ပြည်ထောင်စုအစိုးရ
အဖွဲ့က အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍ အခြေခံဥပဒေခုံရုံးသို့
တင်သွင်းမည်ဟု ကြေညာထားသော ဥပဒေ ရှစ်ခုကို ယခုအစိုးရသက်တမ်းတွင်
တင်သွင်းအဆုံးအဖြတ်ခံယူတော့မည် မဟုတ် ကြောင်း သတင်းရရှိသည်။
‘‘ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ရှစ်ခုကို အခြေခံဥပဒေနဲ့ မညီတဲ့အတွက် အခြေခံဥပဒေခုံရုံးတင်ပြီး အဆုံးအဖြတ် ခံယူ မယ်ဆိုပြီး ကြေညာထားတာရှိ တယ်။ အဲဒါကို အခုအစိုးရလက် ထက်မှာ မတင်တော့ဘူးလို့ သိရ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြော သည်။ ခေတ်စနစ်အပြောင်းအလဲ တွင် ထိုကဲ့သို့ တင်ပြခြင်းကြောင့်
အချင်းချင်းမညီညွတ်မှုများ၊ အ ငြင်းပွားမှုများဖြစ်လာမည်ကို စိုး ရိမ်သဖြင့် သမ္မတရုံးမှ ၀န်ကြီးတစ်ဦးက အဆိုပါကိစ္စကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကိစ္စရပ်ကို လွန်ခဲ့ သည့် တစ်နှစ်ကျော်က နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်များ ထည့်သွင်းခဲ့ပြီး ဆက်လက်လုပ်ဆောင်ခြင်းရှိ၊ မရှိကိုမူ မိမိအနေဖြင့် မသိရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အသစ်ဖွဲ့စည်းလိုက်သော ခုံရုံးအနေဖြင့် မိမိတို့ထံ တင်သွင်း လာသော အမှုများကို စီရင်ဆုံး ဖြတ်မှုများပြုလုပ်လျက်ရှိပြီး အ ခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ဆုံးဖြတ်ဆောင်ရွက်လျက် ရှိကြောင်း အခြေခံဥပဒေခုံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၂ ခုနှစ်အတွင်း အခြေ ခံဥပဒေဆိုင်ရာ ခုံရုံးမှ လွှတ်တော် ရေးရာကော်မတီများသည် ပြည် ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်ချက်များထွက်ပေါ်လာ ပြီးနောက် လွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကြား တင်း မာမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတော် သမ္မတ ခန့်အပ်ထားသည့် ခုံရုံး ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ကိုးဦး နုတ်ထွက်ခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်များဖြစ်ပွားပြီး နောက် ပေါ်ထွက်လာသော ပြည် ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ် တော်၊ ပြည်သူ့လွှတ်တော်စသည့် လွှတ်တော်များကို ပြင်ဆင်သည့် ဥပဒေ၊ ခုံရုံးကို ပြင်ဆင်သည့် ဥပဒေများ ထွက်ပေါ်လာခဲ့သော် လည်း ၎င်းဥပဒေများကို နိုင်ငံ တော်သမ္မတကလက်မှတ်ရေးထိုး ခြင်းမပြုခဲ့ပေ။
‘‘လွှတ်တော်နဲ့ အစိုးရအဖွဲ့ ပွတ်တိုက်မှုအများဆုံးက ၂၀၁၂ ခုနှစ်ပဲ။ အဲဒီမှာ ခုံရုံးကိစ္စက အ ထင်ကရ ဖြစ်သွားတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး နောက်ပိုင်းထွက် လာတဲ့ ဥပဒေတွေကို အခြေခံဥပ ဒေနဲ့ မညီဘူးဆိုပြီး သမ္မတဘက် က ကန့်ကွက်ချက်တွေထွက်လာ တယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုက ပြောသည်။
Credit - 7DAY DAILY

No comments:
Post a Comment