Friday, October 24, 2014

ပလူဇဝတံတားကျိုးသည်မှာ တစ်နှစ်ကျော်ကြာသော်လည်း ကုမ္ပဏီကမပြုပြင်သေး

မကွေး၊ အောက်တိုဘာ ၂၃

စစ် ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ နယ်နှင့် ကလေးဝမြို့နယ်အကြားရှိ ပလူဇဝချောင်းအားဖြတ်သန်းဆောက် လုပ်ထားသည့် ပလူဇဝတံတားသည် ၂ဝ၁၃ ခုနှစ်ဇူလိုင်လတွင် ရေစီးကြောင့် ကျိုးခဲ့သော်လည်း ပြန်လည်ဆောက် လုပ်ခြင်းမရှိသောကြောင့် သွားလာ ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ တံတားသည် အရှည် ပေ ၃ဝဝ ရှည်ကာ RC သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းကာ တံတား ကျိုးကာပျက်စီးခဲ့ခြင်းဖြစ်သည်။
''ဒေသခံတွေသွားရ၊ ပြန်ရတာ အခက်အခဲဖြစ်တယ်။ ကုန်ပစ္စည်း တွေသယ်ယူတဲ့နေရာမှာလဲ ချောင်း ကူးဇက်နဲ့ကူးရတဲ့အတွက် အချိန် ကုန်ငွေကုန်ဖြစ်တယ်။ အစိုးရဝန် ထမ်းတွေ ရုံးသွားရုံးပြန်မှာလဲအခက် အခဲတွေအများကြီးဖြစ်နေတယ်''ဟု မော်လိုက်မြို့မှ ဒေသခံကိုမြင့်ထွန်း က ပြောသည်။
ထိုတံတားကို ၂ဝ၁၁ ခုနှစ်တွင် စိုးမိုးရတနာကုမ္ပဏီမှ ဆောက်လုပ် ခဲ့ပြီး ဖွင့်ပွဲမလုပ်ရသေးသော်လည်း ကားများသွားလာခဲ့ကြောင်း၊ ထိုတံတား ကျိုးပျက်ခဲ့သည်ကိ စိုးမိုးရတနာ ကုမ္ပဏီမှ ပြန်လည်တည်ဆောက် ပေးရမည်ဖြစ်သော်လည်း လက်ရှိ အချိန်ထိပြန်လည်တည်ဆောက်ခြင်း မရှိသေးပေ။
''ဒီတံတားကိုက တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကနေ စိုးမိုးရတနာ ကုမ္ပဏီကတိုက်ရိုက်တင်ဒါအောင် ပြီး ဆောက်လုပ်နေတာဖြစ်တယ်။ ဒီတံတားကိုဘယ်အချိန်မှာအပြီး ဆောက်ရမယ်။ နှစ်ဘယ်လောက် အာမခံနဲ့ဆောက်တယ်။ ဘတ်ဂျက် ဘယ်လောက်ကျတယ်ဆိုတာကို ဘာမှ မသိဘူး။ အခုကတံတားကျိုးသွား တဲ့ကိစ္စကလဲ ကုမ္ပဏီကပဲဆက်လုပ် ရမှာပါ''ဟု မော်လိုက်မြို့ပြည်သူ့ ဆောက်လုပ်ရေးဌာနမှ(AE) ဦးအောင် မြင့်ဦးက ပြောသည်။
မော်လိုက်မြို့နယ်နှင့် ကလေးဝ မြို့နယ်သည် ယခင်တံတားမတည် ဆောက်ခင်ကရေကြောင်းလမ်းတစ် ခုတည်းဖြင့်သာ သွားလာနေရပြီး ၃၆ မိုင်ဝေးကွာသည့် ထိုမြို့နယ်နှစ်ခု အတွက် ၂ဝ၁၁ ခုနှစ်မှစ၍ စစ်ကိုင်း တိုင်းဒေသကြီးအစိုးအဖွဲ့မှ ကားလမ်း ဖောက်လုပ်ပေးခဲ့ကြောင်း၊ အဆိုပါ လမ်းပေါ်တွင်တံတားအကြီး၊ အသေး စုစုပေါင်း ၁၆ဝ ခန့်ရှိသည်။
တံတားပြန်လည်တည်ဆောက် ရေးအတွက် စိုးမိုးရတနာကုမ္ပဏီနှင့် ပတ်သက်ပြီး ဆက်စပ်သည့်ဆက် သွယ်ရန်လိပ်စာမှာမသိရှိရဟု သက် ဆိုင်ရာအဖွဲ့များမှ သိရသည်။
KZ(MMK)
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment