အောက်တိုဘာလ၂၄ရက်နေ့တွင် မြန်မာနှစ်ဦးနှင့်တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိဟုဆို
================================================
ရန်ကုန်၊ အောက်တိုဘာ ၂၁
ဗြိ တိန် စုံတွဲနှစ်ဦး အသတ်ခံရသည့် အမှုတွင်
စွပ်စွဲခံရသည့်မြန်မာနိုင်ငံသားနှစ်ဦး၏ မိဘများယနေ့ထိုင်း နိုင်ငံသို့
သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၂၄ရက်တွင် တရားခံ ဟုစွပ်စွဲခံနေရသည့်
မြန်မာနှစ်ဦးနှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ်ရှိကြောင်း အဆိုပါ ကိစ္စအတွက်
ဖွဲ့စည်းထားသည့် သံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော် သောင်းက
ဒီမိုကရေစီတူဒေးသို့ပြော သည်။
အောက်တိုဘာ ၂၂ရက် မနက်
၈နာရီအချိန်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှထိုင်းနိုင်ငံ သို့
ထွက်ခွာမည်ဖြစ်ပြီး ဖမ်းဆီးစွပ် စွဲခံရသူမြန်မာနှစ်ဦး၏ မိသားစုဝင်
စုစုပေါင်းငါးဦးသွားရောက်မည်ဖြစ် ပြီး ထိုင်းနိုင်ငံသို့ မနက်၁ဝနာရီအ
ချိန်တွင် ရောက်ရှိမည်ဖြစ်၍ အဆို ပါ မိသားစုဝင်များ
ထိုင်းနိုင်ငံသို့
ရောက်ရှိပါက ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ မြန်မာသံရုံးတွင် တည်းခိုရန်
စီစဉ်ထားကာ သံရုံး၊ ထိုင်းနိုင်ငံလူ့ အခွင့်အရေး ကော်မရှင်၊ ထိုင်းရှေ့နေ
များကောင်စီတို့နှင့်တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဦးကျော်သောင်းက ထပ်
မံပြောသည်။
ဦးကျော်သောင်းက''မနက် ဖြန်မနက် ၈နာရီ လေယာဉ်နဲ့ ထိုင်း
ကိုသွားမယ်။ ဟိုရောက်ရင် အဖွဲ့သုံး ဖွဲ့နဲ့တွေ့မယ်။ နောက်နေ့ တည်းခိုဖို့
နေရာတွေ အားလုံး စီစဉ်ပြီးတာနဲ့ ကျွန်တော်ထင်တယ် သောကြာနေ့ လောက်ဆိုရင်
ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ဦးနဲ့ တွေ့ခွင့်ရနိုင်လောက် တယ်။
အမှုအရဆိုရင်ဖမ်းဆီးခံထား ရတဲ့ သူတွေရဲ့ မိဘတွေကို သုံးလ
လောက်ထိုင်းမှာနေစေချင်ပေမယ့် ခုသွားမယ့် လူက ငါးယောက်ဖြစ် နေတယ်။ လူ
ငါးယောက်စရိတ်ကျ တော့ သုံးလဆိုရင် ဘယ်လိုမှငွေ ကြေးက အဆင်မပြေနိုင်လို့
အရင် ဆုံးတစ်လပဲနေဖို့ဆုံးဖြတ်ခဲ့တာ အလှူ ရှင် ပေါ်ရင်တော့ကောင်းတာပေါ့''ဟု
ပြောသည်။
ယင်းမိသားစုများအတွက် ပြည် ဝင်ခွင့်ဗီဇာကို အောက်တိုဘာ
၂၁ရက် တွင်ရရှိခဲ့ပြီး တစ်လ နေထိုင်ခွင့် ဗီ ဇာ ပြုလုပ်ထားကြောင်း၊
တရားခံဟု စွပ်စွဲခံရသူ နှစ်ဦးအနေဖြင့် ယခင် စစ်ဆေးမေးမြန်းရာတွင်
ကြောက်ရွံ့မှုများ ရှိနေသည့်အတွက်မေးမြန်း ချက်များကို တိကျစွာပြောဆိုနိုင်
ခြင်းမရှိခဲ့ကြောင်း၊ သို့သော်ယခု တွင် စွပ်စွဲခံရသူနှစ်ဦးစလုံးမှအမှန်
အတိုင်း ထွက်ဆိုပါမည်ဟု ရလဒ်များ ရခဲ့သည့်အတွက် မိဘများနှင့်တွေ့ ဆုံစေကာ
အားပေးမှုများပေးစေလို သည့်အပြင် အမှန်အတိုင်း ထွက် ဆိုရန်ကိုပါ
တိုက်တွန်းပေးစေလို ၍ ယခုကဲ့သို့မိဘများနှင့်တွေ့ဆုံခွင့် ရရှိရန်
လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးကျော်သောင်းကဆက်ပြောသည်။
ဖမ်းဆီးစွပ်စွဲခံမြန်မာနိုင်ငံသား နှစ်ဦး၏ မိသားစုဝင်များ ထိုင်းနိုင်ငံ
သို့ သွားရောက်နိုင်ရန်နှင့် အမှုအ တွက် အကူအညီပေးနိုင်ရေး အတွက် လည်း
ဘဏ္ဍာရေးကော်မတီတစ်ရပ် ကို ဖွဲ့စည်းကာ တာမွေမြို့နယ် ကျို က္ကဆံလမ်းရှိ
ရခိုင်သဟာယရုံးခန်း ၌ အလှူငွေများ လက်ခံနေကြောင်း ရခိုင်အမျိုးသား
ကွန်ရက်မှ သိရသည်။
အဆိုပါအမှုသည်လည်း စက် တင်ဘာ ၁၄ရက်
ညတွင်ထိုင်းနိုင်ငံ ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း တွင် ဖြစ်ပွားခဲ့ပြီး
ယခုအချိန်တွင် တစ်လကျော်ကြာမြင့်ပြီး ထိုင်းနိုင်ငံ သားများ၊
မြန်မာနိုင်ငံသားများအပါ အဝင် ကမ္ဘာ့နိုင်ငံတစ်ဝန်းမှ စိတ်
ဝင်တစားစောင့်ကြည့် လျက်ရှိသည့် အမှုဖြစ်သည်။
ZCH
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment