Thursday, October 9, 2014

ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေမလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ
===== === ===== ====
ထိုင်းရဲတပ်ဖွဲ့၏အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံအစိုးရဥပဒေအကြံပေးအဖွဲ့မှ တရားစွဲတင်ရန်မလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

အမှုကိုပြည့်စုံတိကျအောင်ပြန်လည်တည်ဆောက်ရမည်ဖြစ်၍စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်တော့သည်။


ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင် မြန်မာအစိုးရအနေနှင့် အထူးစုံစမ်းရေးအဖွဲ့အမြန်ဆုံးစေလွှတ်ရန် လိုအပ်ကြောင်း ၎င်းတို့အဖွဲ့၏ အကြံပေးဖြစ်သူ ထိုင်းအမျိုးသမီးရှေ့နေက အကြံပေးကြောင်းလည်း သိရသည်။

“ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်၊ သေချာသွားပါပြီ၊ ကျွန်တော်တို့ ထိုင်းရှေ့နေအမျိုးသမီး ဖုန်းတောက်ရှောက်ဖွင့်ပြီးတော့ ကျွန်တော်တို့ ဖြေနေတာ၊ ဒီညနေပိုင်းက သတင်းရရှိပါတယ်။ ဘာဆက်လုပ်ရမလဲဆို ထိုင်းရှေ့နေက အကြံပေးတားက မြန်မာအစိုးရအနေနဲ့ ထိုင်းရဲက နောက်တကြိမ် အမှုတွဲမတင်နိုင်ခင် မြန်မြန်ဆန်ဆန်လာရောက်ပြီး အထူးစုံစမ်းရေးအဖွဲ့ အမြန်ဆုံးလာရောက်ဖို့လိုတယ်လို့ ပြောပါတယ်၊ မြန်မာအစိုးရအနေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တို့၊ ရဲတို့ CID တို့နဲ့ အမြန်လာရောက်ဖို့လာတယ်လို့ ထိုင်းရှေ့နေမက အကြံပေးပါတယ် နော်၊ အာမခံကတော့ ပိုက်ဆံရှိရင် ရနိုင်တာပေါ့ဗျာ” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း ညွှန်ကြားရေးမှူး ဦးကျော်သောင်းက News Watch ကို ပြောသည်။

ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 
 

No comments:

Post a Comment