Friday, October 24, 2014

တရုတ်ကွန်မြူ နစ်အစိုးရကို အရှက်ရစေသည့် ဟောင်ကောင်မှ ဆန္ဒပြဗီနှိုင်း

ဟောင်ကောင်၏ အထင်ရှားဆုံး ဖြစ်သည့် ခြင်္သေ့တောင် ကမ်းပါး သို့ ဟောင်ကောင် တောင်တက်သမား အချို့က တက်ရောက်ကာ ကြီးမားသော ဆန္ဒပြစာတမ်း တစ်ခုအား ကြာသပတေးနေ့က ချိတ်ဆွဲခဲ့သည်။ ဆန္ဒပြသူများ တောင်းဆိုနေ သည့် ဒီမိုကရေစီစနစ်က ဆင်းရဲသားများကို အာဏာ ပိုမိုရရှိသွားစေမည်ဟု မြို့အုပ်ချုပ်ရေးမှူး က ပြောဆိုလိုက်ပြီးနောက် ထို ဆန္ဒပြ စာတမ်းအား ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။
လူဦးရေ ထူထပ်ပြီး အလုပ်သမားလူတန်းစားများနေထိုင်ရာ ကိုးလွန်နယ်မြေပေါ် ဘက်ရှိ ခြင်္သေ့ကျောက်ဆောင်ပေါ်တွင် ၂၈ မီတာအရှည်ရှိ စာတမ်းအား ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။ အ၀ါရောင် စာတမ်းပေါ်တွင် “စစ်မှန်တဲ့ အလုံးစုံ မဲပေးခွင့် လိုချင်တယ်” ဟု ရေးသား ထားပြီး ဟောင်ကောင်
ဒီမိုကရေစီရေး လှုပ်ရှားမှု၏ သင်္ကေတဖြစ်သော အ၀ါရောင် ထီးတစ်ချောင်း ပုံ ပါဝင်သည်။
အဆိုပါ တောင်ကပါးပေါ်တွင် ချိတ်ဆွဲထားသည့် ဆန္ဒပြစာတမ်း၏ ဓါတ်ပုံများမှာ လူမူ ကွန်ယက်ပေါ်တွင် တောမီးပမာ လျင်မြန်စွားပြန့်နှံသွားပြီး တရုတ်ပြည်တွင်း ကွန်ယက် Weibo ပေါ်သို့ ရောက်ရှိသွားရာ ပြန့်နှံမှု သန်းချီခဲ့သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦး မှ ဟောင်ကောင်ကျွန်းအစိုးရ၏ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင်း ပါတီ၏ မူဝါဒများကို ကမ္ဘာ့အလယ် တွင် လှောင်ပြောင်စရာ ဖြစ်အောင် ထိခိုက်နေ သည်ဟု ဆင်ဟွာ သတင်းဌာန အား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံပိုင် မီဒီယာများမှ အဆိုပါအင်တာဗျူးအား ထုတ်လွင့်ပြီးနောက် နာရီပိုင်း အတွင်း ဟောင်ကောင် ရဲတပ်ဖွဲ့မှ ဟယ်လီကော်ပတာ များဖြင့် ခြင်္သေ့တောင်ထိပ်သို့ ဆင်းသက် ကာ အဆိုပါ ဗီနိုင်းကြီးအား အလျင်အမြန် ဖြုတ်ချပစ်ခဲ့သည်။

KHTun
Ref - AP
The Ladies News Journal

 

 

 

 

 

No comments:

Post a Comment