ရန်ကုန်၊ အောက်တိုဘာ ၂ဝ
ထိုင်း နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ဘတ်
တစ် သောင်း (မြန်မာငွေ သုံးသိန်းကျပ်) အရင်းပြုထည့်ဝင်ပါက တစ်လလျှင်
ဘတ်တစ်သောင်းနှုန်း အမြတ်ရမည် ဟုဆိုခြင်းကြောင့် ဝင်ရောက်ရင်းနှီး
မြှုပ်နှံခဲ့သော မြန်မာရွှေ့ပြောင်းအ လုပ်သမား ၂ဝဝဝကျော်တို့ အလိမ်ခံ
ခဲ့ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် MAT မှ သိရသည်။
လွန်ခဲ့သော တစ်နှစ်ကျော်ခန့် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန် ဘောရပ်ကွက်အနီးတွင် ဖွင့်လှစ်ထား သော SUNJA OPING(666)
ကုမ္ပ ဏီသည် အဆိုပါကုမ္ပဏီမှ အစုအစပ် ရှယ်ယာများကို ရှယ်ယာတစ်စုလျှင် ထိုင်းငွေဘတ် တစ်သောင်းနှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ယင်းရှယ်ယာများကို ဝယ်ယူခဲ့ သူများအနေဖြင့် ရှယ်ယာဝယ်ပြီး လေးလအကြာတွင်
ထိုင်းငွေ ဘတ် လေးသောင်းနှုန်းဖြင့် အတိုးရရှိမည် ဆိုကာ
စည်းရုံးခဲ့သည့်အတွက် မြန် မာရွှေ့ပြောင်း အလုပ်သမား ၂ဝဝဝကျော်မှ ဝယ်
ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထိုသို့အလိမ်ခံခဲ့ရသည်မှာ တစ်နှစ်
ကျော်ကြာပြီဖြစ်၍ မြန်မာလုပ်သား များပြန်လည်ရရှိရမည့်ငွေမှာ အရင်း နှင့်
အတိုးပါ ပေါင်းပါက တစ်ဦးလျှင် ဘတ်ငွေတစ်သိန်း (မြန်မာငွေသိန်း ၃ဝ)ဖြစ်ကာ
စုစုပေါင်းဘတ်ငွေ ၂၉ သန်းကျော် ရရှိရမည်ဖြစ်ကြောင်း လည်း သိရသည်။
(MAT) အတွင်းရေးမှူး ကိုခိုင် ကြီးက ''အစုစပ်ရှယ်ယာ
ထည့်ပြီးတစ်နှစ်သာကျော်ခဲ့တယ်တဲ့ အတိုး လဲ ပြန်မရ၊ အရင်းလဲ ပြန်မရခဲ့ဘူး။
ရှယ်ယာဝင်တဲ့အထဲက လူ ၂ဝဝ လောက်က ကျွန်တော်တို့ဆီလာပြီး အကူအညီတောင်းလို့
အဲဒီကုမ္ပဏီရုံး ခန်းဖွင့်တဲ့နေရာကိုသွားတော့ ရုံးခန်း ပါမရှိတော့ဘူး။
ကျွန်တော်တို့လဲ အခုတရားဥပဒေအရ လုပ်ဆောင် ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါ
တယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။
လက်ရှိတွင်
ကုမ္ပဏီဖွင့်ရာနယ် မြေရှိ ထာ့ခန်ရဲစခန်း၌ အစုရှယ်ယာ ဝင် မြန်မာ ၅ဝဝက
တရားလိုပြုလုပ် ကာ အမှုဖွင့်ပေးထားကြောင်း၊ နှစ် ဖက်ပြေလည်မှုရရှိရန်လည်း
ဆောင် ရွက်ပေးလျက်ရှိကြောင်း (MAT) မှ သိရသည်။
ဘန်ကောက်မြို့တွင်
အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ကိုထွန်းထွန်းက ''ငွေလိမ်ခံရတာတွေ
ငွေညှစ်ခံရတာတွေက မကြာခဏဆို သလိုဖြစ်နေတယ်။ ထိုင်းကိုရောက် တဲ့
မြန်မာအားလုံး မခံရဘူးတဲ့သူဆို တဲ့သူမရှိသလောက်ဘဲ။ အလိမ်ခံရတဲ့ ပုံစံသာ
မတူညီကြတာပါ။ တိုင်လဲ မထူးတော့ ဘယ်သူမှလဲ မတိုင်ကြ ဘူး''ဟု ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ကိစ္စကို ထိုင်းနိုင်ငံအခြေစိုက် MAT၊ FED
၊ တွဲလက်လူမှုရေးအဖွဲ့၊ သံရုံး တို့မှ မြန်မာလုပ်သား ၅ဝဝကို ခေါ် ကာ ထာ့ခန်ရဲစခန်းတွင် အမှုဖွင့်ပေး ထားကြောင်းလည်း MAT မှ သိရ သည်။
ZCH
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment