ပြည်သူ့ဆန္ဒ ရာနှုန်းပြည့်မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ဇွတ်ကျင်းပခဲ့တုန်းက တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ စဲပါပြီလား။ အပစ်အခတ်တွေ ရပ်စဲသွားမှ စစ်အာဏာရှင် အသွင်ပြောင်း အရပ်သား အစိုးရကို ပုံဖော် ခဲ့တာလားလို့ မေးခွန်း ထုတ်ရပါလိမ့်မယ်။ သမ္မတရဲ့ မိန့်ခွန်း ဆိုလိုရင်းနောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ တစ်စုံတစ်ရာ ရှိပုံရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး မတည်ငြိမ်ရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာဘူး ဆိုတဲ့ အဓိပ္ပာယ်ဟာ အရင်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ်ကြီး တစ်ယောက် ရဲ့ လေယူ လေသိမ်းတွေ ပြန်လည် ထင်ဟပ်နေ . . ~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန် တိုင်းပြည်~ ကို ပြောကြားတဲ့ မိန့်ခွန်းကို အကြောင်းပြုပြီး ပြည်သူတွေကြားမှာ ၂၀၁၅ ရွေးကောက်ပွဲကြီး ကျင်းပမှ ကျင်းပ ဖြစ်ပါ့မလားဆိုတဲ့ အသံတွေ ပွက်လောရိုက်ပြီး မြန်မာ့နိုင်ငံရေး ရှေ့ခရီးအတွက် ရတက် မအေးကြတော့ပါဘူး။ သမ္မတရဲ့ မိန့်ခွန်းပါ အပိုဒ်တစ်ပိုဒ်မှာ သမ္မတက အောက်ပါအတိုင်း ပြောကြားခဲ့လို့ပါပဲ။
““တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင် စွာ ဆောင်ရွက် နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူး ပြောင်းမှုများကို ရေရာ သေချာစေ မှာ ဖြစ်တဲ့အကြောင်းကိုလည်း သတိပြုမိ စေလိုပါတယ်။ အထက်မှာ ကျွန်တော် ပြောကြား ခဲ့တဲ့ အချက်များလို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒ အစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေး ဖြစ်ထွန်း မှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်း လိုပါတယ်””ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အဲဒီမိန့်ခွန်းကို မြန်မာလို ပြောကြားခဲ့တာပါ။
ပထမအချက် ဝေဖန် ထောက်ပြချင်တာက မိန့်ခွန်းပါ အကြောင်းအရာ ထက် မြန်မာစကား အသွားအလာမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဆိုလိုရင်းဟာ ပြတ်သားရဲရင့်မှု မရှိတာပါပဲ။ (ဗိုလ်ချုပ်အောင်ဆန်း ပြောကြား ခဲ့တဲ့ မိန့်ခွန်း တွေကို ပြန်လည် အမှတ်ရ မိပါတယ်။)
သမ္မတသာ မြန်မာစကား ဖြောင့်ဖြောင့်နဲ့ ပြတ်ပြတ်သားသား ဆိုလိုရင်း ကို ပြောမယ်ဆိုရင် ““တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ် အောင်မြင်မှ နိုင်ငံ့အနာဂတ် အတွက် အလွန်အရေးကြီးတဲ့ နိုင်ငံရေးဟာ တည်ငြိမ်ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ပါမယ်။ အသွင် ကူးပြောင်းမှု ညင်သာမယ်၊ သေချာမယ် ဆိုတာကို သတိပြုမိကြဖို့ လိုပါတယ်”” ဆိုပြီး လိုရင်းဆိုလိုရင်းကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ပြောဆို သင့်ပါတယ်။
သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်ဟာ ဝေ့၀ိုက် နေတဲ့အခါ မီဒီယာ ဂျာနယ်စာမျက်နှာ များမှာလည်း အမျိုးမျိုး အဖုံဖုံ ခေါင်းစဉ်တွေ တပ်လာ ကြပါတော့တယ်။ မဇ္ဈိမ သတင်းစာက ““အပစ်ရပ်ရေး လက်မှတ် ရေး ထိုး နိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ သတိပေး”” လို့ ခေါင်းစဉ်တပ်တယ်။ ဧရာဝတီ ဂျာနယ်က ““ငြိမ်းချမ်းရေး မအောင်မြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး””ဆိုပြီး ခေါင်းစဉ် တပ်ပါတယ်။ The Voice Weekly ဂျာနယ်က ““နိုင်ငံရေး ဆွေးနွေးပွဲ ပြု လုပ်နိုင်မှသာ နိုင်ငံရေး အသွင် ကူးပြောင်းမှု ညင်သာမည်ဟု သမ္မတ ပြောကြား””ဆိုပြီး ခေါင်းစဉ် တပ်ပါတယ်။
7 Day သတင်းစာကတော့ ““အပစ်ရပ် လက်မှတ် မထိုးနိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု သမ္မတပြော”” ဆိုပြီး ခေါင်းစဉ် တပ်ပါတယ်။ တချို့ချဲ့ကားပြီး မီဒီယာကျင့်ဝတ်နဲ့ မညီဘဲ ခေါင်းစဉ် တပ်ထားတဲ့ ဂျာနယ်၊ သတင်းစာများကိုတော့ ထည့်သွင်း မပြောလိုတော့ပါဘူး။ ကျင့်ဝတ်နဲ့ ညီညွတ်စွာ ခေါင်းစဉ်တပ်ထား တဲ့ ဂျာနယ်များရဲ့ ခေါင်းစဉ်တွေကတော့ သမ္မတ မိန့်ခွန်း ဆိုလိုရင်း အဓိပ္ပာယ်ကို ထင်ဟပ်ခဲ့ပါတယ်။
သမ္မတ ဆိုလိုချင်ပုံရတာက -
(၁) တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမှု မအောင်မြင်ရင်၊
(၂) နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ စတင်နိုင်မှာမဟုတ်ဘဲ၊
(၃) နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ မစတင်နိုင်ရင်၊
(၄) နိုင်ငံရေး မတည်မငြိမ်ဖြစ်ပြီး၊
(၅) ၂၀၁၅ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့ရာ မရေရာနိုင်ဘူးလို့၊
(၆) သတိပေးလိုပါတယ် (သို့) သတိပြု စေလိုပါတယ် (သို့) သတိထား စေလိုပါတယ်ဆိုပြီး ဆိုလိုတာပါပဲ။
လိုရင်း အချုပ်ကတော့ ““တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတာ မအောင်မြင်ရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖို့ မသေချာပါဘူး”” လို့ သတိပေး လိုက်တာပါပဲ။
သမ္မတရဲ့ လိုရင်းအချုပ်ကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့
ပြည်သူ့ဆန္ဒ ရာနှုန်းပြည့်မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ဇွတ်ကျင်းပခဲ့တုန်းက တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ စဲပါပြီလား။ အပစ်အခတ်တွေ ရပ်စဲသွားမှ စစ်အာဏာရှင် အသွင်ပြောင်း အရပ်သား အစိုးရကို ပုံဖော် ခဲ့တာလားလို့ မေးခွန်းထုတ်ရ ပါလိမ့်မယ်။
သမ္မတအနေနဲ့ ခွဲခြားပြောရမှာက လက်ရှိ တိုက်ပွဲများ ပြန် လည် ဖြစ်ပွားနေတာကြောင့် အပစ်ရပ် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါဆို နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကြီးကို စတင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်ဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စကို သီးသန့် ဦးတည် သတိပေးရမှာဖြစ်ပါတယ်။
အပစ်ရပ်စာချုပ် မချုပ်ဆိုနိုင်ရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာ ဆိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောဆောင် သွားပါတယ်။
ဒါဆို လက်ရှိ ကြိုးကြားဖြစ်နေတဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ပြည်တွင်း စစ်ကြီးအထိ ဖြစ်သွားနိုင်ပြီး တိုင်းပြည် က မတည်ငြိမ်လို့ ၂၀၁၅ ရွေးကောက်ပွဲ လည်း မလုပ်တော့ဘဲ တိုင်းပြည်ကို တပ်မတော်လက်ထဲ ထိုးအပ် လိုက်ရ တော့မယ့် သဘောလား။
ဘယ်လိုမှ အဆက်စပ်မရှိ ခြိမ်းခြောက်တဲ့ စကားလုံး သက်သက်ပဲ ဖြစ်ပါတယ်။ ခြိမ်းခြောက်တယ် (သမ္မတ စကားအရ သတိပေးတယ်) ဆိုရအောင်လည်း ဘယ်သူ့ကို ခြိမ်းခြောက်တာပါလဲ။ လက်နက်ကိုင် တွေကို လား၊ ပြည်သူတွေ ကိုလား၊ ဘယ်လိုမှလည်း မသဲကွဲပါဘူး။ အဆက်အစပ် မရှိဘဲ ဝေ့၀ိုက်နေတဲ့ သမ္မတရဲ့ စကားလုံးတွေသာ ဖြစ်ပါတယ်။
သမ္မတမိန့်ခွန်းပါ စကားလုံးများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်ရရင် သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းမှာ ငြိမ်းချမ်းရေး မှတ်တမ်းကောင်း မရဘဲ သမိုင်းဝင် လုပ်ရပ်အဖြစ် ဂုဏ်မ၀င့်ရမှာ စိုးရိမ်နေပုံပါပဲ။
အခြားတစ်ဖက်က တွေးလို့ ရတာကတော့ သမ္မတရဲ့ မိန့်ခွန်း ဆိုလိုရင်း နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ တစ်စုံတစ်ရာ ရှိပုံရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး မတည်ငြိမ်ရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ မရေရာဘူးဆိုတဲ့ အဓိပ္ပာယ်ဟာ အရင်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ်ကြီး တစ်ယောက် ရဲ့ လေယူ လေသိမ်း တွေ ပြန်လည် ထင်ဟပ်နေလို့ပါပဲ။
၂၀၁၅ ရွေးကောက်ပွဲကြီး မကျင်းပ ဖြစ်ရင် ဦးသိန်းစိန် ဘာလုပ်မှာလဲ။ အခြေခံ ဥပဒေပုဒ်မ ၄၁၈(က)မှာ ပါသလို သမ္မတကြီးဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာအရပ်ရပ်ကို ကာကွယ်ရေး ဦးစီးချုပ် လက်ထဲ ထိုးအပ်လိုက်ရုံပဲ ရှိပါတော့တယ်။
၂၀၀၈ အခြေခံဥပဒေ အရဆို တပ်မတော်က အာဏာသိမ်းဖို့ ကြေညာ စရာတောင် မလိုပါဘူး။ သမ္မတက တပ်မတော်ကို လွှဲအပ် အာဏာ ယူဖို့ ကြေညာပေးရမှာ ဖြစ်ပါတယ်။
ပြည်သူတွေကတော့ သမ္မတကြီး မိန့်ခွန်းအရ သမ္မတကြီး ဘာဖြစ်ချင်တာလဲလို့ အပူတပြင်း သိချင် နေကြ ပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment