Tuesday, October 21, 2014

ပုဂ္ဂလိကဘဏ်များ အလွန်အကျွံပြိုင်ဆိုင်မှုများပါက နိုင်ငံတော်ငွေကြေး မူဝါဒနှင့် ငွေကြေးဈေးကွက်ကို ထိခိုက်နိုင်ဟုဆို

အတိုးနှုန်းများကို ဘောင်တစ်ခုအတွင်း သတ်မှတ်ပြီး ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် ခွင့်ပြုထား
ငွေကြေးမူဝါဒနှင့် ငွေကြေးဈေးကွက် တည်ငြိမ်မှုကို မထိခိုက်ရန် အမြဲမပြတ်စောင့်ကြည့်နေ
===============================================
ရန်ကုန်၊ အောက်တိုဘာ ၂ဝ

မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိ ကဘဏ်များကို ထိန်းချုပ်ထားမှုဖြေ လျှော့တော့မည်ဖြစ်သဖြင့် ဘောင် တစ်ခုအတွင်းမှ ယှဉ်ပြိုင်လုပ်ကိုင်နိုင် ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း နိုင်ငံ တော်၏ငွေကြေးမူဝါဒနှင့် ငွေကြေး ဈေးကွက်တည်ငြိမ်မှုကို မထိခိုက်ရန် အမြဲမပြတ်စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။

အောက်တိုဘာ ၂ဝရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဘထီးကိုယ်စား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်ခိုင်က ပြည်တွင်းဘဏ်များမှ အပ်ငွေအပေါ် အပြိုင်အဆိုင်အတိုး နှုန်းပေးမှု အလွန်အကျွံမဖြစ်ပေါ်စေ ရေးနှင့် ငွေကြေးဈေးကွက်မထိခိုက် စေရေး ဗဟိုဘဏ်အနေဖြင့် မည်ကဲ့ သို့ ထိန်းချုပ်မည်ကိုသိရှိလိုခြင်း မေး ခွန်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ အတိုးနှုန်း၊ ငွေလွှဲခနှုန်းများ ကို မြန်မာနိုင်ငံ၏စီးပွားရေး ငွေရေး ကြေးရေးနှင့်အညီ လိုက်လျောညီ ထွေရှိစေဖို့ စောင့်ကြည့်ထိန်းသိမ်း ရန်လိုအပ်ပါတယ်။ စောင့်ကြည့်ထိန်း သိမ်းမှု အားနည်းလျှင် ပုဂ္ဂလိကဘဏ် များအနေဖြင့် အလွန်အကျွံပြိုင်ဆိုင် မှုများလာပါက နိုင်ငံတော်၏ငွေကြေး မူဝါဒနှင့် ငွေကြေးဈေးကွက်တည်ငြိမ် မှုကို ထိခိုက်နိုင်ပါတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်း အောင်ခိုင်က လွှတ်တော်အတွင်း ပြောသည်။
ယင်းသို့ပြောဆိုမှုအပေါ် ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌက ''ဘဏ်တွေ ဟာ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အတိုးနှုန်းဘောင်ထဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာမှာ အတိုးနှုန်းကို ဗဟို ဘဏ်က ထိန်းချုပ်ထားခြင်းမရှိဘဲ ဈေးကွက်ပေါ်မှာ မူတည်ပြီးတော့ အတိုးနှုန်းကို ဘဏ်များကသတ်မှတ် ကြပါတယ်။ ဗဟိုဘဏ်အနေနဲ့လဲ သင့်လျော်တဲ့ အခြေအနေနဲ့ အချိန် အခါမှာ အတိုးနှုန်းသတ်မှတ်ချက်ကို ဖြေလျှော့ပေးမှာဖြစ်တဲ့ အတွက် ကြောင့်မို့ ဘဏ်များကို အခုကတည်း က အတိုးနှုန်းများကို ဘောင်တစ်ခု အတွင်းမှာသတ်မှတ်ပြီးတော့ ယှဉ် ပြိုင်လုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးထား ခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
ပုဂ္ဂလိကဘဏ်များအနေဖြင့် ယင်းတို့ဘဏ်တွင် ငွေအပ်နှံပါက အပ်ငွေနှုန်းထားများကို တစ်လတာ အတွက် ကိုးရာခိုင်နှုန်း သုံးလအတွက် ၉ဒသမ၂၅ရာခိုင်နှုန်း ခြောက်လပြတ် ၉ဒသမ၅ရာခိုင်နှုန်းနှင့် တစ်နှစ်တာ အပ်ငွေအတွက် ၁ဝရာခိုင်နှုန်းဖြင့် ဘဏ်တိုးငွေများ ပေးအပ်နေပြီး ငွေ လွှဲခနှုန်းထားများကိုလည်း လျှော့ချ ပေးနေမှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဦးတည်မေးမြန်း ခြင်းဖြစ်သည်။
ဘဏ်များအနေဖြင့် ဗဟိုဘဏ် မှ ခွင့်ပြုထားသည့်အတိုးနှုန်းဘောင် အတွင်းမှ ဈေးကွက်အခြေခံမှုလမ်း ကြောင်းတွင် စတင်လျှောက်လှမ်းနေ ခြင်းဖြစ်ကြောင်း၊ ဘဏ်များ၏ အပ် ငွေနှင့် ချေးငွေအပေါ်တွင်လည်း ဗဟိုဘဏ်က အမြဲမပြတ်စောင့်ကြည့် နေသည်ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌက ဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အ နေဖြင့် ပုဂ္ဂလိကဘဏ်များအား စု ဆောင်းအပ်ငွေများနှင့် ပတ်သက်ပြီး အနည်းဆုံး ရှစ်ရာခိုင်နှုန်းပေးရန်နှင့် ချေးငွေများနှင့်ပတ်သက်ပြီး အမြင့် ဆုံး အတိုးနှုန်း ၁၃ရာခိုင်နှုန်းထက် မကျော်လွန်စေရန် သတ်မှတ်ထား ကြောင်း သိရသည်။
ပြည်တွင်းဘဏ်များက ကောက် ခံသည့်ငွေလွှဲခနှုန်းများနှင့်ပတ်သက် ပြီး ပြည်တွင်ငွေလွှဲခနှုန်း ၁ဝဝကျပ် လျှင် ၁၅ပြားနှုန်း ငွေလွှဲ ကျပ်သိန်း ၁ဝဝဝလျှင် ၁ဝဝကျပ်ကို ငါးပြားနှုန်း ဖြင့် ကောက်ရန်သတ်မှတ်ထားသော် လည်း မြန်မာနိုင်ငံကုန်သည်နှင့် စက် မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် က ကုန်ဈေးနှုန်းကျဆင်းစေရန်နှင့် စားသုံးသူများ အဆင်ပြေရေးတို့အ တွက် ငွေလွှဲခနှုန်းများလျှော့ချပေး ရန် ဗဟိုဘဏ်သို့ ညှိနှိုင်းတင်ပြခဲ့ရာ မှ ယင်းအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းတို့ တွေ့ဆုံညှိနှိုင်း စေခဲ့ပြီးနောက် ပုဂ္ဂလိကဘဏ်များက ငွေလွှဲနှုန်းကို လျှော့ချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

YM
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment