စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အောက်တိုဘာလမှ
ယခုအချိန်အထိ တစ်နှစ်တာကာလအတွင်း တရား မဝင်ဟန်းဆက်တင်သွင်းမှု အလုံးရေ
၂၇ဝဝဝ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်ပစ္စည်းတားဆီးထိန်း
ချုပ်ရေးဗဟိုကော်မတီမှ သိရသည်။
''နယ်စပ်ကနေရန်ကုန်အထိ ဖုန်း
တစ်လုံးကို တရားမဝင်သယ်ဆောင်ခ ၁ဝဝဝ ဝန်းကျင်ပဲကျမယ်။ တရားဝင် တင်သွင်းရင်
ဒေါ်လာ ၅ဝ တန်ဖုန်း တစ်လုံးကို အနည်းဆုံး ၆ဝဝဝလောက် အခွန်ပေးဆောင်ရတယ်။
ဒါကြောင့် တရားမဝင်တင်သွင်းနေကြတာ''ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံး
သူရေးရာဦးစီးဌာနမှ ဦးရန်နိုင်ထွန်း က ပြောသည်။
ယခင်ဘဏ္ဍာနှစ်
အောက်တိုဘာ လမှ ယခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း တရား
မဝင်လမ်းကြောင်းမှ ဟန်းဆက်တင် သွင်းမှုမှာ နယ်စပ်နှင့်လမ်းကြောင်း အသီးသီးမှ
အလုံးရေ ၂၇ဝဝဝကျော် လေဆိပ်လုံခြုံရေးမှ ၆၂၅လုံး ဖမ်းဆီး
ရမိခဲ့ခြင်းဖြစ်သည်။
ပြည်ပမှ ဟန်းဆက်တင်သွင်းရာ တွင်
အကောက်ခွန်နှုန်းထားများကို ယခင်၂ဝ၁၃-၂ဝ၁၄ဘဏ္ဍာနှစ်တွင် ၁ဝ ရာခိုင်နှုန်း
ကောက်ခံခဲ့သော်လည်း ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ်တွင် ငါးရာ ခိုင်နှုန်းဖြင့် ထက်ဝက်ခန့်
လျှော့ချ ကောက်ခံခဲ့ကြောင်း သိရသည်။
''အိမ်နီးချင်းနိုင်ငံတွေနဲ့
ယှဉ်ရင် မြန်မာနိုင်ငံက အကောက်ခွန်နှုန်းထား ကောက်ခံမှု
အနည်းဆုံးလို့ပြောလို့ရ တယ်။ တရားမဝင်တင်သွင်းမှုတွေရှိ နေတဲ့အတွက်
အမှန်အကန်တင်သွင်း သူတွေနစ်နာတယ်''ဟု ကူးသန်းရောင်း ဝယ်ရေးနှင့်
စားသုံးသူရေးရာဦးစီး ဌာနမှ ဦးရန်နိုင်ထွန်းကဆက်လက် ပြော သည်။
ပြည်ပမှ ဟန်းဆက် တင်သွင်း ရာတွင် ကုန်သည်များအနေဖြင့် အ
ကောက်ခွန်ငါးရာခိုင်နှုန်း၊ ကုန်သွယ် ခွန်ငါးရာခိုင်နှုန်း၊
ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း စုစုပေါင်း ၁၂ရာခိုင် နှုန်း
ပေးဆောင်ရကြောင်း သိရသည်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ခြောက်လ အတွင်း ဟန်းဆက်အလုံးရေ
၆၇သိန်း ခန့် တင်သွင်းခွင့်လိုင်စင်လျှောက်ထား ပြီး အမှန်တင်သွင်းမှုမှာ
၁၂ဝဝဝဝ ခန့်သာရှိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ
သိ ရသည်။
Yangon Time Journal, အတွဲ ၁၀ ၊ အမှတ် ၄၁
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
https://www.facebook.com/yangonmediagroup
Credit - Yangon Media Group
No comments:
Post a Comment