ဦးမှာ သူ့ရဲ့လုပ်ငန်းစဉ် ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုမှာ တရားရေးဌာနတင်ပြချက်အရ တရားရေးက စုံစမ်း စစ်ဆေးတဲ့အချိန်မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် အခုလောလောဆယ် အမှုစစ်ဆေးတဲ့အချိန်မှာ ယာယီရပ်ဆိုင်းထားတာ ဖြစ်တယ်”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။ 

အကြမ်းဖက်မှုများ ပပျောက်ရန်နှင့် ကျောင်းသားများပြန်လွတ်ရန် တကိုယ်တော်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ) ။ ။  ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမှီ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ အစိုးရ၏ အကြမ်းဖက်မှုများ၊ ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ပြည်သူများ လွှတ်မြောက်ရေးတို့အတွက် ငြိမ်းချမ်းရေး လိုလားသူတစ်ဦးက ဧပြီ ၁၁ရက် နံနက်က လမ်းမတော်မြို့နယ်မှ စတင်၍ ဆန္ဒပြခဲ့သည်။
Demo-ygn
(ဓာတ်ပုံ-သက်မင်းကို)

ကျပ်ချက်က နိုင်းလောက်ရှိတယ် – မောင်မြား

 ပြည်ခိုင်ဖြိုးဂျာနယ်ကို ပြည်သူလူထုလက်ထဲ ထဲထဲဝင်ဝင်ရောက်ရှိရေး မဟာဗျူဟာ နည်းဗျူဟာများနှင့် ဆောင် ရွက်နေကြသည့် မီဒီယာကို မီဒီယာနှင့် တိုက်ခိုက်ကြမည့် ၀န်ကြီး၏ အန္တေ၀ါသိကများ … ပြည်ခိုင်ဖြိုး တံတား မြင်ကွင်းနှင့် တံတားပေါ်မှ တစ်ဖွဲ့ လုံးလျှောက်လာသည့် ပုံကို လှုပ်ရှားမှုဦးစားပေးဖော်ပြထားသည့် ဂျာနယ် မျက်နှာဖုံး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်တို့ ဂျာနယ်များမှ အယ်ဒီတာအဖွဲ့ဝင်များ၊ သတင်းထောက်များ သာမက ရန်ကုန်တိုင်းဒေသကြီး မြို့နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး အသင်းကြီး၏ တွဲဖက်အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များသည် အခါ အား လျော်စွာပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ်များသို့ ဆင်းပြီး ဒေသတွင်း ကျေး လက်ဖွံ့ဖြိုးမှု

DKBA ဗိုလ်မှူးကြီးစောဆန်းအောင်ကို မူလတာဝန်ပြန်လွှဲရန် သဘောတူဆုံးဖြတ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်( DKBA)၏ တပ်မှူးများ အစည်းအဝေးမှ ကလူးထူးဘော ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်အား မူလ တာဝန်ကို ပြန်လည် လွှဲအပ်ရန် သဘောတူဆုံးဖြတ်လိုက်သည်ဟု တပ်ဖွဲ့၏ အထွေထွေ အတွင်းရေးမှူး စောလုံ့လုံက မဇ္ဈိမကို ပြောသည်။

DKBA-General-Saw-San-Aung

ပြည်ပတွင် ရောင်းချသော တရုတ်ပစ္စည်းများ၏ အရည်အသွေးများကို အာမခံနိုင်ရေး အစီအစဉ်သစ်များကို တရုတ်အစိုးရ ကြေညာ

တရုတ်နိုင်ငံသည် ပြည်ပတွင် ရောင်းချသော တရုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများကို အာမခံ နိုင်ရန် ရည်ရွယ်၍ ဧပြီလ ၉ ရက်က အစီအစဉ် သစ်များ ကိုကြေညာ ခဲ့သည်။
nvnlskglh
ဂျပန်နိုင်ငံ၌ ရောင်းချနေသည့် တရုတ်ထုတ် ကုန်ပစ္စည်းအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဘလွန်းဘာ့ဂ်

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တိဘက်သီလရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

ပေကျင်း၊ ဧပြီ ၁၁။       ။ ဒလိုင်လာမား ကိုထောက်ခံပြီး ဟိမဝန္တာဒသပေါ်တွင် တရုတ် အုပ်ချုပ်မှုကို ဆန့်ကျင် သည့်အနေဖြင့် ကိုယ့်ကိုယ် ကိုယ်မီးရှို့ ခဲ့သော တိဘက်သီလရှင် တစ်ဦး သည်သေဆုံး သွားပြီဟု ယုံကြည်ရကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် မီဒီယာများ ကဖော်ပြခဲ့သည်။

Tibat

သမ္မတဘားရက်အိုဘားမား၏ သင်္ကြန်ဆုတောင်းစကား

 သမ္မတ ဘားရက်အိုဘားမားနှင့် အမေရိကန်ပြည်ထောင်စု၏ ပြည်သူများကိုယ်စား သင်္ကြန်ပွဲတော်နှင့် နှစ်သစ်အခါသမယတွင် မြန်မာပြည်သူများထံသို့ ကျွန်ုပ်၏ နွေးထွေးအလှိုက်လှဲဆုံးသော ဆန္ဒမွန်များပေးပို့ပါသည်။

သင်္ကြန်သည် ပျော်ရွှင်ဖွယ် လူမှုစုစည်းမှု၊ ဆုတောင်းမှုနှင့် ပြန်ပြောင်း ဆင်ခြင်သုံးသပ်မှုတို့အတွက် အထူးအခါသမယပင် ဖြစ်သည်။ ထို့အပြင် မိသားစု၊ မိတ်ဆွေများနှင့် သူစိမ်းတရံစာများလည်း အတိတ်က အညစ်အကြေးများကို အပြန်အလှန်အတာရေဖြင့် ဆေးကြောကာ နှစ်သစ်ကိုကြိုသည့်အခါလည်းဖြစ်သည်။ ယင်းသို့ ကြိုရာတွင် သပြေခက်ဖြင့် သိမ့်မွေ့စွာပက်ဖျန်းကြိုဆိုသကဲ့သို့ ဧပြီ၏အပူကို အေးစေရန် အခြားနည်းလမ်းများစွာနှင့်လည်း ကြိုသည်။