ဒီမိုကရေစီစနစ်နှင့် လိုက် လျောညီထွေသော ရွေးကောက်ပွဲ စနစ်တစ်ခု ပြောင်းလဲနိုင်ရေး အတွက် ပြည်သူ့လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာတွင် စနစ် ရှစ်မျိုးကို ထည့်သွင်းတင်ပြ ထားပြီး အဆိုပါစနစ်များ၌ တိုင်းဒေသကြီးများကိုသာ ရွေး ကောက်ပွဲစနစ်ပြောင်းရန် တင်ပြခြင်းဖြစ်ကာ ပြည်နယ်များ၌ လက်ရှိကျင့်သုံးနေသော စနစ်အတိုင်းထားရှိရန် အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
‘‘အမှန်ဆိုရင်တော့ တစ်နိုင် ငံလုံး ဒီစနစ်ကို မပြောင်းသင့်သေး ဘူး။ ဒါပေမဲ့ မပြောင်းမဖြစ် ပြောင်းရမယ်ဆိုရင်တော့ အခု တင်ပြတဲ့စနစ်တွေဟာ လက်ခံနိုင်တဲ့အတိုင်းအတာတော့ရှိပါတယ်။ ကျွန်တော်တို့က မလုပ်ပါနဲ့လို့ တားဆီးလို့မှမရတာ’’ဟု ရွေး ကောက်ပွဲစနစ်တင်သွင်းမှုကို လွှတ်တော်အတွင်း ဦးဆောင်ကန့် ကွက်ခဲ့သည့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီမှ တွဲ ဖက်အထွေထွေအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းမောင်တင်က ပြော သည်။
ပုဇွန်တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဇင်က ရွေးကောက်ပွဲစနစ်ပြောင်းလဲရန် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းသည့် အ ဆိုအတည်ဖြစ်ခဲ့ပြီး အကောင်အ ထည်ဖော်ရန် ကော်မရှင်တစ်ရပ် ကို ဖွဲ့စည်းလေ့လာစေလျက် နည်းလမ်း ရှစ်ခုရှိသော အစီရင်ခံ စာတစ်စောင်ကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုစတင်တင်သွင်း စဉ်က တစ်နိုင်ငံလုံး အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံး ရန် တင်သွင်းခဲ့သဖြင့် လွှတ်တော်အတွင်းရှိ တိုင်းရင်းသားပါတီများ မှ ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များက အပြင်းအ ထန်ကန့်ကွက်ခဲ့ကြသည်။
‘‘စပြီး အဆိုတင်စဉ်မှာ PR သုံးဖို့ပါလို့ ဒါကိုမသုံးဖို့ ကျွန်မတို့ က ကန့်ကွက်တာ။ ဒီအပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ကျွန်မတို့ကို ကတိပေးထားတာရှိ လို့ ဥက္ကဋ္ဌကြီးကတိကို အပြည့်အ ၀ယုံကြည်ပါတယ်။ အခုတင်သွင်း ထားတဲ့ စနစ်တွေကို ကျွန်မတို့အ နေနဲ့က ကန့်ကွက်တယ်လည်း မဟုတ်၊ ထောက်ခံတယ်လည်း မဟုတ်ဘူး။ စောင့်ကြည့်ဦးမယ်’’ဟုမွန်အမျိုးသားဒီမိုကရေစီပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်မိမြင့်သန်းက ပြောသည်။
Credit - 7DAY DAILY
No comments:
Post a Comment