မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းများခရီး
အတော်အတန် ပေါက်ခဲ့သလို အထိုက်အလျောက်သော အရွေ့တစ်ခုသို့ ရောက်ရှိလာခဲ့ရာ
ထိုငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် အထောက်အပံ့ပေးနေသည့် နိုင်ငံတကာ
အလှူရှင်နိုင်ငံများ၊ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများ သည်လည်း
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါသည့်အနေအထားမှ ပါဝင်လာခဲ့ပေသည်။
ထိုသို့သော လုပ်ငန်းစဉ်တို့တွင် အလှူရှင် နိုင်ငံ အဖွဲ့အစည်းများ၏
ထိတွေ့ပတ်သက်မှုနှင့် ရည်ရွယ် ချက်ပန်းတိုင်များမှာလည်း
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် မည်သို့သောတွန်းအားနှင့်
လွှမ်းမိုးမှု၊ ချုပ် ကိုင်မှုများ ရှိမည်ဆိုသည် အတွင်းကျကျ သုံးသပ်မှုများ
ကိုလည်း သိလိုလာကြသလို ငွေကြေးထောက်ပံ့ကူညီမှု ပုံစံများကိုလည်း ထဲထဲဝင်ဝင်
သိလိုလာကြပေသည်။
ပြည်ထောင်စုလွှတ်တော်၏ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ရက်မြောက်နေ့တွင် မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက် ဥရောပသမဂ္ဂအဖွဲ့မှ ယူရိုငွေငါးသန်းကူညီရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးအ
ကောင်အ ထည်ဖော်ရေးလုပ်ငန်းကော်မတီမ
ှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်၏ မေးမြန်းမှုကိုပြန်လည် ဖြေကြားခဲ့သည်။
မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)အနေဖြင
့်
စတင်တည်ထောင် သည့် ၂ဝ၁၂ခုနှစ်တွင် ဥရောပသမဂ္ဂမှ ယူရိုငွေ ခုနစ် သိန်း၊
၂ဝ၁၃ခုနှစ်တွင် ယူရိုငွေ သန်း ၃ဝထောက်ပံ့ပေး ခဲ့ပြီး MPC အနေဖြင့်
မြန်မာနိုင်ငံငြိမ်းချမ်းရေ
းလုပ် ငန်းစဉ်များတွင်ပါဝင်ဆောင်ရ
ွက်လာခဲ့ပြီး ဏြဃ ၏ငွေကြေးလည်ပတ်မှုအပေါ်တွင် ဝေဖန်ထောက်ပြမှုများ လည်းရှိခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏
အရေးပါမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက '' cause of war နဲ့
cause of peace ကို ယှဉ်ကြည့်ပါ။ ဘယ်ဟာငွေပို ကုန်လဲ။ cause of war က
ပိုကုန်ပြီး ကျည်ခွံတွေပဲကျန် တယ်။ cause of peace က အဲလောက်လဲမကုန်ဘဲ
လမ်းတွေ၊ တံတားတွေ အဆောက်အအုံတွေ အကုန် ကျန်ခဲ့တယ်။ ဒါကြောင့်မို့ cause of
peace လုပ်မှာ။ အဲဒါလုပ်တဲ့အခါမှာလဲ လုပ်ပုံလုပ်နည်းလိုတယ်။ မြန်မာ
နိုင်ငံမှာ peace process အောင်မြင်ဖို့အတွက် cause of peace
ဘယ်လောက်လုပ်ပေးရမလဲ ဆိုရင် ခြောက် ဘီလီယံကုန်မယ်။ အဖြေရှိပြီးသား။
အဲဒါလုပ်မယ်ဆိုရင် အကုန်လုံး မျှမျှတတညီတူညာတူလုပ်ပေးရမယ
်။
အဲလို မလုပ်ပေးဘဲ ဟိုနေရာ ကျန်၊ ဒီနေရာကျန်လုပ်လို့မရဘူး။
ဆင်းရဲတဲ့နေရာကျရင်တော့ များများဖြည့်ရမှာပေါ့။ သိပ်
ပြီးချမ်းသာတဲ့နေရာကြတော့ မဖြည့်ဘဲထားရမှာပေါ့'' ဟုထောက်ပြသည်။
နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုကြောင့် လက်ရှိငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အပေါ် လွှမ်းမိုးမှုမရှိ နိုင်သလို မိမိတို့တိုင်းပြည်၏
ငြိမ်းချမ်းရေးဖြစ်စဉ်သည် တခြားသောနိုင်ငံများ၏ ဖြစ်စဉ်များနှင့်ထပ်တူ
မတူညီ နိုင်ကြောင်း၊ နိုင်ငံတကာအကူအညီများသည် ကိုယ်ကျိုး
မပါဘဲမလုပ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ ကို ဒီမိုကရေ
စီနိုင်ငံကြီးဖြစ်လာစေရန် အတွက် ယခုကဲ့ သို့ကူညီနေခြင်းဖြစ်ကြောင်း
ဦးအောင်မင်းကဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အစိုးရအနေဖြင့် ၂ဝ၁၁
ခုနှစ်မှစတင်ကာ ကနဦးကြိုး ပမ်းဆောင်ရွက်ရန် ကမ်းလှမ်းမှု၊
စီမံဆောင်ရွက်ပေးခဲ့ သော်လည်း ငြိမ်းချမ်းရေးအဖွဲ့၏ ရန်ပုံငွေနှင့်
လှုပ်ရှား မှုများတွက် စတင်လုပ်ဆောင်ရာတွင် တရားဝင်ရန်ပုံငွေ
ချပေးနိုင်ခြင်းမရှိခဲ့ပေ။
၂ဝ၁၃ ခုနှစ်အတွင်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (NDSC)က နိုင်ငံတကာအကူအ ညီထက် အစိုးရရန်ပုံငွေချမှတ်သုံးစ
ွဲရန်ဆုံးဖြတ်ခဲ့သည်။
သို့သော် သမ္မတဦးသိန်းစိန် အစိုးရက နေပြည်တော်တွင် လွှတ်တော်
ကိုယ်စားလှယ်များ အိမ်ယာတည်ဆောက်မှု လျာထားငွေမှ ကျပ်တစ်သန်း ထုတ်နုတ်ကာ
ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းများ
အတွက် သုံးစွဲခဲ့ကြောင်း နှင့်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ
တွက် အ များဆုံးကူညီသော နိုင်ငံများမှာ ဂျပန်၊ ဥရောပသမဂ္ဂနှင့် နော်ဝေနိုင်ငံတို့ဖြစ်ကြောင
်း မြန်မာ့ငြိမ်းချမ်းရေးအပေါ် ပုံဖော်ခြင်း၊ လမ်းညွှန်အကိုးအကား ၂ဝ၁၄စာအုပ်အရ သိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ
တွက် ဥရောပ-မြန်မာရုံး (EB0)နှင့် တိုင်းရင်းသားများ
ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့၊ မြန်မာ့ငြိမ်းချမ်း ရေး
အထောက်အကူပြုအဖွဲ့(MPSI)၊ ငြိမ်းချမ်းရေးအလှူ ရှင်များအုပ်စု(PDSG)၊
နိုင်ငံတကာငြိမ်းချမ်းရေးအ ထောက်ကူပြုအဖွဲ့(IPSG)၊ ဂျပန်-နိပွန်ဖောင်
ဒေးရှင်း စသည့် အလှူရှင်အဖွဲ့အစည်းများကလည်
း တစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ ထောက်ပံ့ကူညီမှုများရှိသည်။
နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု ပုံစံအပေါ် ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ''ဒီမှာ ရုံးအသုံး စရိတ်ကို အီးယူကပေးတယ်ဆိုပြီး
သိပ်အထင်မကြီးနဲ့။ သုံးလတစ်ခါ စာချုပ်ချုပ်ရတယ်။ သူတို့မကြိုက်တဲ့အချိန်
မှာ သူတို့ခိုင်းတာမလုပ်တဲ့အချိ
န်မှာ
ပိုက်ဆံချက်ခြင်း ဖြတ်လိုက်ရင် ဒီကထမင်းငတ်ရော။ သုံးလပဲအာမခံရှိ တယ်။
သုံးလတစ်ခါရှင်းရတယ်။ စာရင်းစစ်ခံရတယ်။ စာချုပ်ချုပ်ရတယ်။
ဒါကအင်န်ဂျီအိုပုံစံ။ proposal တင်ရတယ်။ ငွေစာရင်းတွက်ချက်ပြီးတင်ရတ
ယ်။
ပြီးရင် စာရင်းပြန်တင်ရတယ်။ အီးယူကပေးတယ်ဆိုတာလဲ တိုက်ရိုက်ပေးလို့မရဘူး။
လုပ်ထုံးလုပ်နည်းအရ အိုင် အင်န်ဂျီအိုတစ်ခုခံရတယ် အဲဒီကတစ်ဆင့် ယူရတာ''ဟု
ရှင်းလင်းပြောဆိုသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင
့် ဒီမိုကရေစီရေးတို့အတွက် နိုင်ငံတကာအလှူရှင်နိုင်ငံ များ၊ အဖွဲ့အစည်းများအနေဖြင့်
(၁)ပူးပေါင်းဆောင် ရွက်ခြင်း၊
(၂)ထောက်ပံ့မှုပေးခြင်း၊
(၃)ရန်ပုံငွေပေးခြင်း နည်းလမ်းများဖြင့် ကူညီမှုများပေးနေသလိုလိုအပ်သ
ည့် သင်တန်းများပေးကာ စွမ်းရည်မြှင့်တင်မှုများကို
ပါ ပူး တွဲ လုပ်ဆောင်ပေးနေမှုများလဲရှိသ
ည်။
နိုင်ငံတကာ အကူအညီပေးမှုလုပ်ငန်းစဉ်နှင်
့ ပတ်သက်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေ
းပြန်လည်ထူထောင်
ရေးလုပ်ငန်းဗဟိုဌာနမှ အကြီးတန်းအရာရှိ ဦးတင်မောင် သန်းက ''MPC ရဲ့
operation budget က အီးယူက ပေးတာ။ အဲဒီဟာပဲသုံးနေတာရှိတယ်။ ငြိမ်းချမ်းရေး
ရရင်၊ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှ
ာ
ဘာလဲဆိုတော့ အခု ဆွေးနွေးညှိနှိုင်းနေတဲ့ Peace making အပိုင်းက ပိုက်ဆံ
တွေအများကြီးမလိုဘူး။ စရိတ်စကပဲလိုတယ်။ တကယ် ငြိမ်းချမ်းရေးတည်
ဆောက်တဲ့အခါကျရင် ဟိုလူကငါး သန်းပေးမယ်။ ဒီလူက ဘယ်လောက်ပေးမယ်ဆိုတာ
ကတိကဝတ်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ တစ်ပြားမှ မသုံးရသေးဘူး။ အဲဒါတွေက
တစ်ပြည်လုံးအပစ်အခတ် ရပ်စဲပြီးမှ ငြိမ်းချမ်းရေးတည်ဆောက်မှု Peace building
လုပ်တော့မှသုံးတာ။ ကြားထဲမှာတော့ ကြိုတင်ပြင်ဆင် တဲ့လုပ်ငန်းမှာ သုံးတဲ့
ဘတ်ဂျက်လေးတွေပဲရှိတယ်'' ဟု ရှင်းလင်းပြောဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ အဓိကကျသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့တို့နှင့်
ပြည်နယ်အဆင့်(အပစ်အခတ်ရပ်စဲ
ရေး)၊ ပြည်ထောင်စု အဆင့်(နိုင်ငံရေးဆွေးနွေးခြ
င်း)၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးစသည့်လုပ်ငန်းအစီအမံ
သုံးရပ်ဖြင့်ကမ်းလှမ်း ခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင်အဖ
ွဲ့ ၁၄ဖွဲ့နှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်သဘောတူညီချက်များကို လုပ်ဆောင်နိုင်ခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးတို့တ
ွင် သုံးစွဲရန် ၂ဝ၁၄ခုနှစ် ဇန်နဝါရီလတွင် သမ္မတဦးသိန်းစိန်က နိုင်ငံတော်ဘတ် ဂျက်၏ အမျိုးသားစီမံကိန်းများခေါင
်းစဉ်အောက်မှ ကျပ်သန်း ပေါင်း ၇ဝဝဝ (အမေရိကန်ဒေါ်လာ ၇ဒသမ ၁သန်း)ကို တင်ပြတောင်းခံထားသည်လည်း ရှိသည်။
NCCT အနေဖြင့်လည်း ငြိမ်း ချမ်းရေးလုပ် ငန်းစဉ်လုပ်ဆောင်မှုခရီးစဉ်မ
ျားနှင့် လိုအပ်သည့်အ ထောက်အပံ့တို့အတွက် နိပွန်ဖောင်ဒေးရှင်းကဲ့သို့
သော နိုင်ငံတ ကာ အလှူရှင်များ၏ အကူအညီဖြင့် လုပ်ဆောင်နေရသည်။
နှစ်နှစ်ကျော်ကြာ တစ်နိုင်လုံးအ ဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူစာ
ချုပ်(NCA)ချုပ် ဆိုနိုင်ရေးအတွက် အစိုးရ နှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တို့၏ တွေ့ဆုံမှုများမှာ တရားဝင်တွေ့ဆုံမှုနှင့် တရား
မဝင်(အလွတ်သဘော) တွေ့ဆုံမှုအပါအဝင် ဆွေးနွေးမှုအကြိမ် ၂၅ဝခန့်ရှိခဲ့သည်။
တရား ဝင်မှတ်တမ်းများအရ ၂ဝ၁၂ခုနှစ်တွင် (၅၆) ကြိမ်၊ ၂ဝ၁၃ ခုနှစ်တွင်
(၇၄)ကြိမ်အထိတွေ့ ဆုံကာ နှစ်ပေါင်း ၆ဝကျော်ကြာမရရှိနိုင်ခဲ့ သည့်
ပြည်တွင်းငြိမ်းချမ်းရေးအတွ
က် နိုင်ငံ တကာထောက်ပံ့ကူညီမှုများဖြင့်
ခရီးအတော် အတန်ရောက်ရှိနိုင်ခဲ့ပြီဖြစ
်သည်။
၂ဝ၁၄ ခုနှစ်အတွင်းတွင် ရန်ကုန် မြို့ MPC တွင်ကျင်းပသော ပြည်ထောင်စု
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ(UPWC)နှင့်
တစ် နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိ
ုက်ခိုက်မှုရပ်စဲ
ရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ တွေ့ဆုံ ရာတွင် တပ်မတော်ဘက်မှ
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်တို့အတွက်
တိုင်းရင်းသားများလိုလား သည့် ဖက်ဒရယ်ပြည်ထောင်စုအပေါ်သဘော
တူညီမှုများရှိခဲ့ပြီး တပ်သားသစ်စုဆောင်း ရေး၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး နှင့် တော်လှန်ရေးအသုံးအနှုန်းကဲ့သ
ို့ အချို့ သောအချက် အနည်းငယ်သာ ဆက်လက် ဆွေးနွေးရန် ကျန်ရှိတော့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ုပ်မှ တိုင်းရင်းသားရေးရာကော်မတီဝ
င် ဒေါ်နန်း ခင်ထွေးမြင့်က ''နိုင်ငံတကာငွေကြေးယူလို့ တော့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအပေါ်ထိခိုက်မ
ှုမရှိနိုင်ပါဘူး။ပြည်တွင်ြး
ငိမ်းချမ်းရေး ရဖို့ဆိုတာ ပြည်တွင်း ကအဖွဲ့ တွေပဲ တာဝန်ယူဆောင်ရွက်ရမှာပါ။
နိုင်ငံတကာကလည်း အခုလိုလုပ်ငန်းစဉ် တွေမှာ ငွေကြေးထောက်ပံ့တယ်ဆိုတာ က လဲ အခုအစိုးရရဲ့ဘဏ္ဍာငွေကြေးလိုအ
ပ်ချက် တွေကိုသိလို့ ထောက်ပံ့နေတာပါ''ဟုပြော ဆိုသည်။
မည်သို့ပင်ဆိုစေ နိုင်ငံတကာ ထောက်ပံ့ကူညီမှုကြောင့် မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်မှုရှိမရှ
ိ၊ ထောက်ပံ့နေ သည့် အလှူရှင်နိုင်ငံနှင့်နိုင်င
ံတကာ အဖွဲ့အ စည်းများ၏သြဇာလွှမ်းမိုးမှုမျ
ားသည် မြန်မာ့ နိုင်ငံရေး တည်ဆောက်မှုပြုပြင်ပြောင်းလဲ
ရေး လုပ်ငန်းစဉ်အပေါ်တွင် ဆက်လက်စောင့် ကြည့်ရမည့် အနေအထားဖြစ်နေပြီးသာဖြစ် ပေမည်။
#TheFlowerNews
Credit - Yangon Media Group
No comments:
Post a Comment