Saturday, October 11, 2014

ဧရာတိုင်းဝန်ကြီးချုပ် ဗြောက်အိုးဖောက်လိုသဖြင့် ညွှန်ကြားချက်အား ၂၄ နာရီအတွင်း ပြန်လည်ပြင်ဆင်

ပုသိမ်၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က သီတင်းကျွတ် ကာလ၌ ဗြောက်အိုးယမ်း များ ပြုလုပ် ရောင်း ချ အသုံးပြုခြင်းနှင့် ပတ်သက်၍ တားမြစ်ကြောင်းကို အောက်တိုဘာ(၅)ရက် မွန်းလွဲ(၂) နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ညွှန်ကြားချက် ထုတ်ပြန် ခဲ့ပြီးနောက် အောက်တို ဘာလ(၆) ရက်နေ့ မွန်းလွဲ(၁)နာရီခန့်၊ (၂၄)နာရီအတွင်း ထိုညွှန်ကြားချက်အား ပြန်လည်ပြင်ဆင်ကြောင်း ထပ်ဆင့်ညွှန်ကြား ခဲ့သည်။


၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လ(၅)ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအစည်း အဝေးခန်းမ၌ ပြုလုပ်သော နယ်မြေ လူထုပူးပေါင်းပါဝင်သော ရဲလုပ် ငန်းစဉ်စနစ်(Community Policing) အစည်းအဝေးပွဲ တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်သူက တက်ရောက်လာသည့် လူမှုရေးအဖွဲ့များ၊ သတင်း မီဒီယာများအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ညွှန်ကြားထားသည့် အခြားမြို့/ရွာ များ၌ ဗုံးဖောက်ခွဲမှုများ ကြုံတွေ့နေရသဖြင့် လုံခြုံရေးအရ သီတင်းကျွတ်ကာလအတွင်း ယမ်း၊ ဗြောက် အိုးများ ပစ်ဖောက်လွှတ်တင်ခြင်း များမပြုလုပ်ရန်၊ ပြုလုပ်ပါက အရေး ယူဆောင်ရွက်သွားရန် စသည့် ညွှန်ကြားချက် များအား ချပြဆွေး နွေးခဲ့သည်။…

ယင်းဆွေးနွေးပွဲ၌ သတင်းမီဒီယာများက ယခုအစိုးရသက်တမ်း စချိန်မှစ၍ ၀န်ကြီးချုပ် ဦးသိန်း အောင်ကိုယ် တိုင် ပုသိမ်မြို့၊ ကန်သာယာ (ROYAL LAKE) အပန်းဖြေဥယျာဉ်အတွင်း အများပြည်သူ ကြည့်ရှု့ ခံစားနိုင်ရန် ပြုလုပ်ပေး သည့် ဗြောက်အိုး၊ ယမ်းဖောက်လုပ် မှုများအား မည်သို့ဆောင်ရွက်မည် နည်းဟု မေးမြန်းကြရာ တိုင်းရဲတပ် ဖွဲ့မှူးမှတစ်ဆင့် ဧရာဝတီတိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ၀န်ကြီးချုပ် ကိုယ်တိုင် ဗြောက်အိုး၊ ယမ်းဖောက်လုပ်ခြင်းများ မပြုလုပ်ပါဟု အကြောင်း ပြန်ခဲ့သည်။

အောက်တိုဘာလ(၆)ရက်၊ မွန်းလွဲ(၁)နာရီခန့်တွင် ၀န်ကြီးချုပ် ဦးသိန်းအောင်က တိုင်းအတွင်း ပြည်သူများ အထိတ်တလန့် မဖြစ် စေရန်အတွက် အဆိုပါညွှန်ကြား ချက်အားပြင်ဆင်ပြီး အများပြည်သူ အထိတ်တ လန့် ဖြစ်စေမည့် ပြုမူ ဆောင်ရွက်ချက်နှင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမည့် ဗြောက်အိုး၊ ယမ်း၊ မီးရှူး မီးပန်း ဖောက်လုပ်ခြင်းများကိုသာ ဖမ်းဆီးအရေးယူသွားမည်ဟု ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြန် လည်ညွှန်ကြားလာကြောင်း ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ မီဒီယာများသို့ ဆက်သွယ် အကြောင်း ကြားပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ဦးသိန်းအောင်သည် အစိုးရတာဝန်ယူပြီးနောက်ပိုင်း နှစ်စဉ်နှစ် တိုင်း သီတင်းကျွတ် နှင့် တန်ဆောင် တိုင်ကာလများတွင် သိန်းပေါင်းများစွာ အကုန်အကျခံ၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခဲ့ပြီး သိန်း(၃၀)ကျော် တန်ဖိုးရှိ မီးရှူးမီး ပန်း၊ ယမ်း၊ ဗြောက်အိုးများကို တရုတ်နိုင်ငံမှမှာယူကာ ပစ်ဖောက် လွှတ်တင်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

““ကျွန်တော်တို့က လာရောက် အပန်းဖြေတဲ့ လူတွေစိတ်ရွှင်လန်း ပျော်မြူး ဖို့အတွက် မီးရှူးမီးပန်း တွေ ယမ်း၊ ဗြောက်အိုးတွေ ပစ် ဖောက် လွှတ်တင်ရတာပါ။ ဒီယမ်း တွေကို ကျွန်တော်တို့က တရုတ် နိုင်ငံက မှာရတာပါ။ ၀န်ကြီးချုပ်က အေးရှားဝေါလ်ကုမ္ပဏီက တစ်ဆင့်မှာယူတာပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ စာဖောက်ရဖို့ကို ကျပ်သိန်း ၂၀ ကျော် ၃၀ ဖိုး ကုန်ပါတယ်။ ကိုယ့်ပိုက်ဆံအကုန်ခံပြီး အများပြည်သူ စိတ်ချမ်းသာစေဖို့ လုပ်ကြတာပါ။ ကျွန်တော်တို့က ဥယျာဉ်ကန်ထဲမှာ ဆီမီးတစ်သောင်းမျှောပြီး ပူဇော်ဖို့လည်းရှိပါတယ်။ ဒီဆီမီးတွေ ကလည်း ရွှေကျင်မြို့ကနေ မှာရတာပါ။ တစ်ခုကို ငါးဆယ့်ရှစ်ကျပ် ကျပါတယ်””ဟု ပုသိမ်မြို့ကန်သာ ယာပျိုးဥယျာဉ်အား စည်ပင်သာယာရေးအဖွဲ့ထံမှ ပြန်လည်ငှားရမ်း ပြီးဖွင့်လှစ်ထားသော ROYAL LAKE အပန်းဖြေ ဥယျာဉ်ပိုင်ရှင် ဗိုလ်မှူး (ငြိမ်း)ဦးအောင်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်၊

ရဲရင့်ထွန်း(ပုသိမ်)

ပုံညွှန်းစာ - ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့်အတူတွေ့ရသည့် Royal Lake အပန်းဖြေဥယျာဉ်ပိုင်ရှင် ဗိုလ်မှူး(ငြိမ်း)ဦးအောင်အောင်

  မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

No comments:

Post a Comment