Tuesday, October 21, 2014

Ye-U,Reader လေးကို တချို့က Update မလုပ်ကြသေးတဲ့အတွက် ပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။

ရေဦးမြို့၊ နယ်သူ/နယ်သား များ အားလုံး မင်္ဂလာပါ . . .

Ye-U,Reader လေးကို ကဏ္ဍစုံလင်အောင် ပြန်လည်ပြုလုပ်ထားပါတယ်။

Ye-U ကဏ္ဍအနေနဲ့ (၆) ခု

ဘာသာရေး ကဏ္ဍအနေနဲ့ (၃) ခု

သတင်း ကဏ္ဍအနေနဲ့ (၁၇) ခု

နည်းပညာ ကဏ္ဍအနေနဲ့ (၆) ခု

သုတ ၊ ရသ ကဏ္ဍအနေနဲ့ (၁၀) ခု

အားကစား ကဏ္ဍအနေနဲ့ (၇) ခု 

စုစုပေါင်း ကဏ္ဍ (၄၉) ခု ထည့်သွင်းထားပါတယ်။

ကျွန်တော့် ရည်ရွယ်ချက်ကတော့ ရေဦးမြို့အတွက် အမှတ်တရလေး ဖြစ်အောင်ရယ်၊

တချို့ အင်တာနက် သုံးကြတယ် Facebook Account မရှိတော့ သတင်းတွေဖတ်ဖို့ မလွယ်ဘူး။
Facebook Account ရှိပြန်တော့လည်း သတင်းတွေက ချက်ခြင်းကျမလာဘူး။ သတင်း
တင်သမျှ ချက်ခြင်းဖတ်လို့ရအောင် လုပ်လိုက်တာပါ။ ဒီလို သတင်း Apk တွေ တခြားနာမည်တွေ
နဲ့လည်း ရှိကြပါတယ်။ ခုနက ပြောသလို ရေဦးမြို့အတွက် အမှတ်တရပေါ့ ဗျာ။ နောက်ပြီး
ရေဦးမြို့မှာ ရှိတဲ့ Like Page တွေကိုလည်း အလွယ်တကူ ဖတ်လို့ရအောင် လုပ်ပေးချင်တဲ့ 
ဆန္ဒကြောင့်  အခုလို Ye-U,Reader လေးကို လုပ်လိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ အင်တာနက်
သုံးတဲ့ ဦးရေဟာလည်း မြို့နဲ့မလိုက်အောင်ကို သုံးကြတယ်လို့ သိရတယ်။ ဒီ Apk လေးနဲ့ 
ဆိုရင်တော့ အားလုံးအဆင်ပြေကြမှာပါ။ တစ်ဦး နဲ့ တစ်ဦး Ye-U,Reader လေးကိုလည်း မျှဝေ
ပေးကြပါအုံး ခင်ဗျာ . . .

Ye-U,Reader Update Apk ကို ဒေါင်းလုပ် လုပ်ဖို့ အောက်ကလင့်ခ်ကနေ ဒေါင်းလိုက်ပါ။
4.56 Mb ပဲ ရှိတာပါ။
https://www.dropbox.com/s/9ovwnks0zjgormj/yeu.reader.apk 

လိုအပ်တာများ ရှိရင်လည်း Comment ကနေ ဖြစ်ဖြစ် ၊ Mail ကနေ ဖြစ်ဖြစ် ပြောကြားနိုင်ပါတယ်။
ဆက်သွယ်ရန် - yeutharrlay@gmail.com သို့ ဆက်သွယ်လို့ ရပါတယ်။

ရေဦးသားလေး (မေတ္တာဖြင့်)

 

No comments:

Post a Comment