Wednesday, October 8, 2014

ရွှေတိဂုံစေတီတော်တွင် သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးရောင်စုံပူဇော်ပွဲနှင့် အဇာတသတ်ဇာတ်ရုပ်ပြပွဲကို တစ်လကျော်ကြာကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၇။

ရွှေတိဂုံ စေတီတော်တွင် သီတင်းကျွတ်၊ တန် ဆောင်တိုင်ဆီမီးရောင်စုံပူဇော်ပွဲ နှင့်အဇာတသတ် ဇာတ်ရုပ်ပြပွဲကို ရင်ပြင်၊ ရာဟုထောင့်အောင်မြေနား တွင် အောက်တိုဘာ ၇ ရက်နေ့မှ နိုဝင်ဘာ၁၅ရက်အထိ တစ်လကျော် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီ တော်ဂေါပကအဖွဲ့မှ သိရသည်။


သီတင်းကျွတ်၊ တန်ဆောင်တိုင် ဆီမီးရောင်စုံ ပူဇော်ပွဲနှင့် အဇာတ သတ်ဇာတ်ရုပ်ပြပွဲကို ပုတက်ကာတွန်းဂျာနယ်မှစီစဉ်ကျင်းပလှူဒါန်း ခြင်းဖြစ်ပြီး ဖွင့်ပွဲကိုအောက်တိုဘာ ၇ရက်နေ့ ည၇နာရီတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ကာတွန်းမြင့်အိုတူး၊ ဒီရဲဂျာ တို့ ရေးဆွဲထားတဲ့ အဇာတသတ် ဇာတ်ကို ဖတ်ရှုနိုင်မည်ဖြစ်ပြီးမြန်မာ့ ရိုးရာရောင်စုံမီးပုံးများနှင့်အတူရောင် စုံ စာမျက်နှာများကို Light Box များ နှင့် ပြသထားမည်ဖြစ်သည်။

ပုတက်ကာတွန်းမှ မန်နေဂျင်း ဒါရိုက်တာကိုအောင်ချစ်ခင်က'' အဇာ တသတ်ဇာတ်ကို ပြသတဲ့ ရည်ရွယ် ချက်က သံဝေဂယူစရာအနေနဲ့ပြသ ပေးတာပါ။ ကလေး၊ လူကြီးတွေ အနေနဲ့ ဖတ်ချင်စရာ စိတ်ဝင်စားစ ဖွယ်ဖြစ်အောင်စီစဉ်ထားတယ်။ဆီမီးရောင်စုံမီးပုံးသုံးရာကျော်ကို ရွှေ တိဂုံစေတီတော် ရင်ပြင်၊ ရာဟုထောင့် အောင်မြေနားတစ်ဝိုက်နဲ့မုခ်လေးမုခ် မှာ ထွန်းညှိပူဇော်သွားပါမယ်''ဟု ပြောသည်။

အောက်တိုဘာ ၇ရက်ညတွင် ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့်စတုဒိ သာ သက်သတ်လွတ် မုန့်ဟင်းခါး အချိန် ၇ဝ(လူအယောက်၈ဝဝစာကို ကျွေးမွေးလှူဒါန်းမည်ဖြစ်သည်။
ွှ
#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

 

 

No comments:

Post a Comment