Monday, October 20, 2014

အချိန်မီကျင်းပပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ယနေ့(အောက်တိုဘာ ၂၀ရက်)နံနက် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ရက်မြောက်နေ့သို့ တတ်ရောက်ရန်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၅တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ငြိမ်းချမ်းရေးမရသေးသည့်အပေါ်အကြောင်းပြပြီး ရွှေ့ဆိုင်းရန်ပြင်ဆင်နေသည်ဆိုသော ပြင်ပနိုင်ငံရေးအသိုင်းအ၀ိုင်းများအကြား ဝေဖန်သံများထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။


“ဒီမိုကရေစီလမ်းကြောင်းကို အမှန်သွားနေတယ်ဆိုရင် ၂၀၁၅ ရွေးကောပ်ပွဲကို တရားမျှတရုံ၊ လွတ်လပ်ရုံ၊ တရားမျှတရုံနဲ့မက အချိန်မီလုပ်ရမယ်၊ ခန့်မှန်းထားတဲ့အချိန်အတိုင် လုပ်ရမယ်၊ ပထမရွေးကောက်ပွဲထက် ဒုတိယရွေဒကောက်ပွဲက ပိုအရေးကြီးပါတယ်၊ ဒုတိယရွေးကောက်ပွဲက တကယ်တမ်းစမ်းသပ်မှုပဲ၊ ပထမရွေးကောက်ပွဲက လုပ်ချင်သလိုလုပ်ခဲ့တယ်၊ ဒါကြောင့် ဒုတိယရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲကို မဖြစ်မနေ သတ်မှတ်ထာတဲ့အချိန်မှာ လုပ်ကိုလုပ်ရမှာ ဖြသ်ပါတယ်။”

ယင်းနောက် နမ့်ဖက်ကာ၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ “တဖက်ကလည်း အပစ်အခတ်ရပ်စဲရေးလုပ်နေတယ်၊ တဖက်ကလည်း တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ ဒီအပြုအမူတွေကို လုပ်ရပ်တွေကို ပြုပြင်ဖို့လိုနေပြီလို့ ဒီလိုပဲ သုံးသပ်ပါတယ်၊ ကျမတို့အဖွဲ့က ပါတာလည်းမဟုတ်တော့ အသေးစိတ်ဘယ်လိုပြဿနာတွေရှိတယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျမကို လာလာမေးနေကြတာ ဘာကြောင့်မှန်းမသိဘူး၊ လုပ်ကိုင်နေတဲ့အဖွဲ့တွေကို သွားမေးသင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

ထွန်း(နေပြည်တော်)
ဓါတ်ပုံ-NLD

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

 

No comments:

Post a Comment