ရန်ကုန်၊ အောက်တိုဘာ ၂၃
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ
၂၃ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာ့လက်ရွေးစင်
ဘောလုံးအသင်းဟာ အဆင့်ခြောက်ဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။
မြန်မာ့
လက်ရွေးစင် အသင်းဟာ အောက်တိုဘာလအတွင်းက အာဆီယံဆူဇူကီးဖလား
ပြိုင်ပွဲခြေစစ်ပွဲတွေ ယှဉ်ပြိုင်ရာမှာ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း
အသင်းတွေကို အနိုင်ရပြီး တီမောအသင်းကို သရေကျ ကစားနိုင်ခဲ့လို့ အခုလို
အဆင့်သတ်မှတ်ချက်မှာ မြင့်တက်လာတာပါ။
မြန်မာအသင်းဟာ လက်ရှိမှာ
ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၃၇ မှာ ရပ်တည်နေပြီး အာဆီယံမှာ အင်အားကြီး အဆင့်
၁၆၅ မှာရှိတဲ့ ထိုင်းအသင်းထက် အဆင့် ၂၈ဆင့် မြင့်မားနေပါတယ်။
မြန်မာအသင်းဟာ သြဂုတ်လမှာ ကမ္ဘာ့အဆင့် ၁၆၀မှာ ရှိခဲ့ပြီးတော့ စက်တင်ဘာလမှာတော့ အဆင့် ၁၄၃ ကို ရောက်ရှိလာခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံမှာဆိုရင် ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတွေ ပြီးရင် တတိယ
နေရာမှာ ရပ်တည်တာဖြစ်ပါတယ်။ အာရှအဆင့် သတ်မှတ်ချက်မှာတော့ အဆင့် ၂၁ မှာ
ရပ်တည်နေပါတယ်။
ကမ္ဘာ့အဆင့်တစ် နေရာမှာတော့ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ
ဂျာမနီ၊ ဒုတိယနေရာမှာတော့ အာဂျင်တီးနား၊ တတိယနေရာမှာ ကိုလံဘီယာတို့
ရပ်တည်နေကြပါတယ်။
အမျိုးသမီး အသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ
အမေရိကန်အသင်းက ဦးဆောင်နေပြီးတော့ ဂျာမနီက ဒုတိယ၊ ဂျပန်အသင်းက တတိယနေရာမှာ
ရပ်တည်နေပါတယ်။ အာဆီယံအသင်း တွေမှာတော့ ထိုင်းအသင်းက အဆင့် ၃၀၊
ဗီယက်နမ်အသင်းက အဆင့် ၃၄၊ မြန်မာအသင်းက အဆင့် ၄၅ မှာ ရပ်တည်နေပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment