ရန်ကုန်၊ အောက်တိုဘာ ၂ဝ
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်
ပယ်မဲများလျော့နည်းစေရန်အတွက် တံဆိပ်တုံးထု မဲပေးစနစ်ပုံစံပြောင်း လဲ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်
ညွှန်ကြားရေးမှူးဦးသောင်းလှိုင် က ပြောကြားသည်။
ထို့ပြင်မဲပေးပြီးသူများ နှစ်ခါမဲ ပေးခြင်းမျိုးမဖြစ်ပေါ်စေရန်အတွက် လည်း
လက်ကိုမင်တို့ မှတ်သားသည့် စနစ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ
၂ဝရက်က မီကာ ဆာဟိုတယ်တွင် မီဒီယာများကိုပြော ကြားခဲ့သည်။
ဦးသောင်းလှိုင်က ''မဲပေးတဲ့ စနစ်မှာ အရင်တုန်းက လွှတ်တော်
ကိုယ်စားလှယ်လောင်း တည့်တည့် မှာရှိတဲ့ မဲပေးတဲ့အကွက်မှာ အမှန်
ခြစ်ခြစ်ရတယ်။ အဲဒီမှာ မထင်တာ တွေ၊ နှစ်ခါခြစ်တာတွေ ပယ်မဲဖြစ် တာတွေ
မဖြစ်ရအောင် စတမ့် (တံ ဆိပ်တုံး)လုပ်ပေးထားတယ်။ နောက် တစ်ခုက ထပ်မဲပေါ့။
နှစ်ခါမဲပေးမဖြစ် ရအောင်လို့ လက်သဲခွံပေါ်မှာ မင်တို့
တဲ့စနစ်ကျင့်သုံးသွားမယ်''ဟု ပြော သည်။
၂ဝ၁၅ခုနှစ် အထွေထွေရွေး
ကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ဖောင်းပွခြင်းမရှိစေရန်အတွက်လည်း
ကွန်ပျူတာဖြင့် မဲစာရင်းသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး
မဲလက်မှတ်များကိုလည်း ပြည် တွင်း ပြည်ပအဖွဲ့အစည်းများကို ခေါ်ယူကာ
စောင့်ကြည့်လေ့လာစေ မည်ဖြစ်ကြောင်း သိရသည်။
၂ဝ၁၅ခုနှစ် အထွေထွေရွေး
ကောက်ပွဲအတွက် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် မဲစာရင်းပြုစုခြင်းကို
အဆင့်သုံးဆင့်ဖြင့် ခွဲခြားပြုလုပ်သွား မည်ဖြစ်ပြီး ပထမအဆင့်တွင်မြို့နယ်
ပေါင်း ၄၁မြို့နယ်၌ မဲစာရင်းပြုစု ဆောင်ရွက်သွားမည်ဖြစ်သည်။
မဲစာရင်းပြုစုရန် ပထမအဆင့် ကို နိုဝင်ဘာလမှ ဇန်နဝါရီလအထိ၊ ဒုတိယအဆင့်ကို
ဒီဇင်ဘာလမှ ၂ဝ၁၅ခုနှစ် မတ်လအထိနှင့် တတိယ အဆင့်ကို ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ
လမှ မေလအထိလည်းကောင်း ပြု လုပ်သွားမည်ဖြစ်သည်။
မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူ တာဖြင့်ပြုစုခြင်းလုပ်ငန်းစတင်ရန် အတွက်
ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၁ဝမြို့နယ်တွင် မဲစာရင်းများ ကို
ကွန်ပျူတာဖြင့် စာရင်းသွင်းရန် အတွက် သင်တန်းများပေးသွားမည် ဖြစ်သည်။
SYMZ
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group
No comments:
Post a Comment