စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊
အီလက်ထရွန်နစ်ပစ္စည်းများ
တင်သွင်းရာတွင် မမှန်ကန်သောဈေး နှုန်းများဖြင့်
အခွန်ဆောင်တင်သွင်းမှုများရှိနေကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်
ရေးဝန်ကြီးဌာနမှသိရသည်။
''ပြည်ပကနေ အီလက်ထရွန်နစ်ပစ္စည်းတွေ
တင်သွင်းရာမှာ ကုန်သည် တချို့အနေနဲ့ တင်သွင်းလာတဲ့ပစ္စည်းတွေကို
ဈေးနှုန်းလျှော့ချတင်သွင်း နေတာကြောင့် မှန်မှန်ကန်ကန် တင်သွင်းနေတဲ့
ကုန်သည်တွေအနေနဲ့ သူ တို့နဲ့ယှဉ်ပြီး မရောင်းချနိုင်ဘူးဖြစ်နေတယ်ဆိုပြီး
တားဆီးပေးဖို့တိုင်ကြား လာတာတွေရှိတယ်''ဟု ကူးသန်းရောင်းဝယ်ရေးနှင့်
စားသုံးသူရေးရာဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ထွန်းက
ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြော သည်။
အဆိုပါတိုင်ကြားချက်များအရ
တရားမဝင်ကုန်ပစ္စည်းတားဆီးထိန်း ချုပ်ရေးဗဟိုကော်မတီအနေဖြင့်
လက်ရှိအချိန်တွင် အီလက်ထရွန်နစ် ပစ္စည်းတင်သွင်းမှုများနှင့် ပတ်သက်၍
စိစစ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။
''တင်သွင်းလာတဲ့ပစ္စည်းတွေရဲ့အမှန်ပေါက်ဈေးနဲ့ လိုင်စင်လျှောက် ထားတဲ့
ဈေး၊ အခွန်ပေးဆောင်တဲ့ ဈေးနှုန်းတွေအရ အများကြီးကွာခြား နေရင်
နိုင်ငံတော်အခွန်ငွေရရှိမှုနစ်နာပါတယ်။ မှန်ကန်တဲ့ဈေးနှုန်းနဲ့ အ ခွန်ဆောင်
တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့လဲ နစ်နာပါတယ်။ Mobile Team ကတော့ မှန်ကန်တဲ့
ဈေးနှုန်းတွေဖြစ်အောင် လုပ်ဆောင်နေတာ ပါ''ဟု ဦးရန်နိုင်ထွန်း ကပြောသည်။
ထီးတန်းဆိပ်ကမ်း၌ အောက်တိုဘာ၁၇ရက်တွင် အင်းလျားမြေအိုင်
တီကုမ္ပဏီမှတင်သွင်းလာသော HP Printer အလုံးရေ ၃၇ဝ ခန့် ပါဝင် သည့်
ပေ၄ဝကွန်တိန်နာတစ်လုံးအား တင်သွင်းလာသည့် ပစ္စည်းဈေးနှုန်း နှင့်
အခွန်ပေးဆောင်သည့်ဈေးနှုန်း သင့်လျော်မှုမရှိခြင်းကြောင့် တရား
မဝင်ကုန်ပစ္စည်း တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ ယာယီတားဆီး
ထိန်းချုပ်ထားကြောင်း အဆိုပါကော်မတီမှ သိရသည်။
အင်းလျားမြေအိုင်တီကုမ္ပဏီမှ Vice President ဒေါ်ကလျာပြည်ဝေ ရှမ်းက
''ပထမဆုံးတင်သွင်းတဲ့ ပရင်တာတွေဖြစ်လို့ ကျွန်မတို့ကုမ္ပဏီအ နေနဲ့ ဈေးနှုန်း
မသတ်မှတ်ရသေးပါဘူး။ ဖြန့်ဖြူးခြင်းလဲမရှိသေးဘူး။ ဈေး နှုန်းနည်းခြင်း
များခြင်း ဘယ်လိုသတ်မှတ်ပါသလဲ။ အထောက်အထားခိုင် လုံပြီး ဈေးကွက်
သဘောတရားနားလည်စွာတွက်ချက်ထားတဲ့ပညာရှင်တွေရဲ့သဘောထားဖြစ် စေ ချင်ပါတယ်။
ဘယ်ကမှန်းမသိတဲ့ အချက်အ လက်ဈေးနှုန်းနဲ့ လိုရာဆွဲလို့ရတဲ့ သရေကွင်းဥပဒေနဲ့
ကျွန်မတို့ကို အလုပ် မလုပ်ပါနဲ့'' ဟုပြောသည်။
အင်းလျားမြေအိုင်တီကုမ္ပဏီမှ တင်သွင်းလာသည့်ံHP Printer အလုံးရေ ၃၇ဝ
ခန့်ပါဝင်သည့် ပေ ၄ဝ ကွန်တိန်နာတစ်လုံးကို သြဘငူနွှနော မှ အောက်တိုဘာ
၁၇ရက်တွင် သိမ်းယူထားမှုနှင့် ပတ်သက်၍ ကုမ္ပဏီဂုဏ်သိက္ခာ
ညှိုးနွမ်းစေခြင်းနှင့် ကုမ္ပဏီတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်
နေခြင်းကြောင့် အဆိုပါကုမ္ပဏီမှ အောက်တိုဘာ၁၈ရက်တွင် မြန်မာဂျာ
နယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
Yangon Time Journal, အတွဲ ၁၀ ၊ အမှတ် ၄၁
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
https://www.facebook.com/yangonmediagroup
Credit - Yangon Media Group
No comments:
Post a Comment