ဆက် တိုက်ကျဆင်းနေသည့် ပြည်တွင်း ရွှေဈေးနှုန်းများ ယခုအောက်တိုဘာ တတိယပတ်အတွင်း အတက်ဘက် သို့ ပြန်လည်ဦးတည်လာကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များထံ
အောက်တိုဘာ ဒုတိယပတ် အတွင်း ပြည်တွင်းရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၂ဝဝဝ မှ အောက်တို ဘာ ၁၉ ရက်တွင် ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၅၈ဝဝဝ သို့ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ
လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၃၂ ဒေါ်လာမှ အောက် တိုဘာ ၁၈ရက်တွင် ၁၂၃၈ ဒေါ် လာသို့ ၆ဒေါ်လာနီးပါး မြင့်တက်ခဲ့ ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင် များထံမှ သိရသည်။
တိတ်စိန်ရွှေဆိုင်မှ ဦးဇော် အောင်က '' အမေရိကန်ဗဟိုဘဏ် က အတိုးနှုန်း အတိုး၊ အလျှော့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကြောင့် အခုလပိုင်းမှာ ကမ္ဘာ့ရွှေဈေးက အ ပြောင်းအလဲများ များနေတယ်။ အ ခုရက်ပိုင်းမှာတော့ အပြောင်းအလဲ တွေရှိပေမယ့် တည်ငြိမ်လာမယ့် သဘောရှိတယ်''ဟု ဆိုသည်။
လက်ရှိ သီတင်းကျွတ်ကာလ အတွင်း ပြည်တွင်းရွှေဈေးကွက်အ တွင်း နှစ်စဉ် အရောင်းအဝယ်ကောင်း မွန်လေ့ရှိပြီး လာမည့်အပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်လာ နိုင်ကြောင်း ပြည်တွင်းရွှေလုပ်ငန်း ရှင်များကဆိုသည်။
AKS
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment