မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက
မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်
ပြည်ပဆက်သွယ်ရေးကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး ယင်းကုမ္ပဏီများထဲမှ
ထိုင်းနိုင်ငံအခြေစိုက် CAT (Communication Authority of Thailand)
ကုမ္ပဏီကိုရွေးချယ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ
ဝန်ဆောင်မှုပေးနေသည့် အင်တာနက်မြန်နှုန်းမှာ 27 Gigabyte ဖြစ်ပြီး နောက်ထပ်
20 Gigabyte ၀န်ဆောင်မှုပေးနိုင်မည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီများ
ပြီးခဲ့သည့်လအတွင်း၌ တင်ဒါခေါ်ယူခဲ့ပြီး ပြည်ပဆက်သွယ်ရေးကုမ္ပဏီကိုးခု
လာရောက်လျှောက်ထားကြောင်း သိရသည်။
လာရောက်လျှောက်ထားသည့်
ပြည်ပကုမ္ပဏီများမှာ ChinaTelecom, China Unicom, CAT (communication
Authority of Thailand), TM Tele Malaysia, TeleIn (Tele Indonisia),True
Company, Fibercom, N.T.T (Netherland Thialand Thialand)
စသည်ကုမ္ပဏီများဖြစ်ကြသည်။
"အခုကဒီကုမ္ပဏီကိုရွေးချယ်လိုက်တာက
ရာခိုင်နှုန်း ၉၀ လောက်သေချာသွားပါပြီ။ ဒီ CAT ကုမ္ပဏီက MPT နဲ့ အရင်တည်းက
အင်တာနက်ဆက်ကြောင်းတွေရှိပြီးသားကုမ္ပဏီပါ။ အခု
ကုမ္ပဏီကိုရွေးချယ်ပြီးသွားပြီဆိုတော့ လုပ်ငန်းစတင်ဖို့ပဲရှိတော့တယ်။
လုပ်ငန်းစတင်ဖို့ အောက်တိုဘလကုန်လောက်ဆိုရင်တော့ စတင်ဖြစ်မှာပါ" ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင်အင်တာနက်လိုင်းများနှင့်ပတ်သက်ပြီး
ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများမှာ Fortune Internationl ကုမ္ပဏီ၊ Elite
ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့၊ Redlink ကုမ္ပဏီနှင့် အခြားကုမ္ပဏီများရှိသော်လည်း
အဆိုပါကုမ္ပဏီများသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့်
အင်တာနက်လိုင်းများ ပြန်လည်ဝယ်ယူပြီး
ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း လက်ရှိတွင် SE -ME -WE 3
ရေအောက်ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်ကာ
အင်တာနက်လိုင်းဝန်ဆောင်မှုပေးနေပြီး နောက်ပိုင်းတွင်
မြန်နှုန်းမြင့်အင်တာနက်လိုင်းဖြစ်သည့် SE -ME -WE 5 သို့
ပြောင်းလဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment