Monday, October 20, 2014

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ မဲပျောက်ဆုံးမှုမရှိစေရန် ဆောင်ရွက်မည်


မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် စက်ခလုတ်နှိပ်၍ ဆန္ဒမဲပေးခြင်းနှင့် မတ်တတ်ရပ်ဆန္ဒမဲပေးခြင်းတို့ အလျဉ်းသင့်သလို ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))


လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သည့်အခါ မဲများပျောက်ဆုံးခြင်းမရှိစေရန် ရုပ်သံမျက်နှာပြင်၌ မြင်ရမည့် မဲပေးစနစ်ကို ပြည်သူ့ လွှတ်တော်တွင် စတင်ကျင့်သုံး မည်ဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

လွှတ်တော်တွင် အဆိုများ ဥပဒေကြမ်းများကို မဲခွဲဆုံးဖြတ် ရာ၌ ထောက်ခံမဲ၊ ကန့်ကွက်မဲ များအပြင် ပျောက်ဆုံးနေသော မဲ များမရှိစေရန် စက်ခလုတ်အသုံးပြု၍ (Open Voting) စနစ်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောသည်။
‘‘အခု ကျွန်တော်တို့ ကျင့်သုံးတာဟာ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေမဲတွေက တီဗီဖန်သားပြင်ပေါ်မှာ လာပေါ်နေမှာပါ။ ဒီတော့ မဲပျောက်တာတွေ မဖြစ်တော့ဘူး။ ပွင့်လင်းမြင်သာမှုရှိလာမယ်။ ဒါကို စတင်စမ်းသပ်မယ်’’ ဟု သူရဦးရွှေမန်းက လွှတ်တော်အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။
လွှတ်တော်၌ မဲပေးရာတွင် စက်ခလုတ်နှိပ်မဲပေးရသော လျှို့ ၀ှက်မဲပေးစနစ်ကို ကျင့်သုံးပါက မဲများပျောက်ဆုံးခြင်းအပြင် မိမိ တို့ မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်က ထောက်ခံသည်(သို့မဟုတ်) ကန့်ကွက်ခဲ့သည်ကို မဲဆန္ဒရှင်များ မသိရှိရပေ။
ယခု ပြည်သူ့လွှတ်တော် တွင်စတင်ကျင့်သုံးမည့်စနစ်တွင် ကိုယ်စားလှယ်အမည်နှင့်အတူ ခုံအမှတ်နှင့် ထောက်ခံ၊ ကန့်ကွက်၊ ကြားနေစသဖြင့် မည်သို့မဲပေးခဲ့ပုံကို လွှတ်တော်ရှိ ရုပ်သံမျက်နှာပြင်မှတစ်ဆင့် မြင်တွေ့နိုင်မည်ဖြစ် သည်။ လွှတ်တော်တွင် အဆုံးအ ဖြတ်များ ပြုလုပ်ရာ၌ ပွင့်လင်းမြင် သာမှုနှင့် အထိအရှ လွယ်သော ဆုံးဖြတ်ချက်များအတွက် လွတ် လပ်စွာ မဲပေးပိုင်ခွင့်ကို ဟန်ချက် ညီညီ ကျင့်သုံးရန်လိုသည်ဟု လွှတ်တော်လေ့လာစောင့်ကြည့် ရေးအဖွဲ့က လွှတ်တော်သို့ အကြံ ပြုထားသည်။
လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို အသားပေးသုံးစွဲပါက လွှတ်တော် ၏ ပွင့်လင်းမြင်သာမှုကို ထိခိုက် စေပြီး မတ်တတ်ရပ်ဆန္ဒပြုခြင်း ကို သုံးစွဲပါကလည်း ကိုယ်စားလှယ် များ၏ လွတ်လပ်စွာရပ်တည်ဆုံး ဖြတ်မှုကို သက်ရောက်မှုများရှိ လာနိုင်သည်ဟု လွှတ်တော်လေ့ လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးအေးကျော်က ပြောသည်။
ထို့ပြင် မကြာမီ ပြည်သူ့ လွှတ်တော်တွင် ဆုံးဖြတ်မည့် သင့်လျော်သော ရွေးကောက်ပွဲ စနစ်ကျင့်သုံးရေး အစီရင်ခံစာနှင့် ပတ်သက်၍လည်း အာဏာရပါ တီမှ ကိုယ်စားလှယ်များ၏ မဲပေး ရွေးချယ်မှုကို ထိခိုက်စေနိုင်သည် ဟု တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

Credit - 7DAY DAILY

No comments:

Post a Comment