Monday, October 20, 2014

ဦးဆန်းဆင့်ကို တွေ့ခွင့်ရရန် မိသားစုဝင်များနှင့် ၎င်း၏ ရှေ့နေတို့ တောင်းဆိုထား

ရန်ကုန် - ရမည်းသင်းအကျဉ်း ထောင်အတွင်း ထိန်းသိမ်းခံနေရသည့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်နှင့် တွေ့ဆုံ ခွင့်ရရန် ၎င်း၏ မိသားစုဝင်များနှင့် အကျိုးဆောင်ရှေ့နေတို့က အစိုးရထံ တောင်းဆိုထားကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်ငွေအလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ် ခံခဲ့ရသည့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်၏ အမှုအားမန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် အယူခံလွှာတင် သွင်းနိုင်ရန် လာမည့် အောက်တိုဘာ ၂၁ ရက်တွင် ဦးဆန်းဆင့်နှင့်တွေ့ခွင့် ရရေးတောင်းဆိုထား ကြောင်း အကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းက ပြောသည်။


‘‘အယူခံတင်ဖို့ ၀န်ကြီးဆီက ကိုယ်စားလှယ်လွှဲစာယူဖို့ လိုတယ်။ အင်္ဂါနေ့ (အောက်တိုဘာ ၂၁)တွေ့ခွင့်ပေးဖို့ တောင်းထား တယ်။ လူချင်းတွေ့ရမလား။ ကိုယ်စားလှယ်လွှဲစာကို လက် မှတ်ပဲထိုးပြီး ယူလာမလားတော့ မသိရသေးဘူး’’ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းကပြောကြား သည်။

ထိန်းသိမ်းခံနေရသည့် ဦး ဆန်းဆင့်နှင့် တွေ့ဆုံရန် ကြိုးစား ခြင်းသည် သာမန်အကျဉ်းသား များ၏ အခြေအနေမျိုးနှင့်မတူဘဲ ခွင့်ပြုချက်အဆင့်ဆင့်တောင်းဆို ရသည့် အခြေအနေရှိကြောင်း ဦး တင်ထွန်းက ပြောသည်။

ထိန်းသိမ်းခံသာသနာရေး ၀န်ကြီးဟောင်းကို အောက်တို ဘာ ၂၂ ရက်တွင် တွေ့ခွင့်ပေးရန် မိသားစုဝင်များကလည်း ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်တွင်  ဒုတိယဗိုလ်ချုပ်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဆန်းဆင့်အား နေပြည်တော်ဒဏ္ခိဏ သီရိခရိုင်တရားရုံးက အောက်တိုဘာ ၁၇ ရက်တွင် ယုံကြည်အပ်နှံ ဖောက်ဖျက်မှု၊ အစိုးရ အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ် တစ်သိန်းချမှတ်ခဲ့ခြင်း ဖြစ်သည်။

Credit - 7DAY DAILY

No comments:

Post a Comment