Friday, October 10, 2014

ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်..

လက်ကိုင်ဖုန်းဖြစ်သည့် GSM CDMA ADSL နှင့် အင်တာနက် လိုင်းများ သုံးမရအောင် ဆိုးရွားနေသည့် ကသာမြို့တွင် ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး
ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊ ထိုဆန္ဒပြပွဲကို ကသာမြို့သူ မြို့သား (၃၀၀၀)ကျော် ပါဝင်မည်ဖြစ်ကြောင်းနှင့်
တရားဝင် စာတင်သွားမည်ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးမှ သတင်းပေး ပြောဆိုသွားပါသည်။ ကသာမြို့တွင် ပုဂ္ဂလိက ဖုန်းများ ၀င်ရောက်ခြင်း
ပေ၊ ထိုသို့ MPTကိုသာ အားကိုးနေရသော်လည်း MPT အနေနှင့် လိုင်းပိုကောင်းအောင် ကြိုးစားခြင်း မရှိဘဲ ဆက်သွယ်ရေး တိုင်များကို ဟန်ပြသာ


ထောင်ပေး၍ မြို့လူထုကို လိမ်ညာနေခြင်းကြောင့် ယခုလို ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး ဆန္ဒပြရခြင်း ဖြစ်ကြောင်းလည်း သိရပါသည်၊
ကသာမြိ့ပေါ်တွင် ပြီးခဲ့သည့်လက ဆက်သွယ်ရေးတိုင်များ ထောင်ပေးခဲ့သော်လည်း အရည်အသွေး မမှီ၍ဆိုခါ အဆိုပါတိုင်ပေါ်တွင် လွှင့်စက်များ တပ်ဆင်
ပေးထားခြင်း မရှိသောကြောင့် ထိုတိုင်များမှာ ဟန်ပြသက်သက်သာ ဖြစ်လျှက်ရှိသဖြင့် မြို့သူမြို့သားများ ဆက်သွယ်ရေးဝန်ကြီးအား ဒေါသထွက်နေကြခြင်း
ဖြစ်ပါသည်။ ယခင်နှစ်က လက်ကိုင်ဖုန်း လုံးဝ သုံးမရသည့်အတွက် မြို့မှ ဆန္ဒပြရန် စာတင်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အကြောင်းပြ၍ ဆန္ဒပြခွင့်ကို ပယ်ချခဲ့ပါသည်၊
ယခုအခါ ဥပဒေအရ ဆန္ဒပြလိုသူများ၏ စာတင်မှုအား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ပိတ်ပင်ခွင့် မရှိတော့၍ ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး ဆန္ဒပြပွဲသည်
မြို့လူထု အများဆုံးပါဝင်သည့် ဆန္ဒပြပွဲ ဖြစ်လာနိုင်ပါသည်၊ ထိုအပြင် ကသာမြို့မှ စတင်လိုက်သော ဆက်သွယ်ရေးဝန်ကြီးနှုတ်ထွက်ပေးရေး ဆန္ဒဖေါ်ထုတ်ပွဲသည်
အခြားမြို့များ၌ပါ ကူးဆက်ပြီး ဆက်သွယ်ရေးဝန်ကြီးမှာ သက်တမ်းမစေ့မီ နှုတ်ထွက်သွားရနိုင်ကြောင်း သုံးသပ်မိပါသည်။

(ဟာဂျူလီ-ကသာ)

 
 

No comments:

Post a Comment