(၆၇)ကြိမ်မြောက်
ကချင်ပြည်နယ်နေ့ မနောပွဲတော် ကို ဒေသခံများ၏ ကန့်ကွက်မှု များ
ထွက်ပေါ်နေသော်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မနောပွဲတော်ကို ၂၀၁၅ ဇန်န၀ါရီ ၅ ရက်မှ ၁၁ ရက်အထိ နိုင်ငံတော်အဆင့် ကျင်းပသွား မည်ဖြစ်ပြီး ကုလအထူးကိုယ် စားလှယ် မစ္စတာနမ်ဘီးယားအပါ အ၀င် ပြည်ထောင်စုဝန်ကြီးများ ကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း မနောပွဲတော်ကျင်းပရေးကော်မတီခေါင်းဆောင် ဦးလော် ခရီလာအောင်ကဆိုသည်။
‘‘ဒီနှစ်က အစိုးရသီးသန့်ပဲ လုပ်မှာ။ ကျွန်တော်တို့ ၀င်ရောက် စွက်ဖက်မှုမရှိဘူး။ မနောပွဲဆိုတာ ခေါင်းစဉ်ရှိရတယ်။ ဒီအတိုင်းအ ပျော်ပဲတော့လုပ်လို့ မရဘူး။ သ ဘာဝလည်း မကျဘူး။ ဒါကြောင့် ကျွန်တော်တို့ အခုအချိန်လုပ် ဆောင်ရန် မသင့်ကြောင်းလည်း အစိုးရကို စာပေးထားပြီးပြီ’’ ဟု ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးလဂျိုင်ဟောင်းဟောင်က ပြောသည်။
ကချင်ပြည်နယ် အစိုးရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ မနောပွဲကျင်းပရေးကော်မတီအ ဖွဲ့နှင့် ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှုကော်မတီမှ ကိုယ်စား လှယ်များတက်ရောက်ကြပြီး သြ ဂုတ်လ ၉ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ မနောပွဲကို ယခုနှစ်တွင် ပြန်လည်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ် ကြောင်း မနောပွဲကျင်းပရေးကော် မတီခေါင်းဆောင် ဦးလော်ခရီ လာအောင်ကပြောသည်။
‘‘ကချင်ပြည်နယ်နေ့ ကျင်းပ တဲ့အချိန်မှာ ကျွန်တော်တို့ ကချင် လူမျိုးတွေရဲ့ ရိုးရာအကဖြစ်တဲ့ မနောအကနဲ့ ဂုဏ်ပြုတာပဲ။ မနောပွဲလုပ်တာ မဟုတ်ဘူး’’ ဟု ဦးလော်ခရီလာအောင်က ပြော သည်။
မနောပွဲကို အစိုးရနှင့် ကေအိုင်အိုတို့ ဖြစ်ပွားခဲ့သော စစ်ပွဲ ကြောင့် သုံးနှစ်ကြာရပ်ဆိုင်းထား ပြီး ယခုနှစ်တွင် ကချင်ပြည်နယ် အစိုးရက ဦးဆောင်ကာ ပြန်လည် လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
‘‘မနောပွဲဆိုတာ ခေါင်းစဉ်ရှိ တယ်။ ဖဂျီးမနောင် (hpajima-nau)၊ ဆွတ်မနောင် (sutma-nau)၊ ပါဒန်မနောင် (padangm-anau) စတဲ့ ခေါင်းစဉ်ရှိတယ်။ အခုဟာက ဘယ်ခေါင်းစဉ်နဲ့ကမလဲ။ ကျွန်တော်တို့က အခုအချိန်မှာဘာလုပ်နေလဲ ဘယ်လိုအခြေအနေရှိနေလဲဆိုတာလဲ ကြည့်ရမယ်။ ဒါဟာ နိုင်ငံရေးအမြတ်ထုတ်တာလည်း ဖြစ်နိုင်တယ်။ မနောကလိုက်တာနဲ့ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက ကျွန်တော်တို့ ပြည်နယ် အရမ်းအေးချမ်း သွားပြီလို့ ထင်နေဦးမယ်’’ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူအသက် (၄၀)အရွယ် အမျိုးသားတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ကချင် ပြည်နယ် ဖားကန့်၊ တနိုင်း၊ ဗန် မော်ခရိုင်များ၌ အစိုးရတပ်မ တော်နှင့် ကေအိုင်အေအဖွဲ့တို့ တင်းမာမှုရှိနေပြီး ဒေသခံအ ချို့လည်း စစ်ပွဲပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ အများပြည်သူ သွားလမ်းအချို့သည်လည်း အစိုး ရတပ်မတော်က ယခုအချိန်အ ထိ ပိတ်ပင်ထားဆဲဖြစ်သည်။
ယခုမနောပွဲကျင်းပရသည့် အဓိကအကြောင်းရင်းကို က ချင်ပြည်နယ်ဝန်ကြီးချုပ်အား မေး မြန်းရန် သုံးရက်တိုင် စောင့်ဆိုင်း ခဲ့သော်လည်း အလုပ်မအားသ ဖြင့် တစ်စုံတစ်ရာ ဖြေကြားသွား ခြင်း မရှိခဲ့ပေ။

Credit - 7DAY DAILY
No comments:
Post a Comment