Saturday, May 23, 2015

မြစ်ဝကျွန်းပေါ် ဒေသများနှင့် ချောင်းသာ ၊ ငွေဆောင်တို့တွင် လှိုင်းကြီး ရေကြီးမှုများဖြစ်နိုင်

U Chit Kyaw

ရန်ကုန် (မဇ္ဈိမ) ။ ။ လေဖိအားနည်ရပ်ဝန်း အားပျော့ သွားသော်လည်း မုတ်သုံလေအားကောင်းပြီး တိမ်တိုက်များဖြစ်ပေါ်နေသည့် အတွက် မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ချောင်းသာ၊ငွေဆောင် ကမ်းခြေ ဒေသများတွင် လှိုင်းကြီးပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံကို အရင်မပြင်က တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု UNA နှင့် ၈၈ ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲပြုလုပ်မည်ဆိုပါက ကောင်းမွန်သော ရလဒ် ရရှိမည်မဟုတ်ဘဲ လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲ ဖြစ်မည် မဟုတ်ဟု UNA နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပြောဆိုလိုက်သည်။

မေလ ၂၂ ရက်က ရန်ကုန်မြို့၊ တာမွေ မြို့နယ်ရှိ Holiday စားသောက်ဆိုင်တွင် ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့၏ ဆွေးနွေးပွဲတွင် နှစ်ဘက်စလုံးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

စာရေးဆရာထင်လင်းဦးအမှုကို အပြီးသတ် လျှောက်လဲချက်ကြားနာပြီး ဇွန် ၂ ရက်၌ အမိန့်ချမှတ်မည်

 ရန်ကုန်၊ မေ ၁၈

၂၀၁၄၊ အောက်တိုဘာ ၂၃ ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ ဆရာတော် ဦးဝိစာရမွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် သာသနာတော်အား စော်ကား ပုတ်ခတ် သည့် ပြောဆိုမှုများ ပါဝင်သည်ဟုဆိုကာ တရားစွဲဆို ခံထားရသော စာရေးဆရာ ထင်လင်းဦး၏ အမှုကို မေလ ၁၈ ရက် ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်များပေးကာ ဇွန်လ ၂ ရက်တွင် အမိန့်ချမှတ်မည်ဟု စာရေးဆရာ ထင်လင်းဦး၏အမှုကို လိုက်ပါ ဆောင်ရွက်နေသော တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က မေလ ၁၈ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

စာပေဟောပြောပွဲတွင် စာရေးဆရာ ထင်လင်ဦး၊ ဆရာဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညီမင်းညိုတို့ ဟောပြောခဲ့ပြီး ဆရာထင်လင်းဦး ၏ ဟောပြောချက်များသည်

သမ္မတချီးမြှင့်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုနှစ်ဆု တပ်မတော် ရရှိ

ရန်ကုန်၊ မေ ၁၈

သမ္မတ၏၂၀၁၅ ခုနှစ်အတွက် ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုအမျိုးအစား အလိုက် ၅ မျိုး ရွေး ချယ် ပေးခဲ့ရာတွင်မူ ကိုးကန့်ဒေသ တိုက်ပွဲများ ဆင်နွှဲနေ သည့် မြန်မာ့ တပ်မတော် က နိုင်ငံတော် အချုပ်အခြာ ကာကွယ်ရေးနှင့် ပတ်သက်သည့် အထူးဆုနှင့် အထူး ဂုဏ်ထူးဆောင်ဆုတို့ကို ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွက် ပေးအပ်သည့် နိုင်ငံ့ စွမ်းဆောင်ရည် ဆုများ မှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင် ရည်ဆု၊ နိုင်ငံတော်သမ္မတ၏ သီးသန့် အထူးဆု၊ နိုင်ငံတော် သမ္မတ၏ အထူးဂုဏ်ထူးဆောင် ဆု၊ နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ဆု (မြို့ပြ/ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေး ဆိုင်ရာဆုများ)နှင့် နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ဆု (လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာများ)တို့ ဖြစ်သည်။

ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို အမှုဖွင့်ပြီး ငါးလအကြာတွင် ခေါ်ယူစစ်ဆေး

Ko Ko Gyi 2 copy copy
တောင်ဥက္ကလာရဲစခန်းတွင် ခေါ်ယူစစ်ဆေးအပြီး ပြန်ထွက်လာသည့် ဦးကိုကိုကြီးကို မေ ၂၂ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

ရန်ကုန် (မဇ္ဈိမ) ။ ။ တောင်ဥက္ကလာပ မြို့နယ် အတွင်းရှိ အားကစားကွင်းပြန်လည်ရရှိရေးဆန္ဒဖော်ထုတ်သည့်အတွက် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးကို အမှုဖွင့်ပြီး ငါးလအကြာ မေ ၂၂ရက်တွင် တောင်ဥက္ကလာမြို့မရဲစခန်းက အမှု နှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးခဲ့သည်။

ဖမ်းမိ လှေစီးဒုက္ခသည်များ ရခိုင်ပြည်နယ်မှ မဟုတ်ဟု ရခိုင်ဝန်ကြီးချုပ်ပြော

Boat1

ရန်ကုန် (မဇ္ဈိမ) ။ ။ ပင်လယ်ပြင်တွင်းရောက်ရှိနေသည့် ထောင်နှင့်ချီသော လှေစီးဒုက္ခသည်များသည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှဟု ဒေသတွင်းနိုင်ငံများက ယူဆလျှက်ရှိသော်လည်း ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ထိုဒုက္ခသည်များသည် ရခိုင်ပြည်နယ်မှ ထွက်ခွာသွားသူများမဟုတ်ဟု ငြင်းဆိုလိုက်သည်။

နိုင်ငံတကာ ပညာရေးစနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဘကကျောင်းများတွင် အကောင်အထည် ဖော်မည်

Ba Ka copy copy
ပဲခူးတိုင်းဒေသကြီး သမီးကလေးကျေးရွာအနီးရှိ ဘုန်းတော်ကြီးသင်စာသင်ဝိုင်းတစ်ခုအား ဇန်န၀ါရီလ ၁၇ ရက်ကတွေ့ရစဉ်။
ဓာတ်ပုံ - မဇ္ဈိမ

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (ဘက)  ကျောင်းများတွင်  နိုင်ငံတကာ ပညာရေး စနစ်များနှင့် ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု

သဘာဝဓာတ်ငွေ့ ကုဗပေ တစ်သန်း ရန်ကုန်တိုင်းအတွက် ထပ်မံရောင်းပေးမည်

Oil and Gas

နေပြည်တော် (မဇ္ဈိမ) ။ ။ ကုန်တွင်း သဘာဝတ်ဓာတ်ငွေ့မြေမှ သင့်တင့်သောပမဏ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်သဖြင့်  သဘာဓာတ်ငွေ့များကို ရန်ကုန်တိုင်းအတွင်း ယခုလကုန်တွင် ထပ်မံတိုးမြှင့် ရောင်ချပေးသွားမည်ဟု နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနတွင် မေလ ၂၂

၂၀၁၅ ရွေးကောက်ပွဲတွင် FPTP စနစ်တစ်ခုတည်းသာ ကျင့်သုံးမည်

ရန်ကုန်၊ မေ ၁၉

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီး၌ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အသုံးပြုမည် မဟုတ်ဘဲ နိုင်သူအကုန်ယူ စနစ် (FPTP) စနစ်သာ ဆက်လက် ကျင့်သုံးသွား မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ တွင် ပြောကြားလိုက်သည်။

အမျိုးသားလွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် ဥပဒေကြမ်း ဆွေးနွေးနေပြီ ဖြစ်သော် လည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ဧပြီလ မတိုင်ခင် အဆိုပါဥပဒေကြမ်းအား လွှတ်တော် မှ ပြဋ္ဌာန်းရန် အကြောင်းကြားထားသော်လည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသောကြောင့် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနည်းတူ နိုင်သူအကုန်ယူစနစ် (FPTP)အား ဆက်လက် ကျင့်သုံးရန် ပြောကြားခြင်းဖြစ်သည်။

အစိုးရအဖွဲ့ကို အပြစ်မတင်ဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

 ရန်ကုန်၊ မေ ၁၉

အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် ကောင်းမည်ထင်၍ ဆောင်ရွက်မှုများ သာ ဖြစ်သောကြောင့် မအောင်မြင် လျှင်လည်း အပြစ်မတင် သင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲ၌ ပြောကြားလိုက်သည်။

နိုင်ငံကောင်းမည်ထင်၍ နိုင်ငံရေးသမားများ ထောင်ကျခံကာ ဆောင်ရွက်ခဲ့သလိုပင် အစိုးရအဖွဲ့သည် လည်း နိုင်ငံကောင်းမည်ထင်၍ အသက်၊ သွေး၊ ချွေးများရင်းကာ ဆောင်ရွက်ခဲ့သော်လည်း ယနေ့မအောင်မြင်မှ အစိုးရအဖွဲ့ကို အပြစ်မတင်သင့်ကြောင်း ဦးတင်အေးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်တွင် တိုက်ပွဲ ပြင်းထန်၍ အစိုးရနှင့် ကေအိုင်အို တစ်နာရီကြာ အရေးပေါ် ဆွေးနွေး

KIA

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာတွင် တိုက်ပွဲပြင်းထန်လာသဖြင့် အစိုးရနှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ဝင်များ တစ်နာရီကြာ အရေးပေါ်တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေးအတွက် နှစ်ဘက်

ပင်လယ်ပြင်ရောက် ဘင်္ဂါလီ ၂၀၀ ခန့် မြန်မာရေတပ်ဖမ်းဆီး

Boat 22

ဘင်္ဂါလီ ၂၀၀ ခန့် တင်ဆောင်လာသည့် စက်လှေတစ်စီးကို မောင်တောမြို့နယ် ရေမိုင် ၄  မိုင်အကွာပင်လယ်ပြင်တွင် မြန်မာရေတပ်မှ မေလ ၂၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ရွှေတိဂုံစေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တိကျခိုင်မာသော ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း သမ္မတထံ စာပို့

ရန်ကုန်၊ မေ ၁၈

ရွှေတိဂုံစေတီတော် ရေရှည်တည်တံရေးအတွက် ထိန်းသိမ်းနိုင်ရန် တိကျခိုင်မာသော ဥပဒေပြဌာန်းချက်များ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကို မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းက သမ္မတထံသို့ အကြံပြုစာ တစ်စောင်ကို မတ်လ ၁၇ ရက်က နောက်ဆုံးထား ပေးပို့ထားကြောင်း အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမော်လင်းက မေလ ၁၇ ရက်တွင်ပြုလုပ် သည့် ရွှေတိဂုံစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေး ဖိုရမ်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။

သမ္မတထံ ပေးပို့သော အကြံပြုစာတွင် ရွှေတိဂုံစေတီတော်၏ ရေရှည် တည်တံ့မှုကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ စီမံကိန်းများကို စနစ်တကျ မလုပ်ပါက ရွှေတိဂုံ စေတီတော်ကြီး ရေရှည် တည်တံ့မှုအတွက်

Friday, May 22, 2015

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အရေးကြီးသည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပတော့မည် ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၈၀ကျော် ယှဉ်ပြိုင်ကြဖွယ်ရှိသည်။
အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုမှာ လက်ရှိအာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) တို့ ဖြစ်သည်။

၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲသည် အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီ၊ ပြည်ခိုင်ဖြိုးက အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုစဉ်က မီဒီယာများသည်လည်း စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် ရှိနေခဲ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများလည်း မရှိသလောက်ပင် ဖြစ်ခဲ့သည်။

မုတ်သုံလေ အားကောင်းသည့်အတွက် ကမ်းရိုးတန်းဒေသတွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားပျော့သွားသည့်အတွက် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသော်လည်း မုတ်သုံလေ အားကောင်းနေသည့် အတွက် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့်ပေ ၈ပေခန့်အထိရှိ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

မုတ်သုံလေ အားကောင်းမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ မွန်၊ တနင်္သာရီတိုင်းဒေသများ နှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများသည် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

NCA အခြေခံ (၁၀၄)ချက်တွင် အစိုးရတောင်းဆိုချက် တစ်ခုမျှမပါကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ပြော

ရန်ကုန်၊ မေ ၁၉

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် ပါဝင်သော အခြေခံအချက် ၁၀၄ ချက်သည် အစိုးရဘက်က တောင်းဆိုသော အချက်များတစ်ခုမျှ မပါဝင်ဘဲ တိုင်းရင်းသားများ တောင်းဆိုသော အချက်များကိုသာ ထည့်သွင်းထားခြင်းဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေလ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ပွဲ၌ ပြောကြားလိုက်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီ အများစုမှာ ငြိမ်းချမ်းရေးကိစ္စများအား အဓိကထား ဆွေးနွေးကြပြီး အဆိုပါ ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်နေမှုများအပေါ် အစိုးရဘက်က အဓိက ဦးဆောင် ဆောင်ရွက်နေသူ ဦးအောင်မင်းက နိုင်ငံရေးပါတီများကို ယခုကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသတွင် မဲရုံ ၆၀၀၀ကျော် ရှိလာမည်

 ပုသိမ်၊ မေ ၂၀

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုမည့် မဲရုံအရေအတွက်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲရုံအရေအတွက်ထက် ပိုမို များပြားနိုင်ကာ မဲရုံအရေအတွက် ၆၀၀၀ ကျော် ရှိလာမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မေလ၂၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

သွားလာရခက်ခဲသော ဒေသများအတွင်း မဲရုံများတိုးချဲ့ တည်ဆောက်ရန် ပြင်ဆင်ထားခြင်းကြောင့် ယခုကဲ့သို့ မဲရုံများ တိုးလာနိုင်ခြင်းဖြစ်ပြီး အချို့မြို့နယ်များတွင်မူ မဲရုံများ လျှော့ချသွားရန် လည်း ပြင်ဆင်ထားသည်။

အမှားကို ၀န်ချတောင်းပန်ရန် ၀န်လေးနေတတ်သူများအတွက် (သို့မဟုတ်) တပ်မတော်အစိုးရ လက်ထက် ကြံ့ခိုင်ရေး ၀ါရင်းတုတ်တပ်ဖွဲ့ဝင်တစ်ဦးမှ NLD နာယက သူရဦးတင်ဦးကို ၀န်ချတောင်းပန်ခြင်း – တာမွေအောင်ကို

 “အေး ဟိုတုန်းက အဘတို့ စာဖတ်ဝိုင်းတွေ မြို့နယ်တွေမှာဖွင့်ဖို့ လမ်းကြောင်းတွေ ဆင်းတဲ့ အခါ ဒေါ်စုကြည်နဲ့ အဘနဲ့ စီးတဲ့ ကားတွေကို ၀ါးရင်းတုတ်အဖွဲ့ ကြံ့ခိုင်ရေးတွေက ပိတ်ဆို့နှောင့်ယှက် ဖျက်ဆီးခဲ့ကြတယ်။ ကံကောင်းလို့ပေါ့။ ကားတော့ နည်းနည်း ထိသွားတယ်။ အဲဒါတွေ ကြုံတွေ့ခဲ့ကြတယ်။ အဘတို့ကတော့ အရေးယူပေးဖို့ ပြောပါသေးတယ်။ ဘာမှအရေးမယူပေးခဲ့ကြဘူး။ အဘတို့ကတော့ အခုထိ ခွင့်လွှတ် သည်းခံခဲ့ကြရတယ် . . .” သူရဦးတင်ဦး

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

““ကားတွေ ထွက်လာကြပြီဟေ့၊ အားလုံးသတိ””ဟု ခေါင်းဆောင်လုပ်သူ၏ အမိန့်ပေး အော်ဟစ်သံကြောင့် ကျွန်တော်တို့အားလုံး သတိအနေအထားနှင့် ငြိမ်သက်လျက် ရှိနေကြသည်။ ၁၉၉၈ ခုနှစ် ၀န်းကျင် ကာလ လောက်ကဖြစ် မည်။ ကျွန်တော်တို့ ၀ါးရင်းတုတ်အဖွဲ့တွေ

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေတိုက်စားမှုကြောင့် ရွှေဘို တွင် ချောင်းကူးတံတားတစ်စင်း ကျိုးကျပျက်စီး

စစ်ကိုင်း၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၌ မေ ၁၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကူးတံတားတစ်စင်း ကျိုးကျပျက်စီး သွားခဲ့ကြောင်း ဒေသခံများက မေ ၂၀ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ချောင်းကူးတံတားမှာ ကျောက်မြောင်းမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် လက်ရွေးရပ်ကွက်တို့ အကြား ကျောက်ငနွား ချောင်းပေါ်တွင် တည်ရှိကာ မြို့နေပြည်သူလူထုနှင့် စည်ပင်သာယာတို့ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်၊ မတ်လက စတင် ဆောက်လုပ်ခဲ့ကာ သြဂုတ်လတွင် ပြီးစီးခဲ့သည့် ကိုယ်ထူကိုယ်ထ သံပေါင် တံတားဖြစ်သည်။

ကျောင်းသူတစ်ဦးကို မှားယွင်းရိုက်နှက် ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ကာယကံရှင်များက ပြန်လည် တရားစွဲဆိုသွားမည်

 စစ်ကိုင်း၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့မဈေးသစ်ကြီး အတွင်း၌ ဧပြီ ၁၁ နေ့က ဖြစ်ပွားခဲ့သော စစ်ကိုင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက် ဖမ်းဆီးခဲ့မှုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခံရသည့် ကျောင်းသူနှင့် မိခင်ဖြစ်သူတို့က အထက်မြန်မာပြည် ရှေ့နေများကွန်ရက်နှင့် ချိတ်ဆက်ကာ ပြန်လည် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ တတိယနှစ်ကျောင်းသူ မလှိုင်နှင်းဦးက မေ ၂၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မလှိုင်နှင်းဦးမှာ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် တတိယနှစ်၊ အင်္ဂလိပ်စာ အထူးပြု ဘာသာရပ်ဖြင့် ပညာသင်ကြားနေသော ကျောင်းသူ တစ်ဦးဖြစ်သည်။ အခင်းဖြစ်ပွားသည့် ဧပြီလ ၁၁ ရက်က မလှိုင်နှင်းဦးမှာ မိခင်ဖြစ်သူနှင့် အတူစစ်ကိုင်း မြို့မဈေးကြီးသို့ မုန့်လာပို့ပြီး ဈေးကြီးလှေကား အနီး ထိုင်နေစဉ် ရဲတပ်ဖွဲ့ ၃ ဦး အပါအ၀င် အရပ်ဝတ် ၂ ဦးတို့က ခါးပိုက်နှိုက်ဟုဆိုကာ ဖမ်းဆီးရာတွင်

ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မန္တလေးဗကသကျောင်းသားများနှင့် ဒေသခံပြည်သူတို့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၂၀

ဒီမိုကရေစီပညာရေး ရရှိရေးအတွက် သပိတ်မှောက်တိုက်ပွဲဝင်ခဲ့ကြသော ဖမ်းဆီးခံကျောင်းသား ကျောင်းသူနှင့် ၀န်းရံပြည်သူများ ပြန်လည် လွတ်မြောက်ရေးအတွက် မန္တလေး ဗကသအဖွဲ့ဝင်ကျောင်းသားများနှင့် ၀န်းရံ ဒေသ ခံ ပြည်သူများက မေလ ၂၀ ရက် နေ့လယ် ၁၁နာရီတွင် အမရပူရမြို့နယ်တရားရုံးမှ မန္တလေးဘူတာကြီး အထိ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း မန္တလေးဗကသအဖွဲ့ဝင် ကိုရဲရင့်ပိုင်မှူးက မတ်လ ၂၀ရက် တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြုလုပ်ခဲ့သည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအကြို သဘောတူညီချက် ၉ ချက်တွင် ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူများနှင့် ၀န်းရံပြည်သူများကို အရေးယူခြင်းမပြုဟု သဘော တူညီခဲ့သော်လည်း မတ်လ ၁၀ ရက်က လက်ပံတန်း၌ ဒီမိုကရေစီပညာရေးသပိတ်

ရေကူးအသံလွှင့်စက်ရုံဟောင်းနေရာ တင်ဒါခေါ်ယူမှု အခြေခံဥပဒေနှင့် မညီ၍ လွှတ်တော်မှတစ်ဆင့် ကန့်ကွက်မည်

 ရန်ကုန်၊ မေ ၂၀

ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရေကူးအသံလွှင့် စက်ရုံဟောင်းအား နေရာသစ် သို့ရွှေ့ပြောင်း၍ စက်ရုံ အသစ် တည်ဆောက်ခြင်းနှင့် မြို့ပြနှင့် ရုပ်သံမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်း များဆောင် ရွက်ရန် တင်ဒါခေါ်ယူခြင်းသည် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခြင်းမရှိ သည့်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အစိုးရအဖွဲ့အား လွှတ်တော်မှတစ် ဆင့် ကန့်ကွက်ရှုတ်ချကာ အရေးယူ လုပ်ဆောင်သွားမည်ဟု မေလ ၂၀ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံများ ဆောက်လုပ် ခြင်း၊ ရောင်း ချခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းကော်မတီ က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိပြန် ကြားရေးဝန်ကြီးဌာန

ရခိုင်ကမ်းရိုးတန်းသို့ ဝင်ရောက်လာသော လှေစီးဒုက္ခသည်များကို ပြည်နယ် အစိုးရ ပြန်လွှတ်

Boat from Rakhine
ရခိုင်ပြည်နယ်မှ ပြန်လွှတ်လိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟုဆိုသူများ လှေများဖြင့် ထွက်ခွာစဉ်။ (ဓာတ်ပုံ-အီးပီအေ)

Thursday, May 21, 2015

လှေစီးဒုက္ခသည်များအား ယာယီခိုလှုံခွင့်ပေးထားခြင်းကို အာဆီယံပါလီမန်အမတ်များကြိုဆို

Boat1
ဒုက္ခသည်အကျပ်အတည်း၏ ဇစ်မြစ်အား ဖြေရှင်းရန်လိုကြောင်း အလေးအနက်ပြောကြား

အရေးပေါ် စီမံမှုအက်ဥပဒေ ဖျက်သိမ်းရန် အတိုက်အခံအမတ်တို့ တောင်းဆိုမှု လွှတ်တော်ပယ်ချ

နေပြည်တော် (မဇ္ဈိမ)။ ။  နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံ့အရေးဆောင်ရွက်နေသူများကို အုပ်ချုပ်ရေးအဖွဲ့ က အချိန်မရွေး ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားစွဲဆို ထောင်ချခြင်း ပြုလုပ်နိုင်သည့် ၁၉၅၀ ခုနှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ (The Emergency Act) ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုကို အင်န်အယ်လ်ဒီပါတီမှ ပုသိမ်မြို့နယ်အမတ် ဦးဝင်းမြင့်က လွှတ်တော်သို့ ယနေ့ (မေ ၂၀ရက်)က တင်သွင်းချက်ကို ကန့် ကွက်မဲ ၂၆၅ မဲဖြင့် ပယ်ချခဲ့သည်။

U-Win-Myint-proposing-a-bill-for-1950-Amergency-Law

ကျောင်းသားများ ဆန္ဒပြမှုနှင့် ပတ်သက်၍ မတရားသင်းနှင့် ဆက်စပ်သူ ဟူသည့် စွပ်စွဲချက်ဖြင့် အုပ်ချုပ်ရေးမှူးတစ်ဦး တာဝန်မှ ရပ်စဲခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ကျောင်းသားများ ဆန္ဒပြမှုနှင့်ပတ်သက်၍ တရားသင်းတွင် ပါဝင်ခြင်း၊ မတရားသင်းနှင့် ဆက်သွယ်ခြင်းစသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေကို လိုက်နာရန် ပျက်ကွက်သည်ဆိုကာ တာဝန်မှ ရပ်စဲရန် ပဲခူးတိုင်းအစိုးရက ညွှန်ကြားလိုက်သည်။

ဟင်္သာကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမင်းဆွေအောင်သည် မတ်လ ၃ ရက်က ပေါင်းတည်မြို့တွင် ပြုလုပ်သည့် ကျောင်းသားများ၏ ဆန္ဒပြပွဲနှင့် ပတ်သက်၍ သူ၏ ပြုမူဆောင်ရွက်ချက်သည် "ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၃) အပိုဒ် ၅ အပိုဒ်ခွဲ (ဋ)" နှင့် ညီညွတ်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် ပဲခူးတိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် တာဝန်မှရပ်စဲကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက လက်မှတ်ထိုး ထုတ်ပြန်ထားသည်။

ဘန်ကောက်တွင် ကျင်းပမည့် လှေပေါ်ရောက် ဒုက္ခသည်များအရေး အစည်းအဝေး မြန်မာတက်မည်

 မွတ်စလင်နိုင်ငံများသို့ လှေများဖြင့် ထွက်ပြေးကြသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေစိုက်သူများပြဿနာ ကိုင်တွယ်ဖြေရှင်းရန် ဘန်ကောက်တွင်ကျင်းပမည့် အစည်းအဝေးသို့ မြန်မာနိုင်ငံက သဘောထားပြောင်းလဲ၍ တက်ရောက်ဖြစ်ဖွယ်ရှိကြောင်း အေပီသတင်းက မေ ၂၀ တွင် ဖေါ်ပြသည်။

မေ ၂၉ ရက်တွင် ကျင်းပမည့် အဆိုပါအစည်းအဝေးသို့ ဖိတ်ကြားချက်ကို မြန်မာဖက်က လက်ခံကြောင်း ထိုင်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဝင်နိုင်းကပြောသည်။

အဆိုပါ ရေမြေကမ်းတင်ရွှေ့ပြောင်းသူများပြဿနာသည် မြန်မာနိုင်ငံမှ ပြဿနာရင်းမြစ်မဟုတ်ကြောင်း ပြောလျက် နေပြည်တော်က တွေ့ဆုံမှုသို့ တက်ရောက်ရန် အစက တွန့်ဆုတ်နေခဲ့သည်။

လှေပေါ်ရောက် ဒုက္ခသည်များအရေး မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ ဝန်ကြီးတို့ ဆွေးနွေးမည်

 အာရှ ပင်လင်တွင်းရောက် လှေပေါ်မှ ဒုက္ခသည်များအရေးနှင့် တရားမဝင် ရွှေ့ပြောင်း လူမှောင်ခိုကိစ္စ ပြဿနာများအပေါ် ဆွေးနွေးသွားရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖတ်ရှ်အမန်က မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်ဖြစ်ကြောင်း ချန်နယ်နယူအေရှတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စီစဉ်ခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် လူမှောင်ခိုဂိုဏ်းများနှင့် လူမှောင်ခိုကူးမှုများပြဿနာများကို အမြင်ချင်းဖလှယ်ဆွေးနွေးမည်ဟု ဆိုသည်။

တိုင်းရင်းသားအဖွဲ့များ လက်နက်စွန့်ရေး ကာကွယ်ရေးဦးစီးချုပ်က တရုတ်ကို အကူညီတောင်း

Min Aung Hlaing  H.E.Mr. Chen Fengxiang copy
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Mr. Chen Fengxiangနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ မေ ၁၉ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ- Senior General Min Aung Hlaing facebook)

Wednesday, May 20, 2015

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေဆဲ အခြေအနေရှိသည်ဟု  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မေ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်  မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးကြီးနိုင်ကာ ပင်လယ်ပြင်တွင် လည်း လှိုင်းကြီးနိုင်သည်ဟု မိုးလေဝသက ထုတ်ပြန်ထားသည်။

ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာ နေတဲ့ ဦးသာထွန်း ရေးသား ပေးပို့လိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ပေးပို့နေကျစာတွေက မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေကို ရေးသားပေးပို့ကြတာ ဖြစ်ပေမယ့် အခု ရေးပို့လိုက်တဲ့ စာရဲ့ ထူးခြားချက်ကတော့ နိုင်ငံအတွက် လူမျိုးအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာပါလို့ ဆိုပါတယ်။

သူဟာ အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်ခဲ့လို့ လုပ်ငန်းသဘာဝအရ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ အများအပြားကို ရောက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒီအထဲမှာ သတင်းစာဖတ်ရင် ရွှေ့ပြောင်း ဘင်္ဂါလီတွေနဲ့ ပတ်သက်တာတွေချည်း ဖတ်နေရတာကြောင့် စိတ်ဝင်စားမိပြီး သူ ဝန်ထမ်းဘဝက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမှတ်ရမိပါတယ်လို့ ရေးပါတယ်။

မသန်စွမ်းများ မဲထည့်ရာတွင် အဆင်ပြေစေမည့် စံပြမဲရုံ ဖြစ်စေရန် ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲထည့်ရာတွင် အဆင်ပြေစေမည့် စံပြမဲရုံ ဖြစ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခွင့်အတွက် မေလ ၂၁ ရက်တွင် စာပေးပို့သွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မှ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုမည့်  ရွေးကောက်ပွဲ မဲရုံပုံစံမှာ ယခင် ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့်  မဲရုံပုံစံများ ဖြစ်သဖြင့် မသန်စွမ်းများအတွက် အဆင်ပြေလွယ်ကူမှုမရှိဟု ၎င်းက ဆိုသည်။

Tuesday, May 19, 2015

ကာကွယ်ရေး ဦးစီးချုပ်အနားယူမည့် အကြောင်းကြားစာ သမ္မတရုံးသို့ မရောက်သေး

Min Aung Hlaing

ရန်ကုန် (မဇ္ဈိမ) ။ ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူမည့်အရေးနှင့် ပက်သက်သည့် အကြောင်းကြားစာ သမ္မတရုံးနှင့် သမ္မတထံသို့ ရောက်ရှိခြင်းမရှိသေးကြောင်း သမ္မတရုံး အကြီးတန်းအရာရှိက မေ ၁၉ရက်တွင် မဇ္ဈိမကိုပြောသည်။

ရွေးကောက်ပွဲ တွင်သုံးမည့် မဲပုံးများကို ကုတ်နံပါတ်ပါသည့် ကြိုးဖြင့် ချိတ်ပိတ်မည်

ရန်ကုန်၊ မေ ၁၉ ။       ။ လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးများကို ဖုံးပိတ်ရာ၌ ကုတ်စနစ်ပါသည့် ချိတ်ပိတ်ကြိုးများကို အသုံးပြု သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားမှူး ဦးသောင်းလှိုင်က မဇ္ဈိမကိုပြောသည်။

UEC Kyo1

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အမျိုးသားလွှတ်တော်က အတည်ပြု

နေပြည်တော်၊ မေ ၁၉ ။         ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ယနေ့ (မေ ၁၉ရက်) အတည်ပြုဆုံးဖြတ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေငြာလိုက်သည်။

uec
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- UEC)

ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဆန်တုများ အာရှရှိ နိုင်ငံအချို့တွင် ရောက်ရှိနေဟု သတင်းထွက်

ပီတာလင်းဂျာယာ၊ မေ ၁၉။      ။ အဆိပ်ရှိ ကော်စေ့များရောနှောထားသော ပလတ်စတစ်ဆန်များ အာရှနိုင်ငံအချို့၏ ဆိပ်ကမ်းများသို့ ရောက်ရှိနေပြီဟု သတင်းထွက်နေသည်။ ယင်းဆန်မှာ ချက်ပြီးသည့်နောက်တွင် မှာနေသည်ဟု ဆိုသည်။

jkdhgklfjhfjpp

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ညီလာခံကို ဇွန် ၂ရက်မှ ၆ရက်ထိ လော်ခီးလာတွင် လုပ်မည်

ချင်းမိုင်၊ မေ ၁၉ ။   ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) နှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ညီလာခံကို လာမည့် ဇွန် ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကရင်အမျိုးသားအစည်းအရုံး  (KNU) နယ်မြေ လောခီးလာ တွင်ပြုလုပ် မည်ဖြစ်သည်။

မေလ ၁၉ ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ၂၁ ဖွဲ့အား ဖိတ်စာပေးကို ထိုနေ့ တွင် ပင် ပေးပို့လိုက်ပြီး ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

ငါးထောင်တန် အသစ်၏ ရေစာနှင့် ကြိုးများကြောင့် ဘဏ်အချို့က အတုဟု ယူဆပြီး ငွေလွှဲရန် ခက်ခဲနေ

နေပြည်တော်၊ မေ ၁၉ ။      ။ အသစ်ရိုက်နှိပ်လိုက်သည့် ငါးထောင်တန် ငွေစက္ကူသည် မြင်တွေ့ နေကျနှင့် မတူသောကြောင့် နေပြည်တော် ဥတ္တရသီရိ မြို့နယ် ရှိ ကမ္ဘောဇဘဏ်ခွဲက အဆိုပါ ငွေစက္ကူ အသစ်များကို ရွေးထုတ်ကာ လက်ခံရန် ငြင်းပယ်ခဲ့သည်ဟု မေလ ၁၈ ရက် နေ့လယ်တွင် ကိုယ်တွေ့ ကြုံရသူ တစ်ဦး ကမဇ္ဈိမ ကိုပြောသည်။

gdfhgkilopyersgd
၅၀၀၀ တန်အသစ်ကို စစ်ဆေးကြည့်ရှုနေသည့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကို မေ ၁၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း)

စက်မှုလုပ်ငန်း အကြီးစားများ အရှုံးပေါ်သော်လည်း ၀န်ကြီးဌာန ဆက်ထုတ်မည်

နေပြည်တော် ၊ မေ၁၉ ။         ။ စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်စက်ရုံ ၅၄ ခု ဆောင်ရွက်လျက်ရှိပြီး  အကြီးစား စက်မှု လုပ်ငန်း ကြီးများမှာ ဆက်လက် အရှုံးပေါ်နေသော်လည်း ဆက်လက်ထုတ်လုပ်သွားမည်ဟု စက်မှုဝ န်ကြီး ဌာနတွင် မေ ၁၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်း ၀န်ကပြောသည်။

အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှုးချူပ် ဦးသွင်မြင့်မောင်က “အချို တကယ့်အကြီးစား စက်ရုံကြီးတွေရှိပါတယ်။ BBI လိုစက်ရုံမျိုးကတော့မြတ် ပါတယ်။မြတ် တဲ့စက်ရုံလည်းရှိပါတယ်။မြတ်တဲ့ စက်ရုံနည်းတာပေါ့။ ရှုံးတဲ့စက်ရုံများတဲ့အခါ ကုန်သွယ်အရှုံးက ပိုများတာပေါ့” ဟုပြောသည်။

ပြင်လယ်ပြင်ရောက် လှေစီးဒုက္ခသည်များအရေး မြန်မာစစ်တပ် ဖြေရှင်းမည်ဟု ပြည်ထဲရေးပြော

ရန်ကုန်၊ မေ ၁၉။      ။ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်ရန် ပြင်ဆင်နေသည့် အာရှပင်လယ်ပြင် တွင်သောင်တင်နေသောထောင်နှင့် ချီရှိလှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံ၏ စစ်တပ်အစီအစဉ်ဖြင့် ဖြေရှင်းသွားမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မဇ္ဈိမ၏မေးမြန်းမှု ကိုမေ ၁၉ ရက်တွင် ဖြေကြားသွားသည်။

2000

ဆင်းရဲသော နိုင်ငံများတွင် ပညာရေးမြင့်တင်ရန် အမေရိကန်ဒေါ်လာ ငါးဘီလျံရင်းနှီးမြုပ်နှံမည်ဟု ကမ္ဘာ့ဘဏ်ကတိပြု

နယူးယောက်၊ မေ ၁၉ ။      ။ ပညာရေးတွင် အရေအတွက်ထက် အရည်အသွေးကို အဓိကအာရုံစိုက်မည့် ပြည်သူ့ပညာရေးအတွက် ရင်းနှီးမြုပ်နှံမှုကို လာမည့် ငါးနှစ်အတွင်း နှစ်ဆတိုးမြင့်မည့် အစီအစဉ်များကို ကမ္ဘာ့ဘဏ်က မေ ၁၈ တွင် ဖော်ထုတ်ခဲ့သည်။

၂၀၂၀ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ငါးဘီလျံ အသုံပြုမည်ဖြစ်ပြီး ယခင်ငါးနှစ်ကထက် နှစ်ဆပို၍အသုံးပြုခြင်းဖြစ်သည်။ ယင်းသို့အသုံးပြုရခြင်း မှာကျောင်းပြင်ပရောက် ကလေးသန်း ၁၂၀ကျော်နှင့် ကျောင်းတက်နေသော်လည်း မဖတ်တတ်မရေးတတ်သည့် ကလေးသန်း ၂၅၀ကျော်၏ ပညာရေး ကို မြင့်တင်ရန်ကြိုးပမ်းခြင်းဖြစ်သည်။

ဖုန်းဘေလ် ဖြည့်သွင်းမှုအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုကြောင့် ဝေဖန်သံများထွက်ပေါ်

ရန်ကုန်၊ မေ ၁၉ ။         ။ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT, တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်း များကို အသုံးပြုသည့် ဖုန်းခေါ်ဆိုခအတွက် ဖုန်းငွေဖြည့်ကတ်ဖြည့်သွင်းမှုအပေါ် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်းကို ဇွန် ၁ရက်မှ စတင် ကောက်ခံတော့မည်ဟု မေ ၁၈ရက်က ကြေငြာလိုက်သည့်အတွက် ဖုန်း အသုံးပြုသူများကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ရန်ကုန်၊မေ ၁၉ ။        ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီ အတွင်းမြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေဆဲ အခြေအနေ ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကမေ ၁၉ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

ယင်းကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊  ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် နယ်တို့တွင်  မိုးထစ်ချုန်းရွာ နိုင်ပြီး  အချို့ဒေသများတွင် မိုးကြီးနိုင်ကာ ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်သည်ဟု မိုးလေ၀သက ထုတ်ပြန်ထားသည်။

မိုးကုတ်နှင့် မိုင်းရှူး ရတနာမြေ ကျောက်မျက်လုပ်ကွက်များ ဈေးပြိုင်လေလံဖြင့် ခွင့်ပြုမည်

ရန်ကုန်၊မေ ၁၉ ။        ။ မန္တလေးတိုင်းမိုးကုတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးရတနာနယ်မြေရှိ သက်တမ်းပြည့် ကျောက်စိမ်းလုပ်ကွက်များ ကိုဈေးပြိုင်လေလံ စနစ်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပေးသွားမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ကျောက်မျက်ရတနာလုပ်ကွက်များ ခွင့်ပြုမိန့်ချ ထားပေးရေးကော် မတီက မေလ ၁၉ရက်တွင် ထုတ်ပြန်လိုက်သည်။

kjdflkgdfjgldfjkopp
မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာ လုပ်ကွက်တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အင်အား အကုန်သုံးမည်

ရန်ကုန် မေ ၁၉။      ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား အားလုံးကို အသုံးပြုမည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲဦးစီး အရာရှိချုပ် ရဲမှုးချုပ် သူရဘိုနီက မေလ ၁၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"ရွေးကောက်ပွဲအတွက် တိုင်းနဲ့ ပြည်နယ်အားလုံးက အရာရှိအဆင့်တွေအားလုံးကို သင်တန်း ပေးပြီးသွားပြီ၊ ကုလသမဂ္ဂက တစ်ခြားအဖွဲ့တွေနဲ့လည်း သူတို့ရဲ့ အနီးစပ်ဆုံး အတွေ့အကြုံတွေ၊ အမြင်တွေ ဖလှယ်ဆွေးနွေး၊ သင်တန်းပေးတယ် " ဟု ၄င်းကဆိုသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်  မဲရုံလုံခြုံရေး၊  မဲပေးသူ လုံခြုံရေး၊ လွတ်လပ်စွာ မဲပေးနိုင်ရေး၊ မဲလက်မှတ်လုံခြုံရေး၊ မဲပုံးလုံခြုံရေး ၊ မဲသယ်ယူ ပို့ဆောင်ရေးအတွက် လုံခြုံရေး စသည့်

ကိုပါကြီး အမှုတွင် ပါဝင်သည့် တပ်မတော်သားနှစ်ဦးကို စစ်ဘက်တရားရုံးက တရားသေလွှတ်လိုက်သည့် အတွက် ကန့်ကွက်စာပို့မည်

ရန်ကုန်၊ မေ ၁၉။       ။ အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုတွင် ပါဝင်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သား တစ်ယောက်ကို စစ်ဘက်တရားရုံးက တရားသေ လွှတ်ပေးလိုက်သည့် အတွက် သံရုံးများနှင့် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်သို့ ကန့်ကွက်စာ ပေးပို့သွား မည် ဖြစ်ကြောင်း ကိုပါကြီး၏ ဇနီး မသန္တာက မဇ္ဈိမကို ပြောသည်။

wpid-img 78659740384111

“အမှိုက်သိမ်းတဲ့ ကိစ္စ၊ လူထု ဆန္ဒခံယူပွဲ လုပ်ဖို့ လိုသလား”

Written by  စည်သူအောင်မြင့်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ အမှိုက်သိမ်းတဲ့ လုပ်ငန်း ပုဂ္ဂလိကကို လုပ်ကိုင်ခွင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ လုပ်ငန်း လုပ်မယ့် ပုဂ္ဂလိက ကုမ္ပဏီ နှစ်ခုကိုတောင် ရွေးချယ်လို့ ပြီးသွားပါပြီ။ ဒါပေမယ့် ပုဂ္ဂလိကပိုင်းက လုပ်ငန်းတော့ မစတင်သေးပါဘူး။ အကြောင်းကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကသာ အမှိုက်သိမ်း လုပ်ငန်း လုပ်ရင် ပြည်သူတွေဆီကနေ ၀န်ဆောင်ခ အဖြစ် လက်ရှိ စည်ပင်က ယူနေတဲ့ နှုန်းထားရဲ့ ၃၀၀ ရာခိုင်နှုန်းကနေ ၄၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ယူမယ့်ကိစ္စ ပြည်သူတွေ သဘောတူ မတူ သိချင်သေးလို့ ဖြစ်ပါတယ်။ အခုလို အမှိုက်သိမ်းခ လက်ရှိ နှုန်းထားကနေ ၃-၄ ဆ လောက် ကောက်မယ်၊ ဒါကို ပြည်သူတွေ သဘော တူမတူ စစ်တမ်းကောက် မေးမြန်းမယ်၊ ပြည်သူတွေ သဘောတူမှသာ အကောင်အထည် ဖော်မယ်လို့ ဆိုပါတယ်။ လက်ရှိ စည်ပင်က ဆောင်ရွက်နေတဲ့ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကကို လွှဲပြောင်းရေး လုပ်ငန်းစဉ် မှန်ကန်မှု ရှိပါရဲ့လား၊ ပြည်သူတွေရဲ့ ဆန္ဒသဘောထား ကောက်ခံမယ် ဆိုတာကလည်း တကယ်ပဲလား၊ အဲဒီ ကိစ္စ ဘာပြဿနာတွေ ရှိနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း ရေးဆွဲပြီး

ရန်ကုန် (မဇ္ဈိမ)။ ။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်းကို ရေးဆွဲပြီးစီးပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး အေးအေးမြင့်က မဇ္ဈိမကို ပြောသည်။

Human-Trafficking
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုင်ငံ လူကုန်ကူးမှူ တိုက်ဖျက်ရေးနေ့တွင် ချိတ်ဆွဲထားသည့် ပိုစတာကို ကြည့်ရှုနေသည့် အမျိုသားတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

လွှတ်တော်က တာဝန်ပေးပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် သက်ဆိုင်ရာ ဥပဒေ အတည်မပြုရသေးခြင်း၊ အချိန် မလုံလောက်တော့ခြင်း တို့ကြောင့်အခက်အခဲရှိနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မေ ၁၄ ရက်တွင် ပြောခဲ့သော်လည်း လွှတ်တော်က တာဝန်ပေးလာပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးပါမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

U-Win-Ko

မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းရန် မသင့်ဟု အတိုက်အခံ ထောက်ပြ

နေပြည်တော် (မဇ္ဈိမ)။ ။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ  အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို မေလ ၁၈ ရက်က အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရာ၌ လက်ရှိအချိန်မှာ ပြဋ္ဌာန်းရန် မသင့်ဟု ဆွေးနွေးမှုရှိသော်လည်း  မဖြစ်မနေ ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ဆွေးနွေးသူများလည်း ရှိသည်။

Parliament-1

ကမ္ဘာ့ မိခင်များနေ့ ဂုဏ်ပြုပွဲတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့် ဇနီးများကို ဂုဏ်ပြုလက်ဆောင်ပေးအပ်

ရန်ကုန် (မဇ္ဈိမ)။ ။ မေလ ဒုတိယပတ်အတွင်း ကျရောက်သည့်  ကမ္ဘာ့မိခင်များနေ့ ဂုဏ်ပြုပွဲကို  အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) (WLB)နှင့် အမျိုးသမီး အဖွဲ့များကွန်ရက် ( WON)တို့ ပူးပေါင်း၍ မေ ၁၈ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိမ်းလန်းစိုပြည် ဥယျာဉ်တွင် ကျင်းပကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ မိခင်နှင့် ဇနီးများကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြသည်။

Mother

တရုတ်ဘက် လက်နက်ကြီးကျည် အလုံး ၄၀ထက်မနည်းကျရောက်မှု အစိုးရတပ် ပစ်ခတ်မှုမဟုတ်ဟု ကာကွယ်ရေးဦးစီးချုပ်ငြင်းဆို

Min Aung Hlaing and Chinese embassacy copy
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ သံအမတ် မစ္စတာ ရန်ဟို့လန်တို့ မေ ၁၈ရက်က တွေ့ဆုံစဉ်။(ဓာတ်ပုံ-MOI)

Monday, May 18, 2015

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အတွက် အယူခံဝင်မည် မဟုတ်ဟုဆို

ရန်ကုန် မေ ၁၈။       ။ ကျောင်းသားသပိတ်လှုပ်ရှားမှုအတွက်  သာယာဝတီထောင်တွင် ထိန်းသိမ်းခံနေရသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အတွက်  အယူခံဝင်မည်မဟုတ်ဟု ၄င်း၏ မိဘများက မေ ၁၈ရက်က မဇ္ဈိမကို ပြောသည်။

ppa4

ယခုတစ်ပတ် အတွင်းခြောက်ပွင့်ဆိုင် တွေ့ဆုံနိုင်ဟုဆို

နေပြည်တော်၊မေ ၁၈။        ။ လာမည်မေ ၂၂ ရက်မတိုင်ခင် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အနည်းဆုံးတစ်ကြိမ်တွေ့နိုင်ပြီးနောက်ပိုင်းတစ်လခွဲ အတွင်းဆွေးနွေး ပွဲများ ဖြစ်လာနိုင်သည်ဟု   ခြောက်ပွင့်ဆိုင်တွင်ပါဝင်သော လွှတ်တော်တွင်းတိုင်းရင်သားပါတီခေါင်ဆောင်ဒေါက်တာအေးမောင်က ယနေ့ မီဒီယာအချို့သို့ ခန့် မှန်းပြောဆိုလိုက်သည်။

U-Aye-Maung-1

အစိုးရ တပ်မတော် နှင့် တအာင်းတပ် တိုက်ပွဲဖြစ်

ချင်းမိုင်၊ မေ ၁၈။        ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းတပ်မတော် (TNLA) နှင့် အစိုးရ စစ်တပ်တို့အကြား မေလ ၁၈ ရက် ညနေပိုင်းမှစတင်၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု TNLA မှ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖန်ကာကျေးရွာနှင့် ပန်ကျရော့ကျေးရွာအကြား မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမပေါ်တွင် TNLA တပ်နှင့် အစိုးရ၏ နမ့်ဖတ်ကာ အခြေစိုက် တပ်ရင်း ခလရ ၁၂၃ တပ်ဖွဲ့တို့ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေခဲ့သည်ဟု ၎င်းက ပြောသည်။

“ဒီနေ့ သုံးနာရီခွဲလောက်ကနေ လေးနာရီခွဲထိ တိုက်ပွဲကမပြီးသေးဘူး။ အခုနောက်ဆုံး အခြေအနေမသိရသေးဘူး။ အဓိကအကြောင်းအရင်းက ကျွန်တော်တို့ အဖွဲ့တွေ တပ်ဖွဲ့လုပ်ငန်းတွေ

တိုင်းရင်းသား လက်နက်ကိုင်များ ညီလာခံ ဇွန်ပထမပတ်သို့ ရွှေ့ဆိုင်း

ချင်းမိုင်၊ မေ ၁၈။        ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို လာမည့် ဇွန်လ ပထမ ပတ်တွင် ကျင်းပရန် ရွှေ့ဆိုင်းလိုက် သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

အစောပိုင်းက မေလ ၂၀ ကျော်တွင် ကျင်းပရန် ပြင်ဆင်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်းဆွေးနွေးနေဆဲ ဖြစ်သလို၊ NCCT ဘက်မှ ပြင်ဆင်မှုများ လိုအပ်နေသဖြင့် လာမည့် ဇွန်လ ပထမပတ်သို့ ပြန်လည် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

“အကုန်လုံး အဆင်သင့်ဖြစ်ဖို့ စီစဉ်ကြတာကိုး။ ရက်ရွှေ့တာထက် ဇွန်လ ပထမပတ်မှာတော့ ကျွန်တော်တို့ သတ်မှတ်ထားတယ်။ ဒီလ ကုန်ပိုင်းမှာတော့ လုပ် ဖို့ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ အန်စီစီတီ အဖွဲ့ဝင်တွေက မတက်ရောက်နိုင်ဘူး။ အဖွဲ့အစည်းထဲမှာ NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်)နဲ့ ပတ်သက်လို့ ဆွေးနွေးတာတို့၊ ရှင်းပြတာတို့ ရှိတာကိုး”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီမှ ကျောင်းသားများ အင်္ဂလန်တက္ကသိုလ်သမဂ္ဂများနှင့် သွားတွေ့ဆုံ

ရန်ကုန်၊ မေ ၁၈။       ။ ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ် လေးဦး အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်သုံးခုမှ ကျောင်းသား သမဂ္ဂများနှင့် သွားရောက်တွေ့ဆုံပြီဟု နေပြည်တော် ပုပ္ပါသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က မဇ္ဈိမကိုပြောသည်။

အင်္ဂလန်နိုင်ငံရှိ Liver pool တက္ကသိုလ်၊ Oxford တက္ကသိုလ်၊ Harvard တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံ၍ ကျောင်း၏ မူဝါဒ ပိုင်းကို ငါးရက်ကြာ သွားရောက်ပြီး လေ့လာဆွေးနွေးရန် ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ကိုဇေယျလွင်၊ ကိုနန်းလင်း အပါအ၀င် ကျောင်းသား ကိုယ်စားလှယ်လေးဦးသည် မေ ၁၇ရက် နံနက်က ထွက်ခွာသွားပြီးဖြစ်သည်။

အမျိုးသား ပညာရေး ဥပဒေကြမ်း လွှတ်တော်နှစ်ရပ်ကွဲလွဲ ပြည်ထောင်စု လွှတ်တော် တွင်ဆွေးနွေးဆုံးဖြတ်မည်

နေပြည်တော်၊မေ ၁၈။        ။ အမျိုးသား ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရာတွင် လွှတ်တော်နှစ်ရပ် သဘေားထား ကွဲလွှဲမှုများ ပြည်ထောင်စု လွှတ်တော် တွင်ဆွေးနွေး ဆုံးဖြတ်ရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့ လွှတ်တော်အစည်းအဝေးတွင် အဆိုတင် သွင်းလိုက်သည်။

School-Tapate-7

ကယားပြည်နယ်လုံး ဆိုင်ရာညီလာခံ အတွက် စည်းရုံးရေးဆင်းမည့် KNPPတပ်ဖွဲ့များ တပ်ရင်း သို့ဆုတ်ခွာ

ချင်းမိုင်၊ မေ ၁၈။       ။ ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်အတွင်း ပြည်နယ်လုံးဆိုင်ရာ ညီလာခံအတွက် လူထုစည်းရုံးရေးဆင်းရန် ရောက်ရှိ လာသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့များအား မေလ ၁၆ ရက်က မိမိတပ်ရင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောသည်။

KNPP-495x416

ဖုန်းပြောခ၏ ငါးရာခိုင်နှုန်း အခွန်ဆောင် ရတော့မည်

နေပြည်တော်၊ မေ ၁၈။  ။ ဖုန်းဆင်းမ်ကတ်နှင့် ဖုန်းငွေဖြည့်ကတ်များအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်း ကို ဇွန်လ ၁ ရက်မှ စ၍ ကောက်ခံသွားမည် ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က မေ ၁၈ ရက်တွင် မီဒီယာသို့  ရှင်းလင်း ပြောကြားခဲ့သည်။
tax-for-phone

မဏ္ဍိုင်ပြုရမည့်အရာ - အယ်ဒီတာ့အာဘော်

 မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဓိကသော့ချက် ပြဿနာဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ် သည်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည် ၍ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်၍ ပြည်သူများ ဘ၀အခြေ မြင့်နိုင်ပေ လိမ့်မည်။ နိုင်ငံနှင့်ပြည်သူတို့၏ ကံကြမ္မာမှာ အဆိုပါ အခြေခံဥပဒေ ပြဿနာ အား ဖြေရှင်းနိုင်မှု အတိုင်းအတာပေါ် မူတည်နေသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ပြီး တန်းတူညီမျှမှုကို အာမခံချက် ပေးနိုင်သော အခြေခံဥပဒေ ရှိလာမှသာ မြန်မာပြည်သူများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိနိုင်ကြ လိမ့်မည်။ ထို့ကြောင့်နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူအပေါင်း၏ အနာဂတ်ကံကြမ္မာ ကောင်းမွန်ရေးအတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပယ်ဖျက်၍ အသစ်ရေးဆွဲခြင်း(သို့မဟုတ်) လက်ရှိ အခြေခံဥပဒေပါ အရေးကြီးသော ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်အောင် ပြင်ဆင်ခြင်းကို မလွဲမသွေ လုပ်ဆောင်သွားရမည် သာဖြစ်သည်။

လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်ထိ အရေးကြီးလဲ

ရန်ကုန် (မဇ္ဈိမ)။ ။ မကြာခင်ကျင်းပဖို့ ရှိနေတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာ လူငယ်တွေနဲ့ ဘယ်လို ဆက်စပ်မှု ရှိနေလဲ၊ သူတို့ အနာဂတ်တွေက ဒီရွေးကောက်ပွဲကြီးနဲ့ ဘယ်လောက်တောင် တိုက်ရိုက် အကျိုးကျနိုင်လဲ။ လူငယ်တွေကကော ဒီရွေးကောက်ပွဲကြီးအပေါ် ဘယ်လိုသဘောထားတွေ ရှိနေကြလဲဆိုတာတွေကို မဇ္ဈိမသတင်းဌာနက တင်ဆက်ပေးနေပါတယ်။ ဒီတစ်ပတ်မှာတော့ လူငယ်တွေအတွက် ရွေးကောက်ပွဲက ဘယ်လောက်တောင် အရေးကြီးနေလဲဆိုတဲ့ အကြောင်းအရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်ဗဟို တာဝန်ခံ ဒေါက်တာ စိုးမိုးသူ (Dr, SMT)၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ ရန်ကုန် ဥက္ကဋ္ဌ ကိုစိုင်းဦး (SO) နဲ့ ဘလော့ကာ ကိုနေဘုန်းလတ် (NPL ) တို့နဲ့ မဇ္ဈိမက ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဘာလုပ်ကြမလဲ? – ကျော်ကျော်မင်း

၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရှိသူတို့သည် အာဏာမရှိ သူတို့ကို ကြောက်အောင် ခြောက် ၍လည်း လှမ်းပါ လိမ့်မည်။ စီးပွားရေး တောင့်တင်းသူတို့သည် မတောင့်တင်းသူများကို ရပိုင်ခွင့်များနှင့်လည်း မြှူပြီး၊ ကလူပြီး ယူကြပါလိမ့်မည်။ လက်နက်ရှိသူတို့သည် လက်နက်မဲ့ သူတို့အား ဖိအားပေးကာလည်း လိုသမျှကို ရယူကြ ပါလိမ့်မည် .. … …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြုလုပ် မည်ဖြစ်သည်။ ၅ လ ကျော်သာလိုတော့ သည့် ရွေးကောက်ပွဲအတွက် ပါတီကြီးများ အပြိုင်အဆိုင် ပြင်ဆင်နေကြသည်။

သမ္မတကြီး ဦးဆောင်သည့် အာဏာရပါတီကြီးမှ ၀န်ကြီးချုပ် တစ်ကြိုစာရင်းများက မကြာခဏ ထွက်ပေါ် လာသည်။

အမျိုးသမီးနှင့် ရွေးကောက်ပွဲ (၂)

ပြီးခဲ့သည့် တစ်ပတ်  အမျိုးသမီးနှင့် ရွေးကောက်ပွဲ အမည်ဖြင့် စကားဝိုင်းတွင် လွတ်တော်၌ အမျိုးသမီး ပါဝင်မှုနှုန်း၊ လူထု အခြေပြု အဖွဲ့အစည်းများ အနေဖြင့် ကိုယ်စားလှယ်လောင်း အမျိုးသမီးများကို ကူညီပေးမှု၊ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးများပြင်ဆင်ထားသင့်သည့် အချက်များ၊ အမျိုးသမီးများအတွက် စိန်ခေါ်မှုများ စသည့် ဆွေးနွေးမှုများကို ဖော်ပြပြီးနောက် ယခုတစ်ပတ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် အမျိုးသမီးများကို မည်သို့ ပံ့ပိုးပေးသင့်သလဲ၊ အစိုးရ အနေဖြင့် မည်သို့ မူဝါဒများကို ချမှတ်ထားသင့်လဲ ဆိုသည့် အချက်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသမီးများကို ဘယ်လို ပံ့ပိုးသင့်လဲ၊ အစိုးရက ဘယ်လို မူဝါဒတွေ ချထားသင့်လဲ။

ဥပဒေအရ အကာအကွယ်မဲ့နေသည့် အွန်လိုင်းပေါ်မှ သားကောင်များ

ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ တိုးတက်လာခြင်းနှင့်အတူ အွန်လိုင်း ဆက်သွယ်မှု ဆိုင်ရာ အသုံးပြုမှုများလည်း ပိုမိုတိုးတက် လာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လတ်တလော အနေအထားအရ ဆက်သွယ်ရေး လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)၊ အော်ရီဒူးနှင့် တယ်လီနောတို့ဖြစ်ပြီး နောက်ထပ် ၀န်ဆောင်မှု ပေးရန်အတွက် ရတနာပုံ တယ်လီပို့မှာလည်း လုပ်ပိုင်ခွင့် ရထားပြီဖြစ်သည်။

ယခင်က ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းကို အစိုးရပိုင် MPT တစ်ခုတည်းကသာလျှင် ၀န်ဆောင်မှု ပေးခဲ့သည့်အတွက် ဖုန်းဆင်းကတ်များမှာ ကျပ်သိန်းဆယ်နှင့် ချီခဲ့သော်လည်း ယခုအခါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉဏ်ဝင်းနှင့် တွေ့ဆုံခြင်း – ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်

ကျွန်တော်တို့ (NLD) ဟာ အလွယ်တကူ နိုင်မယ်လို့ဆိုပြီးတော့ ထင်မနေနဲ့လို့ ကျွန်တော်တို့ အမြဲတမ်း တိုက်တွန်းတယ် …

ရဲရဲတွေးပါ ရဲရဲလုပ်ပါ ကြောက်စိတ်က ကိုယ့်ရဲ့အနာဂတ်ကို လွှမ်းမိုးသွားရင် ကိုယ့်အတွက် မကောင်းပါဘူး။ ကြောက်စိတ် ကို ဖျောက်ရမယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စစ်အာဏာရှင်စနစ်အလွန် ဒီမိုကရေစီစနစ် အကူးအပြောင်းကာလ၏ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကြီး ကျင်းပရန် (၅)လကျော်သာ လိုတော့သည့် အခြေအနေတွင် ပါတီအသီးသီးက ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် ခရိုနီများ၊ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့်

အစိုးရရဲ့ လျစ်လျူရှုမှုကြောင့် တက်လိုက်ရတဲ့ စောဒက – အောင်ထွန်းလင်း

ထုထည်ကြီးမားတဲ့ သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ စားပွဲ၊ ကုလားထိုင်တွေကို မြင်တွေ့ ခဲ့ရတာပါ မောင်နှမ တစ်သိုက် ကျောင်းဝင်း အတွင်း လှည့်ပတ်ကြည့်ရှုရင်း ပြောမိတာက တရုတ်တွေဆို သိပ်ကြိုက် မှာပဲလို့ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(ဖြတ်သန်းခဲ့ရသည့်သတင်းထောက်ဘ၀အတွေ့အကြုံ )

ပြီးခဲ့တဲ့ မတ်လ ၈ ရက်က အစ်မဖြစ်သူနဲ့ ညီမဖြစ်သူတို့ နှစ်ယောက် ရဲ့ မွေးနေ့အတွက် အလှူလုပ်ရအောင် ဆိုပြီး ပဲခူးတိုင်း၊ အင်းတကော် မြို့နယ်ထဲမှာရှိတဲ့ စံပြ ကျောက်တန်းရွာက ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်းကို ရောက်ခဲ့ပါတယ်။ ရန်ကုန်-ပဲခူး ကားလမ်းပေါ်ကနေ အထဲကို ကွန်ကရစ်လမ်း၊ မြေနီလမ်းတို့က တစ်ဆင့်အထဲကို ၇ မိုင်ကျော်လောက် ၀င်ရပြီးမှ အဲဒီပရဟိတ ကျောင်းလေးကို ရောက်တာပါ။

ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်နှင့် မဇ္ဈိမ တွေ့ဆုံခြင်း

‘အမျိုးသားတွေဟာ အမျိုးသမီးတွေကို လက်တွဲခေါ်ဖို့ တန်းတူညီတူ သဘောထားဖို့ကို ထားလို့ လက်တွဲခေါ်ဖို့ အဆင့်ထိ အားနည်းနေတယ်’

၂၀၁၄ ခုနှစ် မတ်လ အတွင်းက ရခိုင်ပါတီ နှစ်ခု ပူးပေါင်းပြီး ရခိုင် အမျိုးသားပါတီ (ANP) ကို တည်ထောင်ခဲ့သည်။ အဆိုပါ ရခိုင် အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကို ပါတီအတွင်း ရာထူးကြီး အမျိုးသမီး တစ်ဦး၏ လုပ်ကိုင်ဆောင်ရွက်ရမှုများ၊
နိုင်ငံရေးတွင် အမျိုးသမီး တစ်ဦးအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲမှ စ၍ ပါဝင်ခဲ့ပုံ၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ထားရှိမှု အခြေအနေတို့ကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားသည်။

ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာရန် အမျိုးသမီးဖိုရမ် ကျင်းပ

မန္တလေး၊ စစ်တွေ (မဇ္ဈိမ)။ ။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာရန်နှင့် မဲပေးရာတွင်  စိတ်ဝင်စားမှု ပိုရှိလာရန်အတွက်  ရည်ရွယ်၍ ‘အမျိုးသမီးတို့အသံ အမျိုးသမီးဖိုရမ်’ ကို မန္တလေးမြို့နှင့် စစ်တွေမြို့များတွင်
မေလ ဒုတိယ အပတ်အတွင်းက ပြုလုပ်သွားခဲ့သည်။

အဆိုပါ ဖိုရမ်ကို အမျိုးသမီးအဖွဲ့အစည်းများ ကွန်ယက် (မြန်မာ) က ဦးစီးပြီး  ကျင်းပခြင်းဖြစ်ကာ စစ်တွေမြို့တွင် မေ ၈ ရက် နှင့် ၉ ရက်၊ မန္တလေးမြို့တွင် မေ ၉ ရက် နှင့် ၁၀ ရက်များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရွှေတိဂုံစေတီကို ထိန်းသိမ်းရန် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ၏ အကြံပြုချက်ကို သမ္မတရုံးသို့ တင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသား တစ်ခုဖြစ်သည့် ရွှေတိဂုံ   စေတီတော်   ရေရှည်တည်တံ့ရေးမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိ၍ ရွှေတိဂုံ   ရေရှည်တည်တံ့စေသည့် တင်ပြချက်များပါဝင်သော ကဏ္ဍပေါင်းစုံမှပညာရှင်များ ပါဝင်ဆွေးနွေးထားသည့် အကြံပြုတစ်စောင်ကို   နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည်ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ဝင်းလတ်က မေ ၁၇ ရက်က ပြောသည်။

Shwedagon
(ဓာတ်ပုံ - မဇ္ဈိမ)

လူတိုင်းသတင်းစာဆရာဖြစ်ခွင့်ရှိသည် သို့သော် … လူတိုင်းသတင်းစာဆရာ မဖြစ်နိုင်ပါ – ဇော်ထွဋ်မောင်

မီဒီယာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ အနေနဲ့ ရှေ့တန်းကို ရောက်မှန်းမသိ ရောက် လာတဲ့ မြန်မာနိုင်ငံမှာ မီဒီယာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေ များလာကြပါတယ်။ ဒါဟာ မြန်မာ့မီဒီယာလောက အတွက် အပေါင်းလက္ခဏာ ဆောင်တယ်လို့ သုံးသပ်ကောင်း သုံးသပ်နိုင်ပေမယ့် အဲဒီစိတ်ဝင်စားသူတွေထဲက မီဒီယာရဲ့ကျင့်ဝတ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အရည်အချင်းရှိသူတွေ၊ မီဒီယာရဲ့ ကျင့်ဝတ်စံနှုန်းတွေကို လေးစား တန်ဖိုးထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စစ်မယူနိုင်ရင်တော့ အပေါင်းလက္ခဏာ ဆောင်နေရာကနေ အနုတ်လက္ခဏာ အသွင်ဆောင်သွားနိုင်စရာ ရှိပါတယ်။

အဲဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ရှေ့တန်းကို ရောက်မှန်း မသိ ရောက်လာခဲ့တဲ့ မီဒီယာကို စိတ်ဝင်စားတဲ့လူတိုင်း သတင်းစာဆရာ ဖြစ်ခွင့်ရှိတာ အမှန်ပါ။ သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်တွေရှိတယ် ဆိုတဲ့အတွက်လည်း လူတိုင်းသတင်းစာဆရာ ဖြစ်ခွင့်ရှိတာကို

၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်ကို မဲစာရင်းပြုစုပြီးမှသာ ဆုံးဖြတ်မည်

ရန်ကုန်(မဇ္ဈိမ) ။ ။ ၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေအတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။

"၂၀၁၅အတွက်ကို မတွက်ရသေးဘူး၊ ဇူလိုင်နဲ့ သြဂုတ်နောက်ပိုင်း မဲစာရင်းအတိအကျ သိရပြီးမှ မဲရုံ အရေအတွက်ကို အချိုးကျ ဆောက်ဖို့ လုပ်မယ်" ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲရုံအရေအတွက်ကို သတ်မှတ်ထားခြင်း မရှိသေးသော်လည်း မဲရုံတစ်ခုတွင် မဲရုံစဖွင့်ချိန် နံနက် ၆နာရီမှ ညနေ ၄နာရီအတွင်း အနည်းဆုံး ၃၀၀ မှ အများဆုံး ၃၀၀၀ ဦးရေ အထိ လက်ခံရန် ပြင်ဆင်ထားသည်ဟု အရပ်ဖက်အဖွဲ့များနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  ပြောကြားထားသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ – ရွှေကူမေနှင်း

ဘယ်မျှပင် ငွေကြေးလစာ၊ ကား၊ အိမ် စသဖြင့် မက်လုံးပေး၍ ခေါ်သော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားသော စာနယ်ဇင်းသမား စစ်စစ်များက ထိုအကွက်ထဲ မ၀င်ကြပေ။ သို့သော် စာနယ်ဇင်းနှင့် အသက်မွေးသူများထဲတွင် သဘောထား တင်းမာသူချည်း မဟုတ်ရာ၊ လခကောင်း၍ဆိုပြီး ၀င်သွားသူတွေ အများအပြားရှိနေသည်။ မည်သူမျှ အပြစ်ဆိုရန်မရှိ။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည်။ ရလဒ်ကမူ … လုပ်ငန်းရှင်(ပိုင်ရှင်) အလိုကျ သဘောထားများ စာမျက်နှာပေါ် ရောက်လာကြခြင်းတည်း . . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေလ(၃)ရက်နေ့ကို ““ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့””ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မှစ၍ ကျင်းပခဲ့သည်။ ယခုနှစ် ၂၀၁၅ မှာ ကျင်းပပုံက ထူးခြား၏။ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုနှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယူနက်စကို၏ ဌာနေ ကိုယ်စားလှယ်နှင့် ပြန်ကြားရေး ၀န်ကြီးတို့အပြင် စာနယ်ဇင်းကောင်စီ(ယာယီ)

Sunday, May 17, 2015

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ အများအော်သလို လိုက်မအော်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

Daw Su 001 copy
ပုံစာ-  မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွပ် အ.ထ.က(၂) အားကစားကွင်းတွင် မေလ ၁၆ ရက် ညနေ ၄နာရီက လူထုတွေ့ဆုံပွဲ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

စစ်ကိုင်းတိုင်း မြောင်မြို့တွင်ပြုလုပ်သည့် သမ္မတ တက်မည့် ရှင်အပါး ၅၀၀၀ အလှူပွဲနေ့တွင် မိုးသည်းထန်စွာရွာသွန်းမှူကြောင့် အလှူပွဲရပ်နားခဲ့ရ

စစ်ကိုင်းတိုင်း မြောင်မြို့တွင်ပြုလုပ်သည့် သမ္မတ တက်မည့် ရှင်အပါး ၅၀၀၀ အလှူပွဲနေ့တွင် မိုးသည်းထန်စွာရွာသွန်းမှူကြောင့် အလှူပွဲရပ်နားခဲ့ရ (ဓာတ်ပုံ - ဘိုဘို)

Credit -  Mizzima News

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင် လူထုတွေ့ဆုံပွဲ မှတ်တမ်း ဓာတ်ပုံများ

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွပ် အ.ထ.က(၂) အားကစားကွင်းတွင် မေလ ၁၆ ရက် ညနေ ၄နာရီက လူထုတွေ့ဆုံပွဲ ပြုလုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-သက်ကို)

Credit -  Mizzima News

မိုးသက်လေပြင်းဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တင်လှူခဲ့သည့် ရွှေနုံးတိုးစေတီ ရွှေထီးတော်ကြီး မြေခပျက်စီး

 စစ်ကိုင်း၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း၌ ၂၀၁၄ ခုနှစ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရွှေထီးတော်တင်လှူ ပူဇော်ပေးခဲ့သည့် ရွှေနုံးတိုး စေတီတော်မှာ မေ(၇)ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးမှာ မြေခပျက်စီးခဲ့ရကြောင်း ယင်းစေတီတော်၏ ဂေါပကအဖွဲ့မှ ဦးမျိုးဇော်ဇော်ထွေးက မေ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ကျွန်တော် ၈ ရက်နေ့ မနက်ရောက်တော့ အိမ်တံခါးဖွင့်လိုက်တော့ ထီးတော်ကြီး တစ်ဝက်က မြေခနေပြီး တစ်ဝက်က ကျန်နေတယ်။ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်ကတော့ စတီးကြိုးနဲ့ တန်းလန်းကြီးဖြစ်နေတာ တွေ့ရတယ်။ လေမိုးက ၇ ရက်နေ့ ညနေပိုင်းက တိုက်တာလေ။

၈၈ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေးကောက်ပွဲအရေး ဆွေးနွေး

 ရန်ကုန်၊ မေ ၁၂

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မေလ ၁၂ ရက်နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ရွေးကောက်ပွဲအရေး တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။

လက်ရှိ တွေ့ဆုံဆွေးနွေးပွဲသည် ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း မိတ်ဖက်အဖွဲ့အစည်းတစ်ခု အနေနှင့် လည်းကောင်း ရွေးကောက်ပွဲအပေါ် အမြင်နှင့် အယူအဆများ ဖလှယ်ကြခြင်း ဖြစ်သည်။

““အဓိက,က ၈၈ နဲ့ အဖွဲ့ချုပ်က မိတ်ဆွေအဖွဲ့တွေ အဲတော့ မိတ်ဆွေအဖွဲ့နဲ့တွေ့တာ အပြင်ကို အခုလို မျိုး ရွေးကောက်ပွဲကာလ နိုင်ငံရေး အခြေအနေအပေါ်မှာ နှစ်ဖက် အယူအဆတွေကို ဖလှယ်ကြတာ””ဟု ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

လယ်ယာမြေ သိမ်းဆည်းခံရခြင်းအပေါ် ပြန်လည်ဖြေရှင်း ဆောင် ရွက်ပေးပါရန် – ပေးစာ

 အထက်အကြောင်းအရာပါကိစ္စအရ လယ်ယာမြေကို အတင်းအဓမ္မ သိမ်းဆည်းခြင်းခံရသူ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအုပ်စု၊ မြင်းဒေါင်းကျေးရွာတွင် နေထိုင်ခဲ့သူ ကျွန်တော် ဦးကုလား၊ မှတ်ပုံတင်အမှတ် ၅/ကလတ(နိုင်) ၀၁၁၃၃၅ က ရိုသေစွာ အသနားခံ တင်ပြအပ်ပါသည်။ ကျွန်တော် ဦးကုလား ပိုင်ဆိုင် လုပ်ကိုင်ခွင့်ရခဲ့သော လယ်ယာမြေများကို ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်အုပ်စု၊ သာဂရကျေးရွာနေ ဦးဖိုးတော်ထံမှ ကာလတန်ဖိုး ကျပ် ၆၅၀၀ ဖြင့် အသိသက်သေများ ဖြစ်ကြသော မြင်းဒေါင်းကျေး ရွာတွင် နေထိုင်သူ ဦးဘရှင်၊ ဦးဖြူ၊ ဦးရှိန်တို့နှင့် ၀ယ်ယူ၍ ၁၀ နှစ် ဆက်တိုက် လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော့်မှာ မိသားစု စားဝတ်နေရေး အဆင်မပြေသဖြင့် ကချင်ပြည်နယ် ဖားကန့်မှော်သို့ အလုပ်လုပ်ကိုင်ရန် ထွက်သွားခဲ့ရပါသည်။ ထိုသို့ ထွက်သွားစဉ် ကျွန်တော်နှင့် ရင်းနှီးသူအုပ်စုချင်း ဆက်စပ် လျက်ရှိသော ခင်ဦးမြို့နယ်၊ အင်းပတ်အုပ်စု၊ မြကန်ကျေးရွာနေ ဦးသန်းဖေထံသို့ တစ်ဧက စပါး ၁၀

ကပ္ပလီပင်လယ်ပြင်ရှိ ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းများ ကျရောက်ခဲ့လျှင်

ကပ္ပလီပင်လယ်ပြင်ရှိ ဘာရန်ကျွန်း မီးတောင်ပေါက်ကွဲပြီး ဆူနာမီလှိုင်းများ ကျရောက်ခဲ့လျှင် ကီလိုမီတာ ၄၀၀ သာကွာဝေးသည့် မြန်မာ့ ကမ်းရိုး တန်းဒေသများ ပြင်ဆင်ချိန် တစ်နာရီခန့်သာ ရှိမည် – ဘုန်းမြင့်ဆွေ

ငလျင်နှင့်ပတ်သက်ပြီး သတိပြုရန် ငလျင်ပညာရှင်များထုတ်ပြန်ချက်အသင်း တစ်ရပ်ကို ဖတ်ရှုခဲ့ရသည်။ မြန်မာ့ ကမ်းရိုးတန်းနှင့် မိုင် ၂၅၀ခန့်ကွာဝေး သည့် ကပ္ပလီပင်လယ်တွင်းရှိ မီးတောင်တစ်လုံးမှာ ပြာမှုန်များမှုတ်ထုတ် နေ ညပြီးပေါက်ကွဲခဲ့ပါက ဒေသတွင်း ကမ်းရိုးတန်းနေရာများတွင် ဆူနာမီ အန္တရာယ်ရှိ နိုင်သောကြောင့် သတိပြု ရန်လိုကြောင်း မြန်မာနိုင်ငံမြေ ငလျင် ကော်မတီက မေလ (၈)ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။