စိုးမြင့်နိုင် ၊ ရန်ကုန်၊
မြေယာလက်ဝါးကြီးအုပ်မှုများ
မဖြစ်ပေါ်စေ ရန်အတွက် အများဆုံးမြေယာ ပိုင်ဆိုင်နိုင်သည့် ပမာဏ ကို
အမျိုးသားမြေယာဥပဒေ (Nation Land Law) တွင် ထည့်သွင်းရေးဆွဲသွားမည်ဟု
အမျိုးသားမြေအ သုံးချမှု မူဝါဒမူကြမ်းဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲမှ သိ ရသည်။
အသစ်ရေးဆွဲမည့် အမျိုးသားမြေယာဥပဒေ (Nation Land Law) တွင် လူတစ်ဦး(သို့)
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလျှင် မြေပမာဏ မည်မျှပိုင်ဆိုင်ရ မည်ကို
ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိ မြေယာ ပြဿနာများကိုလည်း
အသေးစိတ်ဖြေရှင်းသွားနိုင်ရန် ရေးဆွဲသွားမည်ဟု သိရသည်။
ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ညွှန်ကြား
ရေးမှူး(ငြိမ်း)ဦးအေးမောင်ညိမ်းက ''အမျိုးသားမြေ ယာဥပဒေ
ရေးဆွဲတဲ့အခါမှာတော့ အများနဲ့တိုင်ပင် ပြီး နိုင်ငံအကျိုး၊
အများပြည်သူအကျိုးကို ကြည့်ပြီး ဘယ်လောက်ပမာဏ ပိုင်ရမယ်ဆိုတာကို ထည့်သွင်း
ဖော်ပြသွားဖို့ရှိပါတယ်။ ဘယ်အတိုင်းအတာ အထိ လဲဆိုတာကိုတော့ စဉ်းစားထားတာ
မရှိသေးပါဘူး။ စီးပွားဖြစ် ဆောင်ရွက်တာတွေရှိတယ်။ စီးပွားဖြစ်
လုပ်လိုက်တဲ့ကိစ္စက နိုင်ငံအတွက်၊ လုပ်တဲ့လူအတွက် အကျိုးရှိမယ့်ပမာဏတော့
သတ်မှတ်ပေးဖို့ စဉ်းစား ထားပါတယ်။ မူကြမ်းမှာတော့ မပါသေးပါဘူး''ဟု ပြောသည်။
မြေယာအငြင်းပွားမှုများ လျှော့ချနိုင်ရန်အတွက် လက်ရှိ အမျိုးသားမြေ
အသုံးချမှု မူဝါဒမူကြမ်းတွင် မြေအမျိုးအစားများကို စိုက်ပျိုးရေးမြေ၊
စက်မှုဇုန်မြေ၊ စီးပွားရေးမြေ၊ သစ်တောမြေစသည်ဖြင့် မြေယာဆယ်
မျိုးသတ်မှတ်ထားသည်ဟု သိရသည်။
မြေအသုံးချမှုနှင့် ခွဲဝေချထားမှု
စိစစ်ရေးကော် မတီကို ၂ဝ၁၂ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့ပြီး လက် ရှိ
အမျိုးသားမြေအသုံးချမှု မူဝါဒမူကြမ်းကို ရေးဆွဲ ထားပြီး ဒီဇင်ဘာတွင်
အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ် ထားသည်ဟု သိရသည်။
အမျိုးသားမြေအသုံးချမှု မူဝါဒမူကြမ်းဆိုင်ရာ ဆွေးနွေးပွဲကို အင်းလျားလိတ် ဟိုတယ်တွင် အောက်တို ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Yangon Time Journal, အတွဲ ၁၀ ၊ အမှတ် ၄၁
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
https://www.facebook.com/yangonmediagroup
Credit - Yangon Media Group
No comments:
Post a Comment