ဇမ္ဗူထွန်း ၊ ရန်ကုန်
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက်
ပြစ်မှုကျူးလွန်ခဲ့ သူများအဖြစ် သံသယရှိခံထားရသော မြန်မာရွှေ့ပြောင်း လုပ်
သားနှစ်ဦးသည် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း နှင့်
တရားခံများအဖြစ် ဝန်ခံစေရန် နှိပ်စက်ညှဉ်းပန်းခံရမှုများ ရှိခဲ့ကြောင်း
ရှေ့နေများထံသို့ အသနားခံစာ လျှောက်တင်ထား ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ ပြစ်မှုကျူးလွန်ခဲ့သော ဝန်ခံချက်ကို
ငြင်းဆိုသော လျှောက်ထားချက်သည် အောက်တို ဘာ ၂၁ ရက် က
ထိုင်းရှေ့နေများကောင်စီ(LCT) က ရှေ့နေသုံး ဦးနှင့်တွေ့ဆုံခဲ့ပြီးနောက်
ထွက်ပေါ်လာခြင်းဖြစ်သည်။ LCT အဖွဲ့ ခေါင်းဆောင် ဆူရာပေါင်ခွန်ချန်တခ်က
တရားခံများအဖြစ် ဝန်ခံ ထားသော ဇော်လင်းနှင့်
ဝင်းဇော်ထွန်းတို့နှစ်ဦးကြား
စကားပြန် ထားရှိကာ တစ်နာရီခွဲခန့် တွေ့ဆုံခဲ့ရာတွင် ၄င်းတို့ပြစ်မှုကျူးလွန်
ခဲ့ကြခြင်းမရှိကြောင်း ယတိပြတ်ငြင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
မစ္စတာဆူရာပေါင်က မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး သည် နှိပ်စက်ညှဉ်း
ပန်းခံခဲ့ရပြီး ရဲအရာရှိများ၏ ခြိမ်းခြောက်မှု လည်းခံခဲ့ရကြောင်း
ထွက်ဆိုခဲ့သည် ဟုဆိုသည်။
မစ္စတာ ဆူရာပေါင်က LCT သည် မြန်မာလုပ်သားနှစ်ဦး ကိုယ်စား ထိုင်းအစိုးရ အာဏာပိုင်များထံ အသနားခံစာ လျှောက် တင်ထားသည်ဟုဆိုသည်။
LCT အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ရက်ဆာဒါမန်နူရက်ဆာဒါက ၄င်းအသနား
ခံစာလျှောက်ထားမှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးက ၄င်းတို့နာမည်များ
ဖြင့် လက်မှတ်ရေးထိုးခဲ့ကြပြီး လျှောက်ထားချက်ကို ထိုင်းဘာသာသို့ ပြန်လည်
ပြန်ဆိုထားသည်ဟု သိရသည်။ မစ္စတာရက်ဆာဒါကမြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးသည်
၎င်းတို့ကို တရားခံများအဖြစ်ဝန်ခံစေရန် ဖိအားပေးခဲ့ကြပြီး ထိုင်း ရဲများက
စီစဉ်ပေးသော မြန်မာစကားပြန်ကလည်း ၄င်းတို့အပေါ် ချောက်ချမှုရှိ ကြောင်း
ဖြေကြားခဲ့သည်ဟုဆိုသည်။
တရားခံများအဖြစ်စွပ်စွဲခံထားရသောမြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးမှ
တစ်ဦးသည် ၄င်း၏ရင်ဝကို အကန်ခံခဲ့ရသည်ဟုဖြေကြားခဲ့ကြောင်းလည်း သိရ သည်။
ဖမ်းဆီးခံထားရသောမြန်မာလုပ်သားနှစ်ဦးသည် ၄င်းတို့အတွက် စီစဉ်ပေး
ခဲ့သောစကားပြန်ကို အယုံအကြည်မရှိသောကြောင့် လူလဲပေးရန် တောင်းဆိုထား သည်ဟု
သိရသည်။
Yangon Time Journal, Vol 10, No.41
==========================================
#YangonMediaGroup™ | #MZK | www.yangonmedia.com
No comments:
Post a Comment