Saturday, December 6, 2014

ကြုံဖူးခဲ့သော အထူးကုဆေးခန်းတချို့ (ဆောင်းပါး)

– မြတ်ဆွေ

လူနာဆေးခန်းပေါ် ရောက်တယ် ဆိုရင်ပဲ တာဝန်ရှိသူတွေက ““ဘောက်ချာ ဆုတ်၊ ဘောက် ချာဆုတ်””ဆိုပြီး လူနာရှင် ကျွန်တော့်မရီးကို အော် ပြော ပါတယ်။ ဘာအတွက် ဘောက်ချာ ဆုတ်ရမလဲ ဆိုတော့ သွေးဝယ်ရမယ်တဲ့။ သွေးအိတ်တွေဝယ်ဖို့ ဘောက်ချာ ဆုတ်ခိုင်းတာ ပါ။ နောက်အခန်းခ၊ ဟိုအခ၊ ဒီ အခတွေ ဘောက်ချာအရင်ဆုတ်ရပါတယ်

~~~~~~~~~~~~~~~~~~~~~~~~

စာပေစင်မြင့်၏ ကျက်သရေ (ဆောင်းပါး)

– ရွှေကူမေနှင်း

စာပေဟောပြောပွဲစင်ကို နိုင်ငံရေးစင်သဖွယ် ရည်ရွယ်ချက်ကြီးကြီးဖြင့် အသုံးချလာကြ . . . စာပေဟောပြောပွဲ သည် နိုင်ငံရေးဟောပြောပွဲကဲ့သို့ တိုက်ရိုက်စည်းရုံး၍မဖြစ်၊ စာပေဟူသည် အနုပညာတစ်ရပ်ဖြစ်ရာ ဟောပြော မှုသည်လည်း အနုပညာတစ်ခုပင်ဖြစ်၏။ လူထု အားဝေမျှရာတွင် မိမိပြောစကားများက လူထုအတွက်ဟု စေတ နာမှန်သည့်တိုင် အစွန်းနှစ်ပါးလွတ်ရန် အရေးကြီး၏ . . .

~~~~~~~~~~~~~~~~~~~~~~

ကလေးတွေကို ကာကွယ်ဖို့ အစီအစဉ် ရုပ်သံကနေ ပြမယ်

 ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ပညာပေးဆိုင်ရာ ရုပ်သံတွေကို ကျန်းမာရေးဝန်ကြီးဌာန ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ UNICEF တို့ပူးပေါင်းပြီး မြန်မာ့အသံ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။

“ကလေးတွေကို မတရား အလွဲသုံးစားလုပ်တာတွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ပေးနိုင်ဖို့ လုပ်တာပါ” လို့ ယူနီဆက် (မြန်မာ) ဌာနကိုယ်စားလှယ်၊ မစ္စတာ ဘက်စထိန် ဘိန်းဘဲ(လ်) က ပြောပါတယ်။

မြန်မာစာသည် ပညာရေးစစ်တမ်း (၂) – စာဆက် (ဆောင်းပါး)

 ၁၉၈၅တွင် မြန်မာ့ပညာရေးကို GCE ”O”” Level ဖြစ်ရန် ကြွေးကြော်၍ ၉တန်းတွင် ၀ိဇ္ဇာဘာသာတွဲ မှ ဘောဂ ဗေဒနှင့် သိပ္ပံဘာသာရပ်အားလုံးကို အင်္ဂလိပ်လို စတင်သင်ကြားသည်။ ဘောဂကို အင်္ဂလိပ် လို(၁၀)နှစ်ကြာ သင်ကြားပြီးနောက် တပည့်တို့အပေါ် အကျိုးသက်ရောက်မှု မရှိသည်ကိုတွေ့ရ ၍ ဘောဂ ပါမောက္ခတို့က ၁၉၉၅ မှ ယနေ့အထိ မြန်မာလို ပြောင်းလဲသင်ကြားခဲ့သည်။ နိုင်ငံနှင့်တပည့်တို့ အကျိုးရှိဖို့ ရဲရင့်မှန်ကန်သော ပြုပြင် ချက်ဖြစ်သည်။ ကောင်းမည်ထင်၍ အင်္ဂလိပ်လို စမ်းသပ်သည်။ မှားမှန်းသိ၍ ပြန်ပြောင်း သည်။ တိုင်းပြည်နှင့် လူငယ်ထုအပေါ် ရိုးသားဖြောင့်မတ်သော ဘောဂပညာရှင်တို့၏ သန့်ရှင်းစင်ကြယ်သော စိတ်စေတနာနှင့် ပြည့် ၀သောပညာ၊ ပြောင်းလဲရဲသော သတိ္တကသာဓုခေါ်စရာ။

မြန်မာစာသည် ပညာရေးစစ်တမ်း (၂) (ဆောင်းပါး)

– ကိုဌေး (နတ်မောက်)

မူလတန်းတွင် အင်္ဂလိပ်စာသင်ခြင်းနှင့် ၉-၁၀ သိပ္ပံဘာသာရပ်တို့ကို အင်္ဂလိပ်လိုသင်နေခြင်းက ဆရာကလည်း တတ်၍သင်ခြင်း မဟုတ် … မတတ်သူက မသိသူကိုသင်၍ နိုင်ငံတကာကို ရင်ပေါင် တန်းနိုင်သည့် စွမ်းရည်ဖြစ် မလာ … ကြက်တူရွေး စာသင်နည်းဖြစ်၍ သိရမည့် ပညာရပ် အနှစ်ကိုမရ …

~~~~~~~~~~~~~~~~~~~~~~

အခြေခံဥပဒေသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် အဓိကထောက်ပံ့ပေးထားဟု ကာချုပ်ပြော

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ် လျှောက် လှမ်းနိုင်ရန် အဓိက အထောက်အပံ့ပေးထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို လိုက်သည်။

General-Mim-Aung-Hlaing
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်းအတွင်း ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ဗိုလင်လောင်းသင်တန်း အမှတ်စဉ်(၅၆) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီ ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ်၊ (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန၊ ဝက်ဆိုက်ဒ်)
  

SNDP မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး SNLD ပါတီသို့ ကူးပြောင်း

 ရန်ကုန်၊ ဒီဇင်ဘာ ၅- ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (SN DP) မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ထပ်မံနုတ်ထွက် ကာ ရှမ်းတိုင်း ရင်း သားများဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ (SNLD) သို့ ကူး ပြောင်းသွားကြောင်း သိရသည်။

ကူးပြောင်းသွားသူနှစ်ဦးမှာ ရှမ်းပြည်နယ်လွှတ်တော်၏ လဲချား မဲဆန္ဒနယ်မှ ကိုယ်စား လှယ်စိုင်းကျော် ဇေယျနှင့် နမ့်ဆန်မြို့နယ်ကိုယ်စား လှယ် စိုင်းသူရိန်ဦး တို့ဖြစ်ကြောင်း သိရသည်။

ပညာရေးအဆောက်အအုံများဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်မပြည့်မီပါက ဆောက်လုပ်သည့်ကုမ္ပဏီကို အမည်မည်းစာရင်းသွင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅- ရန်ကုန် တိုင်းဒေသကြီးအတွင်း ပညာရေးအ ဆောက်အအုံ များဆောက်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီများအနေဖြင့် အ ဆောက် အအုံများ ဆောက် လုပ် ရာတွင် သတ်မှတ်စံချိန်စံညွှန်းများမပြည့်မီ ပါက အဆိုပါကုမ္ပဏီ ကိုအမည်မည်း စာရင်း သွင်းပြီး နောင် တွင် ဌာနဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန် ကြီးဒေါက် တာ ဦးမြင့်သိန်းက ပြောသည်။

ခေါက်ရှာငှက်ပျံလောကဓံ၊ စုန်,ဆန်မနား ကျွန်တော် စာနယ်ဇင်းသမား (ဆောင်းပါး)

– မောင်မြား

ဆန်အိတ်ထဲမှ နာရီအချို့ ကာလကတ္တားမှ မှောင်ခိုနာရီ ဆိုင်တန်း ဆီသို့ ချောချောမွေ့မွေ့ ရောက်သွားကြသည်။ နာရီအားလုံးက ရွှေရောင် ““မောင်ကိုနှင့် ညီများ””၊ သဘောသဘာဝအရ မှောင်ခိုကုန်သွယ်ရေးဆိုသည်မှာ အဲဒီ မတိုင်ခင် ကတည်း က နိုင်ငံတိုင်း၏ နယ်စပ်တိုင်းမှာ ရှိကြမည်ဖြစ်သည်။ မြန်မာလုပ် Made in Burma နာရီများ ယနေ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံသို့ လက်မွန်မဆွကတည်းက မှောင်ခိုတင်သွင်း ခံရသည် က တော့ အဘက်ဘက်ကတွက်ဆပြီး ကြံဖန်ဂုဏ်ယူမည်ဆိုလျှင် ဂုဏ်ယူစရာပင် . . .
~~~~~~~~~~~~~~~~~~~~~~~~~
ယခင်အပတ်မှ အဆက်

အခြေခံလူတန်းစားများ တန်ဖိုးနည်းအိမ်ရာ နှစ်ရှည်ဘဏ် ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် အဆို လွှတ်တော်တွင် ရှုံးနိမ့်

 ရန်ကုန်၊ ဒီဇင်ဘာ ၅- ပြည်တွင်းပြည် ပဘဏ်များမှ နှစ်ရှည်ဘဏ်ချေးငွေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများကို အခြေခံလူတန်းစားများဝယ်ယူခွင့်ပြုရန်အဆိုကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာအဆိုပါ အဆိုရှုံးနိမ့်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူရောင်းချပေးနေသည့် တန်ဖိုး နည်းအိမ်ရာများသည် အခြေခံလူတန်းစားပြည်သူများဝယ်ယူရန် လက်လှမ်း မမီသည့်ဈေးနှုန်းများ ဖြစ်နေသဖြင့် ပြည်တွင်ဘဏ်များ(သို့မဟုတ်) နိုင်ငံတကာ ဘဏ်များဖြင့် ချိတ်ဆက်ကာနှစ်ရှည်ချေးငွေဖြင့် ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့အား

ရှက်တတ်ကြမယ်ဆိုရင်ဖြင့် ရှက်အပ်ရာပေသော ဂန္ထ၀င်ကဗျာကောင်းတစ်ပုဒ် (ဆောင်းပါး)

– ဆောင်းဝင်းလတ်

ဒီကဗျာထဲမှာပါတဲ့စကားလုံးတိုင်း စကားလုံးတိုင်းဟာ စစ်အစိုးရတွေရဲ့ ခေတ်အဆက်ဆက်မှာ ကိုယ်ကျိုးရှာ မသမာလောဘစိတ်တွေ အဆိပ်တက်ပြီး အာဏာကို လက်ဝါးကြီး ဆက်အုပ် ထားချင်ကြတဲ့ မိုးကျရွှေကိုယ် ခေါင်း ဆောင် အတုအယောင်သမားတွေ အတွက်တော့ဖြင့် ရှက်တတ်ကြမယ်ဆိုရင် . . .
~~~~~~~~~~~~~~~~~~~~~~~~~~
နံဘေးထိုင်ခုံမှာ ထိုင်ပြီးအေးဆေး တည်ငြိမ်စွာလိုက်ပါလာတဲ့ လူငယ်တစ် ယောက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ကြမ်း တမ်းလှတဲ့ ဘ၀ဖြတ်သန်းခဲ့ရမှုတွေအပေါ်မှာ ကျွန်တော့်စိတ်ထဲက တလေးတစား ရှိနေမိပါတယ်။ သူဟာ စာရေး ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။

ရဲနှင့် လူမိုက်သံသရာ

ရန်ကုန် ခေတ်အဆက်ဆက် သူ့အပိုင်လိုက်ကြီးစိုးမင်းမူခဲ့ကြတဲ့ လူမိုက်ကြီးတွေ လမ်းမတော်ဖိုးတုတ် ဗိုလ်တထောင်ငမိုး၊ အင်္ဂလိပ်ခေတ် လိုအပ်လို့ အသုံးပြုကြတဲ့ လူမိုက်အပိုင်စားခေါင်းဆောင်တွေ၊ လမ်းမတော အပိုင်မှာ ပုလိပ်က ဘိန်းခန်းတွေ၊ အရက်ဆိုင်တွေ၊ ပြည့်တန်ဆာအိမ်တွေ ဖမ်းချင်ရင် အပိုင်စားလူမိုက်တွေ ခေါ်ယူညှိနှိုင်းခဲ့ကြရပါတယ်။

နောက်ပိုင်း တော်လှန်ရေးကောင်စီခေတ် ပန်းဘဲတန်းက မူဆာတို့၊ အီဆတ်တို့၊ အလီတို့၊ ပန်းဆိုးတန်းက ရောင်စိန်ကဖီးမှာ မိုးကျော်တို့၊ ကျော်ဝင်းတို့၊ ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းက

ပညာရေးဝန်ကြီးဌာနမှ မူလတန်းကျောင်းသား ၁ဝဝမှ ၄ဝဝအထက်ရှိသော ကျောင်းများကို ငွေကျပ် လေးသိန်းမှ ရှစ်သိန်းအထိ ထောက်ပံ့ပေးသွားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပညာရေး ဝန်ကြီးဌာနမှ ကျောင်းများသို့ ငွေ ကြေးထောက်ပံ့ပေးသည့်အစီအစဉ် ဒုတိယအရစ်အဖြစ် နိုင်ငံတစ်ဝန်းရှိ မူလတန်းကျောင်းသား ၁ဝဝမှ ၄ဝဝ အထက်ရှိသော ကျောင်းများကို ငွေကျပ် လေးသိန်းမှရှစ်သိန်းအထိ ထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ကျောင်း များသို့ ငွေကြေးထောက်ပံ့ပေးသည့် စီမံကိန်းကို၂ဝ၁၄-၂ဝ၁၅ မှ၂ဝ၁၇-၂ဝ၁၈အထိ အကောင်အထည်ဖော် နိုင်ရန်အတွက် ကမ္ဘာ့ဘဏ်မှအတိုး မဲ့ ချေးငွေဒေါ်လာသန်း ၈ဝနှင့် သြ စတြေးလျမှ လှူဒါန်းသော ဒေါ် လာသန်း ၂ဝတို့ကို စီမံကိန်းကာလ လေးနှစ်အတွင်းနှစ်စဉ်နိုင်ငံတော်

Thursday, December 4, 2014

လိုင်စင်လုပ်ဖို့ အိမ်တိုင်ယာရောက် ရဲက လိုက်ခေါ်လို့ ဂျပန်ခေတ် ချွေးတပ်ဆွဲသလို တစ်ရွာလုံး ၀ရုန်းသုန်းကားဖြစ်ခဲ့ရတဲ့ ဒီပဲယင်းနယ်က ဆိုင်ကယ်ဖမ်းပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း ဆိုင်ကယ်ပိုင်ရှင်တွေကို ရဲစခန်းလာကြဖို့ ခေါ်နေတာကြောင့်
ကျေးရွာနေလူထုတွေအနဲ့နဲ့ ဆိုင်ကယ်ရောလူတွေပါ တောထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်၊ အဲဒီသတင်းနဲ့ ပတ်သက်ပြီး herjule mediaမှ ရွှေဘိုခရိုင်၊
ဒီပဲယင်းမြို့နယ်၊သစ်ရာအိုက်ကျေးရွာခံ များကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
"" ဟုတ်တယ်၊ ကျမတို့ တစ်ရွာလုံး တကယ့်ကို ၀ရုန်းသုန်းကား ကိုဖြစ်နေပါတယ်၊ ဆိုင်ကယ်ဖမ်းတာက အိမ်ထဲဝင်ပြီး ဖမ်းတာလို့ ပြောရမှာပေါ့၊ ဒီမနက် ရွာမှာ သတင်းထွက်နေတာက

ပြည်ခိုင်ဖြိုးပါတီရုံးခန်းများ ခန်းနား ကျယ်ပြန့် စုံလင်ပုံကို အခြားပါတီ ရုံးခန်းများ နှိုင်းယှဉ်ပြီး အံ့အားသင့်ခဲ့ရကြောင်း IRI သင်တန်းဆရာမှ ဖြေကြား

 ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ NLD ပါတီဝင်များအား မဲဆွယ်စည်းရုံးရေးနှင့် ဆိုင်သော နည်းပညာများ သင်ပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က စွပ်စွဲ သတိပေးခဲ့သည့် အမေရိကန် အခြေစိုက် International Republican Institute - IRI အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ ဒီမိုကရေစီ ဖွံဖြိုးဆဲနိုင်ငံများတွင် အခမဲ့ ပို့ချပေးနေသည့် အဖွဲ့တခုဖြစ်သည်။

IRI ကို မြန်မာနိုင်ငံရေး စိတ်ဝင်စားသူများအတွင်း လူသိများ အပြောများ လာသည် မှာ IRI စစ်တမ်းတစ်ခုတွင် သမ္မတ ဦးသိန်းစိန် ကို လူထု က ဒေါ်အောင်ဆန်း စုကြည်ထက်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အိမ် ကျပ်သန်းလေးရာ အကုန်ကျခံ ဆောက်လုပ်မည်

မန္တလေး၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် တည်ဆောက်ရေးအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ကျပ်သန်းလေးရာ အကုန်အကျခံကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအရ သိရသည်။

“ဝန်ကြီးချုပ်အိမ်ဆောက်ဖို့ သုံးစွဲတာ များလား မများဘူးလားဆိုတာ သုံးတဲ့ပစ္စည်းနဲ့ ဒီဇိုင်းကိုကြည့်ပြီး သုံးသပ်လို့ရမှာ” ဟု မန္တလေးမြို့တော်အခြေစိုက် CAD ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇင်မင်းဆွေ က ဆိုသည်။

လယ်ယာမြေ ရေနစ်မြုပ် ပျက်စီးမှုအတွက် လျော်ကြေးငွေတွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ မယ်ဇလီဆည်မြောင်း ကျိုးပေါက်ခဲ့တာကြောင့် ရေနစ်မြုပ်ခဲ့တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးဌာနက လယ်သမားတွေကို ဒီနေ့ လျော်ကြေးငွေတွေ ပေးအပ်ခဲ့ပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ လယ်ယာမြေ ဧက ၂၀၀ ကျော်မှာ ထိခိုက်လယ်ယာမြေ တစ်ဧကအတွက် ၃သိန်းနှုန်း၊ ပျက်စီး လယ်ယာမြေ တစ်ဧကအတွက် ၄ သိန်းနှုန်းနဲ့ လျော်ကြေးပေးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးပိုင်သူရချိုက ပြောပါတယ်။

ငွေကြေးကောက်ခံမှုကို အရေးယူတာတွေ မထိရောက်ဘူးလား

ကျောင်းသားကျောင်းသူတွေ ဆီကနေ ငွေကြေးကောက်ခံလို့ ဆိုပြီး နိုင်ငံတော်သမ္မတဆီ အတိုင်ခံရတဲ့ ကျောင်းအုပ်ကြီးကို ကျောင်းပြောင်းလိုက်တယ်လို့ ကျောင်းသားမိဘ တွေဆီကနေ သိရပါတယ်။

“အချက်အလက် ခိုင်ခိုင်လုံလုံ သက်သေအထောက်အထားနဲ့ တိုင်တာကို သာမန် အပြောင်းအရွှေ့ပဲ ဆိုတာ မဖြစ်သင့်ဘူး။ ကျောင်းဆောင်ပြိုကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့တောင် ကျောင်းအုပ်ကြီးကို ရာထူး လျှော့ချသေးတာပဲ” လို့ တိုင်ကြားခဲ့တဲ့ ဦးအောင်အောင်နေဝင်းက ပြောပါတယ်။

နိုင်ငံသားတွေခံစားနေကြရတဲ့ အတက်နဲ့ အကျဒဏ်ပယ်ဖျောက်နိုင်စေဖို့ (ဆောင်းပါး)

Written by : ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ရန်ကုန်မြို့ ဈေးတစ်ခုမြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)

သမိုင်းကို ပြည်သူတွေသာ ရေးပါသည် (ဆောင်းပါး)

Written by : ဘစံကောက်

လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးကြတယ်ဆိုပေမယ့် နိုင်ငံရဲ့သမိုင်းနဲ့ချီပြီး မှတ်တမ်းရေးထိုးခံရသူဆိုတာကတော့ လက်ချိုးရေတွက်လို့ ရလောက်အောင်အလွန်ပဲ နည်းပါတယ်။

ဒါကလည်း တချို့လူပုဂ္ဂိုလ်တွေရဲ့ တော်ခြင်း၊ ညံ့ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းက နိုင်ငံရဲ့ အပြောင်းအလွဲတစ်ခုကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိခြင်း မရှိခြင်းနဲ့ပဲ ဆိုင်လိမ့်မယ်လို့ စာရေးသူကတော့ ထင်ပါတယ်။ ပမာအားဖြင့် အမေရိကန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ သမ္မတတွေ အများအပြားရှိခဲ့ပေမယ့် အမှန်တကယ် ထင်ပေါ်ခဲ့သူတွေကတော့ နိုင်ငံရဲ့လွတ်လပ်ရေးကို

ဦးသန့် သို့မဟုတ် မီးလျံထဲက ပန်းတပွင့်

ဦးသန့်
စစ်အေးခေတ် ကျူးဘားဒုံးပျံ အရေးအခင်းကာလအတွင်း ကတ်စထရိုနှင့် တွေ့ဆုံနေသော ဦးသန့်

Bandwidth 32.32 Gbps အထိရှိလာ

   အင်တာနက် Bandwidth 32.32 Gbps အထိ ရှိလာကြောင်း နိုဝင်ဘာလ ၂၆ ရက်က နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ဖော်ပြထားသည်။

၂၀၁၀-၂၀၁၁ ခုနှစ်တွင် အင်တာနက် Bandwidth 3.92 Gbps ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အင်တာနက် Bandwidth ကို 32.32 Gbps အထိ တိုးချဲ့နိုင်ခဲ့ကြောင်း ဆိုထားသည်။ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အင်တာနက် Bandwidth 3.92 Gbps ကိုလည်းကောင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် 3.72 Gbps ကိုလည်းကောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် 13.33 Gbps ကိုလည်းကောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် 26.74

ပြင်ဦးလွင် ပန်းပွဲတော် ၉ နှစ်ပြည့်နဲ့ ဂီတပွဲတော် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပမည်

ပြင်ဦးလွင်, ပန်းပွဲတော်, ဂီတပွဲတော်
ယမန်နှစ်က ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်း ပန်းပွဲတော် မြင်ကွင်း

ဒုဿီလများ ကင်းဝေးရေး

သာသနာတော်၏ အသက်သည် “ဝိနည်း” ဖြစ်ကြောင်း၊ ရဟန်းတော်များသည် ဝိနည်းတရားတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းဘဲ ဆယ်ပါးသီလကို စောင့်ထိန်းရုံမျှဖြင့် သင်္ကန်းဝတ်ပြီး နေသော်လည်း ဘုရားရှင် အဆုံးအမ သြဝါဒခံများ မဟုတ်သောကြောင့် သာသနာပ ရသေ့ပရိဗိုဇ်များသာ ဖြစ်ကြောင်း “ဝိနယော နာမ သာသနဿ အာယု” ဟု ဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ပာယ်မှာ “ဝိနည်းတရားတော်သည် သာသနာတော်၏ အသက်” ဟူ၍ ဖြစ်သည်။

၂ဝ၁၅ရွေးကောက်ပွဲတွင်သံဃာတော်များမဲပေးခွင့်ရရှိရေးလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု ဦးပါမောက္ခမိန့်ကြား

စည်သူကျော်

လာမည့်၂ဝ၁၅ခုနှစ်တွင် ပြုလုပ်ရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ရဟန်းသံဃာတော်များအနေဖြင့်ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေးလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းမဘသ(ဗဟို)မှအတွင်းရေးမှူးဆရာတော် ဦးပါမောက္ခက ရန်ကုန်တိုင်းမ်ဂျာနယ်သို့မိန့်ကြားသည်။

''ဆရာတော်တို့လဲ မြန်မာနိုင်ငံတိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားလာတာ။ဘာလို့မဲပေးခွင့်မရှိရမှာလဲ။မဲပေးခွင့်ရအောင်လဲလှုံ့ဆော်မှုတွေလုပ်မှာပါ။ဘယ်လိုဘယ်ပုံလုပ်မယ်ဆိုတာကတော့ဆရာတော်ကြီးတွေနဲ့တိုင်ပင်ရဦးမှာပါ''ဟုဆရာတော်ကဆက်လက်မိန့်ကြားသည်။

မြန်မာလုပ်သားနှစ်ဦးကို ပုဒ်မ ခုနစ်ခုဖြင့် အမှုတွဲတင်ကာ တရားစွဲ

ထိုင်းအစိုးရ ရှေ့နေအဖွဲ့မှ တာဝန်ရှိသူများက အမှုတွဲတင်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားပေးနေစဉ်

ခရာဘွမ်တောင်ကြောတစ်လျှောက်ရှိ အစိုးရစစ်စခန်းများ ရုပ်သိမ်းပေးရန် ကာချုပ်ထံအရပ်ဖက် အဖွဲ့အစည်းတစ်ရာကျော်စာပို့

ချစ်မင်းထွန်း

KIO ဌာနချုပ်အနီးရှိခရာဘွမ် တောင်ကြော တစ်လျှောက်ရှိ အစိုးရတပ်မတော်မှ ချထားသော စစ်စခန်းများကို ရုပ်သိမ်းမိန့် ထုတ်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အရပ်ဘက် အဖွဲ့အစည်းတစ်ရာကျော်က နိုဝင်ဘာ၂၇ရက်နှင့်၂၉ရက်တို့တွင်နှစ်ကြိမ်စာ ပေးပို့တောင်းဆို ထားကြောင်းသိရသည်။

ကျောင်းသားသမဂ္ဂ ပြန်ဆောက်ဖို့ ဖြစ်လာနိုင်တော့မလား

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ဖြိုဖျက်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်သွားမယ်လို့ အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ အရေးပါခဲ့တဲ့ ဒီအဆောက်အအုံကို ဖြိုဖျက်ခံရတဲ့ မူလနေရာမှာ ဆောက်လုပ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

တရားရင်ဆိုင်နေရသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏ မဟာသံဃနာယက အစည်းအဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှု ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးပယ်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၃

လန်ဒန်ဆရာ တော်အပါအဝင် သံဃာငါးပါးအား စွဲဆိုထားသည့် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ၂ဝ/၉ဝနှင့်ပတ်သက် ပြီး မဟာသံဃနာယက အစည်းအ ဝေးမှတ်တမ်းအား သက်သေခံအဖြစ် တင်ပြလျှောက်ထားမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင်တရားရုံးမှခရိုင်တွဲဖက် တရားသူကြီးဦးငြိမ်းမြင့်မှ ဒီဇင်ဘာ ၃ရက်တွင် ပယ်ချခဲ့ကြောင်း သိရ သည်။

အစည်းအဝေးမှတ်တမ်းသည် ကန့်သတ်မှတ်တမ်းဖြစ်သည့် အတွက် သက်သေခံအဖြစ်တင်သွင်းမှုအား ပယ်ချလိုက်ခြင်းဖြစ်သည်။

ခြောက်ပွင့်ဆိုင်နှင့်ပတ်သက်၍ မှတ်ချက်ပေးသူအချို့အား သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှပြောဆိုရန် သတင်းထုတ်ပြန်

 ရန်ကုန်- ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားမှုများတွင် သမ္မတဦးသိန်းစိန်ပြောကြားခြင်းမရှိသည့်စကားများကိုပြောကြားသကဲ့သို့လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးထိုးနှက်ရာရောက်သည့်စကားလုံးများကို သုံးစွဲနေသည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်ကို စိစစ်အတည်ပြုပြီးမှပြောဆိုရန် သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဗုဒ္ဓဘာသာဇနီးကို ဘာသာအဓမ္မ ကူးပြောင်းစေပါက ထောင်သုံးနှစ်အထိ ချမှတ်မည့်အချက် ဥပဒေကြမ်းတွင် ထည့်သွင်း

 ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဘာသာကူးပြောင်းစေရေး အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ်အထိအပြင် ငွေဒဏ်ပါ ချမှတ်ရမည့် အချက်ကို အသစ်ရေးဆွဲထားသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က အစိုးရပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်လိုက်သော ယင်းဥပဒေကြမ်းတွင် ဖော်ပြထားသည်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံ ပြန်လည်ဆောက်လုပ် ခွင့်ပေးရန် နိုင်ငံတော်သမ္မတထံ တောင်းခံမည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃- တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက် အအုံ ပြန် လည်ဆောက်လုပ်ခွင့်ပေး ရန် နိုင်ငံတော်သမ္မတထံ ဆန္ဒပြ တောင်းခံ သွား မည်ဖြစ်ကြောင်း သိ ရသည်။

အဆိုပါဆန္ဒပြ ပွဲကို လာမည့် ဒီဇင်ဘာ ၆ရက် နံနက် ၉နာရီတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ပြု လုပ်မည်ဖြစ်ပြီး ဒေါက်တာအောင် ခင်ဆင့် (ယခင်မြန် မာ နိုင်ငံ ကျန်းမာ ရေးဝန်ထမ်းများ သမဂ္ဂဥက္ကဋ္ဌ)က ဦးဆောင်သော လူငါးဆယ် ခန့်ဖြင့် ဆန္ဒပြခြင်းကို ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

သံဃာအတုနှင့် သာသနာ့အရေခြုံ အလှူခံသူများကို ဖမ်းဆီးမည့်စီမံချက်စတင်

သာသနာ့အရေခြုံ ယောဂီဝတ်အမျိုးသမီးတစ်ဦးကို ဆရာတော်များ ရှင်းလင်းမိန့်ကြားစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

ကျောင်းသားသမဂ္ဂ အဆောက်အအုံပြန်လည် ဆောက်လုပ်ရန် ဒေါက်တာ အောင်ခင်ဆင့် ဆန္ဒပြမည်

ရန်ကုန် (မဇ္ဈိမ)။ ။ မိုင်းခွဲခံမြေပေါ်တွင် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုရန် ကျောင်းသား သမဂ္ဂများနှင့်အတူ ကျန်းမာရေး ပညာပေး၊ စာရေးဆရာ အမျိုးသားစာပေဆုရှင် ဒေါက်တာ အောင်ခင်ဆင့်က ပူးပေါင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြောကြားခဲ့ သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်ခဲ့သည့် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

လင်ပြိုင်၊ မယားပြိုင်ထားပါက ထောင် ခုနစ်နှစ်အထိ ချနိုင်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်း အမျိုးသမီးများ ကြိုဆို

 တရားဝင်အိမ်ထောင်ရှိ လျက်နှင့် ထပ်မံလက်ထပ်ပါက ထိုသူကို ထောင်ခုနစ်နှစ်အထိ ချ မှတ်နိုင်ကြောင်း လွှတ်တော်သို့ ပေးပို့လိုက်သည့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဖော်ပြထား ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃ ရက်က ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည့် အဆိုပါ ဥပဒေကြမ်းတွင် တရားဝင်လက်ထပ် ထိမ်းမြားပြီးသူသည် မပြတ်စဲရသေးဘဲ ထပ်မံလက်ထပ်ပါက ထိုသူကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၄ ကျူးလွန်ကြောင်း မှတ်ယူရမည်ဖြစ်သည်ဟု ဖော်ပြထားခြင်း ဖြစ်သည်။

ပီအာရ်လျှောက်မည့်သူများ နှစ်စဉ်ကြေး ဒေါ်လာတစ်ထောင် သတ်မှတ်

  နိုင်ငံရေးခိုလှုံခွင့်ယူထားသူနှင့် ပြည်တွင်း၊ ပြည်ပပြစ်မှု မှတ်တမ်းရှိသည့် မြန်မာနိုင်ငံသား ဟောင်းများကို အမြဲတမ်းနေထိုင် ခွင့်ပေးမည်မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောကြားလိုက်သည်။

အမြဲတမ်းနေထိုင်ခွင့်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး လျှောက်ထားခွင့်၏ နှစ်စဉ်ကြေး မှာ ဒေါ်လာတစ်ထောင်ပေးသွင်းရမည်ဖြစ်သည်။ ငါးနှစ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးခွင့်ရှိမည်ဖြစ်သည်။

ဝှိုက်ကတ်ကိုင်သူများ၏ ရပိုင်ခွင့် မဆုံးရှုံးစေသင့်ဟု ဘူးသီးတောင်အမတ် ပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးများ နောက်ဆုံးနေ့တွင် အမျိုးသားလွှတ်တော်က ပြင် ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းအရ ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများ ဆန္ဒမဲ ပေးခွင့်မရှိဟူသည့် လွှတ်တော်နှစ်ရပ်၏ အတည်ပြုချက်မှာ ၁၅ သိန်းသော ပြည်သူတို့၏ ယခင်ကရခဲ့သော အခွင့်အရေးကို ဆုံးရှုံးစေကြောင်းနှင့် ထိုသို့ မဖြစ်သင့်ကြောင်း ဘူးသီးတောင်အမတ် ဦးရွှေမောင် က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 ဘယ်လိုဖြေရှင်းကြမှာလဲ

ကိစ္စမြားမြောင် လူတို့ဘောင် ဟူသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း အဖြစ်အပျက်ပေါင်းများစွာ ရှိနေသည်။ အချို့မှာ ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း လုပ်ဆောင်မှုအလွဲများကြောင့် ရလဒ်အဖြေများ ကောင်းမွန်ခြင်းမရှိသည်ကို တွေ့ရှိနေရသည်။ ထို့အပြင် မူဝါဒချမှတ်မှုလွဲမှားခြင်း၊ ကောင်းမွန်သောမူဝါဒ ဖြစ်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှု အဆင့်ဆင့်တွင် စီမံမှုအလွဲများကြောင့် အချို့ကိစ္စရပ်များမှာ အကျည်းတန်ဖြစ်ရပ်များ ဖြစ်နေသည်ကို တွေ့နေရသည်။

အမျိုးသား လွှတ်တော်၌ PR ကျင့်သုံးရန် အခြေခံ ဥပဒေဆိုင်ရာခုံရုံး အဆုံးအဖြတ် ယူမည်

PR စနစ် ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ၊ အမျိုးသား လွှတ်တော်
၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် PR စနစ် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြ နေသူများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

PR စိစစ်ခွင့်ပြုမည့်ကာလ ပုံသေ မသတ်မှတ်ထား

"နိုင်ငံရေးခိုလှုံသူများ အမည်ပျက်စာရင်းဝင် နိုင်ငံသားဟောင်းများ လျှောက်ခွင့်မရနိုင်"

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) ကို ပြည်တွင်းပြည်ပ အမည်ပျက်စာရင်း သွင်းထားသူများ လျောက်ထားခွင့်
မရှိသည့်အပြင် လျောက်ထားမှုအပြီး ပြန်လည်ခွင့်ပြုမည့် ကာလအတိအကျ သတ်မှတ်ထားခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်သန်းက ဒီဇင်ဘာ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။

Wednesday, December 3, 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ဦးအား စွဲချက်တင်မည်

ထိုင်းနိုင်ငံခိုတောင်ကျွန်း(လိပ်ကျွန်း)၌ ဗြိတိသျှခရီးသွား ၂ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံမြန်မာလူငယ် ၂ဦးဖြစ်သော ဇော်လင်းနှင့် ဝေဖြိုးတို့အား စွဲချက်တင်တော့မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ ကနဦးအမှုတွဲသည် သက်သေမခိုင်လုံသဖြင့် ထိုင်ရှေ့နေများကောင်စီကပယ်ချခဲ့ပြီး၁လနီးပါအကြာ ထပ်မံတွေ့ရှိသောသက်သေအထောက်အထားများဖြင့် တင်ပြခဲ့ခြင်းကို ရှေ့နေများကဒီဇင်ဘာ ၃ရက်က စွဲချက်တင်ရန်လက်ခံလိုက်ကြောင်းသိရသည်။

အိုဘယ့်...ဗိုလ်ချုပ်၊ ရာပြည့်ပွဲမှသည်

ထွန်းအောင်ကျော်၊ ၈၈မျိုးဆက်(စက်မှုတက္ကသိုလ်)

''ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ...''

ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ထဲတွင် ငယ်စဉ်ကပင် ကျက်မှတ်ခဲ့ဖူးသော ဗိုလ်ချုပ်နှင့် ပတ်သက်သည့် ကဗျာ တစ်ပုဒ်။ ကျွန်တော်တို့ နိုင်ငံအတွက် ဗိုလ်ချုပ်ဟုဆို လိုက်သည်နှင့် အောင်ဆန်းရဲ့အမည်ကို တွဲမြင်မိရ လောက် အောင်ထိ ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍက ကြီးမား လွန်းလှတယ်။ လူကြီး၊ လူငယ်၊ အယုတ်၊ အလတ်၊ အ မြတ်မရွေး ဗိုလ်ချုပ်ကို ကြည်ညို လေးစား ကြတယ်။ အား ကျကြတယ်။ အတုနမူနာယူလိုကြသည်။ ဗိုလ်ချုပ်အ ကြောင်းကို

စကားတွေ ကြားနေရတယ် (ဆောင်းပါး)

 Written by - ရဲထွတ်နီ

“စကားပီ နားကြား” ရယ်လို့ စကားအသုံးကို အနီးစခန်း ဆရာတော်ကြီးရဲ့ တရားတော်တစ်ပုဒ်မှာ စကြားဖူးတယ် မှတ်ပါတယ်။ စကားကိုလည်း ပီပီသသပြောတယ်။ နားကလည်း အကြားကောင်းတယ်ဆိုတဲ့ စကားလုံးအရှိ အဓိပ္ပာယ်အပြင် စကားကောင်းပြောဆိုသလို နားလည်သဘောပေါက်မှုရှိတယ်။ ကောင်းတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်ကိုလည်း ပြောဆိုတာဖြစ်မှာလို့ ကိုယ့်ဟာကိုယ်မှတ်ယူပြီး စကားအသုံးကို နှစ်သက်စရာဆိုပြီး မှတ်သားထားမိပါတယ်။

မိမိတို့တာဝန် မိမိတို့ ယူကြကုန်လော့

 (ပညာမရှင်တစ်ဦး)

ဥပဒေသဘောတရားအရ အမျိုးသား ပညာရေးဥပဒေသည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့စွဲဖြင့် စည်းနှောင်မှုစွမ်းအား (Binding Force) ရှိသည့် တည်ဆဲဥပဒေတစ်ခု (Existing Law) ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေပြုသူ များ၏ စောဒကများဖြစ်သည့် “ဥပဒေကို အသုံးတောင်မပြုရသေး၍ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ မဖြစ်နိုင်ပါ”၊ “နည်းဥပဒေများ မပြဋ္ဌာန်းရသေးပါ၍ ဥပဒေသည် စာရွက်ပေါ်မှာသာ ရှိနေသည့်ဥပဒေပါ” ဆိုသည့် ပြောကြားချက်များသည်လည်း ဆင်ခြေမျှသာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ အမျိုးသားပညာရေး ဥပဒေသည် အတည် ဖြစ်သည့်နေ့မှစ၍ အသက်ဝင်ခဲ့ပြီး ပြဋ္ဌာန်းဥပဒေပါ ပုဒ်မတိုင်းသည် အရေး ယူဆောင်ရွက်နိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များ ဖြစ်နေပြီး ဖြစ်ပါသည်။

အပစ်ရပ်စာချုပ်၌ “တော်လှန်ရေး” စကားလုံး သုံးပေးရန် ဖက်ဒရယ် တပ်မတော် တောင်းဆို

စံခလပူရီ (မဇ္ဈိမ)။ ။ ညီညွှတ်သော တိုင်ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပါဝင် ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် (FUA) စစ်ဦးစီး အဖွဲ့ဝင်များ အစည်းအဝေး အပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် “တော်လှန်ရေး” ဆိုသည့် စကားရပ်အား စာကိုယ်၌ ထည့်သွင်းပေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ထံသို့ အကြံပြု တင်ပြခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တစ်ချိန်တုန်းက NCCT ထဲမှာ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း” ဆိုပြီး အမြဲတမ်း ထည့်တယ်လေ၊ နောက်ပိုင်း ဦးအောင်မင်းတို့ မေတ္တာ

အာဆီယံဒေသတွင်း အကျင့်ပျက်ချစားမှု မြန်မာအမြင့်ဆုံးဖြစ်နေ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၄ခုနှစ် အကျင့်ပျက်ချစားမှု ညွှန်ကိန်းများကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် အဆင့်
၁၅၆ တွင် ရပ်တည်ပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် အကျင့်ပျက်ချစားမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။

TI-sယင်းထုတ်ပြန်ချက်ကို Transparency International အဖွဲ့ကြီးက နှစ်စဉ် ထုတ်ပြန်လေ့ရှိပြီး ၂၀၁၄ ခုနှစ်အတွက် ညွှန်းကိန်းကို ဒီဇင်ဘာ
၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက အဆင့် ၁၅၆ တွင် ၂၀၁၃-၂၀၁၄ နှစ်နှစ်ဆက်တိုက် ရှိနေခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုများတွင် သာယာခြင်း


ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ၁၉၆၃ ခုနှစ်က တောတွင်း လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကို အမှတ်ရမိသည်။ ထိုကမ်းလှမ်းချက်ကို ‘ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ’ အနေနှင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ကမ်းလှမ်းချက် ငါးချက်အနက် တတိယအချက် ဖြစ်သည့် ကြိုတင် စည်းကမ်း သတ်မှတ်ချက်ဆိုသော အယူအဆသည် နှစ်ဖက် ဆွေးနွေးသူများတွင် အချေအတင် အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်။

အခြေခံပညာအဆင့်မှစ၍ပညာသင်ကြားခဲ့သည့်ကျောင်းသား ၁ဝ ရာခိုင်နှုန်း သာ တက္ကသိုလ်သို့ တက်ရောက်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာ့ ပညာရေးကဏ္ဍ၌ မြန်မာတစ်နိုင်ငံ လုံးရှိအခြေခံပညာမူလတန်းအဆင့် မှစ၍ပညာသင်ကြားခဲ့သည့် ကျောင်း သားများထဲမှ ၁ဝ ရာနှုန်းသာ တက္က သိုလ်ကျောင်းတက်ရောက်နိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ပညာရေးကဏ္ဍ အကြံပေးခေါင်းဆောင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်ထံမှ သိရှိရသည်။

''လေးတန်းမှာ အများကြီးထွက် ကုန်တယ်။ ရှစ်တန်း မထွက်ဘူး။ ၁ဝတန်းမှာလဲ အများကြီးထွက်ကုန်တော့တက္ကသိုလ်ရောက်တော့ကျောင်းစဝင်ကတည်းကထက်စာ ရင် ၁ဝ ရာခိုင်နှုန်းလောက်ပဲရှိတော့ တယ်''ဟု နိုင်ငံတော်သမ္မတ၏ပညာ ရေးကဏ္ဍ အကြံပေးခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ်က ပြော သည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် NCCT ထပ်မံတွေ့ဆုံရန် အကြိုညှိနှိုင်း

NCCT, UPWC , KIA , MPC
ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)တွင် ၂၀၁၄ ခုနှစ် ဧပြီလ အတွင်းက ကျင်းပသော NCCT နှင့် အစိုးရငြိမ်းချမ်းရေး အဖွဲ့ တွေ့ဆုံပွဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂ဝ၁၅ခုနှစ်တွင် နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ(မူကြမ်း)ကို လွှတ်တော်တင်သွင်းကာ အဆုံးအဖြတ်ခံယူနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို

 ရန်ကုန်၊ ဒီဇင်ဘာ ၂

နည်းပညာ နှင့် သက်မွေးပညာရေးဥပဒေ (မူ ကြမ်း)ကို လာမည့် ၂ဝ၁၅ ခုနှစ် ပထမလေးလပတ်အတွင်း လွှတ် တော်သို့တင်သွင်းကာ အဆုံးအဖြတ် ခံယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများထံသို့ပေးပို့ပြီး သဘော ထား မှတ်ချက်များ တောင်းခံထား ကြောင်း၊ ပေးပို့လာသော သဘော ထားမှတ်ချ နှင့် ပြင်ဆင်၊ ဖြည့် စွက်သင့်သည့်အချက်များကို ပြန် လည်ဆွေးနွေးပြီး ဒုတိယ မူကြမ်း ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။

လည်ပင်းအကျိတ်ကင်ဆာများ အခမဲ့ကုသမှုပေးနေ

 လည်ပင်းမှ ဟော်မုန်း အထွက်များသော ရောဂါနှင့် သိုင်းရွိုက်(လည်ပင်း)အကျိတ် ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့် ရှာဖွေစမ်းသပ်ကုသခြင်း အခမဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးမှ သတင်းရရှိသည်။

ယခင်က အဆိုပါ ရောဂါ နှစ်မျိုးအတွက် ရန်ကုန်ဆေးရုံကြီး ရှိ အဏုမြူရောင်ခြည်ရောဂါရှာ ဖွေရေးနှင့် ကုသရေးဌာန၌ စရိတ်မျှပေးစနစ်ဖြင့် ကုသပေးခဲ့ပြီး နိုဝင်ဘာလလယ်မှစ၍ အခမဲ့လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဝေဖန်မှုများရှိနေ

ဘာသာရေး, ဥပဒေ
မျိုးစောင့်ဥပဒေ အမြန် ပြဌာန်းပေးနိုင်ရေး အတွက် အောက်တိုဘာလ အတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ကြသူများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

မဟနညွန်ကြားချက်နဲ့ သန္တိသုခသံဃာတွေ ဖမ်းဆီးခံရမှု အထောက်အထား ခရိုင်တရားရုံး ပလပ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးကို ဖမ်းဆီး လူဝတ်လဲ တရားစွဲဆိုခံရ တာဟာ နိုင်ငံတော် သံဃမဟာနာယက (မဟန) ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ သက်သေခံ အထောက်အထားတွေကို အရှေ့ပိုင်း ခရိုင်တရားက ဒီဇင်ဘာလ ၃ရက်နေ့မှာ ပလပ်လိုက်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

အဓိက သက်သေခံ အထောက်အထားအဖြစ် တင်ပြခဲ့တဲ့ စာရွက်စာတမ်းမှာ မဟနက ဇွန်လ ၁၀ရက်နေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှတ်တမ်း စာရွက်စာတမ်းဖြစ်ဖြစ်ပြီး ကန့်သတ်

ပုဂ္ဂိုလ်ရေးအားပြိုင်မှုများကြားမှေ၀၀ါးအနာဂတ်

ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင်ပင် အခိုင်အမာရှိနေသေးကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ပြော

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်မှုအောက်တွင် အခိုင်အမာရှိနေသေးသဖြင့် အမေရိကန်ပြည်ထောင်စုအနေနှင့်အစပျိုးနေသောစစ်ရေးအရပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ ပြုလုပ်ရန် အချိန်မကျသေးကြောင်း ပစိဖိတ်ဒေသ အမေရိကန်လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်အဖြစ် စာရင်းသွင်းခံထားရသော ရေတပ်ဗိုလ်ချုပ်ကြီး ဟဲရစ်ဟယ်ရီဂျုနီယာ က ပြောသည်။

ယင်းပြောဆိုမှုသည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအခြေအနေနှင့် ပတ်သက်၍ အမေရိကန်အရာရှိတဦးထံမှ ထူးထူးခြားခြား တင်းကြပ်သောအကဲဖြတ်မှုတခုဖြစ်သည်။ ဆီးနိတ်တွင်

ကိုပါကြီး မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

 ရန်ကုန်၊ ဒီဇင်ဘာ ၂

တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်တွင် ကိုပါကြီး မသေဆုံးခင် တပ်မတော်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး၊ တပ်မတော်သား ၂၀၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်း ဆရာဝန်ကြီးများနှင့် သက်ဆိုင်ရာ မိသားစုဝင်များ စသည်တို့ အပါအဝင် လူပုဂ္ဂိုလ်ပေါင်း ၄၇ ဦးကို စစ်ဆေးမေးမြန်းထားသည့် တွေ့ရှိချက်များကို ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သည့် ဒီမိုကရေစီနိုင်ငံကို တည်ဆောက် ရာတွင် နိုင်ငံသားများ၏ဆုံးဖြတ်ချက်နှင့် ပါဝင်လုပ်ဆောင်မှု လိုအပ်ဟု နော်ဝေ ဘုရင်ဟာ ရယ်ပြော ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂-မြန်မာနိုင်ငံ တွင် ရေရှည် တည်တံ့ သည့် ဒီမိုကရေ စီနိုင်ငံကို တည်ဆောက် ရာတွင် နိုင်ငံ သားများ၏ ဆုံးဖြတ်ချက်နှင့် ပါဝင် လုပ်ဆောင် မှု လိုအပ်ကြောင်း နော်ဝေ ဘုရင်ဟာရယ်က ပြောကြား လိုက် သည်။

မြန်မာနိုင်ငံသို့ အလည် အပတ် ရောက်ရှိနေသော နော်ဝေဘုရင် ဟာရယ်သည် ဒီဇင်ဘာ ၂ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် မိန့်ခွန်းပြောကြား ရာ၌ ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး ပဋိပက္ခများကို ဘက်နှစ်ဖက်ချဉ်းကပ်မှုကိုကျော်၍ အမျိုးသားအင်အားစုများကြား နားလည်မှုရှိစွာ ဖြေရှင်းစေလိုဟု သမ္မတပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး)

ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ဘာသာရေးကို ခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ရန်အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်သည့် နိုင်ငံငါးနိုင်ငံမှ သံဃာတော်များ ပူးပေါင်းကျင်းပသည့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက် လက်ထောက်ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။

ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

Written by: စိုးမင်းထိုက်

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အလားအလာ အခြေအနေနည်းပါးသဖြင့် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့ရရှိသော မဲရာခိုင်နှုန်း အများအနည်းအလိုက် တန်းစီထားသောစနစ်ကို ကျင့်သုံးရန် သင့် မသင့် စိစစ်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

မျှစ်နှင့် ငါးပိများ၌ စားသုံးရန်မသင့်သော ဆိုးဆေးများ တွေ့ရှိ

 ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးပေါင်း ၁၀၀ ကျော်တွင် ရောင်းချသော စားသောက်ကုန်များကို စစ်ဆေးခဲ့ရာ အချို့သော ဈေးများတွင် မျှစ်နှင့် မျှင်ငါးပိများ၌ စားသုံးရန် မသင့်သော ဆိုးဆေးများ သုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်ဘဏ်များတွင် အပိတ်ခံရသော မြန်မာနိုင်ငံသား ငွေစာရင်း ၃၀၀ ကျော်ရှိ ငွေပမာဏ ယွမ်သိန်း ၉၀ ရှိလာ

ငွေစာရင်းအားလုံး စုစုပေါင်းပမာဏမှာ ယွမ်သိန်း ၉၀ ရှိပြီး အချို့ငွေစာရင်းများမှာ ထုတ်ယူ၍မရသော်လည်း လွှဲပြောင်းနိုင်

 တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ဘဏ်များတွင် မြန်မာ နိုင်ငံသားများ ဖွင့်လှစ်ထားသော ငွေစာရင်းအချို့အား တရုတ်အစိုးရက ပိတ်ပင်ခဲ့ရာ၌ ငွေပမာဏမှာ စုစုပေါင်း တရုတ်ယွမ်ငွေသိန်း ၉၀ (ကျပ်သန်း ၁,၅၀၀ ခန့်) ထိရှိ ပြီး အပိတ်ခံရသည့် ငွေစာရင်းမှာ ၃၀၀ ကျော် ရှိလာကြောင်း သတင်းရရှိသည်။

Tuesday, December 2, 2014

ဘယ်ကိုင်းလား၊ ညာကိုင်းလား (ဆောင်းပါး)

Written by  စည်သူအောင်မြင့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက် ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ချောင်းဦး အမတ် ဦးစောလှထွန်းက "မိမိနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော (Brand New) ဘယ်မောင်း ကားအသစ်များကို သက်သာသော အခွန်နှုန်းထားဖြင့် သုံးစွဲခွင့်ပြုရန်နှင့် အခြားနိုင်ငံမှ တင်သွင်းမည့်ကားများကို မတင်သွင်းမီ နိုင်ငံတကာစံချိန်မီ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှ အရည်အသွေး စစ်ဆေးခြင်းလက်မှတ် (Inspection Certificate) ပါရှိမှ တင်သွင်းခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ" ဆိုတဲ့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စီးပွားကူးသန်း ဝန်ကြီး ဦးဝင်းမြင့်က လက်ရှိကားတွေ ဘယ်လိုသွင်းနေတယ် ဆိုတာကို ယေဘုယျသဘော ဖြေသွားပြီး မေးခွန်းရဲ့ အဓိကအကျဆုံးအပိုင်းဖြစ်တဲ့ ဘယ်မောင်း

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ၃၄ နှစ်တိုင် နေရာယူ

ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ သတ်မှတ်သည့် စာရင်းတွင် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၃၄ နှစ်တိုင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းတွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည်ဟု UNDP မှ Senior Programme Advisor Mr.Lqor Bose က ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

အဆိုပါ ဖွံ့ဖြိုးမှုအနည်းဆုံး စာရင်းတွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၄၈ နိုင်ငံပါဝင်ပြီး ထိုထဲတွင် မြန်မာနိုင်ငံသည် ၁၉၈၀ ခုနှစ်မှ ၂၀၁၄ ခုနှစ် ထိတိုင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွင်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ ထပ်တွေ့မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁-ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်သည် အရပ် ဘက် အဖွဲ့အစည်းများနှင့် ယခု လတတိယပတ်အတွင်း တွေ့ဆုံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် အရပ်ဘက်အဖွဲ့ အစည်း များနှင့် ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးဆိုင်ရာ ကိစ္စရပ် များအတွက် ဒီဇင်ဘာ လ တတိယ ပတ်အတွင်း တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြေယာ လက်ဝါးကြီးအုပ်မှုများ ဆက်ရှိနေဦးမှာလား (ဆောင်းပါး)

ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည် ဆိုသော လက်ရှိအစိုးရ သက်တမ်းအတွင်း ဖြစ်ပေါ်နေသော ပြဿနာများထဲတွင် မြေ ယာနှင့်ပတ်သက်သော ပြဿနာသည် အများဆုံးဟု ပြော၍ရသည်။

ယခင်စစ်အစိုးရ လက်ထက်က စစ်တပ်နှင့် ခရိုနီများ သိမ်းယူထားခဲ့သည့် လယ်ယာမြေများကို ပြန်လည်ဖော်ထုတ် တောင်းဆိုမှုများ၊ စီမံကိန်းများနှင့် မြေသိမ်းဆည်းမှုများကြောင့် ဖြစ်ပေါ်လာသော ပြဿနာများ၊ ဈေးကစားမှုများကြောင့် အဆမတန် မြင့်မားလာနေ သော မြေယာဈေးနှုန်း ကြီးမြင့်မှု စသည့် အခြေအနေအမျိုးမျိုးနှင့် မြေယာပြဿနာများမှာ ရှုပ်ထွေးလျက် ရှိသည်။

အကျများခဲ့သည့် နည်းပညာတက္ကသိုလ်အမှတ်စာရင်းများကို စတင်ထုတ်ပေးပြီ

 ရန်ကုန်၊ ဒီဇင်ဘာ ၁-ယခုနှစ် နည်း ပညာတက္ကသိုလ်စာမေးပွဲ အောင်စာရင်းတွင် ကျရှုံးခဲ့သူများနှင့် အဆင့် မငြှ့်သင်တန်းများကို တက်ရောက်ခွင့်မရရှိသူများသည် မိမိတို့၏ဘာသာရပ်အလိုက် ရမှတ်များကို သိရှိနိုင်ရေးအတွက် အမှတ်စာရင်း များကို ၂၀၁၄ခု နှစ် ဒီဇင်ဘာ ၁ရက်မှစတင်ပြီး သက်ဆိုင်ရာတက္ကသိုလ်များတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားထုတ်ယူနိုင်ကြောင်း စက်မှုနှင့် သက်မွေးပညာဦးစီးဌာန မှ ထုတ်ပန်ြလိုက်သည်။

အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့် PR စနစ်ကို အခြေခံဥပဒေခုံရုံး တင်ရန် အမတ်အချို့ တိုက်တွန်း

 နေပြည်တော်၊ ဒီဇင်ဘာ ၁

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် ကျင့်သုံးရန် အတည်ပြုထားသော PR စနစ်ကို အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ အဆုံးအဖြတ် ရယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး လက်မှတ်ရေးထိုး၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ တင်ပြ တောင်းဆိုထားကြောင်း အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းသို့ တင်ပြပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စာပေးပို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီဝင်) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

စိန်ခေါ်မှုများကြောင့် ပြုပြင်ပြောင်းလဲရေး တုံ့နှေးနေဟု သမ္မတ ဦးသိန်းစိန် ဝန်ခံ

ရန်ကုန် (မဇ္ဈိမ)။ ။ ပြုပြင်ပြောင်းလဲရေး တုံ့နှေးနေသည်ဟု ပြောဆိုမှုများ ရှိနေခြင်းမှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည့် လတ်တလော ဖြေရှင်းရမည့် ကိစ္စများနှင့် ရေရှည်လုပ်ငန်းများ အသက်ဝင်ရန် ဖြေရှင်းနေရသောကြောင့်ဟု သမ္မတ ဦးသိန်းစိန် က ပြောဆိုလိုက်သည်။

President-Thein-Sein-2
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Father Land ကုမ္ပဏီပိုင်ရှင် ကျပ်သိန်းတစ်ထောင်နဲ့ အာမခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၂

တရားခံပြေးအဖြစ် ထိန်းသိမ်းခံထားရတဲ့ Father Land ကုမ္ပဏီပိုင်ရှင်ဖြစ်သူကို ကျန်းမာရေး အခြေအနေကြောင့် ကျောက်တံတား မြို့နယ် တရားရုံးက ကျပ်သိန်းတစ်ထောင်နဲ့ အာမခံပေးလိုက်တယ်လို့ အဲဒီတရားရုံးကနေ သိရပါတယ်။
အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လိမ်လည်မှုနဲ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီဇင်ဘာလ ၂ ရက်နေ့က စတင် တရားရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ကုန်ကြမ်းစုပြီ (ဆောင်းပါး)

Written by: ဝင်းနိုင်ထွန်း
အမေရိကန်သံအရာရှိအား တာဝန်ရှိသူက ရှင်းလင်းပြောကြားစဉ်