ရွှေကိုကို ၊ ရန်ကုန်၊
လာမည့် ၂ဝ၁၅ခုနှစ်တွင် ပြု လုပ်မည့်
အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထား သည့်
မွန်အမျိုးသမီးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အမျိုးသမီးအဖွဲ့ဝင်အင်အား သောင်းဂဏန်းခန့်ဖြင့်ဖွဲ့စည်းထားသည့်
အဆိုပါမြန်မာနိုင်ငံ၏ ပထမဆုံးအမျိုး သမီးပါတီကို အောက်တိုဘာ ၁၄ရက် က
နေပြည်တော်ရှိ ရွေးကောက်ပွဲကော် မရှင်သို့ မွန်အမျိုးသမီးပါတီအဖြစ် မှတ်
ပုံတင် လျှောက်ထားပြီဖြစ်ရာ ၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်
မွန်ပြည်နယ်အခြေပြု၍ ကိုယ်စားလှယ် လောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်
ဖြစ်ပြီး တခြားတိုင်းနှင့်ပြည်နယ်များတွင် လည်း ဝင်ရောက်ယှဉ်ပြိုင်ရန်
ရည်မှန်း ထားကြောင်း သိရသည်။
ပါတီဥက္ကဋ္ဌ မိသန်းရှင်က ''အမျိုး
သမီးကဏ္ဍတွေကို အဓိကလုပ်မယ်။ ပါတီတွေနဲ့တိုက်ခိုက်ရမယ့်အလုပ်တွေ
ကိုရှောင်မယ်။ ပြီးတော့ မွန်မှမဟုတ် ဘူး။ တခြားတိုင်းရင်းသားအမျိုးသမီး တွေ
ပါတီမှာဝင်ချင်တယ်ဆိုရင် လမ်း ဖွင့်ထားတယ်။ ဝင်လာရင်လဲ ကျွန်မတို့
အောက်ကဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ တန်း တူညီတူ အခွင့်အရေးပေးထားမယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံး ပါဝင်နိုင်တယ်။ ပါတီရဲ့ဖွဲ့စည်းပုံဆွဲ
တဲ့အခါကျတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ကဏ္ဍအလိုက်ခွဲလိုက်ရင် အား လုံး
အဆင်ပြေသွားပါမယ်''ဟု ပြော သည်။
လက်ရှိတွင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့်
အတွင်းရေးမှူးနှစ်ယောက်အပါအ ဝင် ဗဟိုအလုပ်မှုဆောင်ကော်မတီ ၁၅
ဦးရွေးချယ်ထားပြီး မွန်ပြည်နယ်အတွင်း ရှိ မြို့နယ်များတွင် အလုပ်အမှုဆောင်
ကော်မတီများရွေးချယ်ပြီးဖြစ်ကာ ပါ တီဝင်အင်အား သောင်းဂဏန်းအထိ
ရရှိထားကြောင်း သိရသည်။
ထို့ပြင် ပါတီမူအရ ပါတီကို ကွန်
ရက်ပုံစံမျိုးဖြင့် တခြားပါတီများ၊ တိုင်း
ရင်းသားများနှင့်ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကာ မွန်ပြည်နယ်အတွင်း ရှိ
တခြားနိုင်ငံရေးပါတီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဥက္ကဋ္ဌ
မိသန်းရှင်က ပြောသည်။
လက်ရှိတွင် ပါတီရုံးချုပ်သည် မွန် ပြည်နယ်
မော်လမြိုင်မြို့နယ်ရှိ မိရှင် စောပုရုံးတွင်တည်ရှိကာ ဥက္ကဋ္ဌအဖြစ်
မိသန်းရှင်၊ ဒုဥက္ကဋ္ဌအဖြစ် မိနီနီလွင်၊ အတွင်းရေးမှူးများအဖြစ် မိပိုက်ခမာ
ထန်နှင့် မိသဇင်မွန်တို့က တာဝန်ယူထား ပြီး ပါတီတွင် ဘွဲ့ရပညာတတ်နှင့်
နိုင်ငံ ရေးစိတ်ထက်သန်သော အမျိုးသမီးအ များစုပါဝင်ပြီး အမျိုးသမီးများ၏ကဏ္ဍ
မြှင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး
မွန်အမျိုးသမီးပါတီထူထောင် လိုက်ပြီး ပါတီတွင် နိုင်ငံရေးစိတ်ထက် သန်သော
အမျိုးသမီးများ ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ
မိသန်းရှင်က ပြောသည်။
Yangon Time Journal ၊ အတွဲ ၁၀ ၊ အမှတ် ၄၁
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
No comments:
Post a Comment