Thursday, October 23, 2014

ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ

 အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းက ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များနှင့် ၎င်းတို့၏ ကိုယ်စား လက် မှတ်ထိုးသူများသည် ထိုစဉ်က ထမ်းဆောင်ခဲ့သော တာဝန်နှင့် မည်သည့် တိုင်း ရင်းသားများဖြစ်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှု ဒု-ဝန်ကြီးဦးသန်းဆွေက
“ပင်လုံစာချုပ်” ဟူသည် တောင်တန်းမြေပြန့် ခွဲခြားမှု မရှိစေဘဲ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
လွတ်လပ်ရေးရရှိရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်သားကိုယ်စားလှယ်များသည် တိုင်းရင်သားလူမျိုးများအားလုံး သွေးစည်းညီညွတ်ခြင်း အထိမ်းအမှတ်ဖြင့် ချုပ်ဆိုခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါ သည်။
မြန်မာ့လွတ် လပ်ရေးကို ဦးတည်ပေးခဲ့သော “ ပင်လုံ ”စာချုပ်တွင် ပါဝင် လက်မှတ်ရေး ထိုးခဲ့သော ခေါင်းဆောင်များအားလုံး ၂၃ ယောက်ရှိပါကြောင်း၊
(၁) ဗိုလ် ချုပ်အောင်ဆန်း၊
(၂) စဝ်ရွှေထိုက်(ညောင်ရွှေစော်ဘွား)၊
(၃) စဝ်ကွန်ဗန်းစိန် (တောင်ပိုင်းစော်ဘွား)၊
(၄) စဝ်ဟုံဖ (ရှမ်း-သိန္နီစော်ဘွား)၊
(၅) စဝ်နွံ (ရှမ်း-လယ်ချားစော်ဘွား)၊
(၆) စဝ်စံထွန်း (ရှမ်း-မိုင်းပွန်စော်ဘွား)၊
(၇) စဝ်ထွန်းဧ (ရှမ်း-သာမိုင်းခမ်းစော်ဘွား)၊
(၈) ဦးဖြူ (ပအို့ဝ်-သထုံဆီဆိုင်စော်ဘွား)၊
(၉) ဦးဟော်ဝါးဒူဝါအမ်ခွန်ဖုန်း (ကချင်)၊
(၁၀) ဦးတင်ဧ (ရှမ်း)၊
(၁၁) ဦးကြာပု (ရှမ်း)၊
(၁၂) စဝ်ယိပ်ဖ (ရှမ်း)၊
(၁၃) လင်းခေးဦးထွန်းမြင့် (ရှမ်း)၊
(၁၄) ဦး ခွန်စော (ပင်းတယ-ဓနု)၊
(၁၅) ဦးခွန်ထီး (ရှမ်း-ပင်လုံ)၊
(၁၆) ဆမားဒူး ဝါဆင်ဝါးနောင် (ကချင်)၊
(၁၇) ဒူးဝါးဇော်ရစ် (ကချင်)၊
(၁၈) ဦးဒိန်ရတန် (ကချင်)၊
(၁၉) ဒူဝါဇော်လွန်း (ကချင်)၊
(၂၀) ဦးလဘန်ဂရောင် (ကချင်)၊
(၂၁) ဦးလှူရ်မှုန် (ချင်း)၊
(၂၂) ဦးထောင်းဇာခုပ် (ချင်း)၊
(၂၃) ဦးကီယိုမန်း (ချင်း)
ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

Ref : https://www.facebook.com/pyithuhluttaw.gov.mm

Credit - Yangon Media Group

No comments:

Post a Comment