Thursday, October 9, 2014

စားသုံးသူတွေကို တကယ်ကာကွယ်ပေးမယ့် ဥပဒေ ဖြစ်မလား

စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို မတ်လ ၁၄ ရက်နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းပြီးဖြစ်လို့ ဒီနှစ်အတွင်း ထွက်ရှိမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန စားသုံးသူရေးရာ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင့်ဝေက ဆိုပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေး ဆိုတာဟာ စားသောက်ကုန်တွေကိုပဲ ဆိုလိုတာ မဟုတ်ဘဲ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲနေတဲ့ ပြည်သူတွေအပေါ် ထုတ်လုပ်သူတွေက သူတို့ထုတ်ကုန် (ဒါမှမဟုတ်) ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ ကျန်းမာရေးဆိုင်ရာ တွေကို အာမခံချက်ပေးရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကို ဖွဲ့ထားပြီး အဲဒီ ကော်မတီအောက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် စားသုံးသူ အကာအကွယ်ပေးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းတော့မှာလို့ ဦးတင့်ဝေက ပြောပါတယ်။ ဦးတင့်ဝေကပဲ ဆက်ပြီး “ကော်မတီဆီကို လာပြီးတိုင်ဖို့တော့ လိုပါတယ်။ ဒါဆိုရင် ပိုပြီး ထိထိရောက်ရောက် ရှိမယ်။ အခုလည်း မြို့နယ်အလိုက် ပညာပေးလုပ်ငန်းတွေ ဆင်းနေတာရှိတယ်” လို့ဆိုပါသေးတယ်။ ပြည်တွင်းကြော်ငြာတွေမှာ ကုန်ပစ္စည်း အရည်အသွေးဆိုင်ရာ လိမ်ညာကြော်ငြာနေတာ တွေဟာ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနဲ့ သက်ဆိုင်တယ်လို့ စားသုံးသူ အကာအကွယ်ပေးရေး အဖွဲ့အစည်းတွေ ဆီကနေ သိရပါတယ်။

Credit - The Voice

No comments:

Post a Comment