လိပ်ကျွန်းလူသတ်မှု သံသယရှိရသူများက ဖြောင့်ချက်ပြန်လည်ရုပ်သိမ်းသော်လည်း အမှုအပေါ်အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ထိုင်းအစိုးရရှေ့နေများ ပြောကြား
======== ======== ========
လိပ်ကျွန်းပေါ်တွင် ဗြိတိန်ခရီးသွား ၂ဦးကို သတ်ဖြတ်မှုဖြင့် သံသယရှိရသူ
မြန်မာ ၂ဦးက ထိုင်းရဲများက စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသဖြင့်သာ
ပြစ်မှုကျုးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ရသည်ဟုဆိုကာ မူလဖြောင့်ချက်ကို
ပြန်လည်ရုပ်သိမ်းခြင်းသည် အမှုအပေါ် အကျိုးသက်ရောက်မှုရှိမည်မစုတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးမှုကို ပြန်လည်သုံးသပ်နေသူရှေ့နေချုပ်က အောက်တိုဘာ ၂၂ ရက်နေ့က ပြောသည်။
“ကျွန်ုပ်တို့အစိုးရရှေ့နေမ
ျားအနေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်မျ
ားနှင့်
သက်သေအထောက်အထားအပေါ် ပိုမိုအလေးထားပါတယ်”ဟု အမှတ် ၈ ဒေသကြီးရှေ့နေရုံး
ညွှန်ကြားရေးမှူးချုပ် သာဝပ်ချိုင်းဆီအန်ဂျာအူ က ပြောသည်။
“ပိုပြီးအရေးကြီးတာက သံသယရှိရသူများကို စွဲချက်တင်သင့်/
မတင်သင့်
ဆုံးဖြတ်ရာမှာ ဆေးဘက်ဆိုင်ရာဆရာဝန်တွေပေးတဲ့ သေမှုသေခင်းဆိုင်ရာ
သက်သေအထောက်အထားနဲ့ ထွက်ဆိုချက်တွေကို အရေးအကြီးဆုံး အချက်အလက်များအဖြစ်
သုံးသပ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
အဆိုပါလူသတ်မှုဖြင့် စွပ်စွဲခံ ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့၏ ဖြောင့်ချက်များကို တရားဝင်ပြန်လည်ရုပ်သိမ်းပေး
ပါရန် ထိုင်းရှေ့နေများကောင်စီက အယူခံလွှာတရပ်တင်သွင်းပြီးနေ
ာက် မစ္စတာသာဝပ်ချိုင်းဆီအန်ဂျာအ
ူ၏ သဘောထားမှတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
စကော့တလန်ယာ့ဒ်မှ မှုခင်းကျွမ်းကျင်သူများအား လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်
စုံစပ်းစစ်ဆေးရေးတွင် ပါဝင်လုပ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံသို့
စေလွှတ်သွားမည်ဟု UK မီဒီယာများတွင် ဖော်ပြထားကြသော်လည်း ယမန်နေ့ကအထိ
ထိုင်းရဲတပ်ဖွဲ့အား ဆက်သွယ်ခြင်းမရှိသေးကြောင်း
ထိုင်းရဲချုပ် ပရာဝပ်က ပြောကြားခဲ့သည်။ ယင်းအပြင် စွပ်စွဲခံမြန်မာ
၂ဦးဖြစ်သော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား စစ်ကြောရေးတွင်
ရိုက်နှက်ခဲ့ခြင်းလုံးဝမရှိ
ကြောင်းလည်း ထိုင်းရဲချုပ် က ငြင်းဆိုခဲ့သည်။
Ref;Bankok Post
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment